Channel Myanmar

Robert Pugh

The Last Legion (2007) 5.5
The Last Legion (2007)  ၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ သမိုင်းနောက်ခံအက်ရှင်စွန့်စားခန်းရုပ်ရှင်ဖြစ်တဲ့ The Last Region နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ Doug Lefler က ရိုက်ကူးပေးထားပြီး၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Valerio Massimo Manfredi ရဲ့The Last Region ဝတ္တုကို အခြေခံထားပါတယ်။Colin Firth ၊ Ben Kingsley နဲ့အိန္ဒိယရုပ်ရှင်မင်းသမီးAishwarya Rai တို့လိုအကျော်အမော်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အနောက်ရောမအင်ပါယာပြိုလဲခဲ့တဲ့ ၅ ရာစုဥရောပသမိုင်းကြောင်းကဖြစ်ရပ်တွေကို စိတ်ကူးဉာဏ်ကွန့်မြူးပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ King Arthur ဒဏ္ဍာရီဖြစ်ပေါ်လာစေဖို့အခြေခံအကြောင်းအရာတွေလည်း ထည့်သွင်းရိုက်ကူးထားတာမြင်တွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်း****************ရောမအင်ပါယာပြိုလဲပြီးတဲ့နောက် အသက် ၁၂ နှစ်အရွယ်နောက်ဆုံးဧကရာဇ် Romulus Augustus ဟာ ကာပရီကျွန်းပေါ်မှာအကျဉ်းသားဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ Romulus ရဲ့ပညာရှိဆရာဖြစ်တဲ့ Ambrosinus နဲ့တော်ဝင်အစောင့်တပ်မှူးAurelius တို့ရဲ့ကယ်တင်မှုနဲ့ ကာပရီကျွန်းကနေလွတ်မြောက်လာခဲ့ပါတယ်။ ရောမကိုသိမ်းပိုက်ခဲ့တဲ့ဂေါ့သ်တွေလက်ကထွက်ပြေးရင်း Romulus နဲ့သူ့လူတွေဟာ ဒဏ္ဍာရီလာနဂါးတပ်ဖွဲ့ကိုရှာဖွေဖို့ ဘရစ်တားနီးယားကိုရောက်ရှိလာပြီးဘုရင်အာသာမွေးဖွားလာဖို့အတွက်လည်း အစပျိုးလာခဲ့ပါတော့တယ်။ File size…2.23GB / 1.3GB Quality…WEB-DL ...
movie

The Last Legion (2007)

Kinky Boots (2005) 7.1
Kinky Boots (2005) Kinky Boots (2005)IMDb - 7.1 Rotten Tomatoes - 58% “စီးထားတဲ့ဖိနပ်ကိုကြည့်ရုံနဲ့ လူတစ်ယောက်ကိုခန့်မှန်းနိုင်တယ်” ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ဖိနပ်စက်ရုံမှာ ရွေးချယ်ခွင့်မရှိဘဲအလုပ်သင်ဆင်းခဲ့ရတဲ့ ချာလီတစ်ယောက် အရွယ်ရောက်လာတဲ့အချိန်မှာသတို့သမီးလောင်းနဲ့အတူ လန်ဒန်ကိုသွားဖို့အတွက် စက်ရုံကို စွန့်ခွါလာခဲ့ပါတယ်။ ကံဆိုးချင်တော့ သူ ထွက်လာတဲ့ရက်မှာပဲ အဖေဖြစ်သူ ဆုံးပါးသွားခဲ့ပြီးဖိနပ်စက်ရုံကို အမွေဆက်ခံလိုက်ရပါတော့တယ်။စက်ရုံက အကြပ်အတည်းတွေနဲ့ ကြုံတွေ့ရတဲ့အတွက် မတတ်နိုင်ဘဲအလုပ်သမားလျှော့ချရင်း ထက်မြက်တဲ့လော်ရန်ဆိုတဲ့ကောင်မလေးဆီက ဘာမှမလုပ်ကြည့်ရသေးဘဲ ဘာမှမတတ်နိုင်ဘူးလို့ ထိုင်ညည်းနေတယ်လို့သူ့ကိုအပြစ်တင်ဝေဖန်သွားပါတယ်။  တစ်ဖက်မှာ ကလပ်တစ်ခုမှာ သီချင်းဆိုကပြဖျော်ဖြေတဲ့မိန်းမလျာဖြစ်သူ လိုလာတစ်ယောက်ကလည်းဒေါက်မြင့်ဖိနပ်က ခဏခဏဒေါက်ကျိုးလို့ဖိနပ်ခဏခဏလဲရတာကို အဆင်မပြေဖြစ်နေပါတယ်။ ဒီလိုမျိုး ဖိနပ်အခက်တွေ့နေတဲ့ လိုလာနဲ့ ဈေးကွက်အသစ်ထွင်ဖို့အကြံဉာဏ်လိုနေတဲ့ ချာလီတို့ မထင်မှတ်ဘဲတွေ့ကြတဲ့အခါဘာတွေကြုံတွေ့ရပြီး သူတို့ရဲ့ကိုယ်စီလိုအပ်ချက်တွေကိုဘယ်လိုဖြည့်ဆည်းကြမလဲဆိုတာကို 2005 ခုနှစ်က ထွက်ရှိခဲ့တဲ့Kinky Boots ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုကြပါစို့ဗျာ File size…    1.3 GB /  781 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ..... ...
movie

Kinky Boots (2005)

Kingdom of Heaven (2005) Director’s Cut Roadshow Version 7.2
Kingdom of Heaven (2005) Director’s Cut Roadshow Version Kingdom of Heaven (2005) Director's Cut Roadshow VersionIMDb Rating (7.2)နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလ တစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical ...
movie

Kingdom of Heaven (2005) Director’s Cut Roadshow Version

2005
4K HEVC
The Englishman Who Went Up a Hill But Came Down a Mountain (1995) 6.6
The Englishman Who Went Up a Hill But Came Down a Mountain (1995) ဒီတစ်ခေါက်မှာတော့ IMDB 6.6/10 ရရှိထားတဲ့ Comedy/Drama အမျိုးအစား ချစ်စဖွယ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Comedy ဆိုလည်း comedy၊ Drama ဆိုလည်း drama ပိုင်နိုင်လှတဲ့ မင်းသားကြီး Hugh Grant (Notting Hill/ Two Weeks Notice)၊ အိုင်းရစ် မင်းသားကြီး Colm Meaney (Intermission/The Journey)နဲ့ မင်းသမီးကြီး Tara Fitzgerald (Sirens - 1994/ The Woman in White)တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ဒါရိုက်တာ Christopher Mongerရဲ့ အဘိုးဖြစ်သူပြောပြတဲ့၊ တကယ်ရှိခဲ့တဲ့ရွာလေးရဲ့ ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဒီဇာတ်လမ်းလေးဟာဆိုရင်တော့ သဘာဝကျတဲ့ ဟာသတွေ၊ သရုပ်ဆောင်မှုတွေနဲ့ တစ်ချက်တစ်ချက်မှ အရွှန်းထထဖောက်တာမို့ မထင်မှတ်တဲ့ ဟာသလေးတွေနဲ့ ရယ်မောစေမိမှာ အမှန်ပါပဲ။ဇာတ်လမ်းအကျဉ်း ၁၉၁၇ခုနှစ်၊ ပထမကမ္ဘာစစ်အတွင်းတုန်းက အင်္ဂလိပ်လူမျိုးနှစ်ယောက်ဖြစ်တဲ့ ဂျော့ချ်ဂါရတ်နဲ့ သူ့လက်ထောက် အန်ဆန်တို့နှစ်ယောက်ဟာ မြေပုံရေးဆွဲသူတွေအဖြစ်နဲ့ ဝယ်ရှ်လူမျိုးတွေရဲ့ရွာလေးကို ရောက်လာခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ ရွာမှာရှိတဲ့ တစ်လုံးတည်းသော တောင်ဖြစ်တဲ့ ဖနွန်ဂါရူရဲ့ အမြင့်ကို တိုင်းတာပြီး တောင်တစ်လုံးအဖြစ် ဘုရင်ကြီးရဲ့မြေပုံမှာထည့်သွင်းဖို့ပါပဲ။ သူတို့ရဲ့စံချိန်စံညွှန်းတွေအရ ...
movie

The Englishman Who Went Up a Hill But Came Down a Mountain (1995)

Robin Hood (2010) 6.7
Robin Hood (2010) Robin Hood (2010)================ ရော်ဘင်ဟုဒ်ကားအများကြီးထဲကမှ အ‌ကောင်းဆုံးလို့ပြောစမှတ်ပြုကြတဲ့ကားလေးလာပါပြီ။Cate Blanchett Russell Croweတို့လို ဝါရင့်မင်းသား မင်းသမီးကြီးတွေကအစွမ်းပြသရုပ်ဆောင်ထားပါတယ်။ ရော်ဘင်လောင်းစတွိုက်ဟာဘုရင်ကြီးရစ်ချတ်ရဲ့ခရူးဆိပ်စစ်ပွဲက လေးသည်တော်တစ်ယောက်ပါ။အင်္ဂလန်ကိုပြန်လာဖို့ ပြင်သစ်နဲ့အင်္ဂလန်ကြားကနိုင်ငံရေး တွေကြားနော့တင်ဟမ်ရဲ့ ဆာ ရောဘတ် လော့ဇ်စလေအဖြစ်အယောင်ဆောင်ပြန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ရောဘတ်တဖြစ်လဲ ရော်ဘင်တယောက်အင်္ဂလန်ရောက်ပြီးဘာတွေဆက်ဖြစ်မလဲ။ ရောဘတ်ရဲ့မိန်းမဖြစ်ခဲ့သူမယ်ရီယွန်နဲ့ရော ဘာတွေဆက်ဖြစ်ကြမလဲ။ ပြင်သစ်ကကျူးကျော်စစ်နီးကပ်လာချိန်အထိတိုင် ပြည်တွင်းစစ်ဖြစ်အဲ့ဆဲဆဲ အင်္ဂလန်ကို သာမန်လေးသမားတယောက်ကကယ်တင်နိုင်ပါ့မလား။ အဆုံးမှာဒဏ္ဍာရီတခုဘယ်လို ရေးနိုင်ခဲ့မလဲဆိုတာကိုရှုစားပေးကြပါဦး..  File size…2.31GB / 926MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 20m Genre ..... Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Robin Hood (2010)

Enigma(2001) 7.0
Enigma(2001) Enigma(2001)************* Dougray Scott  နဲ့ Kate Winslet တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးဆုကြီး(၃) ဆု လည်းရရှိထားပါတယ်.. ဒုတိယကမ္ဘာစစ်ကြီးအတွင်း နာဇီဂျာမန်တွေရဲ့ယူ-ဘုတ် ရေငုပ်သင်္ဘောတွေက ဟိုနေရာကပေါ်လာလိုက်၊ ဒီနေရာက ပေါ်လာလိုက် နဲ့ အင်္ဂလန်နိုင်ငံကို ထောက်ပံ့မယ့်လက်နက်ခဲယမ်းနဲ့ ရိက္ခာတင်သင်္ဘောတွေကို တိုက် ခိုက် ချေမှုန်းနေတဲ့အတွက်အင်္ဂလန်နိုင်ငံ ဒုက္ခအကြီးအကျယ်တွေ့နေချိန်ဖြစ်ပါ တယ်။ယူဘုတ်ရေငုပ်သင်္ဘောတွေ ကိုရှောင်ရှားဖို့၊ ပြန်လည်တန်ပြန်တိုက်ခိုက်ဖို့အတွက်အဓိကသော့ချက်ကတော့ ဂျာမန်တွေအသုံးပြုဆက်သွယ်တဲ့ အင်နစ်ဂ်မာ စက် (Enigma Machine)ရဲ့ဝှက်စာအသံလွှင့်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ဖြစ်ပါတယ်။ဒီဇာတ်လမ်း မှာတော့ သင်္ချာပညာရှင်ရယ်၊ ပျောက်နေတဲ့သူ့ကောင်မလေးရယ်၊စုံထောက်အရာရှိတစ်ယောက်ရယ်၊ သူလျှို တစ် ယောက်ရယ် ပါဝင်နေပါတယ်။သူတို့ရဲ့ လှည့်ကွက်တွေ၊ အားပြိုင်မှုတွေ၊ အတ္တတွေ၊ ချစ်ခြင်းမေတ္တာတွေကဘယ် လောက်အတိုင်းအတာထိ အရေးပါနေပြီး စစ်ပွဲအနိုင်အရှုံးထိဆုံးဖြတ်ပေးသွားနိုင်လဲဆိုတာကိုတော့.       File Size :(3.1GB) (1.1GB) and (428MB) Quality : Blu-Ray1080P5.1Ch,720p Format…mp4 Duration…01:59:00 Genre : War,Romance , Drama Subtitle : Myanmar Subtitle (Hard ...
movie

Enigma(2001)

The Ghost Writer(2010) 7.2
The Ghost Writer(2010) The Ghost Writer(2010) အညွှန်း****************************ဒီကားဟာ ဆုပေါင်း ၃၃ ဆုတောင်ရရှိခဲ့ပါတယ်..ဝါရင့်မင်းသမီး Olivia Williams၊ Star wars မင်းသား Evan McGregor နဲ့ James Bond မင်းသားကြီးPierce Brosnan တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို ရှဲဒိုးရေးပေးတဲ့ နာမည်ကျော်ရှဲဒိုးစာရေးဆရာ ဂို့စ်ဟာဗြိတိန်ဝန်ကြီးချုပ်ဟောင်း အဒမ်လန်းရဲ့ ကိုယ်တွေ့မှတ်တမ်းကို ရေးပေးဖို့ ငွေကြေးတနင့်တပိုးနဲ့ ကမ်းလှမ်းလာပါတယ်။နိုင်ငံရေးအကြောင်းကို သေချာမသိပေမယ့်လည်း ရမယ့်ငွေပမာဏကမနည်းတာကြောင့် ဗြိတိန်သား ဂို့စ်တစ်ယောက် အမေရိကန်အထိ လိုက်ပြီး ရှဲဒိုးရေးပေးဖို့ပြင်ဆင်ရပါတော့တယ်။သူ့ကိုငှါးဖြစ်သွားတာက သူ့အရင်ရေးပေးနေတဲမိုက်ခ်ဆိုသူဟာ ရေနစ်သေဆုံးသွားလို့ပါပဲ။သူ အလုပ်စတော့မယ့်အချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဒမ်လန်းဟာ စီအိုင်အေနဲ့ပူးပေါင်းပြီးပြည်သူအချို့ကို အကြမ်းဖက်သမားဟုဆိုကာ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ကောလဟာလတွေ ထွက်လာပါတယ်။ဒီကောလဟာလတွေကြား ဂို့စ်တစ်ယောက် ရှေ့တိုးရမလို နောက်ဆုတ်ရမလိုဖြစ်ရင်းဘယ်လိုအရှုပ်တော်ပုံတွေထဲ ပဲလှော်ကြား ဆားညပ်မလဲဆိုတာကတော့…   File Size :(1.9GB)  (714 MB) and (245 MB) Quality : ...
movie

The Ghost Writer(2010)

Master and Commander: The Far Side of the World (2003) 7.4
Master and Commander: The Far Side of the World (2003) အကောင်းဆုံးနဲ့အပီပြင်ဆုံးရေကြောင်းတိုက်ပွဲ ရုပ်ရှင်တွေကို ပြောဆို ဒီရုပ်ရှင်က ထိပ်ဆုံးက ပါစမြဲပါပဲ။အော်စကာ ၂ ဆု စကာတင် ဆယ်ဆု နဲ့ အခြားဆုတွေ အများကြီး ရထားပါတယ်။နပိုလီယံစစ်ပွဲများကာလ ၁၈၀၅ခုနှစ်အတွင်းမှာ ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်အချိန်ကတော့ အင်္ဂလန်ပြည်နဲ့ ပြင်သစ်ပြည်တို့ အားပြိုင်နေကြတဲ့အချိန်ပေါ့ဗြိတိသျှတော်ဝင်ရေတပ်သင်္ဘောတစ်စင်းဖြစ်တဲ့ 'စပရိုက်'သင်္ဘောကြီးဟာပြင်သစ်ပုဂ္ဂလိကပိုင်တိုက်သင်္ဘော 'အာခရွန်' ရဲ့ အလစ်တိုက်ခိုက်ခြင်းကို နှစ်ကြိမ်တိတိခံခဲ့ရပါတယ်လူအင်အားရော၊ လက်နက်အင်အားရော မမျှရုံမက ကိုယ်ထည်တောင့်တင်းတဲ့ ရန်သူ့သင်္ဘောကြီးနဲ့ ရင်ဆိုင်ရတဲ့အခါဗြိတိသျှကပ္ပတိန်ကြီး ဂျက်အော်ဘရီအတွက် ဗျူဟာတွေဆိုတာ မဖြစ်မနေလိုအပ်လာပါတယ်ပင်လယ်ပြင်တိုက်ပွဲဖြစ်တဲ့အတွက် အက်ရှင်ခန်းတွေ အများကြီးမပါပေမယ့်ကပ္ပတိန်အော်ဘရီရဲ့ စစ်ဗျူဟာတွေကတော့ တကယ်ဩချရလောက်ပါတယ်။သင်္ဘောပေါ်ကဘဝ ပင်လယ်ရဲ့အလှ ပင်လယ်ရဲ့ခက်ထန်မှုတွေကို တင်ဆက်ထားတဲ့cinematography တွေလည်း တော်တော်လေးကိုလှပါတယ်ဒါကြောင့်လည်း အော်စကာ ၁၀ ဆု ဆန်ကာတင်ခဲ့ပြီး Best Cinematography နဲ့ Best Sound Editing နှစ်ဆုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်မှာပါကပ္ပတိန်အော်ဘရီအနေနဲ့ကတော့ Gladiator မင်းသားကြီး Russell Crowe က ပုံဖော်ပေးထားပါတယ်ဖြစ်ရပ်မှန်ဇာတ်လမ်းမဟုတ်ဘဲ ...
movie

Master and Commander: The Far Side of the World (2003)

Eternal Beauty (2019) 6.2
Eternal Beauty (2019) Eternal Beauty (2019)================IMDb Rating - 6.2/10#Unicodeဒါရိုက်တာ Craig Roberts ရဲ့ လက်စွမ်း ပြထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။စိတ်ဓာတ်ကျနေတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို အသားပေးရိုက်ကူးပုံဖော်ထားပြီးလူတစ်ယောက်မှာရှိတဲ့ သူ့ရဲ့ အမှောင်ဘက်ခြမ်း အားကြီးသွားတဲ့အခါ အဲ့လူဟာ ဘယ်လိုပုံစံဖြစ်လာပြီး ဘယ်အခြေအနေတွေနဲ့ ဖြတ်သန်းခဲ့ရတယ် ဆိုတာ သိချင်ရင်တော့ ဒီကားလေးကို ကြည့်ဖို့အကြံပေးပါရစေ...ဇာတ်ကား ကောင်းတစ်ကားကို မြုပ်ကွက်တွေဖေါ်ပြီး ပြောပြလိုက်ရင် ကြည့်ရတာ အရသာမရှိတော့မှာစိုးလို့ စိတ်ဓာတ်ကျနေတဲ့လူတွေ စိတ်ကျဝေဒနာ ခံစားနေရတဲ့ လူတွေနဲ့ Dark side အကြောင်းစိတ်ဝင်စားသူတွေအနေနဲ့ မလွတ်တမ်းကြည့်ရမဲ့ ကားတစ်ကားလို့ပဲ ညွှန်းဆိုချင်ပါတယ်။ ဒီကားလေးဟာComedy, Drama, Romance  အမျိုးအစားဖြစ်ပြီး IMDb Rating - 6.2/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။)#Zawgyiဒါရိုက်တာ Craig Roberts ရဲ့ လက်စွမ်း ပြထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။စိတ်ဓာတ်ကျနေတဲ့ ...
movie

Eternal Beauty (2019)

2019
Colette (2018) 6.9
Colette (2018) IMDB Rating 6.8 ရရှိထားတဲ့ Colette ဆိုတဲ့ ၂၀၁၈ ထွက်ရုပ်ရှင်ကားလေးကတော့ ပြင်သစ် mime အနုပညာရှင်၊ ပြဇာတ်မင်းသမီး၊ ဂျာနယ်လစ်၊ နိုဘယ်ဆု ဆန်ကာတင်စာရင်းဝင် စာရေးဆရာမ Sidonie-Gabrielle Colette ရဲ့ အစောပိုင်းဘဝအကြောင်းကို ရိုက်ကူးထားတာပါ။ အဓိက ဇာတ်ဆောင်အနေနဲ့တော့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ Keira Knightley က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ ကျေးတောသူလေးတစ်ယောက် မြို့ကြီးပြကြီးမှာ မဝင်ဆန့်နိုင်တဲ့ ဒုက္ခတွေ၊ အနုပညာကိုအမြတ်ထုတ်ခံရတဲ့ အနုပညာသမားတွေ၊ အဲဒီနှစ်တွေက မိန်းမတစ်ယောက်ရဲ့ နိမ့်ကျမှုတွေ ကြားက Sidonie-Gabrielle Colette ရဲ့ ဘဝကိုကြံ့ကြံ့ခံရင်ဆိုင်ပြီး တိုက်ခိုက်ခဲ့တဲ့ လွတ်လပ်တဲ့စိတ်ထားရှိတဲ့ ပုံစံကိုမြင်တွေ့ရမှာပါ။ လိင်တူချင်း ချစ်ကြိုက်တာကို ရှုံချတဲ့ ခေတ်ကြီးထဲက လိင်တူချစ်သူတွေအတွက် တိုက်ခိုက်ခဲ့သူတစ်ဦးအနေနဲ့လည်း Colette သတ်မှတ်လို့ရပါတယ်။ R Rated ဇာတ်ကားဖြစ်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး။ ဒီဇာတ်ကားနဲ့တော့မဆိုင်ပေမယ့် ဒီဇာတ်ကားထဲမှာပါတဲ့ ကျွန်တော်အကြိုက်ဆုံး Movie Quote လေးကတော့ "သမိုင်းဆိုတာ ...
movie

Colette (2018)

2018
The Thirteenth Tale (2013) 7.0
The Thirteenth Tale (2013)  Vida Winter ဆိုတဲ့ စာရေးဆရာမကြီးဟာသူမရဲ့ အတ္ထုပ္ပတ္တိအကြောင်းရေးဖို့ ငယ်ရွယ်တဲ့ အတ္ထုပ္ပတ္တိရေးသူ Margaret ကို ငှားရမ်းခဲ့တယ်။ သူမဖြတ်သန်းလာရတဲ့ ဘဝကို The Thirteen taleလို့ တင်စားပြီး The Thirteen Tale ဆိုတဲ့စာအုပ်ကို ရေးသားခဲ့သူပေါ့။ ပုံပြင်က 13ပုဒ်ဆိုပေမယ့် တကယ်တမ်းက 12ပုဒ်ပဲရှိတယ်။သူမ ငယ်ဘဝဖြတ်သန်းလာရမှုက 13ပုဒ်မြောက် ပုံပြင်ပေါ့။ Vida ဟာ အင်တာဗျူးမှာ သူမငယ်ဘဝအကြောင်းကို ဖြေဆိုထားတာတွေက တစ်ခုနဲ့တစ်ခုက မတူဘူး။ အဲ့ဒါကြောင့်လည်း လူအများက သူ့ငယ်ဘဝဖြစ်တဲ့ 13ပုဒ်မြောက် ပုံပြင်ကို သိချင်နေကြတာပေါ့။အဖေဘယ်သူမှန်း မသိ အမေကလည်း ဂရုမစိုက်တော့ ပျက်စီးချင်တိုင်း ပျက်စီးနေကြတဲ့ သနားကြင်နာမှုကင်းမဲ့တဲ့ ငယ်ဘဝအကြောင်း 13ပုဒ်မြောက် ပုံပြင်ကို Margaret ကို ပြောပြတဲ့အချိန်မှာတော့ .............Qty - 720p BlurayDuration - 90minGerne - Drama/MysterySubtitle - Myanmar HardsubTranslator - ...
movie

The Thirteenth Tale (2013)

2013