Channel Myanmar

Roger Allam

The Angels’ Share (2012) 7.0
The Angels’ Share (2012)  IMDb 7/10 အထိရထားပြီး ဟာသဒရမ်မာအမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့လူမှုရေးအလုပ်နဲ့ပြစ်ဒဏ်ချခံထားရတဲ့အပြစ်သားတစ်စုကအတိတ်ကအမဲစက်ကြောင့်အပယ်ခံလိုဖြစ်နေရတာပါ သူတို့ကတော့အကျင့်ဆိုးတွေကိုပြင်ဖို့ကြိုးစားနေကြပေမဲ့ဘယ်သူကမှအရေးပေးမဆက်ဆံကြပါဘူး ဒါပေမဲ့ကံကြမ္မာကမျက်နှာသာပေးတာကြောင့်သူတို့ဝီစကီအရသာမြည်းစမ်းပွဲကိုသွားရင်းအခွင့်အရေးကောင်းတစ်ခုကိုရသွားခဲ့ကြပါတယ်။ဝီစကီတွေဟာအရက်တွေထဲမှာတော့လူကြိုက်များတဲ့အရက်တစ်မျိုးဖြစ်ပြီးအဆင့်အတန်းမှီဝီစကီကောင်းကောင်းတစ်လုံးဟာဈေးအဆမတန်ပေးရနိုင်ပါတယ် ဒါပေမဲ့တကယ်ရူးသွပ်တဲ့သူတွေကတော့အလုအယက်ဝယ်ကြတုန်းပါပဲ သူတို့ရသွားတဲ့အခွင့်အရေးကတော့ဝီစကီတွေကိုမလိမ့်တစ်ပတ်နဲ့ခိုးထုတ်ပြီးရောင်းစားဖို့ပါပဲ သူတို့အုပ်စုတွေရည်မှန်းချက်ပြည့်ဝဖို့ဘယ်လိုကြိုးစားကြမလဲ သူတို့ရဲ့အကြံအစည်ကရောအောင်မြင်နိုင်ပါ့မလားဆိုတာကိုကြည့်ရှူရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်File size…(1.9 GB)/(988 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Angels’ Share (2012)

Tetris (2023) 7.4
Tetris (2023) Tetris (2023) ========== IMDb Rating - 7.4/10တက်ထရစ်ဂိမ်းကို လူအတော်များများဆော့ဖူးပြီး မဆော့ဖူးရင် တောင် မြင်ဖူးကြမှာပါ။ သန်း ၅၂၀ ကျော် ရောင်းချခဲ့ရပြီး မိုဘိုင်း ဂိမ်းအဖြစ် သန်း ၆၅၀ ကျော် ဒေါင်းလုတ်ဆွဲခံရတဲ့ ဂိမ်းတစ်ခုဖြစ် ပါတယ်။ ၂၀၂၀ အထိ သမိုင်းတလျှောက်အရောင်းရဆုံးဂိမ်းဖြစ် ခဲ့ပြီး အဲဒီနောက်မှာမှ Minecraft (2009) က ကျော်တက်သွား ခဲ့တာပါ။ လက်ရှိမှာတော့ Minecraft ကပထမ၊ Grand Theft Auto V (2013) က ဒုတိယနဲ့ Tetris က တတိယဖြစ်နေပါပြီ။ဒါပေမဲ့ ဂိမ်းစက်နဲ့ကော်ပီရောင်းရနှုန်းက သန်း ၅၀၀ ကျော်တာမို့ မာရီယိုပြီးရင် ဒုတိယအရောင်းရဆုံး ဂိမ်းဖရန်ချိုက်စ်လည်း ဖြစ် နေပါတယ်။ အရာတစ်ခုခုကို အချိန်အကြာကြီး အာရုံစူးစိုက်ပြီး လုပ်လိုက်ရင် အဲဒီအရာက လူတွေရဲ့ အတွေးတွေ အိပ်မက်တွေ စိတ်ပုံရိပ်တွေကို လွှမ်းမိုးသွားတဲ့ သက်ရောက်မှုကိုတောင် စိတ် ပညာရှင် Jeffrey Goldsmith က Tetris Effect ...
movie

Tetris (2023)

2023
The Wind That Shakes the Barley(2006) 7.5
The Wind That Shakes the Barley(2006) The Wind That Shakes the Barley(2006)**************************************အိုင်ယာလန်နိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲအကြောင်း၊ပြည်တွင်းစစ်အ‌ကြောင်း ကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားခေါင်းစဉ် The wind that shakes the barleyဆိုတာက အိုင်းရစ်ရှ်လူမျိုးသူပုန်လေးရဲ့အကြောင်းသီဆိုထားတဲ့ သီချင်းကနေယူထားတာပါ။ဇာတ်ဝင်ခန်းတစ်ခန်းမှာတော့ ဒီသီချင်းကိုသုံးပြထားပါတယ်။ ဒီဇာတ်ကားထဲမှာနယ်ချဲ့အင်္ဂလိပ်တွေရဲ့ ဖိနှိပ်မှု နှိပ်စက်မှုတွေကို မခံနိုင်တဲ့နောက်မှာတော့အိုင်ယာလန်လူငယ်လေးတွေဟာ ပြန်လည်တိုက်ခိုက်ပုန်ကန်ကြပါတယ်။အချို့ပြည်သူတွေကလည်း အင်္ဂလိပ်တွေကို အကူအညီမပေးတာမျိုး၊ကိုယ့်လူမျိုးတော်လှန်ရေးသမားတွေကို စားစရာ၊နေစရာပေးတာမျိုး စတဲ့အမျိုးသားရေးစိတ်ဓာတ်တွေလည်းတွေ့မြင်ရမှာပါ။ လွတ်လပ်ရေးပေးမယ့်ပေးတော့လည်း နယ်ချဲ့တို့ ထုံးစံအတိုင်း ရွှေရည်စိမ်ပဲပေးပြန်တယ်။ဒီလိုနဲ့ အချင်းချင်း နိုင်ငံရေးသ‌ဘောထားတွေမတူဘဲ ငြင်းကြခုံကြနဲ့ ပြည်တွင်းစစ်ဖြစ်တာတွေကို မြင်တွေ့ရမှာပါ။ကိုယ့်ရဲဘော်ဆိုပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ကိုယ်တိုင်ကွပ်မျက်ရတာမျိုး စတဲ့ရင်နာစရာဇာတ်ကွက်တွေလည်းပါပါသေးတယ်။ ဇာတ်လိုက်ညီအစ်ကိုတွေဟာလည်း အိုင်ယာလန်နိုင်ငံဖွားသရုပ်ဆောင်တွေဖြစ်ကြပြီး peaky blinders မင်းသားကြီး Cillian Murphyရဲ့ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုလည်းတွေ့မြင်ရဦးမှာပါ။File Size :(2.2GB)(978 MB) and (380 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:07:00 Genre : War, Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

The Wind That Shakes the Barley(2006)

Inkheart (2008) 6.1
Inkheart (2008) Inkheart (2008)တချို့ပုံပြင်တွေဟာ ဖတ်ရုံပဲဆိုပေမယ့် တချို့ပုံပြင်တွေဟာ အသက်ဝင်လာနိုင်ပါတယ်.... အဲ့လို အသက်ဝင်အောင် လုပ်နိုင်စွမ်းရှိတဲ့ ပုံပြောဆရာတွေလည်း ရှိခဲ့တယ်... အသံထွက်ဖတ်ပြီး ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေကို ဆင့်ခေါ်နိုင်တဲ့သူတွေပေါ့။မော်တီမာလည်း အဲဒီအစွမ်းကို မွေးရာပါ လက်ဆောင်အနေနဲ့ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူက အဲဒီအစွမ်းကိုမသိပဲ အသံထွက်ဖတ်ပြီး ပုံပြင်ထဲက လူဆိုးတွေကို ဆင့်ခေါ်မိတဲ့အခါမှာ လူဆိုးတွေရဲ့တိုက်ခိုက်တာလည်းခံရ၊ သူ့ဇနီးလည်း ပုံပြင်စာအုပ်ထဲကိုရောက်ရှိသွားပြီး မော်တီမာ တစ်ယောက်ဒုက္ခရောက်သွားတယ်။သူ့ဇနီးရောက်သွားတဲ့ပုံပြင်စာအုပ်ကို နှစ်နဲ့ချီ လိုက်ရှာနေရင်း တစ်နေ့မှာတော့ အတိတ်ရဲ့ တစ္ဆေတွေဟာ သူ့အိမ်တံခါးကို လာခေါက်ပါတော့တယ်။သူ့ရဲ့ဇနီးကို စာအုပ်ထဲကနေ ပြန်ခေါ်နိုင်မလား၊ စာအုပ်ထဲက လူဆိုးတွေကပဲ တကယ့်လောကကြီးမှာ ကြီးစိုးသွားမလား ဆိုတာတော့ Mummy ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Brendan Fraser ဦးဆောင်ပါဝင်ထားတဲ့ ဒီ Old but Gold ဇာတ်ကားကောင်းလေးကိုကြည့်ရင်း အဖြေထုတ်ကြတာပေါ့ဗျာ......(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.6GB, ...
movie

Inkheart (2008)

2008
V for Vendetta (2005) 8.2
V for Vendetta (2005) V For Vendetta (2005) IMDB - 8.2/10_____Rotten - 73%    နိုဝင်ဘာ၅ရက်နေ့ဟာဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။ အဲဒီနေ့ကိုGuyFawkesနေ့လို့လည်းခေါ်ခဲ့ကြပါတယ်။ အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာGuyFawkesဆိုတဲ့ ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာသူ့အဖွဲ့ဝင်တွေနဲ့အတူ ကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။ ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။ သို့ပေမယ့်ကံမကောင်းချင်တော့အမည်မသိသတင်းပေးစာတစောင်ကြောင့် သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်နဝါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။    ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံပြန်ကြမလဲ။ နိုင်ငံတနိုင်ငံရဲ့အာဏာဟာဘယ်သူ့ဆီမှာရှိသင့်လဲ။ အဲဒါတွေထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တချက်ကတော့ ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ၊ အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။ ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ်။ သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။ စိတ်ကိုဖျော်ဖြေပေးရုံပေးမယ့်ကားလေးလုံးဝမဟုတ်ရပါဘူး။ ကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီးတကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။ Ratingမြင့်ကားလေးတကားဖြစ်ပြီးimdb rating 8.2ထိရထားပါတယ်။    (မူရင်းဇာတ်ကားရဲ့အနှစ်သာရမပျက်အောင်အကောင်းဆုံးဘာသာပြန်ထားပါတယ်။ တခုခုမှားယွင်းသွားတာရှိရင်ဘာသာပြန်သူအနေနဲ့တောင်းပန်ပါတယ်ဗျာ။) (ဘာသာပြန်သူကတော့ The Fridays ပဲဖြစ်ပါတယ်)    File size…(900 MB) and 3GB Quality…Blu-Ray Rip 720p and HEVC 1080p 5.1 Format…mp4 Duration….02:12:00 Subtitle….Myanmar Subtitle (Hardsub) Translator…..The Fridays Encoder….CM
movie

V for Vendetta (2005)

2005
HEVC 1080p 5.1
Mr. Holmes(2015) 6.9
Mr. Holmes(2015) Mr. Holmes(2015)IMDb....6.9ရာစုနှစ်တစ်စုနီးပါး အချိန်ကာလကိုဖြတ်သန်းလာခဲ့ရ၍ အသက်အရွယ်ကြီးရင့်လာသော ကျွနု်ပ်တို့မိတ်ဆွေကြီး မစ္စတာဟုမ်းစ်သည်လည်း ဇရာ၏နှိပ်စက်မှုဒဏ်ကိုကောင်းကောင်းကြီးခံစား နေရပြီဖြစ်သည်။ သို့သော်လည်း သူ့၏ ထက်မြက်မှုကိုကား ဇရာက အနိုင်မတိုက်နိုင်သေးသည်မှာထင်ရှားသည်။သို့သော် မစ္စတာ ဟုမ်းစ် စုံထောက်အလုပ်မှအနားယူလိုက်ရသည် အထိ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်စေရသော အကြောင်းမှာ မည်သို့မည်ပုံဖြစ်သည်ကိုIMDB Rating 6.9 ရရှိထားသော Mr.Holmes(2015) တွင် ဖော်ပြထားလေသည်။ အကျဉ်းမှာ ကျွနု်ပ်တို့မိတ်ဆွေကြီး မစ္စတာ ဟုမ်းစ်တစ်ယောက်သတိမေ့ရောဂါစွဲကပ်လာ၍ မိမိ၏နောက်ဆုံးအမှုမှ အဘယ်ကြောင့်အနားယူခဲ့သည်ကို မမှတ်မိသည်ကို ပြန်လည် အမှတ်ရအောင် ကြိုးစားရင်းနောက်ဆုံးမှာ မစ္စတာဟုမ်းစ်၏ အမှန်စင်စစ် နောက်ဆုံးအမှုကို မည်သို့မည်ပုံဖြေရှင်းခဲ့သည်ကို မိတ်ဆွေတို့ စိတ်ပါဝင်စားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ko D3monပဲဖြစ်ပါတယ်...File Size : (900 MB) and (325 MB) Quality : Blu-Ray 720p Format…mp4 Duration…01:44:00 Genre :  Drama , Mystery Subtitle : Myanmar ...
movie

Mr. Holmes(2015)

2015
The Book Thief(2013) 7.6
The Book Thief(2013) The Book Thief(2013)IMDb....7.6စာရေးဆရာ Markus Zusak ရေးသားခဲ့တဲ့ The Book Thief စာအုပ်ဟာ Bestseller စာရင်းဝင်ခဲ့ပြီးဘာသာစကေားပေါင်းများစွာစွာနဲ့ ပြန်လည်ထုတ်ဝေခဲ့ပါတယ်...လက်ရာမြောက်ဒီစာအုပ်ကို ရုပ်ရှင်အသွင် ၂၀၁၃ မှာပြန်လည်ရိုက်ကူးခဲ့ပါတယ်... ဝတ္ထုဇာတ်လမ်းလေးကို ရုပ်ရှင်အဖြစ်ပြောင်းလဲရာတွင်လည်း ဆုပေါင်းများစွာဆွတ်ခူးနိုင်ခဲ့ပါတယ် ...ဒုတိယကမ္ဘာစစ်အတွင်း  ဂျာမနီနိုင်ငံရဲ့ စစ်တစ်လင်းအောက်မှာရှိခဲ့တဲ့သာမန်လူတစ်စုကိုအခြေခံပြီးရိုက်ကူးထားပါတယ်...လင်မယား (၂)ယောက်ရှိတယ်...သားသမီးမရခဲ့တဲ့သူတို့လင်မယား(၂)ယောက်ဟာလီဆယ်မီမင်ဂါဆိုတဲ့ ကောင်မလေးကိုမွေးစားခဲ့ပါတယ် ..စာမရေးတတ် မဖတ်တတ်တဲ့ လီဆယ်ကို မွေးစားဖခင်ကဝတ္ထုစာအုပ်တွေဖတ်ပြပြီး သင်ပေးခဲ့ရာမှ လီဆယ်တစ်ယောက် စာအုပ်တွေကိုသဘောကျသွားခဲ့တယ်...ဒီကလေးမလေးရဲ့ပတ်ဝန်းကျင်မှာ စစ်ဘေးဒဏ်ခံနေရတဲ့လူတွေအများကြီး...သူမဟာ အသက်ငယ်ပေမယ့် ဒီလူတွေကိုတတ်နိုင်တဲ့ဘက်က အားပေးနှစ်သိမ့်ပေးချင်တယ်...ဒီတော့ အဲ့ဒီကလေးမလေးဟာစာအုပ်တွေအများကြီးပိုင်တဲ့ မြို့တော်ဝန်အိမ်က စာအုပ်တွေခိုးယူဖတ်ပြီး စစ်ဘေးဒဏ်ခံလူတွေကိုပုံပြင်လေးတွေပြောပြရင်း အားပေးနှစ်သိမ့်ပါတယ်....နောက်ပြီး လီဆယ်တို့ မိသားစုဟာဂျူးလူမျိုးတစ်ယောက်ကို ကယ်တင်မိပြီး သံယောဇဉ်တွယ်ခဲ့ရာမှ အခက်အခဲတွေကြုံတွေ တစ်သီကြီးကြုံရပါတော့တယ်....ဒီကားထဲက ကလေးသရုပ်ဆောင်Sophie Nélisse ဟာ၂၀၁၃ခုနှစ်ရဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆုကိုဒီကားနဲ့ရရှိခဲ့ပါတယ်...အခြားဆု(၈)ခုရရှိခဲ့ပြီး ဆန်ကာတင်ဆုစာရင်းမှာ (၁၄)ခုတောင်ဝင်ခဲ့ပါသေးတယ်....ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်...File Size : (900 MB) and (396 ...
movie

The Book Thief(2013)

2013
The Iron Lady (2011) 6.4
The Iron Lady (2011) The Iron Lady (2011) IMDb - 6.4/10_____Rotten - 52% Won 2 Oscars. Another 23 wins & 47 nominations.     ဒီရုပ်ရှင်ကား ဇာတ်ကားက တော့ ဖြစ်ရပ်မှန် ကိုပြန်ရိုက်ကူးထားတယ့် ကားဖြစ်ပါတယ်။ ဗြိတိန် သမိုင်း ကိုတစ်ဆစ်ချိုးပြောင်းလဲ ခဲ့ပြီး ရာဇဝင်တွင်ကျန်နေခဲ့တယ့် ဗြိတိန် နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ခဲ့တယ့် မာဂရက်သက်ချာ အကြောင်းဖြစ်ပါတယ်။ သက်ချာလို့ပြောလိုက်ရင် လူခွန်တောင်ကောက် တယ့်သူဆိုပြီး တစ်ချို့ ကြားဖူးကြပါလိမ့်မယ်။ ဒီဇာတ်ကားက Biography/Drama အမျိုးအစားဖြစ် ပြီး IMDb Rating 6.4 ၊ Rotten Tomatoes 52% ၊ Roger Ebert 2 /4 ရရှိထားပါတယ်။ တစ်ကားလုံးကြာမြင့်ချိန် ၁၀၄ မိနစ်ရှိ ပြီးတော့ Budget ၈.၂ မီလီယံဒေါ်လာနဲ့ရိုက်ကူး ထားပြီး Box Office မှာ ၁၁၅ မီလီယံပြန်လည် ရှိရှိခဲ့ပါတယ်။ 20th Century Fox က ဖြန့်ချီထားပါတယ်။ အဓီက ...
movie

The Iron Lady (2011)

2011
The Hippopotamus (2017) 6.4
The Hippopotamus (2017)   ဒါကတော့ ယခုနှစ်မှာ ထွက်ရှိလာတဲ့ The Hippotamus ဆိုတဲ့ comedy မျိုးအစားဇာတ်ကားလေးဖြစ်ပါတယ် တစ်ချိန်ကလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမယ့် သတင်းစာတိုက်မှာအလုပ်လုပ်နေရတဲ့ ကဗျာဆရာ တက်ဒ်ဝေါလေ့စ်ကဆိုရင် ဝီစကီကိုအရမ်းနှစ်ခြိုက်တဲ့သူပါ တနေ့သူအလုပ်ပြုတ်သွားပြီးပိုက်ဆံမရှိလို့ စိတ်ညစ်နေတဲ့အချိန်မှာ သူ့ရည်းစားဟောင်းရဲ့သမီး ဂျိမ်းက သူ့ဆီရောက်လာပြီး အလုပ်တစ်ခုလာအပ်ပါတယ် ဂျိမ်းမှာသွေးကင်ဆာရှိနေပြီး သိပ်မကြာခင်သေဆုံးတော့မယ်လို့ဆရာဝန်တွေက ပြောပါတယ် ဒါပေမယ့် ဂျိမ်းကသူ့ဦးလေးမိုက်ကယ်လိုဂန်ပိုင်တဲ့ ဆွာ့ဖော့မှာနေခဲ့စဉ်က သူ့ရောဂါကို ကုသမှုခံယူခဲ့ရတဲ့ အံ့ဖွယ်ကိစ္စတွေရှိနေတယ်လို့ ပြောပါတယ် တက်ဒ်ကိုစရန်ငွေ ဒေါ်လာ ၂၅၀၀၀ ပေးပြီး အံ့ဖွယ်ကိစ္စတွေကို စုံစမ်းဖို့ စေလွှတ်လိုက်ပါတယ် တက်ဒ်ဟာ တစ်ချိန်က မိုက်ကယ်ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့အပြင် မိုက်ကယ့်ညီမရဲ့ရည်းစားဟောင်းလဲဖြစ်နေပါတယ် ဒီတော့ မိုက်ကယ်က တက်ဒ်အပေါ်ဘယ်လိုသဘောထားတွေရှိနေမလဲ တက်ဒ်တစ်ယောက် ဆွာ့ဖော့မှာ နေဖို့ဘယ်လိုကြိုးစားရမလဲ တက်ဒ်က သူဖော်ထုတ်စုံစမ်းရမယ့်အံ့ဖွယ်ကိစ္စတွေကို ဘယ်လိုဖော်ထုတ်မလဲဆိုတာတွေကို ဟာသလေးနှောပြီးရိုက်ပြထားတာပါ ဘယ်လိုအံ့ဖွယ်တွေတွေ့ရမှာလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူရမှာပါ ဒီဇာတ်ကားထဲမှာ အခုဖော်ပြထားတဲ့ ကာရိုက်တာတွေအပြင် တခြားအဓိကကာရိုက်တာတွေလဲ ပါဝင်ထားပါသေးတယ် အဲဒါတွေကိုတော့ အရသာပျက်သွားမှာစိုးလို့မပြောပြတော့ပါဘူး ...
movie

The Hippopotamus (2017)

2017