Channel Myanmar

Roma Gąsiorowska

Tonight You’re Sleeping with Me (2023) 4.3
Tonight You’re Sleeping with Me (2023) Tonight You're Sleeping with Me (2023) =============================ပိုလန်နိုင်ငံရဲ့ မမနဲ့မောင်လေး အချစ်ဇာတ်ကားလေးပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက မမနဲ့မောင်လေးဟာ တွေ့ခဲ့ကြတယ်၊ သိပ်ချစ်ခဲ့ကြတယ် စိတ်ကူးတွေယဉ်ခဲ့ကြတယ် ဒါပေမဲ့ မပေါင်းဖက် ခဲ့ရပါဘူး။ ဒီလိုနဲ့ ခုလက်ရှိမှာတော့ မမက သမီးလေးနှစ်ယောက်နဲ့ အိမ်ထောင်သည် ဖြစ်နေပါပြီ။ဖြစ်ချင်တော့ မောင်လေးက တခြားနိုင်ငံက ပြန်လာပြီး အလုပ်ဝင် လျှောက်တာ မမရဲ့ဌာနကို ကွက်တိ ဖြစ်နေပါတော့တယ်။ မမက လည်း အိမ်ထောင်ရေးမှာက ကတောက်ကဆတွေနဲ့ သာယာတာ မဟုတ် ယောက်ျားဖြစ်သူနဲ့ လိုချင်တာမရ ဆန္ဒမပြည့်ဝနေခဲ့သူ။ မောင်လေးကလည်း ဘယ်နှနှစ်ကြာကြာ မမမှ မမဆိုတဲ့ ကောင်ဇိုး လေးပေါ့။ အဲဒါနဲ့ တစ်နေ့ကျတော့ မမရဲ့ယောက်ျားဖြစ်သူဟာ မမကိုလည်း မတိုင်ပင်ပဲ အပန်းဖြေခရီးဆိုပြီး အိုင်းစ်လန်းကို တစ်လ သွားသာယာပါတော့တယ်။ဘာပြောကောင်းမလဲ ပေါက်ကွဲချင်ပေမယ့်မီးစနက်တံကောင်းကောင်း မရှိလို့ ထိန်းထားရတဲ့ မမတစ်ယောက်မောင်လေးရဲ့လောင်ကျွမ်းမီး တောက်ကြားမှာ ထိန်းမရ သိမ်းမရ ပေါက်ကွဲကုန်ကြပါတော့တယ်။ အဲဒါကြောင့် မမနဲ့မောင်လေး ရှေ့ဆက် ဘယ်လိုနှစ်ပါးသွားကြမလဲ၊ ဆန္ဒကို သိက္ခာနဲ့ပဲ ထိန်းကြမလား၊ စိတ်လွတ်လက်လွတ် သားပစ်မယား ပစ် ပျော်ပါးကြမလား၊ ပျော်ရွှင်ရမလား ...
movie

Tonight You’re Sleeping with Me (2023)

2023
Lesson Plan (2022)
Lesson Plan (2022) Lesson Plan (2022)သူ့နာမည်က ဒမ်မီယမ်... သူဟာ အသွင်ယူရဲဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးပြီး မူးယစ်ဆေးလောကမှာ အသွင်ယူဖူးလို့ ဒီလောကကို ထုံးလိုကျေ ရေလိုနောက်တယ်။ တစ်နေ့ကျ အထက်တန်းကျောင်းတစ်ကျောင်းမှာ ဆရာဖြစ်တဲ့သူ့ သူငယ်ချင်းဟာ သူ့အခက်အခဲတစ်ခုအတွက် အကူအညီလာတောင်းတယ်။ ဒါပေမဲ့ သူမကူညီခဲ့ဘူး။သိပ်မကြာခင်မှာပဲ... သူ့ သူငယ်ချင်းဟာ ချောက်ချခံရပြီး မတရားသဖြင့် နာမည်ဆိုးနဲ့သေခဲ့ရတယ်။ ဒီတော့ သူက ရှင်နေတုန်း ကူညီဖို့ ငြင်းဆန်မိခဲ့တဲ့ နောင်တနဲ့ အဲဒီအထက်ကျောင်းမှာ အစားထိုးဆရာအဖြစ် ဝင်လုပ်ပြီး သူ့ သူငယ်ချင်းအတွက် လက်စားချေဖို့ ကြိုးစားခဲ့တယ်။ ဒီလိုနဲ့ အဲဒီကျောင်းမှာ ဘာတွေဖြစ်ခဲ့လဲ။ သူငယ်ချင်းရဲ့ သေဆုံးမှုအပေါ် တာဝန်ရှိသူတွေကို ဘယ်လိုရှာဖွေမလဲ… ဆရာတစ်ယောက်အဖြစ် အသွင်ယူထားတဲ့ ဒမ်မီယမ်ရဲ့ ကျောင်းပေါ်က နေ့စွဲတွေကော ဘယ်လိုဖြစ်မလဲ...ဒီ ၂၀၂၂ မှ ထွက်ထားတဲ့ Low budget ပိုလန်ကားလေးပါ... စိတ်ဝင်စားရင် ဒေါင်းကြည့်လိုက်ပါဦး...(ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Lesson Plan (2022)

2022
The Lure 6.4
The Lure  ယုံတမ်းပုံပြင်တွေတော့ အများကြီးရှိခဲ့ပါတယ်ရေသူမလေးဟာ မင်းသားလေးကို ချစ်လို့ရေထဲကနေ ကုန်းပေါ်တက်လာ မနာလိုသူတွေကရေနဲ့ ၀ိုင်းဖြန်းလို့ အမှီးထွက်လာပြီး လူတွေသိလို့မင်းသားလေးနဲ့ ဝေးသွား ဘလာ ဘလာအချစ်ဇတ်လမ်းလေးတွေ နတ်သမီးပုံပြင်တွေပေါ့တကယ်တမ်း ရေသူမတွေဆိုတာ အသားစားသတ္တဝါတွေဖြစ်ပြီး ဆန့်ကျင်ဘက်လိင် ကိုသီချင်းဆိုပြပြီး စွဲဆောင်ကာ သတ်ဖြတ်စားသောက်သူပါကဲ မကြောက်ကြဘူးလား ?ဒီဇတ်လမ်းလေးက နည်းနည်းထူးဆန်းတယ်ဗျဂိုးလ်ဒန်း နဲ့ ဆေးလ်ဗား (ရွှေနဲ့ငွေ) ဆိုတဲ့ရေသူမ ညီအစ်မ ၂ ယောက်ဟာတစ်ရက်မှာတော့ ကမ်းခြေမှာ သီချင်းတိုက်နေတဲ့နိုက်ကလပ် တစ်ခုက အဆိုတော် အဖွဲ့ကိုတွေ့မြင်ချောင်းကြည့်ခဲ့ပါတယ်...ပြီးနောက် လူတွေနောက် လိုက်ချင်လို့စွဲဆောင်ပြီး ကုန်းပေါ်တက် ပါသွားပါတယ်ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူးသူတို့ ညီအစ်မ ကို စင်တင်မှာ သီချင်းဆိုတဲ့အဖွားကြီးက ဖော်ချွတ် ကလပ် တစ်ခုမှာအလုပ်သွင်းပေးလိုက်ပါတော့တယ်...ဖော်ရချွတ်ရ ယောကျင်္ားတွေကို စွဲဆောင်ရတာ၀ါသနာပါတဲ့ ရေသူမ ညီအစ်မ ၂ ယောက်နဲ့ရေသူမတွေ အကြောင်း သေချာ မသိတဲ့သူတွေ ကြားမှာ ဘယ်လို ထိတ်လန့်စရာတွေဖြစ်ပျက်လာမလဲဆိုတာ ဆက်လက်ကြည့်ရှု့လိုက်ပါအုံးဒီ ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့Shain Htet Naing ဖြစ်ပြီး Thit San Khant မှတင်ဆက်ပေးထားပါတယ်
movie

The Lure

2015