Channel Myanmar

Rosa Arredondo

Still Alice (2014) 7.5
Still Alice (2014)  အသက် ၅၀ အရွယ် အဲလစ်ဟာ ကိုလမ်ဘီယမ်တက္ကသိုလ်မှာ ဘာသာဗေဒကိုပို့ချလျက်ရှိတဲ့ပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ ဘာသာဗေဒနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်ချက်များပြုလုပ်ကာ တကမ္ဘာလုံးမှာသင်ကြားပို့ချရလောက်တဲ့ ပြဌာန်းစာအုပ်တွေကို ပြုစုရေးသားနိုင်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။သူ့မှာ ချစ်ရတဲ့ခင်ပွန်းနဲ့ သားသမီး ၃ ယောက်တို့ရှိပါတယ်။ သူ့အနေနဲ့ အချို့အရာလေးတွေကို စတင်မေ့စပြုလာတဲ့အတွက် ဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်တစ်ဦးနဲ့ သွားရောက်ပြသလိုက်တဲ့ အခါ မျိုးရိုးဗီဇကြောင့် အရွယ်မတိုင်ခင်ဖြစ်တတ်တဲ့ အယ်ဇိုင်းမားရောဂါကို စတင်ခံစားနေရပြီဆိုတာကိုသိလိုက်ရပါတော့တယ်။ ရောဂါဖြစ်နေကြောင်း သိလိုက်ပြီးတဲ့နောက် သူ့အလုပ်မှာရောဘာတွေဆက်ဖြစ်မလဲ? သူ့ရဲ့ မိသားစုကရော မှတ်ဉာဏ်တွေ ယိုယွင်းလာတဲ့သူမအပေါ် ဘယ်လိုဆက်ဆံကြမလဲ? ဒါတွေကို ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ အဲလစ်အဖြစ် မင်းသမီးကြီး Julianne Moore ကပါဝင်သရုပ်ဆောင်ထားပြီး အယ်ဇိုင်းမားရောဂါသည် တစ်ဦးအနေနဲ့ စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ၊ နာကျင်ခံစားရမှုနဲ့ ဒေါသစတဲ့စိတ်ခံစားချက်မျိုးစုံကို ပေါ်လွင် အောင်သရုပ်ဆောင်ထားတာတွေကို တွေ့ရှိရမှာပဲဖြစ်ပါတယ်။ သူမအနေနဲ့ ဒီဇာတ်ကောင်ဖြင့်ပင် အကယ်ဒမီဆုပေးပွဲအပါအဝင် အခြားဆုပေးပွဲတွေမှာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအများအပြားကို သိမ်းယူနိုင်ခဲ့ပါသေးတယ်။ သူ့ကို ချစ်ခင် တဲ့ ခင်ပွန်းသည်အဖြစ် မင်းသားကြီး ...
movie

Still Alice (2014)

Pinball: The Man Who Saved the Game (2023)
Pinball: The Man Who Saved the Game (2023) 1942 ခုနှစ်မှစပြီး ပင်ဘောကိုရာဇဝတ်အဖွဲ့အစည်းတွေချုပ်ကိုင်ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အမေရိကန်ကမြို့တော်တော်များများမှာ ပိတ်ပင်ပစ်ခဲ့ပါတယ် ။ 1970 ပြည့်နှစ်တွေမှာ Roger Sharpe ဆိုတဲ့နှုတ်ခမ်းမွှေးကားကားနဲ့လူတစ်ယောက် နယူးယော့မြို့ကြီးကိုစာရေးဆရာဖြစ်ချင်လို့ ရောက်လာရင်း မဂ္ဂဇင်းတိုက်တစ်ခုမှာအလုပ်လည်းရ Ellen ဆိုတဲ့ကောင်မလေးလည်းရပြီး သာယာနေတဲ့အချိန်မှာ သူရဲ့တစ်ခုတည်းသောထွက်ပေါက်ဖြစ်တဲ့ ပင်ဘောကိုပိတ်ပင်ထားကြောင်းသိရှိသွားတဲ့အချိန် Roger တစ်ယောက် စာရေးဆရာအနေနဲ့ရော Music and Amusement Association(MAA) နဲ့ပူးပေါင်းပြီးရော ပင်ဘောတရားဝင်ပြန်လည်ဖြစ်မြောက်ရေးအတွက် ဘယ်လိုတွေကြိုးစားမလဲဆိုတာကို ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင်တော့ ပင်ဘောရဲ့ကယ်တင်ရှင်ကြီးRoger Sharpe ရဲ့ဖြစ်ရပ်မှန်ဘဝကိုအခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်ခင်ဗျာ ။ ပင်ဘောကိုအကြောင်းပြချက်မျိုးစုံနဲ့ပိတ်ပင်ထားတဲ့ အမေရိကန်ကမြို့တွေရဲ့ဥပဒေတွေ၊ ပင်ဘောစတီထွင်တုန်းကနဲ့အခု ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာတွေနဲ့ Roger နဲ့ Ellen တို့အတူဖြတ်သန်းခဲ့ကြပုံကို လက်ရှိအချိန်မှာ Roger Sharpe ကပြန်ပြောပြနေပုံနဲ့တစ်မျိုး 1970 တုန်းက Roger Sharpe အနေနဲ့တစ်ဖုံ ဟာသလေးနှောပြီးတင်ဆက်ထားပါတယ် ။ ဒါရိုက်တာတွေကတော့ညီအကိုတွေဖြစ်တဲ့ Austin နဲ့ Meredith Bragg ကရိုက်ကူးထားတာဖြစ်ပြီး ...
movie

Pinball: The Man Who Saved the Game (2023)

Blood Bound (2019) 4.2
Blood Bound (2019) မူးယစ်ဆေးတွေသုံးပြီး ဘဝကိုလွယ်လွယ်နဲ့ဖြတ်သန်းနေကြတဲ့ဆယ်ကျော်သက်သုံးယောက် သူတို့မြို့ကိုအသစ်ပြောင်းလာကြသည့်မိသားစုတစ်စုရဲ့အိမ်ကိုဖောက်ထွင်းဝင်ရောက်ရာမှကံဆိုးစွာနဲ့ ထိုမိသားစုမှာသာမန်မိသားစုမဟုတ်ပဲစုန်းမိသားစုတစ်စုဖြစ်နေသည်...ထိုစုန်းမိသားစုနဲ့ထိတ်လန့်ဖွယ်ရာတွေ့ဆုံအပြီး မကြာမီမှာထိုဆယ်ကျော်သက်အဖွဲ့ထဲမှ တစ်ဦးတည်းသောကောင်မလေးဖြစ်သည့်ကယ်ရီမှာကိုယ်ဝန်ရှိလာပြီး သူ့ရဲ့ကလေးကို စုန်းမိသားစုတို့ယဇ်ပူဇော်မည့်အစီအစဉ်တွေကိုသိသွားသောအခါ...ဒါ့အပြင် ထိုယဇ်ပူဇော်မည့်အစီအစဉ်ကို အဓိကတာဝန်ယူထားရတဲ့စုန်းမိသားစုမှာကြီးပြင်းလာခဲ့တဲ့ စုန်းအတတ်ပညာတွေတတ်မြောက်ထားသည့်ဒေးဗစ်ဆိုတဲ့ကောင်လေးမှာလဲထိုကယ်ရီဆိုတဲ့ကောင်မလေးကို မေတ္တာသက်ဝင်သွားသည့်အခါ...သူချစ်တဲ့ကောင်မလေးကိုပဲကာကွယ်ပေးမလား၊ဒါမှမဟုတ် သူ့ကိုပြုစုကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့စုန်းမိသားစုအသိုင်းအဝိုင်းရဲ့ဆန္ဒအတိုင်းပဲဆက်နေမလား...ထိုစုန်းမိသားစုကရော ဘာကြောင့် ထိုယဇ်ပူဇော်မှုတွေကိုလုပ်နေရတာလဲ...ဘယ်သူ့ကိုပူဇော်ပသနေရတာလဲ...ထိုယဇ်ပူဇော်မှုတွေကိုမလုပ်ရင် သူတို့ဘာတွေဖြစ်သွားမှာလဲ...ဒါ့အပြင် ဒီ "Blood Bound" ကားမှာ တခြားကားတွေလိုJump Scares တွေအများကြီးမသုံးထားပဲနဲ့ကိုထိတ်လန့်ဖွယ်ဖြစ်အောင်ရိုက်ပြထားပါသေးတယ်...ဒါကြောင့်မို့ ဒီကားလေးကိုအခုပဲကြည့်ရှုခံစားကြည့်ပါဦး File Size : ( 945 MB , 344 MB )Quality : WEB-DL 720pRunning Time : 1 ...
movie

Blood Bound (2019)

Blood Bound (2019) 5.5
Blood Bound (2019) အံ့သြတုန်လှုပ်ဖွယ် ဖြစ်ရပ်ဆန်းကြယ်ဇာတ်ကားမျိုးကို ကြည့်ရှုချင်ကြတဲ့ ပရိတ်သတ်အတွက် ၂၀၁၉ထွက် ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်နယ်မြို့လေးတစ်မြို့မှာနေထိုင်ကြတဲ့ ဆိုးသွမ်းတဲ့ လူငယ်တစ်စုဟာ မူးယစ်ဆေးတွေ သုံးစွဲရင်းအနားပတ်ဝန်းကျင်က အိမ်တွေကို အနုကြမ်းစီးဓားပြတိုက်လေ့ရှိပါတယ်…ဒီလူငယ်တစ်စုထဲမှာ မိန်းကလေးတစ်ယောက်ပါဝင်ပြီး သူ့ရဲ့အဖေက မြို့ကရဲဝန်ထမ်းတစ်ဦးဖြစ်ပေမယ့်သူ့သမီးဒီလိုတွေလုပ်နေတာ လုံးဝမရိပ်မိခဲ့ပါဘူးတစ်နေ့မှာ အဲ့ဒီနယ်မြို့လေးက အိမ်ကြီးတစ်လုံးကိုထူးဆန်းတဲ့မိသားစုတစ်စု ပြောင်းရွှေ့လာခဲ့ပါတယ်.။ဒီမိသားစုနဲ့အတူ ဒေါ်လာတွေအပြည့်ထည့်ထားတဲ့ သေတ္တာတွေလည်းပါလာခဲ့တယ်ဆိုတာကိုဒီလူငယ်တစ်စု စုံစမ်းသိရှိပြီးနောက် တိတ်ဆိတ်တဲ့ညတစ်ခုမှာ လူငယ်တစ်စုဟာ အိမ်ကြီးကို ဖောက်ထွင်းပြီး အနုကြမ်းစီးပါတော့တယ်…အိမ်ကြီးထဲရောက်ချိန်မှာတော့ ထင်မှတ်ထားသလို ဖြစ်မလာခဲ့ဘဲမုဆိုးကနေ သားကောင်အဖြစ်ရောက်ရှိသွားတဲ့အခြေအနေကို ကြုံတွေ့ရပါတော့တယ်..။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (800 MB) and (290 MB) Quality : WEB-DL 720p Running Time : 1h 36min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle ...
movie

Blood Bound (2019)

2015