Channel Myanmar

Rukiya Bernard

Float (2024) 5.5
Float (2024)  ဒီဇာတ်လမ်းလေးကတော့ Wattpadမှာ ဖတ်ရှုသူပေါင်း26Millionအထိရခဲ့တဲ့ romance stroyလေးပါ။စာရေးဆရာမ Kate Marchantကရေးသားထားခဲ့ပြီးwattpad platformမှာ စတင်ဖြန့်ဝေခဲ့ပေမယ့် အခုဆိုရင်ရောင်းအားအကောင်းဆုံးစာအုပ်လည်းဖြစ်၊ webcomicလည်းထွက်Movieပါထွက်ရှိလာပါပြီ..။ချစ်စရာဇာတ်လမ်းလေးတွေမှ ကြည့်ချင်တယ်ဆိုရင်တော့ဒီဇာတ်လမ်းလေးကလည်း တစ်မျိုးကြည့်ကောင်းနေမှာပါ။ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ဝေ့ဗ်လီဟာ နွေရာသီအားလပ်ရက်မှာ မိဘတွေနဲ့တွေ့ဖို့ တိုင်ပေကိုပြန်ချင်တာပေါ့...။သို့ပေမဲ့ မိဘတွေရဲ့စီစဥ်မှုကြောင့် ခရီးစဥ်ပျက်သွားတော့ဖြစ်ချင်ရာဖြစ်ဆိုပြီး အဒေါ်ရှိရာ ကျွန်းလေးဆီကိုသာ ခြေဦးလှည့်လာခဲ့ပါတယ်...။ဒီကျွန်းလေးမှာပဲ မိတ်တွေအသစ်တွေရ၊ အားလပ်ရက်နေဖို့ကြံရင်းရေကူးနည်းပြလေးတစ်ယောက်နဲ့ဆုံခဲ့ပါတော့တယ်....။နွေရာသီကျွန်းလေးမှာ နွေရာသီအချစ်ဇာတ်လမ်းလေးကဘယ်လိုလေးဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ... File size…1.42GB / 655MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 40m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Float (2024)

The Cabin in the Woods (2011) 7.0
The Cabin in the Woods (2011) ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကျယ်၊ သည်းထိတ်ရင်ဖို့ဇာတ်လမ်းကောင်း တစ်ခု ဖြစ်ပါတယ်။IMDb 7/10 နဲ့ RT 92% အထိ ရရှိထားလို့ Horror ကြိုက်သူတွေအတွက်အတော်ကြည့်ကောင်းမယ့် ဇာတ်ကားဖြစ်ပါတယ်။Thor မင်းသား Chris Hemsworth နဲ့ Grey's Anatomy ထဲကJesse Williams တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းတစ်စု အပတ်ကုန်ရက်မှာမြို့ပြနဲ့ ဝေးရာဆီ အပန်းသွားဖြေကြမယ်လို့ စီစဉ်ကြတယ်။ကာ့က သူ့ဝမ်းကွဲ ဝယ်ထားတဲ့ အိမ်ကို သွားအပန်းဖြေကြဖို့ စီစဉ်ပေးတယ်။တဲအိမ်ကို ရောက်တဲ့အခါမှာတော့ သည်းထိတ်ရင်ဖိုတွေ စလာပါတော့တယ်။ဒါပေမဲ့ ဒီလို ဖြစ်လာတာတွေက သာမန် လူသတ်၊ ကြောက်စရာကောင်းအောင်လုပ်ပြတာထက် ပိုကြီးတဲ့ အကြောင်းရင်းတွေ ရှိနေမလား၊ သူတို့ အဲဒီအိမ်ကိုလာဖြစ်တယ်ဆိုတာ သူတို့ကိုယ်တိုင်ဆုံးဖြတ်ပြီး သွားခဲ့ရတာရော ဟုတ်ပါ့မလား... File size…    5.5 GB / 1.4 GB ...
movie

The Cabin in the Woods (2011)

2011
4K HEVCHDR
Zero Contact (2022)
Zero Contact (2022) Zero Contact (2022)ဒီတစ်ခါတင်ဆက်​ပေးမှာ​တော့ အ​မေရိကန် Mystery Thriller ရုပ်ရှင်ဖြစ်ပါတယ်။ ရောဂါကပ်​ဘေး​ကြောင့် အိမ်က​နေပဲ Zoom နဲ့ဆက်သွယ်ကြတဲ့ ပုံစံနဲ့ ဇာတ်လမ်းကို ပုံ​ဖော်ထားပါတယ် လူတကာက ရူး​ကြောင်​ကြောင်လို့ သတ်မှတ်ကြတဲ့ ပါရမီရှင်ဖင်န်န​လေဟာ့ဒ်ဟာ ပ​ရောဂျက်စလုပ်မယ့်အချိန်မှာပဲ အလုပ်ကထုတ်ခံလိုက်ရပါတယ် အဲလိုနဲ့ သူ မ​သေခင်မှာ လက်စမသတ်နိုင်​သေးတဲ့ ပ​ရောဂျက်ကို သူ အယုံကြည်ရဆုံးလူ ၅​ယောက်ကို အကြံ​ပေးရာက​နေတစ်ဆင့် စုစည်းပြီး ပြန်အသက်သွင်းဖို့မှာထားခဲ့ပါတယ် ပ​ရောဂျက်ကလျှို့ဝှက်ပ​ရောဂျက်ဖြစ်တဲ့အပြင် ကမ္ဘာကြီးကိုကယ်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆို​တော့ အ​ရေး​ပေါ်ဖွဲ့လိုက်တဲ့အဖွဲ့ဟာ ဆက်လုပ်ဖို့ဖြစ်လာပါ​တော့တယ် သူတို့တစ်ခုသတိလွတ်သွားတာက သူတို့ကို​စောင့်ကြည့်​နေတဲ့သူရှိ​နေတယ်ဆိုတာပါပဲ မသိလိုက်ခင်မှာပဲ အိမ်ထဲကိုဝင်သလို အ​ရေး​ပေါ်အဖွဲ့ဝင်​တွေရဲ့ မိသားစုကိုလည်း ရန်ရှာလာခဲ့ပါတယ် လျှို့ဝှက်ချက်​တွေအပြည့်နဲ့ ဖင်န်န​လေထားခဲ့တဲ့ ပုစ္ဆာကို အ​ရေး​ပေါ်အဖွဲ့က အ​​ဖြေရှာနိုင်မလား ​ သူတို့က​ရော နောက်​ဆုံးထိ အသက်မ​သေဘဲ ပ​ရောဂျက်ကိုဆက်လုပ်နိုင်မလားဆိုတာ လှည့်ကွက်​တွေအများကြီးနဲ့ Zero Contact ကိုကြည့်ရှု​ပေးကြပါဦး​နော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Joyz  နဲ့  Hmwe ပဲ ဖြစ်ပါတယ်။Genre.....Thriller Quality….1080p | 720p| 480p File size…1.9GB | 734MB | ...
movie

Zero Contact (2022)

2022
Tooth Fairy (2010) 5
Tooth Fairy (2010) Tooth Fairy (2010)လူသားဆန်ပစ်လိုက်ဆိုတဲ့ဘိုးတော် Viral ဖြစ်သွားတော့ ဒီဘဲ ဝါဒီကိုအတော်များများကသဘောကျကြတယ်ပေါ့ဗျာ။ သဘောလည်းကျချင်စရာပဲ လက်တွေ့ဆန်တာကိုးဗျ။ လူသားဆန်ပစ်လိုက်ဆိုတဲ့ ဘဲကဘယ်နှခုနှစ်ကပြောလဲမသိပေမဲ့ ကျွန်တော်တို့ရဲ့ ဒဝိန်းဂျွန်ဆင်ကြီးကတော့ ၂၀၁၀ ထဲက လူသားဆန်နေတာပါ။ဒဲရစ် သွန်မဆင်ဆိုတဲ့ ဟော့ကီးသမားကတော့ ပရိသတ်တွေကြားမှာ သွားနတ်သားလို့နာမည်ပြောင်ရထားပြီး fantasy တွေကိုလည်း bullshit လို့တွေးထားသူတစ်ယောက်ပါ၊ ကလေးတွေနဲ့တွေ့ရင်လည်း ကျွန်တော်က နာမည်ကြီး ဟော့ကီးကစားသမားဖြစ်ချင်တာဗျဆိုရင် မင်းထက်တော်တဲ့ကောင်တွေအများကြီးရှိသေးတယ်၊ ဘဝမှာအများကြီးမျှော်လင့်မထားနဲ့ ဆိုပြီး ပြောတတ်တဲ့သူမျိုးပေါ့။ဒီလို ဘုလကန့်ဂွစာလူ၊ Fantasy တွေကိုမယုံတဲ့သူကိုအပြစ်ပေးဖို့ဆိုပြီး ဆင့်ခေါ်စာရောက်လာခဲ့ပါတယ်၊ fantasy တွေကိုမယုံတဲ့သူ့ခမျာ Fantasy Land ဖြစ်တဲ့နတ်သူငယ်တိုင်းပြည်ကိုရောက်သွားပါတော့တယ်။Family/Comedy ကားဖြစ်ပြီးတော့ အိပ်မက်တွေကိုဆက်လက်ရှင်သန်နေစေဖို့ မဖြစ်နိုင်ဘူးဆိုတာ အတွေးသပ်သပ်ဖြစ်ပြီး ဘဝမှာ မဖြစ်နိုင်တာတွေလည်း ဖြစ်လာနိုင်တယ်ဆိုတာ ပြောပြထားတဲ့ကားကောင်းလေးတစ်ကားပါ။Keep Dreaming! လူသားဆန်ပါ။ လူသားဆိုတာ အိပ်မက်တွေနဲ့ကင်းလို့မရနိုင်ပါ...။(ဇာတ်ကားနဲ့အညွှန်းကို ပြန်ဆိုရေးသားပေးထားသူကတော့ Murphy ပဲ ဖြစ်ပါတယ်)Size - 1.6GB, 910MB Quality ...
movie

Tooth Fairy (2010)

2010
The Day the Earth Stood Still (2008) 5.5
The Day the Earth Stood Still (2008) Keanu Reeves ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံအက်ရှင် ရုပ်ရှင်ဇတ်ကားကောင်း တစ်ကားဖြစ်ပါတယ်ဇတ်လမ်း ပုံစံကတော့ နောဧ ရဲ့ လှေကြီးနဲ့ ခပ်ဆင်ဆင်တူမလား ပဲ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းပေးတယ်ဒါပေမယ့် တစ်ချိန်ချိန်မှာ လူသားတွေ အတ္တကြီးလာမယ် အချင်းချင်းတိုက်ခိုက်ကြမယ်ဆိုရင်တော့ရေကြီးမှု တွေ မုန်တိုင်းတွေ မီးလောင်တိုက်တွင်းမှုတွေ ငလျင်တွေ ရောဂါ တွေ ပို့လွှတ်ပြီး ပြန်ဖျက်စီးမှာ ဖြစ်ပြီးတာဝန်ပေးအပ်ချက်အရ အသက်ရှင်မယ့် လူသား ၂ ဦး နဲ့ သတ္တဝါအစုံ ဖိုမ ၂ ကောင်ဆီ ပြန်လည်ယူဆောင်သွားပြီးကမ္ဘာအသစ် ပြန်လည်ဖန်ဆင်းပေးမှာ ဖြစ်ပါတယ်...ဒီရုပ်ရှင်ကားမှာတော့ ကမ္ဘာကို သိမ်းယူဖို့ ဖျက်စီးမရနိုင်တဲ့ အကောင်ကြီး တစ်ကောင် အရင်ပို့လိုက်ပါတယ်ပြီးနောက် သတ္တဝါပေါင်းစုံကို သိမ်းယူမယ့် အလင်းရောင် အလုံးကြီးတွေ ကမ္ဘာအနှံ့က နေရာအစုံကို ပစ်ချလိုက်ပါတယ်ပင်လယ်ထဲကိုလဲ ပစ်ချပါတယ် ဘယ် သတ္တဝါ တစ်မျိုးစီမှ မကျန်ရအောင် အကုန်ယူဆောင်သွားပါတယ်ဒီလို ယူဆောင်လို့ ပြီးသွားရင်တော့ ဖျက်ဆီးရေး လုပ်ငန်းစတင်မှာ ဖြစ်ပြီး ဘယ်သက်ရှိမှ ကမ္ဘာပေါ်မှာ ကျန်မနေခဲ့ရတော့ပါဘူး...ဒီလို ဖျက်စီးဖို့ အတွက်ကို ကမ္ဘာဖျက်ဖို့ ရောက်ရှိလာတဲ့သူက Klaatu လို့ နာမည်တွင်တဲ့ လူသားအသွင်ယူထားတဲ့ ...
movie

The Day the Earth Stood Still (2008)

2008
HEVC 1080p 5.1
One Winter Proposal (2019) 7.8
One Winter Proposal (2019) 2018 ခုနှစ်မှာထွက်ရှိခဲတဲ့ One winter weekend ရဲ့ အဆက်လေးပါ...One winter weekend ကို မကြည့်ရသေးတဲ့သူတွေအတွက်တော့ spoiler လေးတွေပါနိုင်ပါတယ်နော်ဇာတ်လမ်းနာမည်ကိုကြည့်တာနဲ့တင် ဇာတ်လမ်းကိုခန့်မှန်းမိလောက်ပါပြီဇာတ်လမ်းအစမှာတော့ ကယ်ရာတစ်ယောက် မနှစ်ကနယူးယားညမှာအသည်းကွဲပြီးရည်းစားမထားတော့ဘူးလို့ ကြွေးကြော်ခဲ့သလောက်ဒီနှစ်နယူးယားမှာတော့ အတိုးချပြီးတော့ကို ကြည်နူးနေတာပါOne winter weekend ရဲ့ဇာတ်သိမ်းမှာ သူငယ်ချင်းလေးယောက်ကိုယ်စီကိုယ်စီအလုပ်ကထွက်ခဲ့ကြပြီး ဒီအပိုင်းမှာတော့အလုပ်သစ်ကိုယ်စီ ဘဝသစ်ကိုယ်စီနဲ့ကနေဒါတောင်တန်းလေးတွေဆီ ပြန်ရောက်လာကြပါတော့တယ်အလုပ်တွေပြောင်းသွားသလို သူတို့အချစ်တွေကရော ပြောင်းသွားမှာလားဇာတ်သိမ်းကို Twilight ဇာတ်ကားထဲက ဂန္တဝင်ဇာတ်ဝင်သီချင်းလေးA Thousand Years နဲ့ပိတ်ထားပြီး ဝမ်းသာမျက်ရည်ပဲကျရမလားဝမ်းနည်းမျက်ရည်ပဲကျရမလားဆိုတာကိုတော့ဇာတ်ကားထဲမှာပဲ ကြည့်ရှူလိုက်ကြပါတော့ဒီ location ဒီလူတွေနဲ့ပဲပြန်ရိုက်ထားပေမဲ့ဇာတ်လမ်းလေးက ပျင်းစရာကောင်းမသွားပဲ လှပပြီးရင်းလှပနေတော့တာပါသူတို့ရဲ့ သူငယ်ချင်းသံယောဇဥ်တွေကို အားကျရမှာဖြစ်သလိုအလုပ်နဲ့ကိုယ်ရေးကိုယ်တာ balance ဖြစ်အောင်ကြိုးစားကြပုံလေးတွေကိုလည်း တွေ့မြင်ကြရမှာပါFile Size -  936 mb Quality - web-dl 1080p Subtitle - burmese Translator - MTA Encoder - Thit San Khant
movie

One Winter Proposal (2019)

2019
One Winter Weekend (2018) 7.3
One Winter Weekend (2018) Romanceချစ်သူတို့အတွက် ဆောင်းရာသီအချစ်ဇာတ်လမ်းလေးတစ်ပုဒ်လာပါပြီ "ကယ်ရာ"ဟာ အမျိုးသမီးမဂ္ဂဇင်းတစ်ခုရဲ့ relationship ကဏ္ဍက စာရေးဆရာမတစ်ယောက် သူလုပ်ရတဲ့အလုပ်က datingနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်တွေ၊ dating stories လေးတွေကို ဆောင်းပါးတွေရေးပေးရတာပါ ဒီလိုအချစ်အကြောင်းတွေရေးနေတဲ့ စာရေးဆရာမလေးကိုယ်တိုင်ကတော့ ပျော်ရွှင်စရာနယူးယားညလေးမှာ သူ့ရည်စားအသစ်စက်စက်လေးဖောက်ပြန်တာကို ခံလိုက်ရတဲ့အခါမှာတော့ လက်တလောလုံးဝ ရည်းစားမထားတော့ဘူးဆိုပြီး သန္ဓိဌာန်ချလိုက်ပါတော့တယ် ဒီလိုနဲ့မဂ္ဂဇင်းတိုက်ရဲ့ဘော့စ်ကြီးက ဆင်ဂယ်ဖြစ်နေရင် ရေးစရာကုန်ကြမ်းမရှိပဲနေမယ်ဆိုပြီး ကယ်ရာ့အချစ်ဆုံးသူငယ်ချင်း "မက်ဂန်"သွားမဲ့ နှင်းလျှောစီးခရီးစဥ်မှာ ကယ်ရာ့ကိုပါထည့်ပေးလိုက်တဲ့အခါ One winter weekend ဆိုတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာပါတော့တယ် ကံကြမ္မာအကြောင်းဖန်တော့ နှင်းလျှောစီးကွင်းမှာ သူတို့တည်းဖို့ငှားထားတဲ့အိမ်ကို "ဘန်"နဲ့"ရှန်း"ဆိုတဲ့ သူငယ်ချင်းကောင်လေးနှစ်ယောက်ကလည်းငှားပြီးသားဖြစ်နေလေရဲ့ ဟိုတယ်တစ်ခုတည်းမှာ တည်းနေတာချင်းတူတူ ဘန်တို့ကိုမှ လက်ဆောင်ခြင်းတွေပို့လိုက်၊ နှင်းလျှောစီးဘုတ်တွေပို့လိုက်နဲ့ဆိုတော့ လျှို့ဝှက်ဆန်းကြယ်တွေကိုဖြေရှင်းရတာကြိုက်တဲ့ ကယ်ရာတစ်ယောက် ဘန့်ရဲ့သရုပ်မှန်ကိုသိချင်လာပါတော့တယ် ဘန့်ရဲ့ဖုံးကွယ်ထားတဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ ဘန့်ရဲ့အဲ့ဒီအချက်ကရော သူတို့နှစ်ယောက်ရဲ့ relationshipအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာမှာလဲ ရည်းစားမထားခြင်းအနုပညာဆိုတဲ့ဆောင်းပါးကိုရေးနေတဲ့ ကယ်ရာကရော တကယ်ပဲတစ်ကိုယ်တည်းခရီးဆက်တော့မှာလား... ဆိုတာတွေအပြင် ဒီဇာတ်လမ်းလေးကိုပိုပြီးအသက်ဝင်စေတာကတော့ ကနေဒါတောင်တန်းတွေရဲ့ နှင်းဖုံးနေတဲ့အလှလေးပါပဲ Pure romance storyline လေးရယ် ဇာတ်ဆောင်နှစ်ယောက်လုံးက စာအုပ်တွေကိုချစ်တတ်တဲ့သူဖြစ်နေတာရယ် မင်းသားနဲ့မင်းသမီး တောင်ပေါ်ကို cableနဲ့တက်တဲ့အခန်းမှာ ပြောတဲ့ ဒိုင်ယာလော့လေးတွေ၊ လှပတဲ့ရှုခင်းလေးတွေရယ် Best friend တွေကြားကသံယောဇဥ်တွေ၊ တစ်ယောက်ဘဝကို တစ်ယောက်မြှင့်တင်ပေးပုံလေးတွေရယ် etc.တွေကြောင့် Romance ချစ်သူတွေအတွက်တော့ ကနေဒါနှင်းတောင်တန်းတွေဆီ စိတ်ကူးနဲ့အလည်သွားရင်း အေးအေးချမ်းချမ်းလေး ကြည့်လို့ကောင်းမဲ့ ကားလေးတစ်ကားပါပဲ   File Size -  941 mb Quality - web-dl 1080p Subtitle - burmese Translator - MTA Encoder - Thit San ...
movie

One Winter Weekend (2018)

2018