Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Russell Crowe
8.9
Zack Snyder’s Justice League (2021)
(function(f,b,n,j,x,e){})();DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Zack Snyder’s Justice League (2021)
4K HEVC
Sleeping Dogs (2024)
ဒါရိုက်တာကြီး Adam Cooper ရိုက်ကူးထားပြီး 2024 March 22 တုန်းကမှ Release လုပ်ထားတဲ့ Crime/Mystery/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း..... မင်းသားကြီး Russell Crowe၊ Marton Csokas နဲ့ Tommy Flanagan တို့လို နာမည်ကြီး မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကတော့ Karen Gillan အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့..... ကားမတော်တဆမှုဖြစ်ပြီး မှတ်ဉာဏ်တွေဆုံးရှုံးထားတဲ့ ရဲစုံထောက်တစ်ယောက်ဖြစ်တဲ့ ရွိုင်းဖရီးမန်း ဟာ တာဝန်မှ အနားပေးခြင်းခံလိုက်ရပါတယ် ဆေးကုသမှုမျိုးစုံနဲ့ ကုသနေရပြီး အတိတ်ကို သတိမရတချက် ရတချက် ဖြစ်နေတာပေါ့ တစ်နေ့တော့ တစ်ချိန်က သူနဲ့ သူ့ရဲ့ပါတနာနဲ့ လိုက်ထားတဲ့လူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားတစ်ယောက်က သူနဲ့တွေ့ချင်ပါတယ်လို့အကြောင်းကြားလို့ သွားတွေ့ရာကနေ..... အတိတ်က သူတို့လိုက်ခဲ့တဲ့အမှုတွေက ဘယ်လိုမျိုးတွေလဲ..... ဒီလူသတ်မှုရဲ့ တရားခံအစစ်က ဘယ်သူလဲ..... သူတို့တွေ တကယ်ပဲ အမှုကို သေချာလိုက်ခဲ့ကြရဲ့လား.... ...
movie
Sleeping Dogs (2024)
7.1
Man of Steel (2013)
DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Man of Steel (2013)
2013
4K HEVC
7.7
3:10 to Yuma (2007)
၂၀၀၇ ခုနှစ်ကထွက်ရှိထားပြီး IMDb 7.7 ရထားတဲ့ ခပ်လန်းလန်း Cowboy ကားလေးတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ်Walk The Line ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Mangold က ရိုက်ကူးခဲ့တာဖြစ်ပြီး ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ Russell Crowe, Christian Bale တို့ပဲ ဖြစ်ပါတယ်။ဒီကားလေးက အော်စကာ ဆု၂ဆု အတွက်နာမည်စာရင်းပါခဲ့ပြီး တခြား ရုပ်ရှင်ဆု ၃ ဆုနဲ့ ဆုပေါင်း ၃၀ ရရှိခဲ့ပါတ်ယခပ်ကြမ်းကြမ်း အက်ရှင်ကားလေး ဖြစ်တာမို့ Cowboy ပရိတ်သတ်တွေအနေနဲ့ကတော့ လက်လွတ်မခံသင့်တဲ့ကားလေးပါဗျဇာတ်လမ်းအကျဉ်းလေးကတော့ Rancher Dan Evans ဟာသူ့ ရဲ့မြေယာပြသနာအတွက် Bisbee ကိုလာခဲ့ပြီး မထင်မှတ်ဘဲ Ben Wade ဦးဆောင်တဲ့ ဓားပြမူ နဲ့ကြုံလိုက်ရပါတယ် သိပ်မကြာခင်မှာပဲ Wade ဟာ အဖမ်းခံလိုက် ရပြီး Wade ကို ...
movie
3:10 to Yuma (2007)
2007
7.0
Body of Lies (2008)
IMDb 7.1 ရတဲ့ကားလဲဖြစ် လီယိုနာဒိုရဲ့ကားလည်းဖြစ်နေတဲ့အတွက်အထူးတလည်ညွှန်းစရာမလိုဘဲ ဘယ်လောက်ကောင်းလဲ မှန်းကြည့်နိုင်ပါတယ်။အကြမ်းဖက်အဖွဲ့ခေါင်းဆောင်နောက်ကို လိုက်နေတဲ့ စီအိုင်အေ အေးဂျင့်(လီယိုနာဒို) ဟာ သူ့ရဲ့ အမေရိကန် အထက်အရာရှိရဲ့ သံသယဖြစ်ဖွယ်အမိန့်တွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရောထွေးနေတဲ့အချိန်မှာ အခက်အခဲတွေကြားထဲကနေ ဇာတ်ကားဟာ လှည့်ကွက်ကောင်းကောင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်လို့ ကောင်းလွန်းတဲ့အတွက် အညွှန်းနဲ့ spoiler ဖြစ်အောင် မလုပ်တော့ပါဘူး။ ကြည့်လိုက်ကြပါဦး။(အညွန်းရေးသူကတော့ Little Neo ပဲ ဖြစ်ပါတယ်) File size…(3 GB)/(2 GB) Quality….Web-DL 1080p / 720p Format…mp4 Duration….02:08:00 Genre...Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson
movie
Body of Lies (2008)
6.5
Land of Bad (2024)
ဒီတစ်ခါတင်ဆက်ပေးမှာတော့ သရုပ်ဆောင်အပိုအလိုမရှိတဲ့ မင်းသားကြီး Russell Crowe ရဲ့ Action ကားသစ်လေးတစ်ကားပါ......ဒီကားထဲမှာတော့ သူက ဒရုန်းစစ်ဆင်ရေး ခေါင်းဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်.....ဇာတ်လမ်းကတော့ ပြန်ပေးဆွဲခံထားရတဲ့ စီအိုင်အေ အေးဂျင့်တစ်ယောက်ကို သွားကယ်ထုတ်ရမှာပါ.....ပြန်ပေးဆွဲထားတဲ့သူကလည်း သတင်းအရ ရုရှား ကေဂျီဘီဟောင်း နဲ့ လက်နက်ကုန်သည်တစ်ယောက်ဆီမှာပါ.....အဲဒီလိုနဲ့ သူတို့ရဲ့ ပစ်မှတ်ဆီရောက်တော့ သူတို့ကယ်ရမဲ့ သူကိုဖမ်းထားတဲ့ လက်နက်ကုန်သည်က အဲဒီဒေသက အာဘူလ်အေရိဖ်လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့နဲ့ အရောင်းအဝယ်လုပ်နေတာကိုပါ မြင်သွားပြီး ဘာတွေဆက်ဖြစ်လာမလဲ သူတို့ စစ်ဆင်ရေးက ကြိုတင်စီစဉ်ထားတဲ့အတိုင်းဖြစ်မလား.....ဘယ်လိုအောင်မြင်အောင်ဆောင်ရွက်မလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦး......ရိုက်ပြထားတဲ့ ရိုက်ချက်လေးတွေ ရှင်းလင်းသေသပ်ပြီး IMDb ကလည်း 6.5 ဆိုတော့ ကြည့်ရတန်မဲ့ကားလေးတစ်ကားလို့ပဲ ညွှန်းလိုက်ချင်ပါတယ်..... File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Garfield
movie
Land of Bad (2024)
8.5
Gladiator (2000)
၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ Gladiator ... ရဲစွမ်းသတ္တိအပြည့်နဲ့ စစ်သူကြီး မက်စီမက်ဟာ အင်ပါယာပြည့်ရှင် အားကိုး ချစ်မြတ်နိုးရတဲ့ လက်ရုံးတစ်ဦးပါ။ တိုက်ပွဲတိုင်းကို အနိုင်ယူပေးခဲ့လို့ လက်အောက်ငယ်သား အားလုံးကပါ လေးစားရတဲ့သူပေါ့။ပြည့်ရှင်မင်း ဆီဇာက အင်ပါယာကြီးကို ထူထောင်ခဲ့ပေမဲ့ ရောမကို အာဏာရှင်စနစ်နဲ့ မအုပ်ချုပ်ချင်ပါဘူး။ သမ္မတနိုင်ငံတော်ဆိုတဲ့ စနစ်ကို ပြန်ပြောင်းချင်တဲ့သူ။ သူ့သားတော်ကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာ သိထားရတဲ့အတွက် မက်စီမက်ကိုပဲ နန်းမွေလွှဲခဲ့ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက်မှာတော့....ဒီဇာတ်ကားက သွေးသံရဲရဲ ကြည့်ချင်သူတွေအတွက်တော့ အကြိုက်တွေ့မှာ သေချာပါတယ်။ ရောမရဲ့ မပါမဖြစ်တဲ့ အရီနာသတ်ကွင်းတွေထက်က သတ်ပုတ်ကြတဲ့ ပွဲတွေဆိုတာ ဘယ်လိုဆိုတာ သိထားပြီး ဖြစ်ကြမှာပါ။IMDb 8.5 ရထားတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။File Size : (7.5 Gb) (3.3GB) and ( 1.6GB) Quality : Bluray 2160p, ...
movie
Gladiator (2000)
4K HEVC
5.8
Noah (2014)
Noah (2014)နောက်ထပ် သမ္မာကျမ်းဝင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ "Noah" နောဧအကြောင်း ရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် နာမည်ကြီးသရုပ်ဆောင် Russell Crowe က နောဧအဖြစ်သရုပ်ဆောင်ထားပြီး ဝါရင့်သဘာရင့် ဂန္ထဝင်သရုပ်ဆောင်ကြီး Anthony Hopkins နဲ့ Jennifer Connelly, Emma Watson, Logan Lerman တို့က အသီးသီးဇာတ်ပို့နေရာကနေပါဝင်ထားကြပါတယ်။~ ဖန်ဆင်းခြင်း အကျဉ်း ~သမ္မာကျမ်းစာရဲ့ Timeline အရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ခန့်လောက်က ထာဝရဘုရားကဗလာနတ္တိကနေ ဖန်ဆင်းခြင်းကိုအစပြုခဲ့ပါတယ်။ ဖန်ဆင်းခြင်းကို ရက်ပေါင်းခုနစ်ရက်အနေနဲ့ ပိုင်းခြားထားခဲ့ပါတယ်။ ပထမနေ့ရက်မှာ ကောင်းကင်နဲ့မြေကြီး၊ နေ့နဲ့ညလို့ သမုတ်ခြင်းကိုခံရတဲ့ အလင်းနဲ့အမှောင်ကို ဖြစ်စေခဲ့ပါတယ်။ ဒုတိယနေ့မှာ ဘုရားသခင်ဟာ မိုဃ်းကောင်းကင်နဲ့ ကုန်း(မြေ)အသီးသီးမှာရေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ တတိယနေ့မှာ မြေကြီးပေါ်ကရေကို စုဝေးစေပြီး ပင်လယ်၊ ကုန်းကိုစုဝေးစေပြီး မြေလို့အမည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ မြေပေါ်ကပေါက်တဲ့အပင်၊ အလင်းအိမ်ကြီးနှစ်လုံးဖြစ်တဲ့ နေနဲ့လ၊ သားရဲတိရစ္ဆာန်တို့ကို ...
movie
Noah (2014)
4K HEVC
6.2
The Pope’s Exorcist (2023)
The Pope's Exorcist (2023) " R-rated အကြမ်းပတမ်းဇာတ်ကားမို့ မိသားစုနဲ့အတူကြည့်လို့အဆင်မပြေနိုင်ပါဘူးခင်ဗျာ " မင်းသားကြီး ရက်ဆဲခရိုးရဲ့ ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ အတော်လည်းကောင်းသလို ဇာတ်အိမ်ကြီးတာမို့ အဆက်တွေလည်းထွက်လာနိုင်တဲ့ရုပ်ရှင်မျိုးပါပဲ။ အဓိကဇာတ်ကောင်ကိုလည်း အပြင်မှာ တကယ်ရှိခဲ့တဲ့ နာမည်ကြီး အပနှင် ဘုန်းတော်ကြီး Gabriele Amorth ကို အခြေခံထားပါတယ်။ ဇာတ်လမ်းကလည်း Gabriele Amorth ရဲ့ အပနှင်တဲ့အတွေ့အကြုံတွေကို အခြေခံထားတာဖြစ်ပါတယ်။ Gabriele Amorth ဟာ နတ်ဆိုးဗေဒနဲ့ အပနှင်ခြင်းအကြောင်းကို ကမ္ဘာကသိလာအောင် လုပ်ခဲ့တာကြောင့် ခရစ္စယာန်သမိုင်းမှာ ထင်ရှားတဲ့ အီတလီဘုန်းတော်ကြီးတစ်ဦးပါပဲ။~ ဇာတ်လမ်းအကျဉ်း ~ပုပ်ရဟန်းမင်းကြီး ယုံကြည်ရတဲ့ အပနှင်အဖွဲ့ခေါင်းဆောင် ဂါဘရီရဲ အာမော့ဟာ သာမန် အပနှင်အမှုလေးတွေကို လိုက်နေရင်းနဲ့ တစ်နေ့မှာ စပိန်က ကလေးတစ်ယောက်နတ်ဆိုးပူးခံရတာကို ကူညီဖို့ ဖန်လာပါတယ်။ ဒါပေမဲ့ ကလေးကိုဝင်ပူးနေတဲ့နတ်ဆိုးက သာမန်မဟုတ်ဘဲ အရမ်းအစွမ်းထက်နေပြီး ဂါဘရီရဲကို တမင်မျှားခေါ်လိုက်တဲ့ နတ်ဆိုးဖြစ်နေပါတယ်။ ...
movie
The Pope’s Exorcist (2023)
2023
4K HEVC
7.0
Fathers and Daughters (2015)
“အရာအားလုံးက. ရှင်သန်ပြီး သေဆုံးတယ်.နိုးထပြီး. ကျဆင်းတယ်.ပြီးတော့ ချစ်တယ်. ထွက်သွားတယ်...”ဒီစကားစုလေးလိုပါပဲ ကျွန်တော်တို့ဘဝတွေမှာအကောင်းအဆိုး တစ်လှည့်စီ ဖြစ်ပေါ်တတ်ကြသလိုပဲကြည့်ဖူးတဲ့ရုပ်ရှင်ကားတစ်ကားထဲကလို“ပျော်ရွှင်စရာအဆုံးသတ်မဟုတ်ခဲ့ဘူးဆိုရင်ဇာတ်မသိမ်းသေးပါဘူး” လို့အားတင်းရင်းနဲ့ပဲ ဘဝကို ရှေ့ဆက်ကြရပါတယ်.မတော်တဆမှုတစ်ခုမှာ ဇနီးသည်ကိုဆုံးရှုံးလိုက်ရပြီးနောက်ပိုင်း ဦးနှောက်ထိခိုက်ဒဏ်ရာ၊ဇနီးသည်အတွက် ပူဆွေးရမှုတွေကြောင့်ရလာတဲ့ စိတ်ဝေဒနာဒဏ်ရာများကို ကုစားဖို့အသည်းပေါက်မတတ် ချစ်ရတဲ့ သမီးလေးနဲ့ ခွဲပြီးစိတ်ရောဂါကုဆေးရုံမှာ ၇ လကျော်ကြာအချိန်ကုန်ခဲ့ရတဲ့ ဂျိတ်ဒေးဗစ်စ်.သူခံစားခဲ့ရတဲ့ စိတ်ဝေဒနာကို အခွင့်ကောင်းယူကာသမီးလေးကို သူ့ဘဝထဲက ဆွဲထုတ်မယ့် သူများ၊စာရေးဆရာဘဝရဲ့ တစ်ဆစ်ချိုး ကျရှုံးချိန်ရုန်းကန်ရပုံများ ကြားထဲမှ အဖေနဲ့သမီးဘဝငယ်ဘဝအမှတ်တရ များစွာကို လွမ်းဆွတ်ဖွယ် တင်ဆက်ထားသလိုတစ်ဖက်မှာလည်း ၂၅ နှစ်အကြာမှာပဲ ကံကြမ္မာတစ်ကျော့ပြန်လာပြီး ရင်ထဲမှာတွင်းနက်ကြီးတစ်ခုရှိနေသလို ဘာခံစားချက်မှမရှိဖြစ်နေတဲ့ သမီးဖြစ်သူ ကိတ်ဒေးဗစ်စ်.ဘယ်သူမှ အတင်းအကျပ် လုယူ၊ မခိုးယူဘဲပျောက်ဆုံးသွားခဲ့တဲ့ နှလုံးသားထဲကခံစားချက်တစ်စုံတစ်ရာကို ရှာဖွေရင်း ချစ်ရသူကိုတွေ့သွားချိန် ဘဝရဲ့အတိတ်မည်းတွေကိုလွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size… 1.6GB / 713MB Quality… Blu-Ray ...
movie
Fathers and Daughters (2015)
2015
5.7
The Mummy (2017)
အရင် Mummy ဇာတ်ကား တွေနဲ့ မတူတဲ့အချက်ကတော့ မင်းသား တွမ်ခရုဇ်က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီးအရင်ဇာတ်ကားတွေနဲ့ ကွဲပြားအောင် ဘယ်လိုဇာတ်အိမ်တည်ထားသလဲဆိုတာ စိတ်ဝင်စားစရာပါ။ခရူးဆိတ်စစ်ပွဲမှာပါဝင်ခဲ့တဲ့ သူရဲကောင်း အဖွဲ့ဟာ အေဒီ ၁၁၂၇ မှာရှေးဟောင်းအီဂျစ်နိုင်ငံကနေ ပတ္တမြားကြီးတစ်လုံးရခဲ့ပြီး ဂူတစ်ခုထဲမှာ အမှတ်သညာနဲ့ မြှုပ်နှံထားပါတယ်။ယနေ့ခေတ်လန်ဒန်မြို့မြင်ကွင်းနဲ့အတူ မြေအောက်ရထား လမ်းဖောက်လုပ်တဲ့ လုပ်သား တွေဟာ ခရူးဆိတ်စစ်ပွဲ သူရဲကောင်းရဲ့ ဂူကိုရှာဖွေတွေ့ရှိခဲ့ပြီး လုပ်ငန်းခွင်ထဲက ထူးဆန်းတဲ့အရာတွေကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဂူတွေကို စူးစမ်းလေ့လာရင်း အမှတ်အသားတစ်ခုအရ နောက်ကြောင်း ပြန်ကြည့်တဲ့အခါ ဖာရိးဘုရင်တစ်ပါးရဲ့ သမီးတော် အာမာနက်မင်းသမီးနဲ့ ပတ်သက် တဲ့အကြောင်းအရာပေါ်လာခဲ့ပါ တယ်။အာမာနက် မင်းသမီးဟာ ထီးနန်းအမွေဆက်ခံမယ့် မင်းသမီးတစ်ပါးအဖြစ် နေရာရခဲ့ပေမယ့်သူ့ခမည်းတော်ရဲ့ ဒုတိယဇနီးက သားတော်မွေးဖွားခဲ့တဲ့အတွက် မင်းသမီးရဲ့ အခွင့်အာဏာတွေအကုန်လုံး လက်လွှတ်ရမယ့် အနေအထားဖြစ်ခဲ့ပါတယ်။အဲဒါနဲ့ အာမာနက်ဟာ သူသာလျှင် ထီးနန်းဆက်ခံသူဖြစ်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး အီဂျစ် နတ်ဆက်ကို သူ့ရဲ့ဝိညာဉ်ကို ယစ်ပူဇော်ခဲ့ပါတယ်။ ...
movie
The Mummy (2017)
2017
4K HEVC
7.9
The Insider(1999)
The Insider(1999)IMDb.....7.9,,,Rotten....96IMDb rating 7.9 ရရှိထားတဲ့ ဒီ The Insider ဆိုတဲ့ဇာတ်ကားဟာဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်...ဒီကားထဲမှာ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကြီး ၂ဦးဖြစ်တဲ့Russell Crowe,နဲ့Al Pacino တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်.. နာမည်ကြီးဆေးလိပ်ကုမ္ပဏီ(၇)ခုရှိတယ် …အဲ့ဒီဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနပိုင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ ဒေါက်တာတစ်ယောက်ရှိတယ်..စမ်းသပ်စစ်ဆေးချက်နဲ့ပတ်သက်ပြီး နီကိုဒင်းဓတ်ရဲ့ဆိုးကျိုးတွေအကြောင်းအထက်လူကြီးဆီကို အဲ့ဒီဒေါက်တာက တင်ပြခဲ့တယ်....အဲ့ဒီကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်တွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကိုသိပေမယ့် လျှို့ဝှက်ထားခဲ့ကြတယ်…ဆိုးကျိုးတွေတင်ပြခဲ့တဲ့ ဒေါက်တာဟာလည်း နောက်ပိုင်းမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတယ်….. ဖြစ်ချင်တော့တိုက်တိုက်ဆိုင်ဆိုင် သူအလုပ်ဖြုတ်ခံရပြီးချိန်မှာ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုရဲ့ပရိုဂျူဆာတစ်ယောက် နဲ့အဆက်အသွယ်ရခဲ့တယ်...အဲ့ဒီမှာ ပရိုဂျူဆာ က အလုပ်ဖြုတ်ခံလာရတဲ့ ဒေါက်တာကိုဆေးလိပ်လုပ်ငန်းရဲ့အတွင်းရေးတွေနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့အချက်အလက်တွေကို ဖြေပေးဖို့သူတို့အစီအစဉ်မှာပါဝင်ဖို့ပြောလာပါတော့တယ်...….ဒီကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်သလို ဇာတ်ကောင်တွေ ဒိုင်ယာလော့တွေကလည်းလက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ဘက်ကို အားပြုချဉ်းကပ်ထားပါတယ်….ပြသချိန်၂နာရီကျော်ကြာမြင့်တဲ့ဒီကားဟာ အစပိုင်း နာရီဝက်ကျော်လောက်အထိတော့ လိုက်လံဆက်စပ်နေရလို့အနည်းငယ် ပျင်းဖို့ကောင်းနေနိုင်ပါတယ်....နောက်ပိုင်းမှာတော့ ကျွန်တော့်လိုခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ လုံးဝသဘောကျစေရမယ်လို့တော့အာမခံပါတယ်…File Size : (3.7GB) (1.75GB) and (459MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:37:00 Genre : ...
movie
The Insider(1999)
1999
6.7
Robin Hood (2010)
Robin Hood (2010)================ ရော်ဘင်ဟုဒ်ကားအများကြီးထဲကမှ အကောင်းဆုံးလို့ပြောစမှတ်ပြုကြတဲ့ကားလေးလာပါပြီ။Cate Blanchett Russell Croweတို့လို ဝါရင့်မင်းသား မင်းသမီးကြီးတွေကအစွမ်းပြသရုပ်ဆောင်ထားပါတယ်။ ရော်ဘင်လောင်းစတွိုက်ဟာဘုရင်ကြီးရစ်ချတ်ရဲ့ခရူးဆိပ်စစ်ပွဲက လေးသည်တော်တစ်ယောက်ပါ။အင်္ဂလန်ကိုပြန်လာဖို့ ပြင်သစ်နဲ့အင်္ဂလန်ကြားကနိုင်ငံရေး တွေကြားနော့တင်ဟမ်ရဲ့ ဆာ ရောဘတ် လော့ဇ်စလေအဖြစ်အယောင်ဆောင်ပြန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ရောဘတ်တဖြစ်လဲ ရော်ဘင်တယောက်အင်္ဂလန်ရောက်ပြီးဘာတွေဆက်ဖြစ်မလဲ။ ရောဘတ်ရဲ့မိန်းမဖြစ်ခဲ့သူမယ်ရီယွန်နဲ့ရော ဘာတွေဆက်ဖြစ်ကြမလဲ။ ပြင်သစ်ကကျူးကျော်စစ်နီးကပ်လာချိန်အထိတိုင် ပြည်တွင်းစစ်ဖြစ်အဲ့ဆဲဆဲ အင်္ဂလန်ကို သာမန်လေးသမားတယောက်ကကယ်တင်နိုင်ပါ့မလား။ အဆုံးမှာဒဏ္ဍာရီတခုဘယ်လို ရေးနိုင်ခဲ့မလဲဆိုတာကိုရှုစားပေးကြပါဦး.. File size…2.31GB / 926MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 20m Genre ..... Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
Robin Hood (2010)
8.0
Cinderella Man(2005)
Cinderella Man(2005)********************James.J Braddock ဒီနာမည်ကြားလိုက်တာနဲ့ တစ်ခေတ်တခါက ဘာဂန်းမြို့လေးရဲ့ခွေးဘီလူးလူကြမ်းကြီး နယူးဂျာဆီပြည်ရဲ့ဂုဏ်ဆောင် ဂျင်မီဆိုပြီး မသိသူမရှိကြပါဘူး...ဘရက်ဒေါ့တို့မိသားစုလေးဟာ သူငယ်ငယ်တည်းကသိပ်အဆင်ပြေပြေရှိလှတယ်မဟုတ်ပါဘူး...အိုင်းရစ်ကနေပြောင်းလာတဲ့ immigrant မိသားစုလေးအနေနဲ့ challenge တွေကတော့အများကြီးရှိမှာပြောစရာတောင်လိုမယ်မထင်ပါ...မွေးချင်းကလဲစုစုပေါင်း ၇ယောက်ဆိုတော့ စားဝတ်နေရေးခက်ခဲမယ်ဆိုတာ အားလုံးအသိပါဒါပေမယ့် ဘရက်ဒေါ့ဟာ လောကကြီးကိုအံတုတယ် ပျစ်ခနဲတံတွေးနဲ့ထွေးပြီးရန်စတယ်သူလောကကြီးကိုအံတုပုံက သူများတွေလို ကြီးပွါးချမ်းသာအောင်လုပ်တာ မဟုတ်ဘဲသူ့ရဲ့ကြောက်စရာလက်သီးချက်တွေနဲ့ပါဒီလိုနဲ့ဘရက်ဒေါ့ဟာတဖြည်းဖြည်းနာမည်ရလာတယ် သူ့ရဲ့မထင်ရင်မထင်သလိုရှောင်တခင်ပြန်ထိုးတတ်တဲ့ တန်ပြန်လက်သီးချက်တွေ သာမန်ပင့်လက်သီးလောက်ကတော့ပဲကြီးလှော်ဝါးသလောက်ပဲရှိတဲ့ သူ့ရဲ့ စတီးလိုမေးရိုးကြီးတွေကြောင့်သူ့ရဲ့ဂုဏ်သတင်းဟာတဖြည်းဖြည်းပျံ့နှံလာပါတယ်.. ဒါပေမယ့် ကံကြမ္မာကဘရက်ဒေါ့ဆိုတဲ့လူကြမ်းကြီးကိုမျက်နှာသာမပေးပါဘူး,,, သူ့ဘဝရဲ့အဆိုးတကာ့အဆိုးဆုံးဆိုတဲ့အခြေနေကို ဖြစ်တဲ့ Champion tier ကနေ Underdog Tier ထဲကိုရောက်နေပါပြီ..အဲ့ဒီနောက်မှာတော့..rating တွေ critic တွေအကြောင်းပြောမနေတော့ဘူး တကယ်ကိုအနှစ်ကျတဲ့ကားပါလူကြမ်းကြီး Cinderella Man ကိုအားပေးလိုက်ကြပါဦး....File Size :(2.3GB) (881 MB) and (277MB) Quality : Blu-Ray 720p Format…mp4 Duration…02:24:00 Genre : Biography ,Drama, Romance Subtitle : Myanmar Subtitle ...
movie
Cinderella Man(2005)
5.3
Poker Face (2022)
ဒီရုပ်ရှင်ကတော့ မင်းသားကြီး ရပ်ဆဲခရိုး ကိုယ်တိုင်ရိုက်ကူးသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ လီယံဟမ်းဆွာ့လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ အမျိုးအစားကတော့ Mystery, Thriller အမျိုးအစားပါပဲ။ဂျိတ်၊ ပေါလ်၊ အဲလက်၊ ဒရူး စတဲ့ သူငယ်ချင်းတွေဟာ ငယ်စဉ်ကတည်းက ပိုကာဖဲကစားနည်းမျိုးစုံကို ဝါသနာပါတဲ့လူတွေပါ။ အရွယ်ရောက်လာတဲ့အခါမှာတော့ ဂျိတ်ဟာ ကမ္ဘာ့ပထမဆုံး ပိုကာအင်တာနက်စနစ်ကို တီထွင်ခဲ့တဲ့အတွက် သန်းကြွယ်သူဌေးဖြစ်နေပါပြီ။ တစ်နေ့မှာတော့ ဂျိတ်ဟာ သူရဲ့မတွေ့ရတာ ကြာတဲ့ သူငယ်ချင်းတွေကို ပြန်ဖိတ်ခေါ်ပြီး ပိုကာတစ်ပွဲ ကစားဖို့ စီစဉ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီ ပိုကာညဟာ သာမန်မဟုတ်ဘဲ အလှည့်အပြောင်းတွေ ပဟေဠိတွေဖြစ်လာတဲ့အခါ...File size…(1.89GB) / (924MB) / (445MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:34:00 Genre...Action / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. ...
movie
Poker Face (2022)
7.0
Proof of Life(2000)
Proof of Life(2000) အညွှန်း***********************ဒီဇာတ်ကားကတော့ အက်ရှင်ဇာတ်ကားတွေကို အရိုက်များတဲ့ ဒါရိုက်တာကြီး Taylor Hackord ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအနေနဲ့ Russell Crowe, David Morse,Meg Ryan နဲ့ Pamela Reed တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။တယ်ရီသွန်း(Russell Crowe) ဟာ ပြန်ပေးဆွဲခြင်း ညှိနှိုင်းရေးသမားတစ်ဦးဖြစ်တယ်..သူဟာ ထူးချွန်တဲ့သူဆိုပေမဲ့ တစ်ခါတစ်ရံ ဓားစာခံအသက်ရှင်ရေးဦးစားပေးပြီးစီစဉ်ထားတဲ့အတိုင်းမလုပ်ဘဲ သူစိတ်ကူးပေါက်ရာလုပ်တတ်တဲ့အကျင့်ဆိုးတစ်ခုတော့ရှိတယ်..တောင်အမေရိကမှာ ရေကာတာဆောက်ချင်နေတဲ့ပီတာဘိုးမန်း(David Morse) ဟာ အကြမ်းဖက်အဖွဲ့ရဲ့ပြန်ပေးဆွဲခြင်းကို ခံခဲ့ရတယ်..အဲ့ဒီနောက်ပြန်ပေးဆွဲခြင်းညှိနှိုင်းရေးသမားဖြစ်သူ တယ်ရီသွန်း(Russell Crowe) တစ်ယောက်အန္တရယ်များလွန်းလှတဲ့အခြေအနေကြားထဲက ဘယ်လိုကယ်တင်သွားမလဲဆိုတာတွေကိုတော့....File Size : (3.0GB)(1.1GB) and (356MB) Quality : Blu-Ray1080p5.1ch ,720p Format…mp4 Duration…02:15:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie
Proof of Life(2000)
6.7
The Greatest Beer Run Ever (2022)
The Greatest Beer Run Ever (2022)ဒီရုပ်ရှင်လည်းအတော်ကြီးကို ကောင်းပါတယ်။ ဇက်အက်ဖရွန်၊ ဘီလီမူရေး နဲ့ ရက်ဆဲခရိုးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဖြစ်ရပ်မှန် စစ်ပွဲ ဒရာမာ ဟာသ အမျိုးအစားပါ။ အစအဆုံး ရုပ်တည်ကြီးတွေနဲ့ ပြောနေသရုပ်ဆောင်နေပေမဲ့ အတော်ကိုရယ်ရပါတယ်။ ဖြစ်ရပ်မှန်ဖြစ်နေတော့ ပိုရယ်လို့တောင်ကောင်းပါသေးတယ်။အဓိကမင်းသားကတော့ ချစ်ကီဒိုနိုဟူးဆိုတဲ့ အမေရိကန်တပ်ထွက်မျိုးချစ်တစ်ယောက်ဖြစ်ပါတယ်။ သင်္ဘောသားအလုပ်လုပ်ပြီး သင်္ဘောမတက်ရတဲ့အချိန်ဆိုရင် ညတိုင်း အရက်ဆိုင်မှာမူးပြီး မိဘအိမ်မှာ နေဖင်ထိုးတဲ့အထိ အိပ်ပါတယ်။ ဗီယက်နမ်စစ်ပွဲကာလဖြစ်ပြီး အမေရိကန်မှာ ထောက်ခံသူနဲ့ ကန့်ကွက်ဆန္ဒပြသူတွေ နှစ်ပိုင်းကွဲနေတဲ့အချိန်ဖြစ်ပါတယ်။ ချစ်ကီရဲ့ညီမကတော့ ဆန္ဒပြသူဖြစ်ပြီး ချစ်ကီကတော့ ဆန္ဒပြသူတွေကို မုန်းတီးနေပြီး ဗီယက်နမ်စစ်ပွဲကို နိုင်ငံအတွက်လို့ ယုံကြည်အားပေးနေသူဖြစ်ပါတယ်။ တစ်ညတော့ ဘားမှာ စုသောက်ကြရင်းနဲ့ သူတို့ရပ်ကွက်ထဲကနေ ရှေ့တန်းကိုရောက်နေတဲ့ စစ်သားလေးတွေကိုသာ ဒီနယူးယောက်က ဘီယာတွေ သွားပေးနိုင်ရင်ဘယ်လောက်ပျော်ကြမလဲ၊ သူတို့ကိုထောက်ခံသူတွေရှိသေးကြောင်းသိပြီးဘယ်လောက်အားတက်မလဲဆိုပြီး ပြောမိသွားပါတယ်။ ချစ်ကီကိုမယုံသူတွေကလှောင်ပြောကြပေမဲ့ စစ်သားမိသားစုဝင်တွေကတော့ မျှော်လင့်ချက်တစ်မျှင်လေးအဖြစ် ပစ္စည်းလေးတွေလူကြုံလာထည့်ပေးကြပါတော့တယ်။ ချစ်ကီကလည်းမသွားချင်သွားချင်နဲ့ သွားဖို့ စုံစမ်းပေမဲ့ အကြောင်းအားလုံးတိုက်ဆိုင်ပြီး ဗီယက်နမ်စစ်မြေပြင်ကိုရောက်သွားတဲ့အခါ တီဗွီထဲမှာ ဝါဒဖြန့်နေတဲ့သတင်းတွေနဲ့မတူဘဲ အရာရာကွဲပြားနေတာကိုတွေ့ပြီး စစ်သားတွေ ဗီယက်နမ်တွေ သတင်းထောက်တွေကြားမှာ အလွဲမျိုးစုံနဲ့ အသက်မသေအောင် ရုန်းကန်ရပါတော့တယ်...အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ...
movie
The Greatest Beer Run Ever (2022)
2022
7
Thor: Love and Thunder (2022)
ဒီရုပ်ရှင်ကတော့ စတုတ္ထမြောက် သောရ် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အရှေ့မှာတော့ Thor, Thor : Dark World, Thor Ragnarok တို့ ထွက်ထားခဲ့ပြီးပါပြီ။ ဒီဇာတ်လမ်းကတော့ Avengers : Endgame အပြီးမှာ Guardians of the Galaxy နဲ့အတူ အာကာသထဲမှာ စွန့်စားခန်းဖွင့်ဖို့ ထွက်လာခဲ့တဲ့ သောရ်ရဲ့အကြောင်းပါပဲ။ဒီတစ်ခါ သောရ်ရင်ဆိုင်ရမှာကတော့ နတ်ဘုရားသတ်သမား ဂေါရ် ဆိုတဲ့ ဗီလိန်ပါပဲ။ ဂေါရ်ဟာ အရင်က နတ်ဘုရားကို ယုံကြည်ကိုးကွယ်ခဲ့သူဖြစ်ပေမဲ့ သူတို့ဂြိုလ်ကြီး အငတ်ဘေးဆိုက်ပြီး နောက်ဆုံး သူ့ရဲ့သမီးလေးပါ သေသွားတာကို နတ်ဘုရားတွေက ပျက်ရယ်ပြုပြီး လျစ်လျူရှုထားတာကိုတွေ့အပြီးမှာ နတ်ဘုရားတွေကိုမုန်းတီးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နတ်ဘုရားတွေကို သတ်နိုင်တဲ့ ရှေးဟောင်းလက်နက်တစ်ခုဖြစ်တဲ့ ကျိန်စာသင့် နက်ခရိုဓားဟာ ဂေါရ်ရဲ့လက်ထဲကို ရောက်လာခဲ့ပါတယ်။ အဲဒီဓားနဲ့ ဂေါရ်တစ်ယောက် စကြဝဠာတစ်ခွင်က နတ်ဘုရားတွေကို လိုက်သတ်နေရင်း ...
movie
Thor: Love and Thunder (2022)
4K HEVC
5.4
Prizefighter: The Life of Jem Belcher (2022)
Prizefighter: The Life of Jem Belcher (2022)နာမည်ကျော် လက်ဝှေ့သမား ဂျမ်ဘယ်ချာ အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းသစ် ထွက်လာတာမို့ တင်ဆက်ပေးလိုက်ပါတယ်။ဂျမ်ဘယ်ချာ အနေနဲ့ သရုပ်ဆောင်ထားတာကတော့ မင်းသားကြီး Rusell Crowe ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ .... ၁၉ ရာစု အင်္ဂလန်မှာ လက်ဝှေ့အားကစားဟာ ခေတ်စားလာခဲ့တယ် ဂျမ်ဘယ်ချာဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ မျိုးဆက်လိုက် လက်ဝှေ့မှာ ပါရမီ ပါတဲ့သူတွေပါ သူက ငယ်စဥ်ကတည်းက အဖိုးဖြစ်သူ လက်ဝှေ့ထိုးလာတာကို ကြည့်ပြီး အားကျခဲ့ရတယ် အဖိုးဖြစ်သူဆီက ပညာသင်ယူချင်ပေမယ့် မိခင်ဖြစ်သူက အရက်သမားအဖိုးနား မနေခိုင်းခဲ့ပါဘူး အသက်ကြီးလာတော့ ဂျမ်က ပန်းပဲဖိုတစ်ခုမှာ အလုပ်လုပ်တယ် အလုပ်ကနေအပြန် လမ်းဘေးပွဲလေးတစ်ခုမှာ ပိုက်ဆံလိုလို့ဆိုပြီး ဝင်ထိုးတယ် အဲချိန်မှာ တစ်ချိန်က နာမည်ကြီးလက်ဝှေ့သမား ဘေလ်ဆိုသူက ပွဲကိုကြည့်နေတယ် ဘေလ်ကလည်း ဂျမ်ရဲ့ထိုးပုံတွေကို ကြိုက်တော့ သူ့ကို နည်းပြပေးဖို့ လုပ်လာခဲ့တယ် အဲမှာ ဘေလ်က ဂျမ်ကို အင်္ဂလန်ရဲ့ ချန်ပီယံဖြစ်အောင် ဘယ်လိုလုပ်ပေးမလဲ ဂျမ်ကလည်း ...
movie
Prizefighter: The Life of Jem Belcher (2022)
2022
8.3
L.A. Confidential (1997)
L.A. Confidential(1997) IMDb....8.3.....Rotten...99% ဒီကား မှာ အဓိကမင်းသား ၃ယောက်ပါတယ်...Russell Crowe,Kevin Spaceyနဲ့ Guy Pearce ရယ်.. .သူတို့တွေသရုပ်ဆောင်ကောင်းကြသလို နာမည်ကြီးအထင်ကရကားတွေမှာ ပါဝင်ခဲ့တာကို တော်တော်များများသိကြမယ်ထင်တယ် .. သူ့တို့(၃)ယောက်ဟာ စုံထောက်ရဲအရာရှိတွေပါ...ဇာတ်ကားအစမှာ သူတို့(၃)ယောက်ရဲ့ခံယူချက် အလုပ်အပေါ်မှာထားတဲ့စိတ်ထားတွေကို တဖြည်းဖြည်းပြသွားတယ်....အဲ့ဒီ အခန်းတွေပါးပါးလေးပြသပြီးတဲ့နောက်မှာတော့ အစုလိုက်အပြုံလိုက်သတ်ခံလိုက်ရတဲ့ လူသတ်မှု ကြီးဆီရောက်သွားတယ်..လူသတ်မှုကြီးဟာ စုံထောက်ရဲအရာရှိဖြစ်တဲ့ သူတို့(၃)ယောက်ခေါင်းပေါ်ရောက်လာပါတယ်...လူသတ်မှုဟာ ဆိုင်တစ်ဆိုင်ထဲမှာ ရက်ရက်စက်စက်ပစ်သတ်ခံလိုက်ရတာပါ. ..သေဆုံးသူတွေထဲမှာ ရဲစုံထောက်တစ်ယောက်တောင်ပါ ပါတယ်.... ကြည့်ရှူတဲ့သူဟာ ဇာတ်ကောင် ၃ ယောက်နောက်ကိုအပြေးအလွှားလိုက်ရ သလို ဘယ်သူသတ်လဲပါ တစ်ဆက်ထဲ အဖြေထုတ်နေရတ ယ်... လူ(၃)ယောက်ရဲ့အမြင်ကိုခင်ဗျားတစ်ယောက်ထဲ ခံစားရင် အမှုကိုလည်းလက်လှမ်းမှီသလောက်ခင်ဗျားဟာ ကော်ဖီပူပူနွေးနွေးလေးသောက်ရင်း အတွေးတွေ လွန့်လူးနေလိမ့်မယ်. ..နောက်တစ်ခုက ဒီကားကြည့်နေစဉ် ဇာတ်ကောင်တွေနာမည်တွေကို အသေအချာလေးမှတ်ပြီး ကြည့်သင့်ပါတယ်. ..ဘာလို့ဆို အရေးကြီးတဲ့အကြောင်းအရာတော်တော်များနဲ့ဇာတ်ကောင်နာမည်တွေဟာ စကားပြောခန်းတွေနဲ့ပုံဖော်ထားလို့ပါ..ပြီးတော့ ဒီကားထဲက မင်းသမီး kim Basinger က အော်စကာ(ဇာတ်ပို့ဆု)ရရှိခဲ့သလို အကောင်းဆုံးရုပ်ရှင်ဇာတ်ညွန်းဆုလည်းရရှိခဲ့ပါတယ်.. နောက်တစ်ခု ခင်ဗျားတို့ သတိထားမိမှာက Russell Crowe ရဲ့ မျက်လုံးတွေပါပဲ.. .သူ့မျက်လုံးတွေက ယုန်ငယ်လေးဟန်...ပြောရရင် Beautiful mind ကားထဲက ပါမောက္ခတစ်ယောက်ရဲ့ဟန်ပန်..သူ့ရဲ့ ပင်ကိုယ်ဟန်ပဲလား မသိ.. .သို့ပေမယ့် အဲ့မျက်လုံးတွေကနေ အချိန်တော်တော်များများ မုန်ယိုနေတဲ့ ဆင်ရိုင်းတစ်ကောင်လိုပေါက်ကွဲရက်စက်ပြတာ .. ဒီဘဲကြီးသရုပ်ဆောင်တာ ...
movie
L.A. Confidential (1997)
1
2
Next