Channel Myanmar

Ryan Dinning

The Hill (2023) 6.7
The Hill (2023) The Hill (2023)~ IMDb - 6.7/10, RT - 44%, Meta - 48% ~Professional Baseball Player Rickey Hill ရဲ့ ဘဝအကြောင်း ဖြစ်ရပ်မှန်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။တက္ကဆက်ပြည်ရဲ့ မြို့ငယ်လေးမှာ မွေးခဲ့တဲ့ ရစ်ကီဟေးလ်ဆိုတဲ့ ကလေးဟာ မွေးရာပါ ခြေထောက်တွေ မသန်မစွမ်းဖြစ်နေပြီး အသက်ကိုးနှစ်အရွယ်ထိ ‌လမ်းလျှောက်ဖို့တင်ကို Brace တွေတပ်ပြီး နေခဲ့ရပါတယ်။ ရစ်ကီရဲ့အဖေက သင်းအုပ်ဆရာဖြစ်ပြီး သူ့အလုပ်ကို မိသားစုထက်အရင် ‌အလေးပေးရှေ့တန်းတင်ခဲ့သူပါ။ ရစ်ကီရဲ့ မထင်မှတ်စရာ သူ့အိပ်မက်က တစ်နေ့မှာ ပရော်ဖက်ရှင်နယ်ဘေ့စ်ဘောကစားသမား ဖြစ်လာပြီး Major League ပွဲမှာ ကစားရဖို့ပါတဲ့။ ရစ်ကီရဲ့အဖေ ဂျိမ်းစ်က သူ့သားရဲ့အခြေအနေကြောင့်ရော သူလို သင်းအုပ်ဆရာဖြစ်စေချင်တာကြောင့်ပါ ရစ်ကီကို ဘေ့စ်ဘောကစားခွင့်မပြုခဲ့ပါဘူး။ ရစ်ကီရဲ့ အစ်ကိုနဲ့အစ်မကတော့ ...
movie

The Hill (2023)

2023
They Cloned Tyrone (2023) 6.7
They Cloned Tyrone (2023) They Cloned Tyrone (2023)ဇာတ်လမ်းနာမည် They Cloned Tyrone ကိုကြည့်တာနဲ့ လျှို့ဝှက်ချက်တွေပြည့်နေမယ့်ဇာတ်လမ်းဆိုတာ သေချာတာပေါ့။ They ဆိုတာကဘယ်သူလဲဆိုရင် ကလုန်းပွားတာတွေနဲ့တခြားနည်းပညာတွေကို လက်ကလိနေကျဖြစ်တဲ့အစိုးရပဲပေါ့။ ဒီဇာတ်လမ်းမှာတော့ ဖွန်တိန်းကသာမန်လူတစ်ယောက်ပဲ။ သူကဆေးအရောင်းအဝယ်လုပ်တယ်။ ဆေးရောင်းသူတွေအချင်းချင်း အကျော်အခွဇယားလေးဘာလေးပဲရှိတယ်။ တစ်နေ့တော့ သူကလူတစ်ယောက်စီမှာအကြွေးသွားတောင်းပြီး ပြန်အထွက်မှာ သူ့နဲ့မတည့်တဲ့ဆေးရောင်းသူတွေကသူ့ကိုသေနတ်နဲ့ပစ်သွားပါလေရော။ ပစ်တာမှတစ်ချက်ထဲတောင်မဟုတ်ဘူး သုံးလေးချက်။ ဒါပေမဲ့နောက်နေ့ကျတော့ သူပြန်ရောက်လာတယ် အကြွေးပြန်လာတောင်းပြန်ရော။ သူသေနတ်နဲ့ပစ်ခံရတာလဲမမှတ်မိသလို ဘာဒဏ်ရာဒဏ်ချက်မှလဲမရှိပါဘူး။ ဒါဆိုမနေ့က ဖွန်တိန်းက ဘယ်ရောက်သွားလဲ။ အဲ့ဒီကိစ္စကိုလိုက်စုံစမ်းရင်း သူတို့ရပ်ကွက်တစ်ခုလုံးက အစိုးရရဲ့ထိန်းချုပ်ခံစမ်းသပ်ခံတွေဖြစ်နေတာကိုသိလိုက်ရတော့ ဘာတွေများဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့း ဘာသာပြန်ထားတာကတော့ Rashida နဲ့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Mystery, Action, Comedy, Sci-fi Quality…. 1080p | 720p File size… 3.8GB | 1.1GB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida, Mary Christ Encoder ..... Aaron
movie

They Cloned Tyrone (2023)

Jungle Cruise (2021) 7
Jungle Cruise (2021) Jungle Cruise (2021)တောတွင်း အပျော်စီး သင်္ဘောကြီး စီးဖို့ အသင့်ဖြစ်ကြပြီလားဗျိုု့မာလိန်မှူး ထူးစိန် တော့ မဟုတ်ဘူးပရိတ်သတ်များရဲ့အချစ်​တော်ကြီး မာလိန်မှူးကြီး ​မောင်​ကျောက်ခဲ (The Rock) နဲ့ "ရူးတိုးတိုး"part 1 and 2ဇာတ်ကားထဲက မင်းသမီး "Emily Blunt" တို့ရဲ့ Jungle Cruise ဆိုတဲ့ အခွီ၊ စွန့်စားခန်း၊ အက်ရှင်ကားသစ်​ကြီးကို ဒီ​နေ့ထွက် ဒီ​နေ့ချက်ချင်း ချန်နယ်မြန်မာပရိတ်သတ်ကြီးဆီ တင်ဆက်​ပေးလိုက်ပါပြီပထမကမ္ဘာစစ်​ခေတ်ကို ​ကျောရိုးယူထားပြီး သ​င်္ဘောမာလိန်မှူးကြီး "ဖရန့်"ဦး​ဆောင်ကာ ​ဒေါက်တာ"လီလီဟော်တန်"နဲ့ သူ့အကိုတို့ပါဝင်တဲ့ လူစွန့်စားသုံး​ယောက်အဖွဲ့ဟာ အ​မေဇုန်​တောနက်ကြီးထဲမှာရှိတဲ့ "လမျက်ရည်"ဆိုတဲ့ သစ်ပင်ကြီးကို သွား​ရောက်ရှာ​ဖွေခဲ့ကြပါတယ်။ ဒီသစ်ပင်ကြီးဟာဆိုရင် ဖျားနာမှုမှန်သမျှကို ယူပစ်သလို သက်သာ​စေတဲ့ နတ်​ဆေးပင်ကြီး တစ်ပင်ပါအဲ့ဒီနတ်​ဆေးပင်ကြီးကို သွား​ရောက်ရှာ​ဖွေရင်း ​တောကြီးမျက်မည်းတို့ရဲ့မာယာအတိုင်း ကြုံ​တွေ့ရမယ့်သတ္တဝါဆိုးတွေ၊ ​​ဘေးအန္တရာယ်တွေကို သူတို့ဘယ်လို စွန့်စွန့်စားစား​ကျော်ဖြတ်ကြမလဲဒီ​လောက်အစွမ်းထက်လှတဲ့ နတ်​ဆေးပင်ကြီးကို ရှာ​ဖွေဖို့ ကြိုးစား​နေတာ သူတို့သုံး​ယောက်ထဲ ဟုတ်ပါ့မလား၊ ဘယ်လိုလူဆိုး​​တွေပါ​နေဦးမလဲဆိုတာကို ကြည်​တောက်ရှင်းခံစားကြည့်ရှူလိုက်ပါဦး ပရိတ်သတ်ကြီးတို့...အညွှန်းကိုတော့ JimX က ရေးသားပေးထားပါတယ်။ဘာသာပြန်တွေကတော့ CM ...
movie

Jungle Cruise (2021)

2021
4K HEVC