Channel Myanmar

Ryan Vincent

Who Killed Cooper Dunn? (2022) 5.8
Who Killed Cooper Dunn? (2022) Who Killed Cooper Dunn? (2022)တောကြီးမျက်မည်းထဲကို ခရီးထွက်လာကြတဲ့ သူငယ်ချင်း ၆ယောက်၊ သူတို့ဘဝရဲ့စိတ်ညစ်စရာတွေကနေ ကင်းဝေးအောင် အပန်းလာဖြေကြတဲ့ သူငယ်ချင်း ၆ယောက်၊ တစ်ယောက် ပြဿနာတစ်မျိုးစီနဲ့ သူငယ်ချင်း ၆ယောက်ပေါ့။ ခရီးပထမဆုံးနေ့မှာပဲ သူတို့အဖွဲ့ထဲကတစ်ယောက် ဖိတ်ခေါ်လာတဲ့ လူစိမ်း ၃ယောက်ရောက်ရှိလာပါတော့တယ်။ အဲဒီလူစိမ်းဆီကပါလာတဲ့ မူးယစ်ဆေးတွေကို သုံးစွဲပျော်ပါးမိကြပြီးတဲ့နောက်...နောက်တစ်ရက်မနက်မှာတော့ သူတို့အဖွဲ့ထဲက ကူးပါးဒွန်းဆိုတဲ့ သူငယ်ချင်းတစ်ယောက် နဖူးကိုရိုက်နှက်ခံထားတဲ့ဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ တောကြီးမျက်မည်းထဲမှာမလို့ လူသတ်တရားခံဟာ အသက်ရှင်ကျန်ရစ်တဲ့လူ ၈ယောက်ထဲက ၁ ယောက်ဖြစ်ကိုဖြစ်ရမှာပါ။ လူသတ်သမားကလူထပ်သတ်ဦးမလားလည်း မသိနိုင်ပါဘူး။အဲဒီလူသတ်သမားကို သူတို့ရှာနိုင်ပါ့မလား... လူသတ်သမားကိုရှာဖွေရင်း သူတို့ရဲ့အန္တရာယ်ကိုရှောင်ရှားနိုင်မှာလား...အဲဒီမေးခွန်းရဲ့ အဖြေကိုတော့ ခု ၂၀၂၂ ထွက် IMDb 5.8/10 ရ Mystery, Thriller ကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျား။(ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.4GB, 580MB Quality ...
movie

Who Killed Cooper Dunn? (2022)

2022
[17+] Blonde (2022) 6.2
[17+] Blonde (2022) Blonde (2022)=========== IMDb Rating - 6.2/10ကဲ Biography ဒရာမာရုပ်ရှင်လေးကြည့်ရအောင်။ နာမည်ကျော် ရုပ်ရှင်မင်းသမီး မယ်ရီလင် မွန်ရိုးရဲ့အကြောင်းပါပဲ။ မွန်ရိုးဟာ သမိုင်း တလျှောက် နာမည်အကြီးဆုံး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်မင်းသမီးတွေ ထဲကတစ်ယောက်ပါပဲ။ ၁၉၅၀-၆၀ ကာလများရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ်လည်း သတ်မှတ်ကြပါတယ်။မွန်ရိုးဟာ နာမည်ကျော်ကြားသလောက် ဘဝအစမလှပခဲ့သလို ဘဝ ဇာတ်သိမ်းလည်းမလှပခဲ့ပါဘူး။ မိဘမဲ့ဂေဟာကနေ အနုပညာလောက ထဲကိုဝင်လာပြီး ၁၆ နှစ်နဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သုံးဆက်အထိ ရှိခဲ့ပြီး။ ကြားထဲမှာလည်း အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနဲ့ အပါအဝင် မရေတွက်နိုင်တဲ့ ကောလဟာလတွေ အများကြီးရှိခဲ့သူလည်းဖြစ်ပါတယ်။အဲဒီတုန်းက မွန်ရိုးဟာ တစ်နိုင်ငံလုံးရဲ့ အိပ်မက်မင်းသမီးဖြစ်ခဲ့တာပါ။ သူ့ရဲ့ ဂါဝန်လေးလေလွင့်နေတဲ့ပုံဟာလည်း သမိုင်းဝင်လောက်အောင်ကို ကျော်ကြား ခဲ့တာပါ။ မွန်ရိုးဟာ အသက် ၃၆ နှစ်အရွယ်မှာ ဆေးလွန်သေဆုံးခဲ့ပြီး ဒါကို မတော်တဆမှုအဖြစ်ဖော်ပြခဲ့ပေမဲ့ လူပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ်သတ် သေတယ်လို့ ယူဆခဲ့သလို လုပ်ကြံခံရတယ်ဆိုတဲ့ ထင်ကြေးတွေလည်းပေါ် ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ သူကို ဟောလိဝုဒ်ရွှေခေတ်ရဲ့ အကျော်ကြားဆုံး မင်းသမီးစာရင်းမှာ နံပါတ်-၆ နေရာမှာ သတ်မှတ်ထားခဲ့တုန်းပါပဲ။ နံပါတ်တစ် ကတော့ ...
movie

[17+] Blonde (2022)

2022
[18+] Girl Lost: A Hollywood Story (2020) 7.8
[18+] Girl Lost: A Hollywood Story (2020) Girl Lost,A Hollywood Story (2020) ===========================IMDb Rating. =. 7.8/10၀င်းဖေရေးတဲ့ ခင်မောင်ရင်နဲ့ရုပ်ရှင်ဆိုတဲ့ ဆောင်းပါးလေးဖတ်ရတော့ အဲ့ဒီထဲမှာ ခင်မောင်ရင်ကို ရုပ်ရှင်ပိုးကြွစေတဲ့ဒါရိုက်တာ တစ်ယောက်အကြောင်းဖတ်လိုက်ရသေးတယ်။ အဲ့ဒီရုပ်ရှင်ဒါရိုက်တာက ဘင်္ဂါလီအောက်ခြေ လူတန်းစားနဲ့ အလယ်အလတ်တန်းစားအကြောင်း Triologyရိုက်ထားတယ်။ အဲ့ဒီသုံးကားကို ဒါရိုက်တာက ရိုက်ရတဲ့အကြောင်းအရင်းကို ခင်မောင်ရင်က...." အဲဒီရှော်တိုး ဂျစ်ရွိုင်းဆိုတဲ့ ဘင်္ဂါလီဒါရိုက်တာက ဘင်္ဂါလီအောက်ခြေလူတန်းစားနဲ့အလယ်အလတ် တန်းစားတွေအကြောင်း ကောင်းကောင်းသိတယ်။ ကောင်းကောင်း သိတော့ ဒီသုံးကားကို ရိုက်တယ်။ ကောင်း ကောင်းသိတယ်ဆိုတာက သူတို့အိမ်တွေက ဘယ်လို၊ သူတို့ယုံကြည်တာက ဘယ်လို၊ သူတို့ဓလေ့ထုံးတမ်းက ဘယ်လို၊ သူတို့ယဉ်ကျေးမှုက ဘယ်လို၊ သူတို့ရိုးရာတွေက ဘယ်လို၊ သူတို့မိသားစုချင်း ဆက်ဆံတာက ဘယ်လို၊ ဘယ်လိုစားတာ၊ ဘယ်လိုသွားတာ၊ ဘယ်လိုစားတယ်၊ ဘယ်လိုအိပ်တယ်၊ ဘယ်လို ထိုင်တယ် အကုန်လုံး ရှော်တိုးဂျစ်ရွိုင်းက သိတယ်။ သိတော့ အဲဒီဟာကို ရိုက်တယ်။ ဘာဖြစ်လို့ရိုက်တာတုန်း။ သူသိပ်သိလို့ရိုက်တာ။ "လို့ဆိုတယ်။ဒီရုပ်ရှင်က ဟောလိဝုဒ်ပခြုပ်သည်မတွေ အကြောင်းသက်သက်ပါပဲ။ ဘာမှကိုမပါဘူး ဒီအကြောင်းသက်သက်ပါပဲ။အခု Girl Lostရော ၂၀၁၆ကထွက်ခဲ့တဲ့ Girl Lostရောက အမေရိကန်ဟောလိဝုဒ်က ပခြုပ်သည်မတွေ အကြောင်းသက်သက်ပါပဲ။ဒီနှစ်ကားလုံးကို ဇာတ်ညွှန်းရော ဒါရိုက်တာရောလုပ်ခဲ့တဲ့ Robin Bainက ဒရာမာ Genreသက်သက်မှာ ဒီလောက်စိတ်ညစ်စရာကောင်းတဲ့ရုပ်ရှင်ကို ရိုက်ခဲ့တဲ့အကြောင်းအရင်းကလည်း သူသိလို့ပဲဖြစ်ပါလိမ့်မယ်။ ဒါရိုက်တာက အယ်အေဇာတိဆိုတော့ ဒါတွေကို‌အတော်တော့ကြုံဖူးပုံရပါတယ်။ ဒီလိုထင်ရလောက်အောင်လည်း သူ့ဇာတ်ညွှန်းနဲ့ ပြသပုံတွေက ဟောလိဝုဒ်ပခြုပ်သည်လောကကို ခရေစေ့တွင်းကျပြထားတယ်။ အချုပ်ပြောရရင် 2016 ကကားရော အခုကားရော Rating‌တွေကောင်းတယ် ဒါရိုက်တာကလည်း သူရိုက်တာကို သူသေချာသိတဲ့သူဆိုတော့ ဂျင်းဖြစ်နေမှာတော့ စိတ်ပူစရာမလိုပါဘူး။ စိတ်ညစ်မခံနိုင်ရင်တော့ မကြည့်တာအကောင်းဆုံးပါပဲ သရုပ်ဆောင်တွေကအစ စိတ်ညစ်စရာကောင်းပါတယ်။ သတိချပ်ရမှာက Nude Scene ...
movie

[18+] Girl Lost: A Hollywood Story (2020)