Channel Myanmar

Ryô Narita

Just Only Love (2018) 6.5
Just Only Love (2018) Just Only Love (2019)"အချစ်ဆိုတာ ဘာလဲ"သူ အထီးကျန်နေတဲ့အချိန်မျိုးမှာ ကိုယ်က အမြဲတမ်း အသင့်ရှိနေပေးချင်တာမျိုးက အချစ်လား သူ ဝမ်းနည်းတဲ့အချိန်မျိုးမှာ ကိုယ်က အမြဲတမ်း အသင့်ရှိနေပေးချင်တာမျိုးက အချစ်လားပေးဆပ်ခြင်းက အချစ်လား ပိုင်ဆိုင်ရမှ အချစ်လား။ဒီလိုမျိုး အချစ်ရဲ့အဓိပ္ပာယ်ကို ဇာတ်အေးအေးလေးနဲ့ညွှန်းဆိုဖော်ပြသွားမှာကတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Just Only Love ဆိုတဲ့ ဂျပန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။တာနက,မာမိုရုကို တစ်ဖက်သတ်ချစ်နေရတဲ့ ယာမဒ,တဲရုကို နဲ့ ယိုကို,ကို တစ်ဖက်သတ်ချစ်နေရတဲ့ နာကဟာရ တို့ရဲ့ ခပ်ဆွေးဆွေး အချစ်ဇာတ်လမ်းလေးကို ရှုစားလိုက်ကြပါဦးနော်အညွှန်းနဲ့ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… Format… mp4 Duration…. 2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... Aaron
movie

Just Only Love (2018)

2018
Just Remembering (2021) 6.9
Just Remembering (2021) Just Remembering (2021)~ IMDb – 6.9/10, MyDramaList – 7.5/10 ~ဒီရုပ်ရှင်အစအဆုံးမှာ ထူးထူးခြားခြား ရက်စွဲတစ်ခုပဲ ပါမယ်။ ဒါပေမဲ့ အဲ့ဒီ့ရက်စွဲတစ်ခုတည်းကိုပဲ နှစ်တွေ နှစ်တွေချီလို့… လူ့ဘဝဆိုတာကိုက အမှတ်တရနဲ့ ယှဉ်တွဲနေထိုင်ခြင်းပါပဲ...“Just Remembering“‘ယို’ ဆိုတဲ့ အမျိုးသမီးတက္ကစီယာဉ်မောင်းတစ်ဦးနဲ့ စတိတ်စင်မီးထိုးရတဲ့ တဲရူအိုဆိုတဲ့ အကသမားဟောင်းတစ်ဦးရဲ့ ကြားက အမှတ်တရတွေ။ အမှတ်တရထဲ ထားခဲ့ပြီဆိုကတည်းကိုက သိသာပါတယ်။ ကြည်နူးစရာတွေလာမယ်၊ ပြီးရင် ကြေကွဲစရာတွေလာမယ်၊ ပြီးတော့ တသသဖြစ်မယ်ပေါ့။ဒါပေမဲ့ ဒီကားက အဲဒီလိုမဟုတ်ခဲ့ဘူး။ “အမှတ်တရတွေကို ရုပ်ရှင်ကြည့်သလို နောက်ပြန်ရစ်ကြည့်ရင်း ရှက်ဖို့ကောင်းလွန်းလို့ ရှေ့ကို ပြန်ကျော်ပစ်ချင်လာတယ်” တဲ့။အပေါ်မှာ ပြောခဲ့တဲ့ ရက်စွဲတစ်ခု (သူတို့၂ယောက်ကြားမှာ အမှတ်တရအဖြစ်ဆုံး နေ့တစ်ခု) ကိုပဲ နှစ်တွေ ပြန်ရစ်ကြည့်သလိုပုံစံမျိုးနဲ့ တွေ့ရမှာပါ။ လက်ရှိကာလရဲ့ အဲဒီရက်စွဲလေးမှာပဲ တစ်ယောက်ကိုတစ်ယောက် တစ်ဘက်လူမသိဘဲ မတော်တဆတွေ့မိလိုက်ကြရင်း အမှတ်တရ ...
movie

Just Remembering (2021)

2021
Remain In Twilight (2021) 6.0
Remain In Twilight (2021) Remain in twilight (2021)J drama ပရိသတ်တွေနဲ့မစိမ်းတဲ့ main leadတွေ အများကြီးပါဝင်ရိုက်ကူးထားတဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ပါ။ ဇာတ်လမ်းထဲမှာတော့ အထက်တန်းကျောင်းတည်းက အတူတူပေါင်းပြီး ဗရုတ်ကျလာခဲ့တဲ့ သူငယ်ချင်း၆ယောက်ရှိပါတယ်။သူတို့က ကျောင်းကပွဲနေ့မှာ လန်ကွတ်တီအနီတွေဝတ်ပြီး ကြယ်မိုးရွာတာကိုတားတဲ့အကကိုတက်ကကြတဲ့အထိ ဗရုတ်သုတ်ခနိုင်တဲ့ ငချွတ်တွေပါ။ ညီအစ်ကိုလိုရင်းနှီးခဲ့ကြတဲ့သူတို့၆ယောက်ရဲ့သံယောဇဉ်က ဘယ်တော့မှမပျက်နိုင်ကြဘူးလို့ ယုံကြည်ခဲ့ကြပါတယ်။ကျောင်းပြီးတဲ့နောက် ၅နှစ်အကြာမှာ သူတို့သူငယ်ချင်းရဲ့မင်္ဂလာပွဲအတွက်ပြန်ဆုံဖို့ဖြစ်လာပါတယ်။ ဒီပွဲမှာလည်း အရင်လိုလန်ကွတ်တီဝတ်ပြိီးကကြဖို့စီစဉ်ထားတာပါ။ အဖွဲ့တောင့်ခဲ့တဲ့သူငယ်ချင်းတစ်စုဟာ အရင်နှစ်များလိုပဲ ဆက်လက်ရှိနေမယ်လို့ယုံကြည်ခဲ့ကြတာကြောင့် အရှိတရားကိုပါလက်မခံနိုင်ကြတဲ့အထိပါပဲ။ တချို့သောလူတွေက ဘေးမှာမရှိတော့ပေမဲ့ သူတို့နဲ့အတူရှိခဲ့ဖူးတဲ့ ဆည်းဆာချိန်တွေကတော့ အရင်အတိုင်းဆက်ရှိပြီး လှပနေကြ သတိရနေရဦးမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(1.9GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:36:00 Type__Comedy, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt
movie

Remain In Twilight (2021)

No Longer Human (2019) 5.9
No Longer Human (2019) No Longer Human (2019)1948ခုနှစ်က ထုတ်ဝေခဲ့ပြီး ရောင်းအားအကောင်းဆုံး ဒုတိယ ချိတ်ခဲ့တဲ့ လူသားမဆန်တဲ့လူအကြောင်းရေးထားတဲ့ ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ခံစားရမှာပါစာရေးဆရာတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းက ဘယ်လောက်အထိရူးသွပ်နိုင်မလဲ? ကုန်ကြမ်းတွေလိုက်လံစုစည်းတယ်ဆိုတာ ဘဝအတွေ့အကြုံစုဆောင်းတယ်လို့ပဲ တွေးထင်မိတယ်မဟုတ်လား? ဒီအတွေးတွေအကုန်လုံးက No Longer Human ဆိုတဲ့ ဇာတ်ကားမှာ အကုန်မှားသွားပါလိမ့်မယ်။စာရေးဆရာဖြစ်သူ ဒါဇိုင် အိုဆာမုဟာ သူ့ရဲ့ စာအုပ်တွေအတွက် မိန်းကလေးတွေကိုလှည့်ဖျားပြီးချစ်ဟန်ဆောင်ပါတယ်။ ပြီးရင်တော့ အချစ်အတွက်သတ်သေကြမယ်ဆိုပြီး သတ်သေရာကနေ သူကလူလည်လုပ်ပြီး မသေဘဲ ကျန်ရစ်နေပါတယ်။ ဒီလိုလုပ်တာ မိန်းကလေးပေါင်းမြောက်များစွာရှိပြီဖြစ်ပါတယ်။ ဒါ့အပြင်သူ့မှာ ဇနီးမယားနဲ့ ကလေးတွေလည်း ရှိပါသေးတယ်နော်။ ပြီးတော့ ဒီထက်ပိုပြီးထူးဆန်းတာက သူကြိုက်လိုက်တဲ့ မိန်းကလေးတွေ တစ်နည်းပြောရရင် နာမည်ကြီးစာရေးဆရာဆိုပြီး သူ့ကို လာကြိုက်တဲ့မိန်းကလေးတိုင်းက မုဆိုးမတွေချည်းသာဖြစ်ပါတယ်။ဒီတော့ အိုဆာမုတစ်ယောက် သူ့ရဲ့ မာစတာပိစ်ဝတ္တုအတွက် ကုန်ကြမ်းဘယ်လိုစုဆောင်းမလဲ? သူ့ကို ပြန်လည်လှည့်ဖျားသွားနိုင်မယ့် မိန်းကလေးပေါ်လာမှာလား သူကော အချစ်နွံထဲနစ်ဝင်ပြီး မုဆိုးကနေ ...
movie

No Longer Human (2019)

You’re Not Normal, Either! (2021) 6.6
You’re Not Normal, Either! (2021) စာမေးပွဲအနီးကပ် စာသင်ပေးတဲ့ဆရာတစ်ယောက်ဖြစ်တဲ့ "အိုနို-စံ"က သချင်္ာတွက်ရတာကြိုက်တဲ့စာကြမ်းပိုးတစ်ယောက်ပါ။ သူက ရုပ်ချော အရပ်ရှည်ပေမဲ့ စာကလွဲပြီး ဘာမှမသိတာကြောင့် ပုံမှန်လိုမျိုး ရည်းစားမထားနိုင်ဖြစ်နေတာပါ။ ဥပမာပြောရရင် ကောင်မလေးတစ်ယောက်က သူ့ကိုကြိုက်ကြောင်းဖွင့်ပြောလာရင်တောင် "ဘယ်လောက်ပမာဏထိကြိုက်တာလဲ"လို့ပြန်မေးပြီး လာကြိုက်တဲ့သူကို တပ်ခေါက်သွားအောင် လုပ်နိုင်တဲ့သူတစ်ယောက်ပါ။ သူစာသင်ပေးနေတဲ့ "အခိမိုတို"ဆိုတဲ့ကျောင်းသူလေးမှာတော့ တစ်ဖက်သတ်ကြိုက်နေရတဲ့သူတစ်ယောက်ရှိပါတယ်။ သူကြိုက်နေတဲ့သူက ကလေးတွေအတွက် သင်ကြားရေးအရုပ်တွေရောင်းတဲ့ကုမ္ပဏီကိုဦးစီးပြီး တိုးတက်ရေးဟောပြောပွဲတွေလည်း လုပ်လေ့ရှိတဲ့ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်တဲ့ မီရမိုတို-စံပါ။တစ်နေ့ကျတော့ ကျောင်းသူလေးက ဟောပြောပွဲတစ်ခုမှာ မီရမိုတို-စံကိုတွေ့ခဲ့ပါတယ်။ သူ့ကိုစကားသွားပြောပြီး စာတစ်စောင်လည်းပေးခဲ့ပေမဲ့ မီရမိုတို-စံက မကြာခင် လက်ထပ်တော့မယ့်ချစ်သူရှိတယ် ဆိုတာကို သိလိုက်ရပါတယ်။ကျောင်းသူလေး အခိမိုတို-စံ အသည်းကွဲပြီးပြန်လာတုန်း ဆရာအိုနိုနဲ့စာသင်ရင်း စကားပြောဖြစ်ခဲ့ပါတယ်။ အဲဒီမှာပဲ သူကအကြံရသွားပြီး ဆရာ့ကို "ပုံမှန်လူတစ်ယောက်လို ဒိတ်နိုင်အောင် လေ့ကျင့်ပေးမယ်"လို့ လိမ်ပြောပြီး ဆရာနဲ့ မီရမိုတို-စံရဲ့သတို့သမီးလောင်းကို အောင်သွယ်ပေးဖို့လုပ်ပါတော့တယ်။ ပုံမှန်ဆိုတဲ့လူတစ်ယောက်ရဲ့ အတွေးအခေါ် လုပ်ရပ်တွေကရော ထင်ထားသလောက် သဘောကျစရာကောင်းရဲ့လား။ ပုံမှန်လို့သတ်မှတ်ထားကြတဲ့လူတွေရဲ့ လှပတဲ့အဖြစ်အပျက်တွေရော အရုပ်ဆိုးတဲ့လိမ်ညာဟန်ဆောင်မှုတွေကိုရော ဒီကားထဲမှာကြည့်ရမှာပါ။ လူနှစ်ယောက်ကြားက ခံစားချက်ဆိုတာလည်း ...
movie

You’re Not Normal, Either! (2021)

Kiseki: Sobito of That Day (2017) 6.4
Kiseki: Sobito of That Day (2017) Kiseki: Sobito of That Day (2017)အ​တောင်မစုံခင် အရွယ်မှာ မိဘ​တွေရဲ့​ဆန္ဒအတိုင်း ​နေခဲ့သလို အ​တောင်စုံလို့ အရွယ်​ရောက်ချိန်အထိ မိဘ​တွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံ​နေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘ​တွေခင်း​ပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး ​လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်​တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ​​ ရှေ့​ရေးကို ကြိုမ​တွေးဘဲ တစိုက်မတ်မတ် အ​ကောင်အထည်​ဖော်သွားပြီး ဘဝကို ​နေ​ပျော်​အောင် ​နေသွားမလား။ဒီ​မေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့​ခေါ်တဲ့ ညီအစ်ကို၂​ယောက်က အခုဇာတ်လမ်းထဲမှာ အ​ဖြေ​ပေးသွားပါတယ်၊ အ​ဖေဖြစ်သူက သား၂​ယောက်ကို ဘဝ​နောင်​ရေးစိတ်​အေးရ​အောင် သူ့အတိုင်း ဆရာဝန်ဖြစ်​စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အ​ပျော်တမ်းတီးဝိုင်းငယ်​ထောင်ပြီး ဘဝကို​ရှေ့ဆက်​နေသူ၊ တစ်နည်း​ပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီး​ပေါ့။ညီငယ် ဟိဒဲ က​တော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်​အောင်ကြိုးစား​ပေမယ့် ​လိုအပ်ချက်​​တွေ​ကြောင့် သွား​ဆေး​ကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိ​အောင် ​ကျောင်းက ဝါသနာတူသူငယ်ချင်း​တွေနဲ့ ​ ကျောင်းတွင်းတီးဝိုင်း​လေးဖြစ်တဲ့ Green ...
movie

Kiseki: Sobito of That Day (2017)

2017
Threads – Our Tapestry of Love 6.3
Threads – Our Tapestry of Love Tapestry a.k.a Yarn (2020) =================မမ Nana Komatsu ရဲ့ ၂၀၂၀ တုန်းကထွက်ထားတဲ့ ရုပ်ရှင်လေးပါ။ဘဝဆိုတာ တစ်ဖြောင့်တည်းမျိုးတော့ ဘယ်ဟုတ်မလဲ။ လူပေါင်းများစွာနဲ့ကြုံတွေ့ရတယ်၊ ခွဲခွာရတယ်။ အမှောင်ထဲရောက်လိုက်၊ အလင်းထဲမှာကျင်လည်လိုက်နဲ့ အသက်ရှုနေသမျှကာလပတ်လုံး ရုန်းကန်လှုပ်ရှားရတယ်။ဒီဇာတ်လမ်း‌လေးမှာတော့ ဟဲအီဆေးခေတ်စတင်တဲ့ (၁၉၈၉-၂၀၁၉) မှာ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ၊ အောင်မြင်မှုတွေနဲ့ လုံးလည်ချာလည်လိုက်နေရမှုတွေ၊ တစ်ယောက်‌သောသူပြန်လာမယ်အထင်နဲ့ မြို့ကနေလုံးဝမခွာတဲ့ကောင်လေးနဲ့ နေရာမျိုးစုံလျှောက်သွားနေတတ်တဲ့ကောင်မလေးတို့ရဲ့ ကံကြမ္မာကိုအဓိကထားပုံဖော်ထားတာဖြစ်ပါတယ်။(ဇာတ်ကားနဲ့အညွှန်းကို Nay Lin Thar မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.64GB, 1.12GB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 2H 10Min Type - Romance Subtitle - Myanmar Subtitle (Hardsub) Translated by Nay Lin Thar Encoded by ...
movie

Threads – Our Tapestry of Love

2020
Homunculus (2021) 5.6
Homunculus (2021) Homunculus (2021) ===============2021 အစောပိုင်းလောက်က Psychological Mystery Thriller အမျိုးအစားအနေနဲ့ ထွက်ရှိလာတဲ့ ဒီ Netflix ရုပ်ရှင်လေးကတော့ Hideo Yamamoto ရဲ့ နာမည်ကြီး manga ဖြစ်တဲ့ Homunculus ကို live action အနေနဲ့ အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်ကတော့ Nakoshi လို့ ခေါ်တဲ့ယောက်ျားတစ်ယောက်...အိမ်ခြေယာမဲ့တစ်ယောက်အဖြစ် နေထိုင်ရင်း ဆင်းရဲမှုနဲ့ ချမ်းသာမှု နှစ်ခုကြား မိမိကိုကိုယ် အဖြေရှာနေသူတစ်ယောက်..စိတ်ခံစားချက်တွေကင်းမဲ့နေသူတစ်ယောက်ပါ... တစ်နေ့မှာ ဆေးကျောင်းသားအလုပ်သင်တစ်ယောက်ဖြစ်တဲ့ Ito ဆိုတဲ့ကောင်လေးတစ်ယောက်က သူ့ကိုထူးဆန်းတဲ့စမ်းသပ်မှုတစ်ခုလုပ်ဖို့ ကမ်းလှမ်းလာခဲ့တယ်... အဲ့ဒါကတော့ Trepenation လို့ခေါ်တဲ့ နဖူးအလယ်တည့်တည့်မှာ အပေါက်ဖောက်တာပါ ၊ ခုနစ်ရက်အတွင်းမှာ Nakoshi ကို စိတ်ခံစားချက်တစ်ခုခုပေးစွမ်းမယ်ဆိုတဲ့ ကတိနဲ့ပေါ့သေမထူးနေမထူးလို့ ခံစားနေရတဲ့ Nakoshi ကလည်း ဒီစမ်းသပ်မှုကို သဘောတူညီပြီးနောက်ပိုင်းမှာ လူတွေရဲ့ အတွင်းစိတ်ထဲက ဖိစီးမှုတွေကို သတ္တဝါတွေအနေနဲ့ မြင်နိုင်တဲ့ ...
movie

Homunculus (2021)

2021
Belle: The Dragon and the Freckled Princess (2021) 7.2
Belle: The Dragon and the Freckled Princess (2021) Belle: The Dragon and the Freckled Princess(2021) (Ryuu to Sobakasu no Hime)IMDb Rating(7.2) / Rotten Tomatoes (93%) / Anilist (78%)Anime ရုပ်ရှင်ကားကောင်းတွေကိုမျှော်လင့်နေတဲ့သူတွေအတွက် လတ်တလောပူပူနွေးနွေးထွက်ရှိထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်စုဇု (Suzu Naito) ဆိုတာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက အမေဖြစ်သူ ဆုံးပါးခဲ့တာကြောင့် ဝမ်းနည်းကြေကွဲစွာနဲ့ ရှင်သန်နေရတဲ့ ကောင်မလေးပေါ့...ကျောင်းမှာလည်း လူတောသိပ်မတိုး အရှက်အကြောက်ကလည်းကြီးသေး.... ဒါပေမဲ့ တနေ့မှာ သူ့ရဲ့သူငယ်ချင်းမတစ်ယောက်က U ဆိုတဲ့ App တစ်ခုကို မိတ်ဆက်ပေးခဲ့တယ်...U ဆိုတာ သာမန်ဆိုရှယ်မီဒီယာ App မဟုတ်ပဲ လူကိုယ်တိုင် အဲ့ဒီကမ္ဘာထဲကို ရောက်ရှိသွားသလိုခံစားစေရမယ့် အဆင့်မြင့် App တစ်ခုဖြစ်နေတယ်...ဒီ App ကို စုဇုတစ်ယောက် ...
movie

Belle: The Dragon and the Freckled Princess (2021)

The Cornered Mouse Dreams of Cheese (2020) 6.6
The Cornered Mouse Dreams of Cheese (2020) [Unicode]The Cornered Mouse Dreams of Cheese(2020)Fojushi,Fodamshi တို့အကြိုက် 2020ထွက် BL Movieတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ချစ်နေပေးမယ့်သူ ရှိနေလည်း ချစ်ခံရမယ့်သူက ယုံကြည်မှု မရှိတဲ့အခါ ...ချစ်နေပေမယ့်လည်း လက်မခံဘဲ ကိုယ့်ကိုကိုယ် ဇွတ်ငြင်းယူနေတဲ့သူ ကိုင်ဆောင့်ချင်စရာ Semeကြီးကို ဒီကားထဲမှာ အသဲတယားယား ကြည့်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးတော့ အိုတိုမို ကယူချီဆိုဟာ ကြေညာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပြီး အိမ်ထောင်ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူကအခြားတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တဲ့အခါ သူ့ဇနီးဟာ အလွတ်တိုင်းစုံထောက်ငှါးပြီး ထိုအကြောင်းကို စုံစမ်းခိုင်းခဲ့ပါတယ်။အဲ့အချိန်မှာ အိုတိုမိုဆီ စုံစမ်းမှုနဲ့အတူ ရောက်လာခဲ့တဲ့ လူကတော့ အင်မာဂါဆဲ့ ဝါတာရူလို့ခေါ်တဲ့သူဖြစ်ပါတယ်။ ဝါတာရူဟာ အခြားသူမဟုတ် အိုမိုတိုနဲ့ တက္ကသိုလ်အတူတက်ခဲ့တဲ့ ဂျူနီယာတစ်ယောက်ဖြစ်ရုံမက အိုမိုတိုကို ၇နှစ်ကြာကြိတ်သဘောကျလာခဲ့သူ ဖြစ်ပါတယ်။ဒီလိုနဲ့နှစ်ယောက်ပြန်တွေ့ဆုံပြီးနောက် ဝါတာရူက အိုမိုတိုကိုချစ်ကြောင်းဖွင့်ပြောခဲ့ပြီး Sexual Relationship အဖြစ် သူတို့နှစ်ယောက် ဆက်ဆံရေးကိုပြောင်းလဲပစ်ချင်ကြောင်းကိုပါ တောင်းဆိုပြီး အပေးအယူအနေနဲ့ အိုမိုတိုဖောက်ပြန်မှုကို ...
movie

The Cornered Mouse Dreams of Cheese (2020)

Farewell Song (2019) 6.9
Farewell Song (2019) Farewell Song 2019 ================ ဟရု နဲ့ လီယို ဆိုတဲ့ကောင်မလေးနှစ်ယောက်က အမှတ်မထင်တွေ့ရင်းက ဟရုလီယိုဆိုတဲ့ တီးဝိုင်းလေးတစ်ခုဖြစ်လာတယ် အောင်မြင်လာတာနဲ့အတူ အဆင်မပြေမှုတွေပါတွေ့ရင်း ဘယ်လိုဆက်ဖြစ်မလဲ နာမည်ကြီးမင်းသမီးနှစ်ယောက်ဖြစ်တဲ့ Na Na လေးနဲ့ Mugi Kadowaki က ဟရု နဲ့ လီယို အဖြစ်သရုပ်ဆောင်ထားပါတယ် တီးဝိုင်းအဖွဲ့ဝင်တွေကြားက ချစ်ခြင်းမေတ္တာတွေရယ် သံယောဇဉ်တွေရယ် ကြိုးစားအားထုတ်မှုတွေရယ် စိတ်အားထက်သန်မှုတွေရယ် သီချင်းချိုချိုလေးတွေရယ်ကို အားရပါးရကြည့်ရမှာပါ ဂျပန်ကားတွေရဲ့ထုံးစံအတိုင်း ပါးပါးလှပ်လှပ် ပေါ့ပေါ့ပါးပါးလေးပဲရိုက်ပြထားပါတယ် သီချင်းတွေလည်းအရမ်းကောင်းလို့ သေချာလေးရေးပေးထားတာမို့ ဒေါင်းပြီးတော့ ကြည့်ရှုခံစားလိုက်ပါဦး အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ ThinZar Htet ဖြစ်ပါတယ်  Translator  : Thinzar Htet Encoded : YK Quality :  1080p blueray and 720p File Size :  1.22 GB and 578MB
movie

Farewell Song (2019)

2019
Weathering with You (2019) 7.5
Weathering with You (2019) Weathering With You (2019)****************************( 天気の子 )သဘာဝ ၏ ရင်သွေးငယ်"နေရောင်ခြည်ကို မမြင်ရတော့ရော ဘာဖြစ်လဲ?? ကောင်းကင်ပြာကြီးထက် နင့်ကို ပိုပြီး လိုချင်တယ်" ~Morishima Hodakaဒါက ၁၆ နှစ်သားကောင်လေးတစ်ယောက်ရဲ့ မိုက်ရူးရဲစကားတစ်ခွန်း... ဒီစကားတစ်ခွန်းကပဲ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တယ်ဆိုရင် သင် ယုံနိုင်မလား...?? ဟုတ်ပါတယ် ဟိုဒါကာ ဆိုတဲ့ကောင်လေးကတော့ တကယ်ကို အဲ့ဒီစကားနဲ့အညီ လုပ်ချသွားခဲ့ပါတယ်ကိုယ်ချစ်ရသူနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဘယ်ဟာကိုရွေးမလဲ ဆိုရင် မိုက်ရူးရဲဆန်ဆန်နဲ့ပဲ ကိုယ့်ရဲ့ချစ်သူကို ရွေးကြမှာပါကျွန်တော်တို့လည်း အဲ့ဒီ ၁၆ နှစ်သားကောင်လေးလို မိုက်ရူးရဲဆန်ခဲ့ဖူးကြတယ်မလား?ဒီဇာတ်ကားလေးကို ကြည့်ပြီး အဲ့ဒီခံစားချက်လေးကို ပြန်အသက်သွင်းလိုက်ကြရအောင်...အရင်ဆုံးပြောချင်တာက ဒီကားကို အားလုံးလိုလိုကြည့်ပြီးလောက်ကြပါပြီ Cam Version ကနေစလို့ ထပ်ထွက်တဲ့ WebRip အထိပေါ့ ဒါကိုမှ ထပ်ထွက်တဲ့ အကြည် Blue-ray မှာ ကွာလတီအပြည့်နဲ့ပြန်ခံစားလို့ရအောင် သိမ်းချင်လဲသိမ်းထားလို့ရအောင် ထပ်လုပ်ပေးတဲ့သဘောပါပဲ။ ဘာကွာသွားလဲဆိုရင် ကြည့်သာကြည့်ကြည့်ပါလို့ပဲပြောပါရစေ။ မိုးစက်မှုံလေးတွေကအစ နေ‌ရောင်ခြည်အဆုံး ကာလာစုံလွန်းလို့ပါ ဖြစ်နိုင်ရင် တီဗွီနဲ့သာကြည့်ပါ။ဆိုတော့ ဇတ်လမ်းကိုတော့ ...
movie

Weathering with You (2019)