Channel Myanmar

Ryosuke Yamada

Bad Lands (2023) 6.2
Bad Lands (2023)  Bad Land (2023) ရုပ်ရှင်ကားဟာ ဒီတလောကမှ ထွက်ရှိထားတဲ့ဂျပန် Crime Thriller ရုပ်ရှင်ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ဂျပန်တွေက သိတဲ့အတိုင်း တစ်ခုခုဆို ခံစားချက်ပြင်းပြင်းနဲ့ ရိုက်ပြတတ်တဲ့သူတွေဖို့ ဒီလိုဇာတ်ကားတွေက အရမ်းကြည့်ကောင်းနေမှာအသေအချာပါပဲ။ဇာတ်လမ်းကျောရိုးလေးကတော့ Neri နဲ့ Jo တို့ အမေတူအဖေကွဲမောင်နှမ ၂ ယောက်ရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ Neri ဟာ လက်ရှိအချိန်မှာ အိုဆာကာမြို့က အသက်ကြီးသူတွေကို ပစ်မှတ်ထားလိမ်လည်တဲ့လူလိမ်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်နေပြီး သူ့မောင် ဖြစ်တဲ့ Jo ကတော့ထောင်ကထွက်လာတာ မကြာသေးပါဘူး။ အစ်မဖြစ်သူက မောင်ဖြစ်သူကိုသူ့အလုပ်ထဲ ဆွဲခေါ်ရင်း ဘယ်လိုပြဿနာတွေ ရင်ဆိုင်ရမလဲ ဘယ်လိုကံကြမ္မာမျိုး ဒီမောင်နှမ ၂ ယောက် ရင်ဆိုင်ရမလဲ။ ဒီလိုအခြေအနေတွေဖြစ်လာစေဖို့ အတိတ်က ဘယ်လိုဖြစ်ရပ်တွေ ရှိခဲ့ကြလဲ ၂ ယောက်သားစတာတွေကို ၂ နာရီကျော်ကြာပေမဲ့ ခဏလေးလို့ ခံစားစေရလောက်အောင်ကောင်းတဲ့ဇာတ်ကားထဲမှာ ကြည့်ရှုရမှာ ဖြစ်လို့ Japan ...
movie

Bad Lands (2023)

Baragaki: Unbroken Samurai (2021) 6.3
Baragaki: Unbroken Samurai (2021) Baragaki: Unbroken Samurai (2021)~ IMDb - 6.3/10, MyDramaList - 7.2/10 ~ဂျပန်နိုင်ငံရဲ့ Edo era နဲ့ Meiji Restoration က သမိုင်းဖြစ်ရပ်တွေကိုပြောပါဆိုရင် Bakufu (ဘာကူဖူ)၊ Bakumatsu (ဘာကူမာဆု)၊ Shinsengumi (ရှင်းဆန်းဂူမိ) အစရှိတဲ့ နာမည်ကြီးခဲ့တဲ့ အဖွဲ့တွေ၊ တည်နေရာတွေ၊ တိုက်ပွဲတွေ၊ အချိန်ကာလတွေကို လုံးဝကျန်ထားလို့မရပါဘူး။ အဲဒါတွေကို စာပေအနေနဲ့ ခေတ်အဆက်ဆက် ရေးသားထုတ်ဝေမှုများရှိသလို ဖျော်ဖြေရေးအနေနဲ့လည်း ထုတ်လုပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ Anime တွေမနည်းလှပါဘူး။အဲဒီထဲကမှ တိုကုဂါဝါရှိုးဂန်းခေတ်ကုန်ကာလလို့ ပြောနိုင်တဲ့ ဘာကူမာဆု (၁၈၅၃ - ၁၈၆၇) အတွင်းမှာပေါ်ပေါက်ခဲ့တဲ့ ရှင်းဆန်းဂူမိ အကြောင်းကို Moeyo Ken (1964) နာမည်နဲ့ Ryotaro Shiba (1923-1996) ရေးသားခဲ့တဲ့စာအုပ်တစ်အုပ်ရှိပြီး အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားရာမှာ ...
movie

Baragaki: Unbroken Samurai (2021)

2021
What to Do With the Dead Kaiju? (2022) 5
What to Do With the Dead Kaiju? (2022) What to Do with Dead Kaiju IMDB 4.4 

၂၀၂၂ကမှ ထွက်ရှိထားတဲ့ ဒီဇာတ်ကားမှာတော့ နာမည်အတိုင်း ကိုင်ဂျူအသေကောင်နဲ့ တိုင်ပတ်ရတဲ့ ဂျပန်ပြည်ကြီးအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ကိုင်ဂျူဟာ လူက သတ်လို့ သေတာမဟုတ်ဘဲ ကောင်းကင်ပေါ်ကကျလာတဲ့ ထူးဆန်းတဲ့အလင်းတန်းကြောင့် ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ ရုပ်ရှင်တိုင်းလိုလိုမှာ သေကြေပျက်စီးခြင်းကို သယ်ဆောင်လာသူအဖြစ် ပုံဖော်ခံရတဲ့ ကိုင်ဂျူတစ်ကောင် ဒီနည်းနဲ့ပဲ ဇီဝိန်ချုပ်သွားတဲ့အခါ …. ကိုင်ဂျူအလောင်းကောင်ကြီးကို ရှင်းလင်းဖို့ တာဝန်ဝတ္တရားဟာ ဂျပန်အစိုးရပေါ်ကို ကျရောက်လာပါတော့တယ်။ ဒီလိုနဲ့ ကိုင်ဂျူကို တိုက်ဖို့ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့သည်လည်း ကိုင်ဂျူမရှိတော့တဲ့နောက် ဘယ်လိုဆက်ဖြစ်သလဲ။ ထုံးစံအတိုင်း နိုင်ငံရေးသမားတွေသည်လည်း နိုင်ငံရေးသမားပီပီ ကိုင်ဂျူကို နင်းပြီး နာမည်ရရေး ဘယ်လိုယဉ်ပြိုင်လုပ်ဆောင်ကြသလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။File Size__(2.7GB) / (1.2B) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:00:00 Type__Comedy, Sci-Fi Subtitle__Myanmar Subtitle ...
movie

What to Do With the Dead Kaiju? (2022)

Assassination Classroom: Graduation (2016) 5.7
Assassination Classroom: Graduation (2016) Assassination Classroom: The Graduation (2016)Anime S1နဲ့ ပထမကားကို အဆုံးသတ်ပြီးနောက်မှာတော့ ထပ်ထွက်လာတဲ့ ဒုတိယကားကတော့ S2 ပါပဲ။ကျောင်းဆင်းပွဲနီးလာပြီး သတ်ဖို့အချိန်မကျခင်မှာ မထင်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ကေနောက်ဆုံးအချိန်ကျမှ သူ့အတိတ်ကိုပြောပြမယ်လို့ ဆုံးဖြတ်ထားတဲ့ ဆရာကိုရိုတစ်ယောက် မတတ်သာတဲ့အဆုံး သူ့အတိတ်ကိုပြောပြခဲ့ပြီးနောက်မှာတော့ အရင်ကပစ်မှတ်အနေနဲ့ပဲ သဘောထားခဲ့တဲ့ သူ့တပည့်တွေရဲ့ အမြင်တွေပြောင်းလဲသွားပြီး လုပ်ကြံဖို့တွေဝေသွားကြပါတော့တယ်။ဒီလိုနဲ့ သတ်မယ့်အစား ဆရာ့ကိုကယ်ဖို့နည်းလမ်းကို ရှာဖွေကြရင်း ဆရာ့ကိုကယ်နိုင်သွားမလား။ ပထမအစီအစဥ်အတိုင်း သတ်ပဲသတ်ရမလားဆိုတာ... Anime မှာ S2 နဲ့အဆုံးသတ်သွားသလို ဒီကားကလည်းနောက်ဆုံးပါပဲ ထပ်ထွက်ဖို့မရှိတော့ပါဘူး။File size…2.26GB / 1.14GB Quality…1080p Blu Ray / 720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (HardSub) Encoder… YK Translated by Moe Pwint Phyu
movie

Assassination Classroom: Graduation (2016)

2016
Assassination Classroom(2015) 6.2
Assassination Classroom(2015) Assassination Classroom (2015) -------------------------------------------------------- Anime ဖန်တွေကြားမှာ နာမည်ကြီးလူကြိုက်များခဲ့တဲ့ စီးရီးတစ်ခုဖြစ်တဲ့ Assassination Classroom ရဲ့ Season 1 ကို LA အနေနဲ့ ပြန်ရိုက်ကူးထားတဲ့ကားပဲဖြစ်ပါတယ်။Anime ကို LA ပြန်ရိုက်တာမလို့ ထုံးစံအတိုင်း ဂွမ်းတဲ့နေရာတွေအများကြီးဆိုပေမယ့် အဓိကဇာတ်ဆောင်ဖြစ်တဲ့ Koro sensei ကတော့ တစ်ပုံစံတည်းမလို့ ဖြေသာပါသေးတယ်လို့ ဆိုရမှာပါပဲ။ဇာတ်လမ်းအကျဥ်းကတော့ လ,ကိုဖျက်ဆီးပြီးတော့ နောက်နှစ် သုံးလပိုင်းမှာ ကမ္ဘာကိုပါဖျက်မယ်လို့ ခြိမ်းခြောက်ထားတဲ့ရေဘဝဲလိုသတ္တဝါကြီးကို ဘယ်လိုနည်းနဲ့မှသတ်လို့မရတဲ့အဆုံး လက်လျှော့လိုက်ရတော့မယ့်အချိန်မှာ အကြောင်းအရင်းတော့မပြောပေမယ့် စာအရမ်းညံ့ပြီးအပယ်ခံတွေစုနေတဲ့ အလယ်တန်းတတိယနှစ် E ခန်းရဲ့ အတန်းပိုင်ဖြစ်ခွင့်ပေးရင် အဲဒီကလေးတွေသတ်တာခံပါမယ်လို့ သဘောတူလက်ခံခဲ့ပါတယ်။ဒီလိုနဲ့ ကလေးတွေကိုစာလည်းသင်ပေးရင်း လုပ်ကြံသတ်ဖြတ်ရေးပါသင်ပေးရင်းနဲ့ ဆရာနဲ့ သူ့တပည့်တွေကြားကသံယောဇဥ်ခိုင်မာလာပြီး နောက်ဆုံးမှာ သူ့ကိုလုပ်ကြံနိုင်သွားမလား ဒါမှမဟုတ် မအောင်မြင်ဘဲနဲ့ မူလအစီအစဥ်အတိုင်း ကမ္ဘာကိုပဲဖျက်ဆီးမလားဆိုတာ... File size…2.1GB / 1.2GB Quality…1080p BluRay   /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moe Pwint Phyu
movie

Assassination Classroom(2015)

2015
Fullmetal Alchemist: The Final Alchemy (2022) 5.3
Fullmetal Alchemist: The Final Alchemy (2022) Fullmetal Alchemist: The Final Alchemy (2022)မန်ဂါအနေနဲ့ရော Animeအနေနဲ့ ရောအောင်မြင်ခဲ့တဲ့ Full Metal Alchemist ကို ၂၀၁၇မှာ Live Action တစ်ကားထုတ်ခဲ့ပြီး 2022မှာမှ သူ့အဆက်ကို ဆက်ထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက တင်ခဲ့တဲ့ Fullmetal Alchemist: Final Chapter - The Avenger Scarပါ။ အဲဒီကားမှာ ကောင်းခန်းမှာမှ ဖြတ်သွားပြီ တစ်လအကြာမှာ ဇာတ်သိမ်းခန်း Final Alchemist ထပ်ထွက်လာပါတယ်။Animeသမားတွေတော့ ကြိုက်လောက်မှာ မဟုတ်ပေမဲ့ ဒီတိုင်းကြည့်ရင်တော့ ဒီအပိုင်းက ပထမ၂ပိုင်းထက်တောင် တော်တော်လေးကြည့်ကောင်းပါတယ်။ Main Bossပါလာပြီဆိုတော့ Battle Sceneအကြမ်းစားတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ Plot Twistကလေးတွေတောင် ပါပါသေးတယ်။ ဒီသုံးကားဟာ ဇာတ်ကောင်တွေရဲ့ Friendship တွေ ၊ Brotherhood တွေ ၊ Comradeship ...
movie

Fullmetal Alchemist: The Final Alchemy (2022)

Fullmetal Alchemist_The Revenge of Scar (2022) 5.6
Fullmetal Alchemist_The Revenge of Scar (2022) Fullmetal Alchemist : the Revenge of Scar (2022)အန်နမှာ အောင်မြင်ထားပြီး သူ့ကိုယ်ပိုင်ပရိသတ်နဲ့ သူရှိပြီးသားFullmetal Alchemistကို 2017တုန်းက live actionရိုက်ခဲ့ပါတယ်။ အန်နမဲကြည့်ထားတဲ့သူအတွက် ဘယ်လိုနေမလဲမသိပေမဲ့ ဒီတိုင်းကြည့်ရင်တော့ မဆိုးပါဘူး။ ကြည့်ကောင်းပြီး စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ရိတ်တင်အနေအထားအရ အန်နမဲ ပရိသတ်အတွက်တော့ စိတ်ပျက်စရာဖြစ်သွားပုံရပါတယ်။ဇာတ်လမ်းကတော့ ပထမကားအတိုင်းပဲ Edward Elricက ခန္ဓာမရှိတဲ့ သူ့ညီအတွက် ခန္ဓာပြန်ရအောင်လုပ်ပေးဖို့ ကြံပါတယ်။ ဒီလိုနဲ့ သူတို့ မြို့တော်ကို လာတဲ့လမ်းမှာ နိုင်ငံခြားက Alchemistဆန်ဆန်ပညာသည်တွေနဲ့ မင်းသားတစ်ပါးက သူတို့ဆီ အဂ္ဂရိတ်ဓာတ်လုံးအကြောင်းမေးရင်း ရန်ထဖြစ်ကြတယ်။ နောက် scarလို့ခေါ်တဲ့ သူတို့မြို့က alchemistတွေ ဖျက်ဆီးလိုက်တဲ့ Ishvalan က လူတစ်ယောက်က လက်စားချေဖို့ alchemistတွေတစ်ယောက်ပြီးတစ်ယောက်လိုက်သတ်နေပါတယ်။ ဒီလိုနဲ့ Edward နဲ့ scarတို့ ထပ်တိုက်တိုးကြပါရော။ ဒီလိုနဲ့ဘာတွေဆက်ဖြစ်မလဲတော့ ကိုယ်တိုင်ပဲကြည့်ရှုကြည့်ကြပါ။ဇာတ်က အန်နမဲလောက်အရသာတော့ ...
movie

Fullmetal Alchemist_The Revenge of Scar (2022)

Fullmetal Alchemist (2017) 6.0
Fullmetal Alchemist (2017) Fullmetal Alchemist ဇာတ်​ကားဟာ လတ်တလောထွက်​ရှိထားတဲ့ ဂျပန်​ Anime Live Action ဇာတ်​ကားတစ်​ကားဖြစ်​ပါတယ်​Imdb rating 5.8/10ရရှိထားပါတယ်။ပါဝင်​သရုပ်​​ဆောင်​ထားသူ​တွေက ​တော့ Ryosuke Yamada,Tsubasa Honda,Dean Fujioka တို့ဖြစ်​ပါတယ်​ဒီဇာတ်​ကားဟာ နာမည်​ကြီး ဂျပန်​ anime series တစ်​ခုဖြစ်​တဲ့ Fullmetal Alchemist ကို အသက်​သွင်​းရိုက်​ကူးထားတဲ့ အက်​ရှင်​ကား​ကောင်​းတစ်​ကားဖြစ်​ပါတယ်​......ဇာတ်​လမ်​းအကျဉ်​းက​တော့ညီအစ်​ကို၂​ယောက်​​ပေးဆပ်​ရတဲ့တန်​ဖိုးက​တော့ အစ်​ကိုဖြစ်​သူ Ed ရဲ့ လက်​တစ်​ဖက်​နဲ့ ညီဖြစ်​သူ Al ရဲ့ကိုယ်​ခန္ဓာဖြစ်​ပါတယ်​.....အစ်​ကိုဖြစ်​သူက ပညာနဲ့ဝိဉာဉ်​ကိုအရဆွဲယူပြီး သံမဏိခန္ဓာကိုယ်​ထဲမှာထည်​့​ပေးထားတာပါAlchemy ပညာမှာကျွမ်​းကျင်​တဲ့ ညီအစ်​ကိုနှစ်​​ယောက်​ဟာ ​မွေးမိခင်​ကို ပြန်​လည်​အသက်​သွင်​းဖို့ကြိုးစားရင်​း ၂​ယောက်​လုံး ကြီးမားတဲ့တန်​ဖိုး​တွေ​ပေးဆပ်​ခဲ့ရပါတယ်​....ဒီလိုနဲ့ alchemy ပညာကိုဆက်​လက်​လိုက်​စားရင်​း Fullmetal Alchemist လို့အမည်​တွင်​လာခဲ့ပါ​တော့တယ်​......​တစ်​​နေ့မှာ​တော့ သူတို့်​အတွက်​​မျှော်​လင်​့ချက်​​ပေါ်လာပါပြီ.....ဒါက​တော့ ညီ​လေး Al ရဲ့ခန္ဓာကိုယ်​အစစ်​ပြန်​ရ​အောင်​လုပ်​​ပေးနိုင်​မယ်​့ Philosopher's Stone ပါ......Philosopher's Stone ကိုရှာ​ဖွေရင်​း ဘယ်​လိုအခက်​အခဲ​တွေကြုံရမလဲ......ညီ​လေး Al ရဲ့ခန္ဓာကိုယ်​ကိုပြန်​ရယူနိုင်​မလားဆိုတာ စိတ်​ဝင်​စားဖွယ်​ကြည်​့ရှုရမယ်​့ ဇာတ်​ကား​ကောင်​း​လေးတစ်​ကားဖြစ်​ပါတယ်​(ဘာသာပြန်သူကတော့ ...
movie

Fullmetal Alchemist (2017)

2017