Channel Myanmar

Sahajak Boonthanakit

Mayhem! (2023) 6.3
Mayhem! (2023) Mayhem 2023 အညွှန်းဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ IMDB 6.3 ရရှိထားပြီး Rotten tomatoes မှာ 79% အထိရရှိထားတဲ့ The Raid တို့ John Wick တို့လိုမျိုး အက်ရှင်ကောင်းကောင်း Cinematography ကောင်းကောင်းလေးနဲ့ ၂၀၂၃ ကထွက်ရှိထားတဲ့ ပြင်သစ်-ထိုင်း အက်ရှင်ဇာတ်ကြမ်းလေးပဲဖြစ်ပါတယ်။ လက်ဝှေ့သမားဟောင်း ထောင်ထွက်ဖြစ်တဲ့ ဆမ်တစ်ယောက် ထောင်ထဲက ထွက်လာပြီးနောက် သမားရိုးကျရှာစားချင်ပြီး မိသားစုနဲ့အေးဆေးနေချင်တာပါ။ ဒါပေမဲ့လည်း ကံမကောင်းအကြောင်းမလှဘဲ အရင်က သူ့ရဲ့ဒုစရိုက်မှုတွေက သူ့ဆီတစ်ကျော့ပြန်လှည့်လာတဲ့အခါ… သမီးလေးဓားစာခံဖြစ်ခဲ့ရတော့ ဆမ်တစ်ယောက် ဘယ်လိုတွေများ ကလဲ့စားလိုက်ချေမလဲ။ ဘယ်လိုတွေ ဒီလောကကနေ ရုန်းထွက်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။အညွန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... Action, Crime, Drama Quality…. 1080p | 720p File size….. 1.8GB | 962MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Mayhem! (2023)

2023
Tekken 2: Kazuya’s Revenge (2014)
Tekken 2: Kazuya’s Revenge (2014) ဒီကားက​တော့ ပထမထွက်ခဲ့တဲ့Tekkenကားရဲ့ နံပါတ်နှစ်ကားပါ။ ဒုတိယကားဆို​ပေမဲ့ ပထမကားနဲ့ မဆိုင်​သလို ဇာတ်လမ်းကလည်း Live actionကားပီသစွာပဲ ပထမကား​ခြေရာကို နင်းနိုင်တဲ့အပြင် ပို​တောင်သာဦးမယ် ထင်ပါတယ်။ ဇာတ်လမ်းအစမှာ လူတစ်​ယောက်က အခန်းတစ်ခုထဲနိုးလာတယ်။ အဲဒီအချိန် ရဲ​တွေကဝင်ဖမ်းလို့ ထွက်​ပြေးရင်းကားတိုက်မိပြီး ​မေ့သွားတယ်။သတိရလာ​တော့ ဘုန်း​တော်ကြီးဆိုတဲ့ လူတစ်​ယောက်ဖမ်းထားတာကို ထပ်ခံရတယ်။ ဘုန်း​တော်ကြီးက နာမည်​မေး​တော့သူ့နာမည်သူမသိသလို သူ့ဘဝအ​​ကြောင်းကိုလည်း မမှတ်မိပါဘူး၊ ဒါနဲ့ပဲ ဘုန်း​တော်ကြီးက သူ့ကို "​ကေ"လို့ နာမည်​ပေးလိုက်ပြီး သူ့ရဲ့​ကြေးစားအလုပ်​တွေ လုပ်ခိုင်းပါ​တော့တယ်။ဘုန်း​တော်ကြီးဆိုတဲ့လူကလူ​ကောင်းမဟုတ်​​နေဘဲ ​​ပိုက်ဆံယူပြီး လူသတ်တဲ့အလုပ်ကိုအဖွဲ့အစည်းနဲ့ လုပ်​နေတာပါ။ အတိတ်​မေ့​နေတဲ့ ​ကေက ဘုန်းကြီးခိုင်းတဲ့ အလုပ်​​တွေလုပ်ပြီး လူ​တွေလိုက်သတ်ရင်း သူ့ဘဝအမှန်ကိုပြန်သတိရ​အောင်၊ ဘုန်း​တော်ကြီးရဲ့ ခိုင်းဖက်ဘဝက လွတ်​အောင်ကြိုးစားရပါ​တော့တယ်။ ​ကေရဲ့ဘဝအမှန်ကဘာလဲ၊ သူအတိတ်​မေ့​နေတဲ့ အ​​ကြောင်းရင်းကဘာလဲ၊ သူ့ကိုဖမ်းဆီးထားတဲ့ ဘုန်း​တော်ကြီးလက်က လွတ်​အောင်ဘယ်လိုကြိုးစားရမလဲဆိုတာ ဂိမ်းနာမည်မျက်နှာ ​ထောက်ထားပြီးကြည့်လိုက်ကြပါဦး။  File size…    1.2 GB /  694 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ..... ...
movie

Tekken 2: Kazuya’s Revenge (2014)

Karmalink (2022) 6.1
Karmalink (2022) Karmalink (2022)Sci-Fi, Mystery အမျိုးအစား ကမ္ဘောဒီးယားဇာတ်ကားတစ်ကားကို တင်ဆက်ပေးပါ့မယ်။ အတိတ်ဘဝကို အိပ်မက်တွေကနေ ပြန်မှတ်မိနေတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။အရင်ဘဝက ရတနာတစ်ခုကို တစ်နေရာမှာ မြှုပ်ထားခဲ့တယ်ဆိုပြီး ခဏခဏအိပ်မက်မက်နေတဲ့သူပါ။ တစ်နေ့ သူတို့ရပ်ကွက်နေရာမှာ ကျည်ဆံရထားလမ်း ဆောက်လုပ်မှာကြောင့် အိမ်ရာတွေရွှေ့ပေးဖို့ ဖိအားပေးခံလာရတဲ့အပြင် မိသားစုကလည်း စီးပွားရေးအဆင်မပြေတဲ့အခါမှာတော့ သူ့အိပ်မက်ထဲက ရတနာကို သူငယ်ချင်းတွေနဲ့အတူတူလိုက်ရှာဖို့ ကြိုးစားပါတော့တယ်။သူ့အတိတ်ဘဝက တကယ်ရှိခဲ့တာလား၊ သူ့အိပ်မက်ထဲကအတိုင်း အဲဒီရတနာကို တကယ်ရှာတွေ့ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုကြရအောင်ပါ။အညွန်းနဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Sci-fi, Drama Quality…. 1080p | 720p File size…  2.2GB | 1GB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron
movie

Karmalink (2022)

2022
Elephant White (2011)
Elephant White (2011)   ဒီဇာတ်လမ်းလေးရဲ့‌နေရာကတော့ဘန်ကောက်မြို့တော်ကြီး။အရောင်တလက်လက်နဲ့အဆောက်အဦးတွေရဲ့အောက်မှာကတော့လူတန်းစားမျိုးစုံကရှိနေကြတယ်။ ဘန်ကောက်ရဲ့နာမည်ကြီးညငှက်လေးတို့ရဲ့လောကကလည်းတခုအပါအ၀င်ပေါ့။ဒီညငှက်လေးတွေရဲ့နောက်က လိင်လုပ်သားလုပ်ငန်းတွေမူးယစ်ဆေးလုပ်ငန်းတွေ ကလေးသူငယ်လူကုန်ကူးမှုတွေဆိုတာခွဲခြားလို့မရနိုင်တဲ့အရာတွေပါပဲ။ ဒီလောကကြီးထဲကိုရောက်လာတာကတော့ကြေးစားလူသတ်သမားကာတီချက်ခ်ျ။ အလုပ်ရှင်ရဲ့ငှားရမ်းချက်အရ သူ့သမီးဖြစ်သူကိုဆေးစွဲအောင်လုပ်ပြီးခိုင်းစားနေတဲ့ ဂိုဏ်းအဖွဲ့တဖွဲ့ကလူတွေကိုသတ်ပေးဖို့။ ဒါပေမယ့် သူလုပ်ခဲ့တဲ့လုပ်ရပ်က ဂိုဏ်အဖွဲ့နှစ်ဖွဲ့ကြားပြဿနာတွေကိုပိုရှုပ်လာစေခဲ့တယ်။ အရင်ကမိတ်ဆွေလည်းဖြစ်အခုဘန်ကောက်မှာ ကလပ်ဖွင့်နေတဲ့ ဂျင်မီဆိုတဲ့လူရဲ့အကူအညီနဲ့ဒီအဖွဲ့‌တွေကိုဖြေရှင်းဖို့ကြိုးစားနေချိန်မှာသူ့ဆီဘယ်လိုလိုက်လာမှန်းမသိတာက မေး ဆိုတဲ့ထိုင်းသူလေး။ သူရှင်းခဲ့တဲ့ နေရာကနေဘယ်လိုလိုက်လာမှန်းလဲမသိ ဒီလူကုန်ကူးတဲ့ပြည့်တန်ဆာဂိုဏ်းနဲ့လည်းပတ်သက်နေပုံရတဲ့ဒီကောင်မလေးကိုပါ ကာတီတယောက်ကာကွယ်ပေးဖို့ဖြစ်လာခဲ့ပါတယ်။ အဖွဲ့နှစ်ဖွဲ့ကြားမှာ ပိတ်မိနေတဲ့ကာတီတယောက် ဒီအဖွဲ့တွေကိုရောတားဆီးနိုင်ပါ့မလား။မေးဆိုတဲ့ကောင်မလေးရဲ့ဇာတ်လမ်းကရောဘာလဲ။ သူ့ကိုငှားခဲ့တဲ့အလုပ်ရှင်ဆိုတာရဲ့ အစစ်အမှန်ကရောဘာလဲ။ အဆုံးမှာဘာတွေဖြစ်သွားမလဲဆိုတာကိုရှူစားပေးကြပါဦး  File size…1.64GB / 724MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ..... Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Elephant White (2011)

Inhuman Kiss (2019) 7.4
Inhuman Kiss (2019) ရွာလေး တစ်ရွာမှာပေါ့ဆိုင် ၊ နွိုင် ၊ ဂျက် ၊ ထင်း ဆိုတဲ့သူငယ်ချင်း ၄ ယောက် ရှိကြတယ်အဲ့ဒီထဲကမှ သရဲ မကြောက်တက်တဲ့ ဂျက် နဲ့ ဆိုင် တို့က ဦးဆောင်ပြီးသရဲ ခြောက်လှပါတယ်ဆိုတဲ့ ရွာအပြင်ကအိမ်ပျက်ကြီးမှာ တူတူပုန်းတမ်း သွားဆော့ကြတယ် အဲ့ဒီအိမ်ပျက်ကြီးက ရာဇဝင် နဲ့ လူတွေ ဝေးဝေးကရှောင်ကြတယ်ကရာစီ လို့ ခေါ်တဲ့ ခေါင်းပြတ်သရဲမ ကျတ်စားတဲ့နေရာလို့ လူတွေက ပြောကြတာပါပဲ... အဲ့ဒီအိမ်ထဲက အခန်းတစ်ခုမှာ ကရာစီ(ခေါင်းပြတ်သရဲမ) ကိုသေတ္တာတစ်ခု နဲ့ ချူပ်နှောင်ထားတယ်လို့ ပုံပြင်တွေ ရှိခဲ့တယ်... တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုင် ဆိုတဲ့ ကောင်မလေးကအဲ့ဒီ သေတ္တာကို မထင်မှတ်ပဲ ရှာတွေ့သွားခဲ့တယ်.... ဒါပေမဲ့ ကရာစီ ကတော့ ရှိမနေပါဘူး... ဒီလို နဲ့ ဆိုင် အပျိုပေါက် အရွယ်ဖြစ်လာတဲ့အခါရွာမှာ ဂျက် ၊ ထင်း တို့ သူငယ်ချင်းတွေသာရှိတော့ပြီး နွိုင်း ကတော့ ဘန်ကောက်မှာ ကျောင်းတက်နေခဲ့တယ်....ဘန်ကောက်မှာ စစ်ဖြစ်နေပြီး ...
movie

Inhuman Kiss (2019)

2019
Thirteen Lives (2022) 7.9
Thirteen Lives (2022) Thirteen Lives (2022)~ IMDb - 7.9/10, Rotten Tomatoes - 88% ~"Directed by Ron Howard"ထိုင်းမှာ ကလေး ၁၂ယောက်နဲ့ ဘောလုံးနည်းပြတစ်ယောက် ဂူထဲပိတ်မိတဲ့ သတင်းဟာ ဟိုးတုန်းက ဟိုးလေးတကျော်ပေါ့။ အဲဒီထဲ ရှမ်းအမေ မြန်မာနိုင်ငံသူရဲ့ ကလေးတောင်ပါပါတယ်။ ပထမဆယ်ရက်ထိ သူတို့ဆီမှာ ဘာစားစရာ ဘာရေမှ မရှိဘဲ ကယ်ဆယ်ရေးတွေရောက်တဲ့အထိ ရှင်အောင်နေနေခဲ့ကြတဲ့ စိတ်ရောကိုယ်ပါ သန်မာတဲ့ကလေး ၁၂ယောက်နဲ့ နည်းပြတစ်ယောက်ရဲ့အဖြစ်ကို ရှေ့နှစ်မှာ ဒိုကူမန်ထရီတစ်ကားထွက်ခဲ့ပြီး အဲဒီအရင်လည်းတစ်ကားထွက်ဖူးပေမဲ့ ဒီနေ့တစ်ရက်တည်းတင် နောက်၂ကားထွက်လာပါတယ်။ သို့ပေမဲ့ ဒီရုပ်ရှင်ကတော့ မတူပါဘူး။ မတူဆို ဒါရိုက်တာက စပြောရမှာပဲ။ဒါရိုက်တာက ရွန်ဟောင်းဝတ်။ 2001 မှာထွက်ခဲ့တဲ့ A Beautiful Mind ရုပ်ရှင်နဲ့ Best Picture, Best Director အပါအဝင် တခြားဆုတွေ ...
movie

Thirteen Lives (2022)

2022
Cracked (2022) 5.2
Cracked (2022) Cracked (2022)ထင်မ် အဖြစ် Nichkhun ရုကျ အဖြစ် Pat Chayanit ရေချယ် အဖြစ် Nina Nutthatchaဇာတ်လမ်းအကျဉ်းရုကျက အကြောင်းအရင်းတစ်ခုကြောင့် မွေးရပ်မြေချင်းမိုင်ကနေ နယူးယောက်မှာ သမီးဖြစ်သူ ရေချယ်နဲ့ နှစ်ဦးတည်းနေထိုင်နေသူတစ်ယောက်ဖြစ်ပါတယ် တစ်ရက် သမီးဖြစ်သူ ရေချယ်က မျက်စိပြဿနာတစ်ခုကြောင့် ကောင်းကောင်းမမြင်ရဘဲ ခွဲစိတ်မှုပြုလုပ်ဖို့ငွေလိုအပ်လာပါတော့တယ် ဒီအချိန်မှာပဲ ရုကျရဲ့ဖခင် သေဆုံးပြီမို့ မွေးရပ်မြေချင်းမိုင်ကိုပြန်လာဖို့ ဖခင်​ဖြစ်သူရဲ့သူငယ်ချင်းဝိချိုင်က ခေါ်ခဲ့တာမို့ ပြန်လာခဲ့ရပါတော့တယ် ချင်းမိုင်ကိုရောက်တော့ ဝိချိုင်က ရုကျရဲ့ဖခင်ပကွန်ရေးဆွဲခဲ့တဲ့ပန်းချီကားနှစ်ကားကို သန်းချီပေးပြီးဝယ်ချင်သူရှိကြောင်းပြောတာမို့ သမီးဖြစ်သူရဲ့ခွဲစိတ်မှုအတွက် ရုကျက ရောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ် ပန်းချီကားတွေမှာ အက်ရာတွေရှိ​နေတာမို့ မရောင်းခင် ပြုပြင်ထိန်းသိမ်းဖို့ ဝိချိုင်က သားဖြစ်သူ ထင်မ်ကိုအပ်ခဲ့ပါတယ်ရုကျအနေနဲ့ ဘာလို့ ဖခင်ဖြစ်သူပကွန်ကို ဘာလို့မုန်းတီးပြီး မွေးရပ်မြေကနေထွက်သွားရတာလဲ ပန်းချီကားတွေနဲ့စတူဒီယိုကိုရော ရုကျက ဘာလို့ကြောက်ရွံ့နေရတာလဲ ပန်းချီကားကို ပထမအကြိမ်ရောင်းချခဲ့စဥ်က သေဆုံးမှုတွေဘာလို့ဖြစ်ခဲ့ရတာလဲ ပန်းချီဆရာပကွန် ၊ ရုကျနဲ့ ဒီစတူဒီယိုကြီးမှာ ဘာအဖြစ်ဆိုးတွေဖြစ်ခဲ့တာလဲဆိုတာကို စိတ်လှုပ်ရှားမှုများစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyi Nue Zin ပဲ ဖြစ်ပါတယ်Genre.....Horror, Thriller Quality…. 1080p | 720p | ...
movie

Cracked (2022)

2022
Laddaland (2011) 6.2
Laddaland (2011)  ထီဆိုတဲ့သူဟာ သူ့ယောက္ခမအထင်သေးပြောဆိုမှုတွေကိုမခံနိုင်တဲ့အတွက် လတ်ဒါလန်အိမ်ရာက အိမ်တစ်အိမ်ကိုအရစ်ကျနဲ့ပေးဝယ်ခဲ့ပါတယ်ဘန်ကောက်ကနေ လတ်ဒါလန်ကို ပြောင်းရွှေ့ပြီး သူတို့အိမ်ပိုင်တစ်လုံးရှိရင် သူတို့မိသားစုပျော်ရွှင်ကြမယ်လို့ထင်ခဲ့ပေမဲ့ ထီထင်သလို မဖြစ်ခဲ့ပါဘူးတစ်နေ့မှာ သူတို့အိမ်နားက အိမ်တစ်အိမ်မှာအမျိုးသမီးတယောက်သေဆုံးပြီးနောက်ပိုင်း အခြေနေတွေကပိုပိုဆိုးလာပြီး ခြောက်ခြားစရာတွေဖြစ်လာပါတော့တယ်...လူတိုင်းက အဲ့ဒီအိမ်မှာသရဲရှိတယ်လို့ပြောနေကြပေမဲ့ ထီကတော့ သူတို့ရဲ့ ပထမဆုံးပိုင်ဆိုင်ရတဲ့ အိမ်လေးမို့ မယုံခဲ့ပါဘူးအဲ့ဒီအိမ်မှာသရဲတကယ်ရှိရဲ့လား...လတ်ဒါလန်အိမ်ရာမှာရော ဘယ်လိုခြောက်ခြားစရာဖြစ်ရပ်တွေကြုံရဦးမလဲဆိုတာ ဇာတ်ကားမှာကြည့်ရှူလိုက်ရအောင်နော် ။ဒီကားထဲမှာတော့ May Who ဆိုတဲ့ထိုင်းကားထဲက မင်းသမီးချော Sutatta Udomsilp ပါ၀င်ထားပြီး ဒီကားနဲ့ Best Supporting Actress ဆုကို ရရှိခဲ့ပါတယ် ။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Nang Mwe Kham ပါ )File Size__(2GB) / (970MB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:52:00 Type__Drama, Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung ...
movie

Laddaland (2011)

AI Love You (2022)
AI Love You (2022) AI Love You (2022)ဒေါ့ပ် / ပေါ့ပ် အဖြစ် Mario Maurer လာန အဖြစ် Baifern Pimchanokဇာတ်လမ်းအကျဥ်းယနေ့ခေတ်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူသားတွေဟာ စက်ရုပ်တွေကို အစားထိုးသုံးလာခဲ့ကြတယ် နေထိုင်ရာ အဆောက်အဦးတွေကအစ AI အစားထိုးသုံးလာပြီး "လာန" အလုပ်လုပ်နေတဲ့ အဆောက်အဦးလည်း အပါအဝင်ပေါ့ - "လာန" က ကြော်ငြာဌာနရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး AI ဖြစ်တဲ့ "ဒေါ့ပ်" နဲ့ ခင်မင်နေတဲ့ လူသားတစ်ယောက်ပါ - "​ဒေါ့ပ်" တစ်ယောက် "လာန" အခက်အခဲတွေနဲ့ ချစ်သူတစ်ယောက်လိုချင်တာတွေကို နားထောင်ဖြေရှင်းပေးရာက အချစ်စိတ်တွေ ပေါက်ဖွားလာပြီး system error တက်လာခဲ့တော့တယ် - "ဒေါ့ပ်"ကို ပြုပြင်ဖို့ ဗဟိုထိန်းချုပ်ဌာနက နည်းပညာရှင် "ပေါ့ပ်"ကို စေလွှတ်ခဲ့ပါတယ် - "လာန" ပါဝင်တဲ့ မှတ်ဥာဏ်တွေကို "ပေါ့ပ်" တစ်ယောက်ဖျက်​ဆီးဖို့ကြိုးစားရင်း ရှော့ခ်ဖြစ်ပြီး AI ဖြစ်တဲ့ ...
movie

AI Love You (2022)

2022
Tremors: Shrieker Island (2020) 5.5
Tremors: Shrieker Island (2020) ဒီတစ်ခါကြည့်ရှုရမှာက​တော့ Tremors Franchise ရဲ့ ၂၀၂၀မှာ ​အောက်တိုဘာမှာ ထွက်ရှိထားတဲ့ ၇ကား​မြောက် Shrieker Island ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းက​တော့ အမဲလိုက်ဝါသနာထုံတဲ့ ဇီဝပညာရှင် တစ်ဖြစ်လဲ ​အေဗက်စ်ဇီဝရဲ့ သူ​ဌေး ​ဘေလ်က သူ့ရဲ့ ကိုယ်ပိုင်ကျွန်း​ပေါ်မှာ မြုံ​​နေတဲ့ ဂရာဘွိုက်ဥ​တွေကို တစ်ကိုယ်​ကောင်းဆန်စွာ သား​ဖောက်ခဲ့တဲ့ အပြင် အမဲလိုက်စွမ်းရည်မြင့်​စေတဲ့ ဗီဇကိုပါ ​ပြောင်းလဲလိုက်ပါ​သေးတယ် ချမ်းသာတဲ့ လူတချို့နဲ့ သား​ဖောက်ထားတဲ့ ဂရာဘွိုက်​တွေကို အ​မှောင်ကျွန်း​ပေါ်လွှတ်​ပေးပြီး အမဲလိုက်ပါတီကို ​ပျော်​ပျော်ကြီး ဆင်နွှဲ​နေခဲ့ကြပါတယ် ​ဘေလ် မသိလိုက်တာက​တော့ ဗီဇ​ပြောင်းဂရာဘွိုက်​တွေဟာ ရှရစ်ကာ လို့​ခေါ်တဲ့ သားရဲ​ကောင်​တွေကို ​ပေါက်ဖွားပေးနိုင်တယ် ဆိုတာပါပဲဒီအဖြစ်​တွေကို ရိပ်မိသွားတဲ့ တစ်ဖက်ကျွန်း​ပေါ်က သု​တေသီ ​​ဒေါက်တာဝယ်လ်ကာ က ဂရာဘွိုက် ​လောကက​နေ အနားယူ တစ်ကိုယ်ထဲ ​နေ​နေတဲ့ ဘာ့တ်ဂန်မာကို ​​ခေါ်​ဆောင်​ပေးဖို့ လုပ်​ဖော်ကိုင်ဘက် ဂျင်မီကို အကူအညီ​တောင်းရပါ​တော့တယ် ဒဏ္ဍာရီလာ ဘာ့တ်ဂန်မာ က​တော့ ယခုတစ်ခါမှာလည်း ဂရာဘွိုက်လို့ ​ခေါ်တဲ့ ...
movie

Tremors: Shrieker Island (2020)

One Night in Bangkok (2020) 4.5
One Night in Bangkok (2020) ကိုင် ဆိုတဲ့လူဟာ စစ်တပ်ထွက် ပင်စင်စားတစ်ယောက်ဖြစ်ပြီးမကြာသေးခင်ကမှ သမီးဖြစ်သူနဲ့ သူတို့မိသားစုကိုယာဉ်တိုက်မှုတစ်ခုမှာ ဆုံးရှုံးလိုက်ရသူပါ ဒီလိုနဲ့ လအနည်းငယ်ကြာတဲ့အခါမှာ ကိုင်တစ်ယောက် ထိုင်းနိုင်ငံကိုရောက်ရှိလာပြီးဖာ လို့ခေါ်တဲ့အမျိုးသမီးလေးတစ်ဦး မောင်းတဲ့တက္ကစီကို ငှားပြီးတဲ့နောက်မှာနောက်ထပ်နေရာငါးနေရာကို ဆက်သွားဖို့ ကိုင်က ဖာကိုကမ်းလှမ်းပါတယ်ဖာက ကမ်းလှမ်းချက်ကို လက်ခံမှာလား ကိုင် မိသားစုရဲ့မတော်တဆမှုနဲ့ ဒီတက္ကစီယာဉ်မောင်းမလေးနဲ့ ဘယ်လိုပတ်သက်နေမလဲအဲ့ဒီနေရာငါးနေရာကရော ဘာ‌ကြောင့်သွားမှာလဲစသဖြင့် အကြောင်းအရာပေါင်းများစွာကို အက်ရှင်မင်းသားဟောင်းMark Dacascos သရုပ်ဆောင်တဲ့ One Night in Bangkok မှာ ပီပြင်စွာကြည့်ရှူရမှာ ဖြစ်ပါတယ် File Size : ( 980 MB , 361 MB) Quality : WEB Rip 720p Running Time : 1 hr 45 min Format ...
movie

One Night in Bangkok (2020)

Sergio(2020) 6.2
Sergio(2020) Sergio(2020)ဒီထဲကမင်းသားကြီးကိုတော့ Narcos ကြည့်သူတိုင်းရင်းနှီးကြမယ်ထင်ပါတယ်...ဒီဇာတ်လမ်းကတော့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဆာဂျီရို ဒီ မဲလ်လိုအကြောင်းကို ရိုက်ကူးထားတဲ့ အတ္ထုပတ္တိဇာတ်လမ်းပဲဖြစ်ပါတယ် ...ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဘရာဇီးလ်နိုင်ငံသား ဆာဂျီရိုဟာ သူ့ရဲ့ဇနီး ကုလသမဂ္ဂဝန်ထမ်း ကာရိုလီနာနဲ့ တည်ငြိမ်တဲ့ ဘဝတစ်ခုကို စတင်တော့မယ့်အချိန်မှာပဲ အီရတ်ကို လေးလကြာတာဝန်နဲ့ စေလွတ်ခြင်းခံခဲ့ရပါတယ်..အီရတ်ရှိ ကုလသမဂ္ဂရုံးချုပ် ဗုံးပေါက်ခွဲခံရမှုနဲ့အတူ ဆာဂျီရိုဟာ အပျက်အစီးများအောက် ပိတ်မိသွားတဲ့အချိန်မှာတော့အရာအားလုံးပြောင်းလဲသွားပါတော့တယ် ...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဒီဇာတ်လမ်းကတော့စစ်ရဲ့ ဆိုးကျိုးတွေကို ဒီဇာတ်လမ်းထဲမှာ သေချာသရုပ်ဖော်ထားတဲ့အပြင် စစ်ကို‌မုန်းသော်လည်း စစ်ပွဲကို တားဆီးဖို့ စစ်ပွဲကြားထဲရောက်နေရတဲ့ လူတစ်ယောက်ရဲ့ တည်ငြိမ်အေးချမ်းတဲ့ ဘဝတစ်ခုကို မျှော်လင့်နေရပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thithtoo Zaw ပဲဖြစ်ပါတယ်...  File Size : (950 MB) and (340 MB) Quality : WEB-DL 720p Format…mp4 Duration…01:58:00 Genre :  Drama Subtitle : Myanmar Subtitle (Hard ...
movie

Sergio(2020)

Gold(2016) 6.7
Gold(2016) Gold(2016) IMDb....6.7 စီးပွားရေးနဲ့သက်ဆိုင်တဲ့ကားတွေထဲမှာ ကြည့်ပြီးသလောက် ကျွန်တော့ရင်ထဲကို တစ်သသစွဲကျန်စေလောက်အောင်ကောင်းတဲ့ (၂)ကားရှိတယ်... ပထမ တစ်ကားကတော့ The Wolf of Wall Street (2013) ဖြစ်ပြီး ဒုတိယကားကတော့ ယ္ခု Gold(2016) ဆိုတဲ့ကားပါပဲ.... (၂)ကားလုံးဟာ ဖြစ်ရပ်မှန်ကို အခြေခံထားကြသလို  သရုပ်ဆောင်တွေကလည်း ဒိတ်ဒိတ်ကျဲမင်းသားတွေဖြစ်တဲ့ Leonardo  နဲ့ Matthew တို့ ကိုယ်စီသရုပ်ဆောင်ထားကြတယ်... Rating အနေအထားအရ The Wolf of Wall Street ကိုတော့မမှီနိုင်ပေမယ့် အဲ့ဒီကားနီးပါးကောင်းတယ်လို့တော့ ပြောလို့ရမယ်ထင်တယ်... ဒီကားအတွက် Matthew  ဟာ ကိုယ်အလေးချိန် ပေါင်(၄၀)တက်အောင်ပြုလုပ်ခဲ့ရတယ်...ဗိုက်ရွှဲရွှဲ အရက်တမြမြ  စစ်ကရက်မီးခိုးတစ်အူအူနဲ့ Matthew ကို အားမာန်ပါပါ ဒီကားထဲမှာတွေ့ရလိမ့်မယ်... ဇာတ်ကားအကြောင်းကိုနည်းနည်းသွားရအောင်.... ကန်နီဝဲလ်စ်ဆိုတဲ့သူတစ်ယောက်ပိုင်တဲ့  ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခုရှိတယ်.....ကန်နီတို့ ဘိုးဘွားစဉ်ဆက်ပိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်သလို သူကိုယ်တိုင်ကလည်း ဒီအလုပ်ကို ချစ်မြတ်နိုးတယ်...သို့ပေမယ့် ကန်နီလက်ထက်မှာ ကုမ္ပဏီက ကျရှုံးလုနီးပါးဖြစ်နေတယ်... ဒီလိုအခြေအနေမှာ ကုမ္ပဏီကိုပြန်အဖတ်ဆယ်ဖို့ ဘယ်သူမှမလုပ်ရဲတဲ့အလုပ်တစ်ခု လုပ်ဖို့သူဆုံးဖြတ်လိုက်တယ်... အဲ့ဒါကတော့ အင်ဒိုနီးရှာကိုသွားပြီး ရွှေကြောကြီးရှာဖို့ ဘုမိဗေဒပညာရှင်တစ်ယောက်နဲ့ ပေါင်းပြီး ရှာဖွေဖို့ စွန့်စားခဲ့ပါတော့တယ်... ဒီရှာဖွေဖို့အတွက် ရှိသမျှစည်းစိမ်ပုံအောရသလို သူပူးပေါင်းတဲ့ ဘူမိဗေဒပညာရှင်ပြောဆိုတဲ့ ရွှေတူးဖို့နေရာကလည်း တခြားပညာရှင်တွေအားလုံးက ငြင်းပယ်ထားတဲ့ နေရာကြီးဖြစ်နေပါတယ်.. ကိုင်းရွှေကြောကြီးကိုတွေ့မလား.....သူအောင်မြင်မလား.... ခေါင်းပုံဖြတ်ချင်တဲ့ကုမ္ပဏီကြီးတွေကရော ကန်ကို ဘယ်လိုတွေဖိအားပေးမလဲ.... ကိုင်းခံစားကြည့်လိုက်ပါဦး.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်... File Size : (958 MB) and (386 MB) Quality : ...
movie

Gold(2016)

2016
All I See Is You (2016) 5.4
All I See Is You (2016) All I See Is You (2016)_____IMDb - 5.4/10     ဂျီနာဆိုတဲ့ မိန်းကလေးက မတော်တဆမှုကြောင့် မျက်စိကွယ်ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ပါ။ သူ့ယောက်ျားဂျိမ်းစ်နဲ့အတူ ဘန်ကောက်မှာနေတာဖြစ်ပြီး ဂျိမ်းစ်ရဲ့စိတ်ရှည်သည်းခံစောင့်ရှောက်မှုတွေကြောင့် မျက်စိပြန်မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ ဂျီနာမျက်စိပြန်မြင်တဲ့အချိန်မှာတော့ သူ့ရဲ့ လွတ်လပ်မှုတွေက ဂျိမ်းစ်ကို သဝန်တိုမှုတွေဖြစ်စေခဲ့ပါတော့တယ်။ တချိန်လုံးသူ့ဘေးမှာပဲ သူ့ကိုအားကိုးပြီးနေခဲ့ရတဲ့ မိန်းမ မျက်စိမြင်ပြီး လောကကြီးထဲ ပုံမှန်နေထိုင်ဖို့ကြိုးစားချိန်မှာ ယောက်ျားတစ်ယောက်အနေနဲ့ မိန်းမကိုဆုံးရှုံးရမှာ ကြောက်နေပုံကို ဒရမ်မာဆန်ဆန်ရိုက်ကူးထားတာဖြစ်လို့ ဒရမ်မာပရိသတ်တွေအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါလို့ ညွှန်းလိုက်ပါရစေ……..   (ဘာသာပြန်သူကတော့ မေသူရလွင်ပါ)     File Size : (900 MB) Quality : Blu-Ray 720p Running Time : 1h 49min  Format : Mp4 Genre : Drama, Mystery, Romance Subtitle : Myanmar Subtitle (Hard Sub) Source :LIMITED.720p.BluRay.x264-DRONES Translated by May Thura Lwin Encoded by Thanhtike Zaw
movie

All I See Is You (2016)

2016
Skin Trade (2014) 5.7
Skin Trade (2014)  ဗစ်တာ ဒရာဂိုဗစ် ဆိုတဲ့ ဆာ့ဗ် လူမျိုး တစ်ယောက်ရှိတယ် ။ အရင်တုန်းက သူက ဆားဗီးယားနိုင်ငံသား အခုတော့ သူက ရုရှားနိုင်ငံသား ဖြစ်နေပြီ ။ သူ့ကိုယ်ပိုင် စီးပွားရေးက အရှေ့ဥပရောပနဲ့ အာရှမှာ လောင်းကစားရုံနဲ့ ဟိုတယ်တွေ ပိုင်ဆိုင်တယ် ။ဒါပေမယ့် နောက်ကွယ်က  သူ့အဓိက စီးပွားရေးက လူကုန်ကူးတာပဲဖြစ်တယ် ။ ဒရာဂိုဗစ်က အရှေ့တောင် အာရှက ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ပြန်ပေးဆွဲတယ် ။ ပြီးတော့ သူက အဲဒိမိန်းကလေးတွေကို ဥရောပကို သယ်လာပြီး ကမ္ဘ္ဘာအနှံ့ကို ရောင်းချတယ် ။ ဒရာဂိုဗစ်ဟာ အဲဒိလုပ်ငန်းကနေ တစ်နှစ်ကို ဒေါ်လာသန်းချီ ဝင်နေတယ် ။ဒီလို လူကုန်ကူးမှုကို အမေရီကန်ကလည်း တားဆီးချင်တယ် ။ ထိုင်း ၊ လာအို ၊ ကမ္ဘောဒီးယားတို့ကလည်း တားဆီးချင်ကြတယ် ။ ထိုင်းရဲ အမေရီကန် FBI ...
movie

Skin Trade (2014)

2014
No Escape (2015) 6.8
No Escape (2015) သရဲကားတွေ ဟာသကားတွေ ရိုမတ်တစ်ကားတွေ ကြည့်ပြီး ပျင်းနေကြပြီလားဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ မပျင်းရဘူး အသည်းတထိတ်ထိတ် နဲ့ ကြည့်ရမယ့် အက်ရှင်ဇာတ်ကားပါဇာတ်လမ်းနာမည်ကတော့ "No Escape" ပါအညွှန်းလေးဖတ်ကြည့်ဦးနော်..ဇာတ်လမ်းအကြောင်းအရာကတော့ အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ ဂျက် ဟာ သူ့မိသားစုနဲ့ အတူ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံ ကို ရေသိုလှောင်ရေး စီမံကိန်း အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့ပါတယ်... အဲ့နိုင်ငံ လဲ ရောက်ရော အမေရိကန် လူမျိုးတွေ အပေါ်မကျေမနပ် ဖြစ်နေတဲ့ လူအုပ်စုရဲ့ တိုက်ခိုက်မှုကို ဂျက်တို့ မိသားစု ပတ်ပင်းတိုးခဲ့ပါတယ် ဂျက် နဲ့ သူ့မိသားစု ဟာ escape မရနိုင်ဘဲ သူများနိုင်ငံမှာ အတော် ဒုက္ခရောက်ခဲ့ပါတယ် ဇာတ်လမ်းခေါင်းစဉ် No escape ဆိုတဲ့ အတိုင်းဘဲ လွတ်မြောက်ဖို့ တကယ် ခက်တာပါ အသတ်ခံရမယ့် ဘေးကနေ လွတ်အောင် ကြိုးစားတာတွေကို ရင်တထိတ်ထိတ် နဲ့ကြည့်ရှူရမယ့် အက်ရှင်ဇာတ်လမ်းပါ ဒီဇာတ်ကားကို ကမ္ဘောဒီးယားနိုင်ငံ ...
movie

No Escape (2015)

2015
The Lady (2011) 7.1
The Lady (2011) The Lady (2011) ********************************(သံမဏိလိပ်ပြာ)IMDB (7.1)Google users 81% ဇာတ်လမ်းအကျဉ်း ——————– ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဂဠုန်ဦးစော ကလုပ်ကြံ သတ်ဖြတ်တဲ့ နေရာကနေစပြီးတော့ အခြေတည်ထားပါတယ်။ ထိုစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်မှာ ၂နှစ်အရွယ် သမီးလေးအဖြစ်သာရှိနေပါသေးတယ်။အသက်အရွယ်ရလာတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အင်္ဂလန်မှာပဲ အခြေကျပြီးတော့ Michael Aris (Oxford ကဆရာ) နဲ့ အိမ်ထောင်ကျပါတယ်။ သား၂ယောက်ထွန်းကားပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဒေါ်စု အမေ ဒေါ်ခင်ကြည်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ဒေါ်စု ပြန်လာတဲ့အခိုက် မှာ ၁၉၈၈ အရေးအခင်းနဲ့ကြုံရပြီးတော့…..မြန်မာ့ဒီမိုကရေစီလမ်းကြောင်းအတွက် သူမရဲ့ဘဝတစ်ခုလုံးကိုရင်းနှီးမြှပ်နှံထားပုံတွေကို သမိုင်းပေါ်အခြေခံလို့ ကြည့်ရှုရမယ့် Biographical Film ဖြစ်ပါတယ်။Review CrdFile Size : (GB) and (1.3 GB) Quality : Blu-Ray 1080p Format…mp4 Duration… 2h 12min Genre : Biography, Drama, History Subtitle : Myanmar ...
movie

The Lady (2011)

2011