Channel Myanmar

Salem Murphy

The Other Zoey (2023)
The Other Zoey (2023)  ဇိုဝီ မီလာ (Josephine Langford) ကတော့ နည်းပညာဂျပိုးမ‌လေးတစ်ယောက်ဖြစ်ပြီး စိတ်ကူးယဉ်ဆန်တဲ့ ချစ်ခြင်းတွေကိုမယုံကြည်ဘဲ ကိန်းဂဏန်းတွေ၊ ဒေတာတွေကိုအခြေခံပြီး အယ်ဂိုရီသမ်နဲ့တွက်ချက်ထားတဲ့ လိုက်ဖက်ညီမှုအပေါ်မှာသာ ယုံကြည်တဲ့သူတစ်ယောက်ပါ။တစ်နေ့မှာ သူတို့ကျောင်းဘောလုံးအသင်းရဲ့ ကပ္ပတိန်ဖြစ်သူ ဇက်ခ် မက်ကလဲရန် (Drew Starkey) ကိုယာယီအတိတ်မေ့သွားအောင် မတော်တဆ လုပ်လိုက်မိသလိုဖြစ်သွားခဲ့ပြီး ဇိုဝီ မီလာကို သူ့ရဲ့ ကောင်မလေး ဇိုဝီ ဝေါလေ့စ်အဖြစ် ထင်သွားခဲ့ပါတယ်။ ဖြစ်ချင်တော့ ဟောပြောပွဲတစ်ခုမှာတွေ့မိပြီးသူနဲ့ လိုက်ဖက်ညီနိုင်စွမ်းမြင့်တာမလို့ ဇိုဝီသဘောကျနေတဲ့ မိုင်းစ် (Archie Renaux) ဆိုတဲ့ နည်းပညာဂျပိုးကလည်း ဇက်ခ်တို့အိမ်ကို ပိတ်ရက်အလည်ရောက်နေတဲ့ အစ်ကိုဝမ်းကွဲဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဇိုဝီလည်း မထူးဇာတ်ခင်းပြီး ဇိုဝီ ဝေါလေ့စ်အဖြစ် ဆက်ဟန်ဆောင်ခဲ့ရင်း ဇက်ခ်တို့မိသားစုနဲ့အတူ နှင်းလျောစီးခရီးထွက်ဖို့ လိုက်လာခဲ့ပါတော့တယ်။စိတ်ကူးယဉ်ဆန်တဲ့ အချစ်ကို အယုံအကြည်မရှိတဲ့ ဇိုဝီ မီလာ တစ်ယောက် ဇက်ခ်တို့မိသားစုနဲ့အတူ နှင်းလျောစီးခရီးထွက်ပြီး မိုင်းစ်နဲ့နီးစပ်အောင်လုပ်နေရင်း သူ့ဘဝကြီးဘယ်လိုဖြစ်လာမလဲ၊ သူတစ်သက်လုံးယုံကြည်လာခဲ့တဲ့ ...
movie

The Other Zoey (2023)

Never Rarely Sometimes Always (2020) 7.3
Never Rarely Sometimes Always (2020) [Unicode] Never, Rarely, Sometimes,Always (2020) ========================= IMdb Rating - 7.3/10 ဒီရုပ်ရှင်ဟာ ထူးခြားမှုတစ်စုံတရာမရှိပေမယ့် ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ မြင်နေကြပြဿနာ တစ်ခုအတွက် ကာကာကွယ်ကွယ်ပြောရရင် တစ်ချို့အတွက်တော ဘာမှန်းမသိဘဲ ပြီးသွားတဲ့ကားသက်သက်ဖြစ်မှာပါ။ IMdb ratingဟာ ခင်ဗျားသွားပေးလည်းရတဲ့ ratingတစ်ခုဆိုတော့ IMDb ratingမဆိုးတာကို အသာဖယ်လိုက်ပါဦး။ ကမ္ဘာ့စိတ်အချရဆုံး ratingလို့ပြောကြတဲ့ Rotten Tomatoesရဲ့ criticတွေပေးတဲ့ Tomatoers rating ၉၉ရှိပါတယ်။ ဒီလောက်ဆို ကျွန်တော်ညွှန်းစရာတောင်မလိုပါဘူး။ ရုပ်ရှင်ကောင်းဆိုတာ သိသာပါတယ်။ တစ်ခုရှိတာကတော့ Audience Ratingကတော့ ၂၀ပဲရှိပါတယ် ။ ဆိုလိုတာကတော့ လူတိုင်းကြိုက်မယ့်ကား မဟုတ်ပါဘူး။ ကောင်းတယ်ညွှန်းလို့ Downမိတာ မကောင်းဘူးပြောမယ့်သူတွေ ကြိုက်မယ့်ကားမျိုးမဟုတ်ပါဘူး။ The New Yokerမှာတောင် ဒီရုပ်ရှင်အကြောင်း ဆောင်းပါးတစ်ခုတ်တရရေးထားပါတယ်။ ရုပ်ရှင်တစ်ကားရဲ့ ကောင်းခြင်းမ‌ကောင်းခြင်းက ကြည့်ရှုသူရဲ့ ခံစားမှုအကျယ်အပြောနဲ့ တိုက်ရိုက် အချိူးကျပါတယ်။ ဒီရုပ်ရှင်ရဲ့ အကြောင်းအရာနဲ့ တင်ဆက်ပြသပုံဟာ အင်မတန်ရိုးရှင်းပြီး သရုပ်မှန်ဆန်ပါတယ်။ မြင်နေကျပြဿနာ တစ်ခုကိုပဲ တင်ပြထားတာပါ။ ခေတ်အဆက်ဆက်ပြဿနာဖြစ်တဲ့ လိင်မှုရေးရာနဲ့ အမျိုးသမီးတွေရဲ့ အနိုင်ကျင့်ခံရမှုတွေ လစဉ်ဓမ္မတာဝေဒနာတွေ၊ ကိုယ်ဝန်နဲ့ပက်သက်တဲ့ ဝေဒနာတွေအကြောင်းပါပဲ။ စစ်တမ်းကောက်ချက်အရတော့ အမျိူးသမီးထုရဲ့ ...
movie

Never Rarely Sometimes Always (2020)

2020
Abe(2019) 6.3
Abe(2019) Abe(2019)မတူကွဲပြားမှုတွေကို တူညီတာလေးတစ်ချက်နဲ့ ပေါင်းစည်းသွားဖို့ ကြိုးစားခဲ့တဲ့ အေ့ဘ်...သူ့ကိုလူတွေက အေဗရာဟင်လို့လည်းခေါ်တယ် အီဗရာဟမ် အာဗီ စတဲ့နာမည်အမျိုးမျိုးခေါ်ကြတယ်။ဒါပေမယ့် သူကတော့ ဟင်းချက်ဝါသနာပါတဲ့ ၁၂နှစ်အရွယ်ကောင်လေး အေ့ဘ်ပါပဲ။အမေဘက်က ဂျူး အဖေဘက်က မူစလင်ဖြစ်နေတဲ့မိသားစုမှာ ခဏခဏပဋိပက္ခတွေလည်းဖြစ်နေကြပါ။၁၂အရွယ်ကလေးတစ်ယောက်အဖို့ မိသားစုအလိုကျ လိုက်နေပေးရင်း နှစ်ဖက်လုံးအတွက်အဆင်ပြေတာကိုရှာဖွေနေခဲ့တာပါ။စားစရာတစ်ခုကိုတောင် အမြင်ကွဲလွဲတဲ့ဒီမိသားစုမှာ သူပါရမီပါတဲ့ အချက်အပြုတ်ဝါသနာကို ဘယ်လိုအသုံးချပြီးပေါင်းစည်းဖို့ကြိုးစားမလဲ?ဘာတွေဘယ်လိုဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးပါ။ရယ်လည်းရယ်ရတဲ့ကားလေးဆိုတော့ အဆုံးထိမငြီးမငွေ့ကြည့်ရှုရမှာပါ။ဟင်းချက်ဝါသနာရှင်တွေအတွက်လည်း အကြိုက်တွေ့စေမှာပါ။Rating တွေအနေကလည်း Rotten Tomatoes 72% Imdb Rating 6.2 တောင်ရရှိထားတာမလို့ကောင်းကြောင်းကိုအထွေအထူးမညွှန်းတော့ပဲ ကိုယ်တိုင်ကြည့်ရှုခံစားဖို့တိုက်တွန်းလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်...   File Size : (795 MB) and (450MB) Quality : WEB-DL  720p Format…mp4 Duration…01:30:00 Genre : Comedy , Drama, Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Abe(2019)