Channel Myanmar

Sam Hazeldine

Dead Mine (2012)
Dead Mine (2012) Dead Mine (2012) Genre – Action, Horror အင်ဒိုနီးရှားကျွန်းစွယ် တောနက်နက်ထဲကို လူတစ်စုစူးစမ်းရှာဖွေလျက် ရှိပါတယ်။လက်နက်ကိုင် ကြေးစားစစ်သည်တွေလည်း ပါဝင်သလိုပညာရှင်တွေလည်း ပါဝင်ပြီး ဘယ်လိုမျိုးအရာကိုလိုက်လံရှာဖွေနေတယ်ဆိုတာ ပညာရှင်တွေကလွဲပြီးဘယ်သူမှ မသိနိုင်ပါဘူး။ ဒီလိုနဲ့ ရှာဖွေနေစဉ်မှာပဲ ပင်လယ်ဓားပြအုပ်စုနဲ့တွေ့ပြီး တိုက်ခိုက်ရာကနေ မိုင်းတွင်းအဟောင်းကြီးတစ်ခုထဲကိုထွက်ပြေးခဲ့လိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ ဒီမိုင်းတွင်းကြီးဟာ ဒုတိယကမ္ဘာစစ်တုန်းကဂျပန်စစ်တပ်တွေ တပ်စွဲခဲ့တဲ့နေရာတစ်ခု ဖြစ်နေပြီးနောက်ကွယ်မှာကတော့ သာမန်တပ်စွဲသလောက်ထက်ကျော်လွန်ပြီး ထူးခြားဆန်းကြယ်မှုတွေ ရှိတဲ့နေရာ ဖြစ်လို့နေပါတယ်။ အဲဒီအခါကျမှ ပညာရှင်တွေဖက်ကနေ ဒီစူးစမ်းလေ့လာရေး ခရီးစဉ်ရဲ့ ရည်ရွယ်ချက်အမှန် ထွက်ရှိလာပြီး မိုင်းတွင်းထဲက မမျှော်လင့်ထားတာတွေ ဖြစ်ပျက်ခဲ့တဲ့ အချိန်မှာတော့ တစ်အုပ်စုလုံး အသက်ရှင်သန်ဖို့ ကြိုးစားရုန်းကန်ပြီး ရှာဖွေနေတာတွေလည်း တွေ့မလားဆိုတာ ကြည့်ရမယ့်ရုပ်ရှင်လေး ဖြစ်ပါတယ်။ ခုနောက်ပိုင်း နာမည်ကြီးလာတဲ့ အင်ဒိုနီးရှားမင်းသား Joe Taslim တောင် အရန်နေရာက သရုပ်ဆောင်ထားပါသေးတယ်။ File size…    1.4 GB /  703 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ..... Horror/Thriller Subtitle…. ...
movie

Dead Mine (2012)

Weekender (2011) 5.5
Weekender (2011) Weekender (2011)2011 ကထွက်ရှိခဲ့တဲ့ Weekender ဇာတ်ကားလေးကတော့ ၉၀ပြည့်နှစ်အစောပိုင်းကာလ ကို အခြေတည်ပြီးတော့ Rave တွေ ဘယ်လိုစဖြစ်တည်လာတာကို တစေ့တစောင့် ပြထားပါတယ်။ပါတီနွှဲရတာ၀ါသနာပါကြပြီး ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းရတာကြိုက်တဲ့ မက်နဲ့ ဒီလန် တို့ သူငယ်ချင်း နှစ်ယောက်ဟာ လူမနေတော့တဲ့ ဂိုဒေါင်ဟောင်းတွေမှာ အခကြေးပေးရတဲ့ ပါတီ ပဲွတွေ စထောင်ရာကနေ ငွေရပေါက်လမ်းကို တွေ့လာပါတယ်။ ငွေမရှိတုန်းက ပျော်ပျော်နေတတ်ကြတဲ့ သူတို့နှစ်ယောက်နဲ့ တခြားသူငယ်ချင်းတွေဟာ အဆမတန် မြင့်တက်လာတဲ့ ပါတီလာသူတွေနဲ့ မူးယစ်ဆေးသုံးစဲွသူတွေအကြား ဘယ်လို ပဋိပက္ခတွေ ပြဿနာတွေ ရောက်လာမလဲ ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။UK မှာ ၂၀၁၁ ကထွက်ရှိထားတဲ့ ဒီဇာတ်ကားဟာ drama အမျိုးအစားဖြစ်ပြီး လူငယ်ဆန်တဲ့ စကားပြောတွေ ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။အညွှန်း န့ ဘာသာပြန်ကတော့ Sai Naung Naung ပဲ ဖြစ်ပါတယ်။Genre..... Drama, Music Quality…. 1080p | 720p File size… ...
movie

Weekender (2011)

The Raven(2012) 6.4
The Raven(2012) The raven 2012ကွင်းဆက်လူသတ်သမား စုံထောက်ဇာတ်လမ်းမျိုးကိုမှ၁၈၀၀ ပြည့်နှစ်ကာလကို အခြေခံထားပြီးခမ်းခမ်းနားနားရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။မင်းသားတွေကလဲ 2012 ကမ္ဘာပျက်ဇာတ်ကားထဲကjohn cusack နဲ့ Dracula untold မင်းသား luke evans တို့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကဗျာဆရာ၊ စာရေးဆရာအက်ဒ်ဂါအလန်ပိုး ရဲ့ ပရိသတ်တဦးဖြစ်သူ လူသတ်သမားကပိုးရဲ့ စိတ်ကူးယဉ်လူသတ်ဇာတ်လမ်းတွေကို အခြေခံပြီးလူသတ်မှုတွေစတင်ကျူးလွန်ခဲ့ပြီးပိုးရဲ့ချစ်သူကိုပြန်ပေးဆွဲကာ သူမရှိရာနေရာကိုလာဖို့လူတယောက်သတ်ပြီးတိုင်း သဲလွန်စတွေချန်ထားပေးတာတွေကနေတဆင့်လူသတ်သမားကိုဖော်ထုတ်နိုင်မလား ပိုးရဲ့ချစ်သူကိုရောအချိန်မီကယ်တင်နိုင်မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းကစိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမယ့်အက်ဒ်ဂါအလန်ပိုးရဲ့ ကဗျာတွေ ပုံပြင်ဇာတ်လမ်းတွေကတော့ပိုးရဲ့စာအုပ်တွေထဲကယူသုံးထားတာတွေဖြစ်ပါတယ်။ File size…  1.1 GB /  489 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 51m Genre ..... Thriller , Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Chit Min Thu
movie

The Raven(2012)

2012
Bridget Jones: The Edge of Reason (2004) 6
Bridget Jones: The Edge of Reason (2004) Bridget Jones: The Edge of Reason (2004)ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ Bridget Jones's Diary ရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလား‌ဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့‌ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ ...
movie

Bridget Jones: The Edge of Reason (2004)

2004
The War Below(2020) 7.0
The War Below(2020) The War Below(2020)********************World war 1  ကမ္ဘာစစ် ဖြစ်ရပ်မှန်ကိုအခြေခံထားပြီး ကာလအားဖြင့်1915 ခုနှစ် စစ်ပွဲကြီးမှာ ဂျာမန်တွေနဲ့  အင်္ဂလိပ်တို့တိုက်နေရချိန်ပါ...ဒီချိန်မှာ ဂျာမန်ဘက်က အရေးသာပြီးပြီး အဂ်လိပ်တို့ အရေးနိမ့်နေချိန်ပါ..လူတွေ သောင်းချီ အပတ်တိုင်းသေနေပြီး ရှေ့ကိုတစ်လမတိုးဖို့တောင် ခက်ခဲနေတဲ့အဂ်လိပ်တို့ရဲ့အခြေအနေပါ..ဘာလင်ကိုသိမ်းဖို့ ဝေးစွ ....ဂျာမန်ရဲ့ရှေ့တန်းခံစစစ်စည်းကိုတောင်မကျော်နိုင်တဲ့အတွက်အင်္ဂလိပ်တို့ ထိုးစစ်ဆင်ဖို့ နည်းအမျိုးမျိုးစဉ်းစားကြပါတယ်..ဒါကြောင့်  British ခေါင်းဆောင်တွေက မိုင်းတူးသမားတွေကို လူစုပြီး ခေါ်ခဲ့ပါတယ် ..အကြံကတော့ အင်္ဂလိပ်ဘက်ကနေ ဂျာမန်ရှေ့တန်းထိ နေရာတစ်လျှောက်ကိုမြေအောက်ကနေ လှိုက်ခေါင်းတွေတူးပြီး ဗုံးထောင်ခွဲဖို့ပါ ..သာမန်အရပ်သားတွေဖြစ်နေပြီးစစ်ရေးအတွေ့ကြုံလည်းမရှိ ..ဒါ့အပြင် တူးတဲ့ကာလက အပေါ်မှာ အမြောက်သံတဝီဝီနဲ့ ဂျာမန်တွေရဲ့ နည်းဗျူဟာမြောက်ကင်းထောက်တွေကြားမှာသူတို့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....File Size :(1.1GB) and (470 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:36:00 Genre : War, History, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The War Below(2020)

Marionette (2020) 5.9
Marionette (2020) Marionette (2020)==============ဒီကားလေးကတော့ Thriller အမျိုးအစားပြင်သစ်ဇာတ်ကားကောင်းလေးပါ။ ရုပ်သေးရုပ်လိုမျိုးဘဝတွေဟာကြိုးဆွဲရာကနေရတယ်ဆိုတာလေးလဲပေါ်လွင် အောင်ရိုက်ပြထားပြီးဇာတ်လမ်းလှည့်ကွက်လေးတွေနဲ့ The Six Sense ကားလိုမျိုး အဆုံးသတ်မှာလှည့်ကွက်အကြီးကြီးနဲ့စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဘဝသစ်ကိုစတင်ဖို့အတွက် ကလေးစိတ်ရောဂါ အထူးကုဆရာဝန်မဟာ စကော့တလန်ကိုပြောင်းလာပြီးနောက် သူမရဲ့ယောကျာ်း Accidentကြောင့်ဆုံးပါးသွားခဲ့တယ် ။ မကြာခင်မှာပဲထူးထူးဆန်းဆန်း ဆယ်နှစ်သား အရွယ်ကောင်လေးတစ်ယောက်ကို ကုသပေးနေရာမှ အဲ့ဒီကောင်လေးဆွဲထားတဲ့ ပုံတွေက အနာဂတ်ကိုကြိုတင်ခန့်မှန်းနိုင်တာကိုသိလာပြီးတဲ့အခါမှာတော့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ မိုးအေးအေးနဲ့ကော်ဖီခွက်လေးကိုင်ပြီးကြည့်ရမယ်ဇာတ်ကား လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Sai Thurein Lynn ဖြစ်ပါတယ်) File Size..........(1.44 GB) / (662 MB) / (376 MB) Quality............WEBRIP 1080p / 720p / 480p Duration.........1Hr 52mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery, Thriller Translator.......Sai Thurein Lynn Encoder..........SWM
movie

Marionette (2020)

2020
Mechanic: Resurrection (2016) 5.7
Mechanic: Resurrection (2016) Mechanic: Resurrection (2016)_____IMDb - 5.7/10လူသတ်သမားတစ်ယောက်ဟာ လူသတ်ပြီးသွားရင် သူသတ်မှန်းမသိရအောင် ခြေရာလက်ရာဖျောက်နိုင်မှ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အဲဒီထက် တစ်ဆင့်တက်ကြည့်ကြမလား။ ဘယ်သူဘယ်ဝါ သတ်သွားတယ်ဆိုတာကို အသာထားလိုက်။ လူသတ်ခံလိုက်ရတာပါ ဆိုတာကိုတောင် မသိအောင်လုပ်နိုင်တဲ့ လုပ်ကြံရေးသမားတစ်ယောက်ရှိပါတယ်။ သူ့လက်ချက်နဲ့ လူ့လောကကို တာ့တာပြသွားရတဲ့သူတွေဟာ အများအမြင်မှာတော့ မတော်တဆဖြစ်ပြီး သေရတာပါတဲ့။ ဝမ်းနည်းစရာ မတော်တဆမှုလေးတွေပေါ့။ဒီလောက်ဆိုရင်တော့ လူကြီးမင်းတို့ တွေးမိလောက်ပါပြီ။ ဟုတ်ပါတယ်။ ဘစ်ရှော့ပ် ဆိုတဲ့ Mechanic စက်ပြင်သမားတဖြစ်လဲ လုပ်ကြံရေးသမားကြီးပေါ့။ တည်ငြိမ်တယ်။ သွေးအေးတယ်။ တိကျတယ်။ ပြီးတော့ ရက်စက်တယ်။အခုကတော့ ပထမကား The Mechanic (2011) ရဲ့ အဆက် sequel ဇာတ်ကားဖြစ်ပါတယ်။ မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကောင်တစ်ယောက်ပေါ့။ သူနဲ့အတူ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေး Jessica Alba ကလည်း ...
movie

Mechanic: Resurrection (2016)

2016
4K HEVC
The Last Duel (2021) 18+ Rated 7.7
The Last Duel (2021) 18+ Rated ဒါရိုက်တာ ရစ်ဒလေ စကော့ ရိုက်ကူးထားပြီး စာရေးဆရာ အဲရစ်ဂျက်ကာရဲ့ ၂၀၀၄ ခုနှစ်ထွက် novelThe Last Duel: A True Story of Trial by Combat in Medieval France(နောက်ဆုံးစီးချင်း - မီဒီအီဗယ်ခေတ် ပြင်သစ်ရဲ့ ဖြစ်ရပ်မှန် စီးချင်းထိုး တရားစီရင်မှု) ကိုNicole Holofcener, Ben Affleck နဲ့ Matt Damon တို့က ဇာတ်ညွှန်းပြန်လည်ရေးသားထားတာဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ မတ်ဒေမွန်၊ အဒမ် ဒရိုင်ဗာ၊ ဂျိုဒီကိုမာ၊ ဘန် အက်ဖလက်တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ဇာတ်လမ်းကို အခန်း ၁ ၂ ၃ ဆိုပြီး သုံးပိုင်းပြသထားလို့ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အရဇာတ်ကွက်လေးတွေ ထပ်နေတဲ့ပုံတော့ ပါပါတယ်။ ပြင်သစ်နဲ့အိုင်ယာလန်နေရာတွေမှာ ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး။ အတော်ကြည့်လို့ကောင်းတာပဲ ပြောပြထားပါတော့မယ်။ဒီရုပ်ရှင်ထဲက ခေတ်ရဲ့ အံ့သြစရာ ...
movie

The Last Duel (2021) 18+ Rated

The Brothers Grimsby (2016) 6.6
The Brothers Grimsby (2016) ၂၀၁၆ ထွက် စုံထောက် ဟာသကားကို တင်ပေးလိုက်ပါတယ်။ Imdb 6.6 နဲ့ပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂရင်းစ်ဘေးမြို့သား အရမ်းချစ်ကြတဲ့ ညီအစ်ကို ၂ ယောက်ဟာငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ပါတယ်။အစ်ကိုကြီးက အပေအတေ ဘောလုံးအားပေးသူ တစ်ယောက်ဖြစ်လာပြီးညီငယ်ကတော့ MI-6 ရဲ့ လျို့ဝှက်စုံထောက်တစ်ယောက်ဖြစ်လာပါတယ်။နှစ်ပေါင်း ၃၀ ကြာတဲ့ထိ ညီငယ်ဖြစ်သူကို ရှာဖွေနေတဲ့ အစ်ကိုကြီးဟာ ပါတီပွဲတစ်ခုမှာစစ်ဆင်ရေးနဲ့ရောက်နေတဲ့ ညီငယ်ကိုပြန်ရှာတွေ့သွားလို့ ဝမ်းသာအားရ နှုတ်ဆက်မိချိန်မှာ...အလွဲတွေ ဖြစ်ကုန်ပြီး လူသတ်သမားအစစ်လဲ လွတ်မြောက်သွားစေသလိုဟယ်ရီပေါ်တာမင်းသားကို AIDS ကူးသွားစေတဲ့အပြင် WHO ဥက္ကဌပါ သေဆုံးသွားစေတဲ့အခါမှာတော့ညီအစ်ကို ၂ ယောက် ကမ္ဘာပတ်ပြေးပြီး သူတို့ အရှုပ်ထုပ်တွေကို ပြန်ရှင်းရပါတော့တယ်။ဇာတ်လမ်းဟာ လိင်အသားပေးဇာတ်ကားမဟုတ်ပေမဲ့ ညစ်ညမ်းတဲ့ အသုံးအနှုန်းအချို့နဲ့ ပြကွက်အချို့ ပါဝင်နေတာကြောင့်မိသားစုလိုက်ကြည့်ဖို့နဲ့ ကလေးများကြည့်ဖို့ မသင့်တော်ကြောင်း သတိပေးပါတယ်။ File size…(1.4 GB ) / (800 MB) Quality…BluRay 1080p / ...
movie

The Brothers Grimsby (2016)

The Hitman’s Bodyguard (2017) 6.9
The Hitman’s Bodyguard (2017) The Hitman's Bodyguard (2017)IMDb - 6.9/10_____Rotten - 43%  2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ သြဂုတ် ၁၈ ကမှ ရုံတင်တာဖြစ်ပြီး IMDb 6.9 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ချ်ကို နိုင်ငံတကာရာဇဝတ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ချ်ရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ဝါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။ သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့  လုံးဝမတည့်ပဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ချ်ရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ...... သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ...
movie

The Hitman’s Bodyguard (2017)

2017
Max Cloud(2020) 6.0
Max Cloud(2020) Max Cloud(2020)အက်ရှင်မင်းသားကြီး Scott Adkins ရဲ့ ကားသစ်ထွက်ရှိလို့လာပါပြီ...၁၉၉၀ခုနှစ်က ဗီဒီယိုဂိမ်းတွေခေတ်စားတဲ့အချိန်ပေါ့...Brooklynမြို့က ဆယ်ရာဆိုတဲ့ကောင်မလေးကလည်း လူငယ်ပီပီ ဂိမ်းစွဲတဲ့သူပါ....တစ်နေ့တော့ သူနှိပ်နေကျဂိမ်းထဲက “အာကာသစုန်းမ”ရဲ့လက်ချက်ကြောင့် ဆယ်ရာတစ်ယောက် ဂိမ်းထဲကိုဝင်သွားပါတယ်....အပြင်လည်းထွက်လို့မရ၊ သူဝင်သွားတဲ့ဇာတ်ကောင်နေရာကအသက်တစ်ချောင်းပဲကျန်တော့တဲ့အတွက် ဆယ်ရာဒုက္ခအကြီးအကျယ်ရောက်ပါတယ်...ဆယ်ရာရဲ့သူငယ်ချင်းကောင်းဘွိုင်က ဆယ်ရာ့ရဲ့ဂိမ်းဇာတ်ကောင်ကို ဆော့ပေးပြီးဆယ်ရာအပြင်ပြန်ထွက်ဖို့ “အာကာသစုန်းမ”ကိုရှာဖို့ ကြိုးစားကြပါတယ်....ဒီလိုကြိုးစားတဲ့အချိန်လူစွမ်းကောင်း ကပ္ပတိန် မက်စ်ကလောက်နဲ့တွေတဲ့အခါမှာတော့....ဘယ်လိုအန္တရယ်တွေက ကြိုဆိုနေမလဲ...တော်လှပါတယ်ဆိုတဲ့ ကပ္ပတိန်ကြီးကရောက်အကြမ်းစား ရန်သူတွေကိုနှိမ်နှင်းနိုင်ပါ့မလားဆိုတာကိုတော့....File Size :(1.55GB) and (830MB) Quality : Web-DL 1080P, 720p Format…mp4 Duration…01:28:00 Genre :  Action, Comedy, Sci-F Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai & Ei Phyu Khin Encoded by Phyo Pyae
movie

Max Cloud(2020)

Killers Anonymous(2019) 6.6
Killers Anonymous(2019) Killers Anonymous(2019)================ဒီဇာတ်ကားက ပြီးခဲ့တဲ့လကမှ ထွက်ရှိထားတဲ့ အမေရိကန် အက်ရှင် ကား တကားပါLion Gates ကုမ္ပဏီက ဖြန့်ချိတဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ Martin Owen က ရိုက်ကူးထားတာပါ ပါဝင်တဲ့ ဇာတ်ဆောင်တွေကတော့ Jessica Alba Tommy Flanagan Gary Oldman Rhyon Nicole Brown My Anna Buring Michael Socha Tim Mclnnery Sam Hazeldine တို့ ဖြစ်ပါတယ်Killer Anonymous ဆိုတာ လူသတ်သမားတွေကို စုဖွဲ့ထားတဲ့ အဖွဲ့တခုဖြစ်ပြီး လူတယောက်ကို ကိုယ် ဘယ်လိုသတ်ခဲ့တယ် သတ်နေတုန်း ကိုယ်ဘယ်လိုခံစားရတယ် စတဲ့ လူသတ်ခြင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့ ဖလော်ဆော်ဖီကို အချင်းချင်းဝေမျှရင်း စိတ်ဖိအားလျှော့ချကြတဲ့ ပုံစံနဲ့ လည်ပတ်နေတာပါအဲဒီအဖွဲ့ကို ဘယ်သူက အဓိက ကြိုးကိုင်နေလဲ စီအိုင်အေရဲ့ ပါဝင်ပတ်သတ်မှုတွေနဲ့ master mind တွေ က အစီအစဉ်တခုကို ချတဲ့ အခါ ပါဝင်သူတွေကိုယ်တိုင် မသိလိုက်အောင် လူတစ်ဦးချင်းစီရဲ့ အားသာချက် အားနည်းချက်တွေကို အသုံးချပြီး ဘယ်လို ဥာဏ်ကစားကြလဲ ကြည့်ပျော်တဲ့ ဇာတ်လမ်းတခုပါ ခင်ဗျာFile Size ...
movie


2019
’71(2014) 7.2
’71(2014) '71(2014)IMDb....7.2,,,Rotten....95(((ဆုပေါင်း (၁၂)ဆု ရရှိခဲ့ပြီး အခြားဆုများအတွက် ဆန်ကာတင်(၂၅)ဆုစာရင်းဝင်ခဲ့....)))ကျွန်တော်တို့အားလုံးဟာ တိုက်လိုခိုက်လိုစိတ်ပျင်းပြပြီးရန်လိုတဲ့သူတွေမဟုတ်တဲ့အပြင် တခြားသူဒုက္ခရောက်နေမှပျော်နေတဲ့သူတွေမဟုတ်ကြဘူး...သို့ပေမယ့် ဒီလိုအရာတွေနဲ့မကင်းတဲ့ စစ်ကားတွေကို လူကြီးလူငယ်မရွေးဘာကြောင့်ကြိုက်ကြတာပါလိမ့်......တခြားနိုင်ငံမှရိုက်သည့်စစ်ကားအများစုသည် အဆဲမျိုးစုံပါဝင်သလို အထက်အောက် ပုံစံပေးနည်းမျိုးစုံပါဝင်လေသည်...သို့ပေမယ့် စစ်မြေပြင်ရောက်လျှင်သော်လည်းကောင်း ဒုက္ခမျိုးစုံသော်လည်းကောင်းကြုံသည့်အချိန်မျိုးတွေ အတူပူပေါင်းဖြေရှင်းသည့်ပုံစံများမှာကျွန်တော်တို့ကို လွန်စွာမှဆွဲဆောင်နိုင်ပါသည်...ဥပမာ Jarhead (2005) တပ်သားသစ်ဘဝကိုစရိုက်ပြတာ ..ဆဲတာလည်းစုံ ပညာပေးနည်းလည်းစုံ  မီးကြောင့်ရဲရဲနီသည့် သံကွင်းနဲ့တောင်ထိုးကြသေးတယ်..သို့ပေမယ့် နောက်ဆုံးခန်းရောက်တော့ ကျွန်တော်တို့မျက်ရည်စို့ရတယ်..နောက် Fury (2014) အချင်းချင်းမှဆဲချက်ပေါက်ကရပြောချက်..အသစ်ကောင်လေးကိုလည်းပုံစံပေးချက်က မညှာတာ....သို့ပေမယ့် ဒီလူ့အရိုင်းအစိုင်းလို စစ်သားကြီးတွေက ကျွန်တော်တို့ကိုမျက်ရည်စို့ခဲ့ရတယ်..အခြားစစ်ကားကောင်းများစွာရှိပါသေးသည်...မည်သို့ပင်ဆိုစေ ကျွန်တော်တို့ဆီက စစ်ကားရိုက်ပြီဟေ့ဆိုရင်လည်း တခြားမြန်မာကားများထက် စိတ်ဝင်တစ်စားစောင့်ကြည့်ရတာအမော....အားမလိုအားမရဖြစ်ခဲ့ကြတာကလည်းတစ်ပိုင်းပေါ့လေ..ခုလည်း စစ်ကိုမုန်း၍ တိုက်ခဲ့သည်နောက်ပိုင်း ရေတပ်နှင့်ဆိုင်သည့် စစ်ကားတစ်ကားရိုက်နေသည်ဟုကြားသိရသည်...ထားတော့....'71(2014)ဇာတ်လမ်းအညွှန်းကိုအတိုချုံးပြောရမယ်ဆိုရင် တပ်ရင်းတစ်ရင်းဟာ ကက်သလစ်ဂိုဏ်းအဖွဲ့အထိကရုဏ်းဖြစ်တဲ့ Belfast မြို့ကို အရေးပေါ်လုံခြုံရေးသွားယူရတယ်..အဲ့ဒီလုံခြုံရေးယူတဲ့ထဲမှာ သင်တန်းဆင်းခါစ ရဲဘော်သစ်တွေပါတယ်...တစ်နေ့လုံခြုံရေးယူပေးနေရင်း စစ်သည်တစ်ယောက် အသတ်ခံလိုက်ရတယ်....တခြားသူတွေတော့ ထွက်ပြေးလွတ်မြောက်သွားတယ်..လွတ်မြောက်သွားတဲ့အထဲမှာ တပ်သားသစ် ဟွတ်ခ်ဆိုတဲ့သူလည်းပါတယ်..သူဟာ ထွက်ပြေးနေတုန်းမှာ သူလုံးဝမမျှော်လင့်ထားတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ခဲ့ရတယ်..ကိုင်း သူတွေ့ခဲ့တဲ့အဖွဲ့အစည်းတွေက ဘာတွေဖြစ်မလဲ...ဒီရဲဘော်သစ်လေး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Zwel Zan Aung ပဲဖြစ်ပါတယ်...File Size : (931 MB) ...
movie

’71(2014)

2014
The Huntsman: Winter’s War (2016) 6.1
The Huntsman: Winter’s War (2016) The Huntsman: Winter's War (2016)_________IMDb - 6.1/10   IMDb rating 6.1/10 ပဲ လက်ရှိမှာရထားသေးပေမယ့်ပရိတ်သက်တော်တော်များများကြိုက်နှစ်သက်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ . . . ပါဝင်ထားတဲ့မင်းသားကကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး Thor မင်းသား Chris Hemsworth က Huntsman အဖြစ်သရုပ်ဆောင်ထားပါတယ်။တကယ်တော့ ဒီဇာတ်ကားဟာ 2012 ခုနှစ်ကထွက်ခဲ့တဲ့Snow White and the Huntsman ရဲ့ အဓိကဇာတ်အိမ်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအစောပိုင်းမှာစုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။ ရဗန်နာဟာ snowwhite ကားထဲကစုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့Snow White ကားပြီးတော့ ထပ်မံဖြစ်ပေါ်လာတဲ့ အချိန်ကာလနှစ်ခုကိုပြန်လည်ဆက်စပ်ပေးထားတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။Snow White ရဲ့လက်ချက်နဲ့သေဆုံးခဲ့တဲ့ ရဗန်နာကဒီဇာတ်လမ်းမှာပြန်လည်ရှင်သန်လာတာလည်း တွေ့ရပြီး . သူ့ရဲ့မှော်ကြေးမုံဟာ ဒီဇာတ်ကားမှာအဓိကနေရာကပါဝင်တဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ကဲ ဇာတ်လမ်းကောင်းကောင်းကို spoiler ...
movie

The Huntsman: Winter’s War (2016)