Channel Myanmar

Sam Heughan

SAS: Red Notice (2021) 5.5
SAS: Red Notice (2021)  SAS အဖွဲ့ဝင်ဟောင်း Andy McNab ရဲ့ရောင်းအားအကောင်းဆုံးဝတ္တုကိုအခြေခံပြီး ဒါရိုက်တာ Magnus Martens ကရိုက်ကူးပေးထားပါတယ်။ဗြိတိန်အက်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့SAS: Red Notice မှာ Sam Heughan ၊ Ruby Rose နဲ့Hannah John-Kamen တို့ပါဝင်သရုပ်ဆောင်ထားပြီးအရေးပေါ်စစ်ဆင်ရေးတစ်ခုကို လက်တွေ့ဆန်ဆန်ပုံဖော်ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဗြိတိန် SAS အထူးအဖွဲ့ဝင်တွမ်ဘက်ကင်ဟမ်ဟာဒေါက်တာမလေးဆိုဖီဟာ့တ်ကို လက်ထပ်ခွင့်တောင်းဖို့လန်ဒန်ကနေ ပါရီကိုရထားနဲ့အသွား ဂရေ့စ်လူးဝစ္စခေါင်းဆောင်တဲ့ စစ်ရာဇဝတ်သားတွေဖြစ်တဲ့ငန်းမည်းအဖွဲ့ကချန်နယ်တန်နယ်ဥမင်တစ်နေရာအရောက်မှာ ရထားကိုပြန်ပေးဆွဲလိုက်ပါတယ်။ ဂရေ့စ်က သူတောင်းဆိုတဲ့ပြန်ရွေးငွေကိုသာမပေးရင် ဗြိတိန်အစိုးရရဲ့ညစ်ညမ်းတဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြီး ဥမင်ကိုပါဖောက်ခွဲပစ်မယ်လို့ခြိမ်းခြောက်ထားပါတယ်။ ဒီအချိန်မှာ ရထားပေါ်မှာလိုက်ပါလာတဲ့တွမ်က လက်နက်နဲ့လူအင်အားမပါဘဲ ချစ်သူဆိုဖီနဲ့ခရီးသည်တွေကိုကယ်တင်နိုင်အောင် ကြိုးပမ်းရပါတော့တယ်။ File size…2.07GB / 995MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 24m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

SAS: Red Notice (2021)

Bloodshot (2020) 5.6
Bloodshot (2020) ဗန်ဒီဇယ်ကြီးရဲ့ အက်ရှင်ဇာတ်ကားအသစ် ထွက်လာပါတယ်။ဒီဇာတ်လမ်းကတော့သိပ္ပံစိတ်ကူးယဉ်လို့ ပြောရမှာပဲ။ဗန်ဒီဇယ်ဟာ အမေရိကန်စစ်တပ်ရဲ့ အထူးတပ်ဖွဲ့ဝင်တစ်ယောက်။ထုံးစံအတိုင်းပဲ စစ်ဆင်ရေးတွေမှာ အလွန်တော်တဲ့ ဆရာကြီးပေါ့။တစ်နေ့မှာတော့ လူတစ်ယောက်ကသူ့ရဲ့ ဇနီးကိုသူ့ရှေ့မှာတင် သတ်ပြီး သူ့ကိုပါ ပစ်သတ်သွားခဲ့တယ်။ဒါပေမယ့်သိပ္ပံပညာရှင်တစ်ယောက်ရဲ့ကျေးဇူးကြောင့် ပြန်ရှင်သန်လာပြီး ပိုသန်မာတဲ့၊ဒဏ်ရာတွေအလိုလိုကောင်းလာတဲ့စက်ရုပ်တစ်ပိုင်း လူသားတစ်ယောက် ဖြစ်လာပါတော့တယ်။ဒါပေမယ့် သူနိုးထလာချိန်မှာ သူ့ရဲ့အတိတ်ကို ရုတ်တရက်မမှတ်မိပါဘူး။အဲဒီနောက်မှ ဘာတွေဆက်ဖြစ်မလဲ ကြည့်လိုက်ပါ။ဇာတ်လမ်းနဲ့ အက်ရှင်ခန်းတွေ မဆိုးတာမို့ ကြိုက်ကြမယ်ထင်ပါတယ်။ File size…(5.9 GB)/ (1.7 GB)/ (1.1 GB) Quality….WEB-DL 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….01:49:19 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Littleneo
movie

Bloodshot (2020)

4K HEVC
Love Again (2023) 5.7
Love Again (2023) ဖုန်းထဲကိုမထင်မှတ်ပဲဝင်လာတဲ့ အမည်မသိစာလေးတစ်စောင်ကနေပြီးတော့လည်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာနိုင်ပါတယ်။ မီရာဟာ ကလေးဖတ်ရုပ်ပြစာအုပ်ရေးတဲ့ ကာတွန်းဆရာမတစ်ယောက်ပါ။ သူ့နဲ့စေ့စပ်မဲ့ သတို့သားလောင်းက သူ့ရှေ့မှာတင်ကားတိုက်ခံလိုက်ရလို့ ‌ေ-သဆုံးသွားတဲ့ ဖြစ်ရပ်ဆိုးကြီး ပြီးကတည်းက နှစ်နှစ်လောက်ဘာမှမလုပ်နိုင်ပဲ အတိတ်မှာပဲပိတ်မိနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ညီမဖြစ်သူ ဆူဇီကပြန်ခေါ်တာမလို့ နယူးယော့ခ်ကိုပြန်သွားလိုက်ပြီး အတိတ်ကနေရုန်းထွက်နိုင်ဖို့အတွက် သူ့ကောင်လေးရဲ့ဖုန်းနံပါတ်အဟောင်းကို သူကြုံခဲ့ရတဲ့အတွေ့အကြုံတွေ၊ ခံစားချက်တွေကိုစာပို့ပြီး ရင်ဖွင့်နေခဲ့ပါတယ်။ဖြစ်ချင်တော့ မီရာရဲ့အရင်ကောင်လေးဖုန်းနံပါတ်ဟာ ရော့ဘ် ဆိုတဲ့သတင်းထောက်ရဲ့ အလုပ်ဖုန်းအသစ်ဖြစ်နေတာပါ။ ဒီလိုနဲ့ပဲ မီရာပို့သမျှစာတွေကို ရော့ဘ်ကဖတ်ကြည့်ရင်း တဖြည်းဖြည်းချစ်မိလာခဲ့ပါတယ်။ ရော့ဘ်ကလည်း စေ့စပ်ခါနီးမှာ ကောင်မလေးကပစ်သွားတာကြောင့် အလုပ်မတွင်ဖြစ်နေသူပါ။ တစ်နေ့မှာတော့သတင်းစာတိုက်ကခိုင်းလို့ အဆိုတော် စလင်း ဒီယွန်ဆီကို သွားပြီးအင်တာဗျူးတဲ့အခါမှာတော့ စလင်းက သူ့ကိုပြန်ပြီးအလင်းဖွင့်ပေးလိုက်တာကြောင့် မီရာကိုအပြင်မှာမြင်ဖူးအောင် စပြီးရှာဖို့လုပ်ပါတော့တယ်။ ဒီလိုနဲ့ ရော့ဘ်ကရော မီရာကိုတွေ့ပြီး အဆင့်တွေတက်နိုင်မလား၊ မီရာကရော အတိတ်ကနေရုန်းထွက်နိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ နာမည်ကြီး တိုင်တန်းနစ် ဇာတ်ဝင်တေး "My Heart Will Go On" ကိုသီဆိုခဲ့တဲ့ ...
movie

Love Again (2023)

The Spy Who Dumped Me (2018) 6.4
The Spy Who Dumped Me (2018) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့"The Spy who dumped me"ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...ဒီကားလေးမှာ အွန်ဒရေးနဲ့ မော်ဂန်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရဲ့စပိုင်ဆန်ဆန်နဲ့စွန့်စားခန်းတွေကို ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်....အွန်ဒရေးဆိုတဲ့ ကောင်မလေးဟာ သူသိပ်ချစ်ရတဲ့ ချစ်သူနဲ့ပြတ်ပြီးနောက်ပိုင်းမှာသူ့ချစ်သူက စပိုင် သူလျိုတစ်ယောက်ဆိုတာ သိခဲ့ပါတယ်...အဲဒီသူ့ချစ်သူစခဲ့တဲ့ ဇာတ်လမ်းနောက်တွဲကိစ္စတွေဟာချစ်သူဖြစ်တဲ့ သူမဆီကိုပါရောက်လာပါတော့တယ်...သူမဆီကိုရောက်လာတော့ သူမရဲ့သူငယ်ချင်းဖြစ်တဲ့ မော်ဂန်ပါပါဝင်ပတ်သက်လာရတော့တာပေါ့....ဒီလိုနဲ့ သူမတို့နှစ်ယောက် ဒီအရှုပ်ဇာတ်လမ်းတွေကြားအပစ်အခတ်သတ်ဖြတ်မှု့တွေကြားမှာဘယ်လိုအူကြောင်ကြောင်နဲ့စွန့်စားခန်းတွေ လုပ်ကြမလဲဆိုတာရယ်ရယ်မောမောနဲ့ ကြည့်ရမှာဖြစ်ပါတယ်....Rating 6.3  ရရှိထားပြီးတော့ စပိုင်ဇာတ်လမ်း အက်ရှင်ပုံစံတွေဟာသဆန်ဆန်ရယ်မောရတာကို ကြိုက်တဲ့ လူတွေအတွက်ကတော့ဒီဇာတ်လမ်းလေးထဲက စာသားအများစုကသင်တို့ကို စိတ်ကျေနပ်မှု့ပေးစွမ်းနိုင်မှာဖြစ်ပါတယ်....အားလုံးပဲကြည့်လိုက်ရအောင်လား.... File Size : (747 MB) and (305 MB) Quality : BluRay 720p Running Time : 1hr 57min Format : Mp4 Genre : Action , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

The Spy Who Dumped Me (2018)

2018