Channel Myanmar

Sam Medina

12 Rounds (2009)
12 Rounds (2009) နယူးအော်ရီလန်က ရဲအရာရှိ ဒန်နီဖစ်ရှာ (John Cena) ဟာ နာမည်ကြီးခိုးမှုတစ်ခုရဲ့ တရားခံနောက်ကိုလိုက်နေတုန်းမှာ အဲဒီတရားခံရဲ့ ကောင်မလေးဟာ မတော်တဆ သေသွားခဲ့ရပါတယ်.လက်စားချေဖို့ကို ဆာလောင်နေတဲ့ ဉာဏ်ကြီးရှင်တရားခံဟာ တစ်နှစ်အကြာမှာ ထောင်ကနေ ဖောက်ပြေးလာပြီး ဒန်နီရဲ့ ဇနီးလောင်းကို ပြန်ပေးဆွဲသွားပါတော့တယ်.. သူ့ဇနီးလောင်းကိုကယ်ဖို့အတွက် ဒန်နီဟာ အဲဒီတရားခံနဲ့ ဉာဏ်ချင်းယှဉ်ပြိုင်ပြီး ၁၂ ချီရှိတဲ့ ကစားနည်းတစ်ခုကို သူ့ဇနီးလောင်းရဲ့အသက်နဲ့ရင်းပြီး ကစားရတဲ့အခါ....ဒန်နီက သူ့ဇနီးလောင်းကိုကယ်ဖို့ အောင်မြင်သွားမလား....ဒါမှဟုတ် တရားခံဖြစ်တဲ့ မိုင်းစ်ကပဲ ဒန်နီကိုဘယ်လိုတွေလှည့်စားပြီးတော့ ဇာတ်လမ်းပြီးတဲ့အထိ အနိုင်ယူသွားမလားဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်သင့်တဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်.အဓိကဇာတ်ဆောင်အနေနဲ့ WWE Superstar John Cena ပါဝင်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်. File size…(2.6 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe 
movie

12 Rounds (2009)

Jack Reacher 2: Never Go Back (2016) 6.3
Jack Reacher 2: Never Go Back (2016) Jack Reacher 2: Never Go Back (2016)IMDb Rating (6.1) ဂျက် ရီချာ ပြန်လာပါပြီ။ ဒီကားမှာတော့ မေဂျာဘဝကနေ အနားယူသွားတဲ့ ဂျက်ဟာ ဒီစီကို ပြန်လာရင်း သူ့မိတ်ဆွေ ဗိုလ်မှုးမလေး တန်နာ မတရားစွပ်စွဲခံရပြီး ဖမ်းထားခံထားရတာကို လိုက်ရင်း အစိုးရကန်ထရိုက်တာကြီးတစ်ခုရဲ့ မသမာမှုတွေကို ဖော်ထုတ်ပေးရပါတော့တယ်။ ကုမ္မဏီဘက်က ကြေးစားတွေက သူ့ရဲ့ သမီးလို့ထင်ရတဲ့ ဆမ် ဆိုတဲ့ မိန်းကလေးနောက်ကိုပါ လိုက်လာတဲ့အတွက် ဂျက်ဟာ တန်နာ ဆမ်တို့ကို ကာကွယ်ရင်း စွန့်စားခန်းထပ်ဖွင့်ဖို့လိုလာတဲ့အခါ.....။ Tom Cruise, Cobie Smulders, Danika Yarosh သရုပ်ဆောင် ၃ ယောက်လုံးဟာ အတွဲညီနေတော့ ဒီကားကတော့ အတော်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာတာပါပဲ။File size…(5.1 GB)/(1.9 GB)/(1 GB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 ...
movie

Jack Reacher 2: Never Go Back (2016)

2016
4K HEVC
Looper (2012) 7.4
Looper (2012) IMDb Rating (7.4) / Rotten Tomatoes (93%)မင်းသားကြီး Bruce Willis , Joseph Gordon-Levitt နဲ့ မင်းသမီး Emily Blunt တို့ ဦးဆောင်ပါဝင်တဲ့ ရုပ်ရှင်ကားကြီးပါ။Time Travel နဲ့ပတ်သက်တဲ့ကားတစ်ကားဖြစ်ပါတယ်။ 2044 မှာ အခြေတည်တယ်။ ဇာတ်လမ်းကတော့ အဲဒီအချိန်မှာ Time machine ဆိုတာ မပေါ်သေးပေမဲ့ နောက်နှစ် (၃၀) ကြာတဲ့အခါ ပေါ်ပြီတဲ့။Future (2070) တွေမှာ Time machine ပေါ်လာပေမဲ့ ချက်ချင်းပဲ တရားမဝင်ဆိုပြီး ပိတ်ပင်ကြတယ်။အဲဒီ့အတွက် လူဆိုးဂိုဏ်းအကြီးကြီးတွေက လျှို့ဝှက်သုံးတယ်။အဲဒီ့ခေတ်မှာ လူတစ်ယောက်ကို သတ်ပြီး အစဖျောက်ဖို့ မလွယ်တဲ့အတွက် သူတို့တွေ သတ်ချင်တဲ့လူတွေကို ဖမ်း၊ ကြိုးတုပ်ပြီးဒီနေ့ခေတ် (၂၀၄၄) က သတ်မှတ်နေရာတစ်ခု (ဥပမာ ပြောင်းခင်းဘေး) ကို ပို့လိုက်တယ်။အဲဒါကိုမှ Looper ဆိုတဲ့ကောင်တွေက ...
movie

Looper (2012)

2012
4K HEVC
The Baytown Outlaws (2012) 6.3
The Baytown Outlaws (2012) IMDb rating -6.3/10 ဒီဇာတ်လမ်းကတော့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်လမ်းဇာတ်ကွက်မိမိရိုက်ကူးထားတင်ဆက်ထားပြီး Action Comedy ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ Action အခန်းတွေကို ထိထိမိမိရိုက်ကူးထားတဲ့အပြင် သရုပ်ဆောင်တွေရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှုတွေကြောင့် Comedy scene တွေမှာဆိုရင် ဗိုက်နာအောင်ရယ်ရမယ့် ဇာတ်လမ်းဇာတ်ကွက်တွေပါကြည့်ရှူခံစားရမှာပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. ဒီရုပ်ရှင်ကိုတော့ Oodie boys သုံးယောက်ကိုအဓိကထားပြီးရိုက်ကူးထားပါတယ်အကြီးဆုံးက Brick အလတ်က Lincoln နဲ့ နောက်တစ်ယောက်ကတော့ McQueenပါ သူတို့ ၃ ယောက်က ဒေသခံရဲအရာရှိ ရှယ်ရစ်ဖ်ကနေ မြို့ထဲကတခြားရာဇဝတ်ကောင်တွေကို သတ်ဖို့ငှားထားတဲ့ အမည်မသိကြေးစားလူသတ်သမားတွေပေါ့ သူတို့ကြောင့်ပဲ Alabama မြိုလေးကပြစ်မှုအနည်းဆုံးမြို့တစ်ခုဖြစ်နေတော့ ရှယ်ရစ်ဖ်တစ်ယောက် သူတို့လုပ်သမျှကိုမျက်ကွယ်ပြုပေးနေခဲ့ပါတော့တယ် တစ်နေ့မှာတော့ Celeste ဆိုတဲ့အမျိုးသမီးတစ်ယောက်က အကြမ်းဖက်တတ်တဲ့ မွေးစားအဖေလက်ထဲကနေ သူ့မွေးစားသားလေးကိုကယ်တင်ပေးဖို့ ငွေအများကြီးကမ်းလှမ်းပြီးတောင်းဆိုလာခဲ့ပါတယ်။ ငွေရဲ့ဆွဲဆောင်မှုမှာမြောသွားတဲ့ သူတို့ညီအစ်ကို ၃ ယောက် ကလေးကိုပြန်ပေးဆွဲခဲ့တဲ့အခါမှာတော့.. ဘယ်လိုအရာတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှူခံစားရမှာပါ။ File size…(1.8 GB)/(1 ...
movie

The Baytown Outlaws (2012)

Never Back Down 2: The Beatdown(2011) 5.7
Never Back Down 2: The Beatdown(2011) IMDb - 5.7တိုက်ခိုက်ရေးကားခပ်ကြမ်းကြမ်းလေးတွေကိုမှ အားရ သဘောကျကြတဲ့ CM ပရိသတ်တွေအတွက် 2008 က ထွက်ခဲ့တဲ့ Never Back Down ရဲ့ အဆက်ဖြစ်တဲ့ The Beatdown ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မတူညီတဲ့ပြဿနာတွေရှိတဲ့ နောက်ခံပတ်ဝန်းကျင်ကနေလာတဲ့ တိုက်ခိုက်ရေးသမားလူငယ်လေးနှစ်ယောက်၊ The Beatdown ဆိုတဲ့ မြေအောက်တိုက်ပွဲတစ်ခုမှာဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဆရာကောင်းတစ်ယောက်ဆီမှာ တပည့်ခံဖို့အတွက် MMA fighter ဟောင်း ကေ့စ် ဝေါကာ (Michael Jai White) ဆီကိုရောက်လာကြပါတယ်။ ကေ့စ်ကလည်းအရင်က ကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်ခဲ့ပေမဲ့ အတိတ်ကဖြစ်ရပ်တွေကြောင့် ထောင်ကျသွားပြီး ပြန်လွတ်လာခဲ့တာပါ။ ဒီလိုနဲ့ ကေ့စ်လေ့ကျင့်ပေးနေတဲ့ လူငယ်နှစ်ယောက်အပါအဝငါ လူငယ်လေးယောက်ကို အတူလေ့ကျင့်ပေးပါတော့တယ်။ ဒီလိုနဲ့ပဲ Beatdown ပွဲနေ့မရောက်ခင်မှာတော့ ကေ့စ်ကို လက်နက်ကိုင်ဆောင်မှုနဲ့ ရဲကဖမ်းသွားခဲ့ပြီး သူ့ရဲ့တပည့်တွေက ကေ့စ်ကိုအကွက်ချသွားတဲ့လူကိုဘယ်လို ပြန်ပြီးလက်စားချေဆုံးမကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ တိုက်ခိုက်ခန်းတွေကလည်း အရမ်းလန်းတဲ့အပြင် တိုက်ကွက်တွေကလည်း အစစ်အမှန်ဆန်တာမလို့ တိုက်ခိုက်ရေးကား တွေကိုလွမ်းနေတဲ့လူတွေအကြိုက်တွေ့မှာ အသေအချာပါပဲ။File ...
movie

Never Back Down 2: The Beatdown(2011)

Keanu(2016) 6.2
Keanu(2016) Keanu (2016)============IMDb - 6.2 Rotten tomatoes - 78%ဟာသဇာတ်မြူးကားကောင်းတွေကိုလွမ်းနေကြတဲ့ပရိသတ်တွေအတွက်Key & Peel လို့လူသိများတဲ့ ဟာသသရုပ်ဆောင်နှစ်ယောက်ရဲ့ ဟာသဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ မင်းသားကြီး ကီနူး ရီဗ်ကကြောင်လေး "ကီနူး" နေရာမှာအသံသရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရရင် ကောင်မလေးကထားသွားလို့ အသည်းကွဲနေတဲ့ရဲလ်ရဲ့အိမ်ရှေ့ကိုကြောင်လေးတကောင်ရောက်လာခဲ့တာမလို့  မြင်မြင်ချင်းမှာပဲမွေးစားဖို့ဆုံးဖြတ်လိုက်ပြီး "ကီနူး" လို့အမည်ပေးလိုက်ပါတယ်။ဒါပေမဲ့ ဒီကြောင်လေးက သာမာန်လမ်းဘေးကြောင်လေးမဟုတ်ပဲ အယ်လ်အေကမူးယစ်ရာဇာတယောက်က မွေးထားတဲ့ ကြောင်လေးဖြစ်နေတာပါ။ဒီလိုနဲ့တနေ့မှာ ရဲလ်တယောက် သူ့ရဲ့အကိုဝမ်းကွဲဖြစ်တဲ့ ကလဲရန့်စ်နဲ့အတူရုပ်ရှင်ကြည့်ပြီး အိမ်အပြန်မှာအိမ်အဖောက်ခံရပြီး ကီနူး အခိုးခံခဲ့ရပါတယ်။ဒီလိုနဲ့သူတို့ယောက်အတူ လိုက်လံစုံစမ်းကြည့်လိုက်တဲ့အခါမှာ ကီနူးကိုလူဆိုးဂိုဏ်းတဂိုဏ်းကခိုးသွားတာမလို့ သူတို့လည်း ကီနူးကိုပြန်ရအောင်လုပ်ရင်းဘယ်လိုအရှုပ်ထုတ်တွေထဲဝင်ပါမိသွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ ဟာသကားကောင်းလေးတကားဖြစ်တာမလို့ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျ။ File size…1.19GB / 598MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt
movie

Keanu(2016)

Cirque du Freak: The Vampire’s Assistant (2009) 5.9
Cirque du Freak: The Vampire’s Assistant (2009) Cirque du Freak: The Vampire's Assistant (2009)========================================ဒီတစ်ခေါက်မှာတော့ ၂၀၀၉ခုနှစ်ကထွက်ရှိ‌ထားတဲ့ ဗန်ပိုင်းယားဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။vampire diary လို twilight light တို့လိုဇာတ်ကားတွေ မပေါ်သေးခင်တစ်ချိန်က သူ့ခောတ်သူအခါက နာမည်ကြီးခဲ့တဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်ကြည့်ဖူးတဲ့သူတွေ ရှိကြမှာကျိန်းသေသလို မကြည့်ရသေးသူတွေအတွက်လည်းလက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ထင်ပါတယ် ဇာတ်ကားကမိသားစုနဲ့ကြည့်လို့သင့်တော်တဲ့ ဇာတ်ကားတစ်ကာပါ...ဇာတ်လမ်းအကျဉ်းလေးကတော့ဒီဇာတ်ကားမှာ ဒယ်ရန်နဲ့စတိဗ်တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ်။ဒယ်ရန်ဟာ မိဘစကားနားထောင်တဲ့သူတစ်ယောက်ဖြစ်ပြီးကျောင်းစာမှာလည်း ထူးချွန်တဲ့သူပါ။ စတိဗ်ကတော့ မိဘမေတ္တာငတ်နေတဲ့ ကောင်လေးဖြစ်ပြီး ခပ်ဆိုးဆိုးနေတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒယ်ရန်ဟာ ပင့်ကူတွေကို စွဲလမ်းနေတဲ့သူတစ်ယောက်ဖြစ်ပြီးစတိဗ်ကတော့ ဗန်ပိုင်းယားတွေကို အင်မတန်စိတ်၀င်စားတဲ့သူတစ်ယောက်ပါ။တစ်နေ့မှာ သူတို့မြို့ကို နှစ် ၅၀၀ သက်တမ်းရှိတဲ့ လူထူးဆန်းတွေရဲ့ ဆပ်ကပ်အဖွဲ့ ရောက်လာတဲ့အခါ သူတို့နှစ်ယောက်လည်း စိတ်၀င်တစားသွားကြည့်ကြပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့မှာ ဗန်ပါးယားတစ်ယောက်ပါနေပြီး ဗန်ပါးယားရဲ့ပင့်ကူလေးကို ဒယ်ရန်တစ်ယောက် မျက်စိကျသွားတဲ့အချိန်မှာ ဘာတွေများ ဆက်ဖြစ်မလဲဆိုတာကိုတော့..... ( ကြည့်ဖူးတဲ့သူတွေအတွက်တော့ ကွာလတီကောင်းကောင်းလေးနဲ့ပြန်လည် ခံစားနိုင်သလို မကြည့်ရသေးသူတွေလည်းဒေါင်းရတာတန်စေရမယ်လို့ အာမခံလိုက်ပါတယ်..)  File size…1.19GB / ...
movie

Cirque du Freak: The Vampire’s Assistant (2009)

2009
Savages (2012) 6.4
Savages (2012) ဒီတစ်ခါတော့ ပရိသတ်ကြီးကို တကယ်မိုက်တဲ့ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် လောကကြီးဆိုတာ ဦးကြီးလေးဖြူဆိုထားတဲ့ အမိုက်လိုက်အက ပါပဲ ယောင်တောင်ပေါင်တောင်လုပ်နေလို့ကတော့ အစားခံလိုက်ရမှာပါ "ငါက ငါ့အလုပ်ပဲလုပ်တာတခြားသူတွေကိုစိတ်မဝင်စားပါဘူး"တို့ "ကိုယ်အလုပ်သာလုပ် အားလုံးအဆင်ပြေသွားမှာပါ"တို့ ဆိုတာက ဘုရားပွင့်နေတဲ့အချိန်မှာတောင် မဖြစ်နိုင်လောက်ဘူးဆိုတာ ဒီကားလေးကြည့်ရင် တွေးမိကြမှာ သူများတွေကို လူလည်ကျနိုင့်ထက်စီးနင်းမလုပ်ဘူးဆိုပေမဲ့လည်း အမြဲတမ်းတော့ ပါးနပ်နေဖို့ အင်အားကြီးနေဖို့ ဥာဏ်ကောင်းနေဖို့လိုတယ်ဆိုတဲ့အတွေးလေးတွေပါ ရသွားနိုင်လောက်ပါတယ် ဇာတ်လမ်းအကျဉ်း "အို"ရယ် "ဘန်"ရယ် "ချောင်"ရယ်က အတူတူနေကြတဲ့ သူတွေပါ အို က ဘန်နဲ့ရော ချောင်နဲ့ရော ချစ်ခြင်းမေတ္တာတွေမျှဝေပေးနေတဲ့သူလေးပေါ့ သုံးယောက်သားကတော့ အရမ်းကိုချစ်ကြပြီး လုယက်စားသုံးတာလည်းမရှိပါဘူး သူတို့ရဲ့ အဓိကစီးပွားရေးကတော့ ကမ္ဘာ့အကောင်းဆုံးဆေးခြောက်တွေစိုက်ပျိုးပြီးရောင်းကြတာပါ ဘန်က ရုက္ခဗေဒပညာရပ် နဲ့ စီးပွားရေးပညာရပ်ကို တတ်မြောက်ထားပြီး ချောင် ကတော့ အမေရိကန်အထူးတပ်သားဟောင်းကြီးပေါ့ သူတို့ဘဝလေးက ဆေးခြောက်လေးရောင်းပြီးသာယာနေတာပါ အဲဒီအချိန်မှာပါ ဘာဟာဆိုတဲ့ မက္ကဆီကိုရဲ့ မူးယစ်ဂိုဏ်းကြီးက သူတို့ရဲ့ဆေးခြောက်ထုတ်လုပ်ပုံတွေကို သဘောကျလာတာနဲ့ အဲဒီပညာတွေကို သိမ်းပိုက်ချင်လာပါတော့တယ် သူတို့ကိုညှိနှိုင်းဖို့အတွက် လူ၇ယောက်ခေါင်းဖြတ်ထားတဲ့ ...
movie

Savages (2012)

True Memoirs of an International Assassin (2016) 5.9
True Memoirs of an International Assassin (2016)  True Memoirs of an International Assassin The interview လိုမျိုး စစ်အာဏာရှင်တွေကို လှောင်ပြောင်ထားတဲ့ကားဖြစ်ပါတယ်။ Mall Cop, Grown ups တို့လို့ နာမည်ကြီး comedy ကားတွေရဲ့ မင်းသား Kevin James ကပဲ အဓိကသရုပ်ဆောင်အနေနဲ့ပါဝင်ထားတဲ့ ဟာသအက်ရှင်ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်ဆမ်ဟာစာရေးဆရာတစ်ယောက်ဖြစ်ပြီး ကြေးစားလူသတ်သမားတစ်ယောက်ရဲ့ ကိုယ်တွေ့ဝတ္ထုရေးကာ စာအုပ်ထုတ်ဝေခွင့်ရအောင် ကြိုးစားနေသူဖြစ်ပါတယ်။ ကြေးစားလူသတ်သမားတွေအကြောင်း အသေးစိတ်လေ့လာပြီး အလွန်သဘာဝကျအောင်ရေးထားတဲ့ဝတ္ထုကို အင်တာနက်ပေါ်မှာ ဖြစ်ရပ်မှန်အ​ဖြစ် မှားယွင်းတင်မိလိုက်တဲ့အခါမှာ ဗင်နီဇွဲလားနိုင်ငံရဲ့ တော်လှန်ရေးအဖွဲ့တွေပြန်ပေးဆွဲတာကိုခံရပြီး ဗင်နီဇွဲလားရဲ့သမ္မတကိုလုပ်ကြံဖို့ စေခိုင်းခံရပါတော့တယ်။စစ်အာဏာရှင်​တွေ မူးယစ်လုပ်ငန်းရှင်တွေနဲ့ အကျင့်ပျက်ချစားမှုတွေပြည့်နှက်နေတဲ့နိုင်ငံမှာ ဆမ်ဟာ အသက်ရှင်ရက်အိမ်ပြန်အောင် ကြိုးစားရပုံကို အက်ရှင်နဲ့ဟာသနှောပြီး ရှုစားရမှာဖြစ်ပါတယ် File size…(1.75GB)/(996MB)/(684MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Comedy / Action / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

True Memoirs of an International Assassin (2016)

Alita: Battle Angel (2019) 7.5
Alita: Battle Angel (2019) အနာဂတ်ကာလမှာပါ။ တစ်စစီဖြစ်နေတဲ့ စက်ရုပ်မလေးတစ်ယောက်ဟာCyber-doctor တစ်ယောက်ကယ်တင်ခဲ့လို့ ပြန်လည်နိုးထလာခဲ့တယ်။သူ့ကိုယ်သူ ဘယ်သူမှန်းမျသိ၊ အပြင်လောကအကြောင်းလည်းဘာမှမသိတဲ့ Alita ဟာ တိုက်ရည်ခိုက်ရည်ကျွမ်းလှတဲ့အတွက် သူ့မိသားစုကိုကာကွယ်ရင်းနဲ့မှ သူ့ရဲ့အတိတ်၊ သူနေထိုင်တဲ့မြို့နဲ့ သူ့ရဲ့ရည်မှန်းချက်တို့ကို ပြန်လည်သိရှိလာခဲ့ပါတယ်။Review … နာမည်ကျော် Japan Anime series တို့ကို ရုပ်ရှပ်အဖြစ်ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။Manga/anime adaptation တွေထဲမှာ ရှားရှားပါးပါး source material အရသာမပျောက်အောင် အကောင်းဆုံးဖန်တီးထားနိုင်တယ်လို့fan တွေကပြောပါတယ်။Creator ကြီး Yukito Kishiro ကိုယ်တိုင်ကဒီကားကို ၅ ခေါက်တိတိကြည့်ပြီးပြီဖြစ်ပြီးသူ့အတွက်တော့ "Greatest movie in the world" ပါပဲလို့ပြောပါတယ်။ကျွန်တော် anime/manga တစ်ခုမှမသိပါဘူး။ဆိုတော့ ရုပ်ရှင်တစ်ကားအနေနဲ့ပဲ မြင်သလောက် ပြောကြည့်ပါမယ်။Avatar ဖန်တီးရှင်ကြီး James Cameron ကိုယ်တိုင်producer အဖြစ်ပါဝင်ပြီး Robert Rodriguez ရိုက်ကူးထားတဲ့Alita: Battle Angel ရုပ်ရှင်ဟာ တကယ့် visual spectacle ကြီးတစ်ခုပါပဲ။အရာအားလုံးက ...
movie

Alita: Battle Angel (2019)

2019
4K HEVC OpenMatte
Venom (2018) 7.0
Venom (2018) DatShin Review: Venom (2018) … PlotEddie Brock ဆိုတဲ့ သတင်းထောက်တစ်ယောက်ဟာ လူတွေကို တရားမဝင်စမ်းသပ်မှုတွေလုပ်နေတဲ့ကုမ္ပဏီကြီးတစ်ခုကို ဝင်ထောက်လှမ်းရင်း ပြင်ပကမ္ဘာသက်ရှိတစ်ကောင်ဖြစ်တဲ့ Venom နဲ့ ထိတွေ့ ကူးစက်ခံခဲ့ရတယ်။ အဲအချိန်မှာပဲ ကုမ္ပဏီကြီးကသူ့အမြင် သူ့ရည်မှန်းချက်အတွက် တစ်ကမ္ဘာလုံးကို ဒုက္ခရောက်ဖို့ ကြိုးပမ်းလာတဲ့အခါမှာတော့ Eddie ဟာသူ့အပေါ်မှာ ကပ်မှီပြီး နေနေတဲ့ Venom နဲ့ အတူ ပူးါပေါင်းတားဆီးဖို့ ကြိုးပမ်းရပါတော့တယ်။Review . Venom ရုပ်ရှင်ဟာ လတ်တလော controversial အဖြစ်ဆုံး ကားလို့ ပြောရမှာပါ။Critic အများစု မကြိုက်သလောက် Fan အများစု ကြိုက်ကြတယ်။ကျွန်တော့အနေနဲ့ကတော့ Venom character နဲ့ ပတ်သက်ပြီး အများကြီး မသိပါဘူး။Spider-Man video game တွေထဲမှာလောက်ပဲ တွေ့ဖူးတာ များတယ်။ဆိုတော့ ကျွန်တော့ အမြင်က နည်းနည်းကွဲရင် ကွဲနိုင်သပ။အရင်ဆုံး မကောင်းဘူး ထင်တာတွေ ပြောပါမယ်။မင်းသား Tom ...
movie

Venom (2018)

2018
4K HEVC
Reminiscence (2021) 7.1
Reminiscence (2021) IMDb Rating (7/10)Nick Bannister (Hugh Jackman) ကစစ်ပြန်တစ်ယောက်၊ သူ့လက်ထောက် Watts (Thandie Newton) နဲ့ အလုပ်စပ်တူလုပ်ကြတယ်.. သူတို့လုပ်တဲ့အလုပ်ကတော့ စိတ်ဝင်စားစရာပါ... အတိတ်ကိုပြန်တမ်းတလွမ်းဆွတ်နေတဲ့ လူတွေကို စက်ကိရိယာတွေဆေးဝါးတွေ အကူအညီနဲ့ သူတို့တမ်းတနေတဲ့အတိတ်ဆီကို တစ်ဖန်ပြန်ပြီးခေါ်ယူသွားပေးနိုင်တဲ့ Reminiscence လို့ ခေါ်တဲ့ ပရိုဂရမ်တစ်ခုကိုလုပ်ကြတာပါပဲအတိတ်လောက်စွဲလန်းစေတဲ့အရာ ဘယ်အရာမှမရှိဘူးမဟုတ်လား? လူတွေဟာ သူတို့ချစ်ရတဲ့သူတွေနဲ့ နောက်တစ်ကြိမ်တွေ့ခွင့်ရချင်ကြတယ်၊ ဘဝရဲ့အဓိပ္ပါယ်အရှိဆုံးအချိန်လေးတွေမှာ ပြန်လည်နေထိုင်ချင်ကြတယ်မဟုတ်လား?ဒီလိုနဲ့ ရည်ရွယ်ချက်ကြီးမားတဲ့ သူတို့လုပ်ငန်းဆီကို Mae (Rebecca Ferguson) ဆိုတဲ့မိန်းမလှလေးတစ်ယောက် ရောက်လာပါတယ်.. သူ့ပြသနာကတော့ အိမ်ခန်းသော့ပျောက်နေလို့ပါတဲ့ ပြီးခဲ့တဲ့မနက်က သူ့အတိတ်ဆီပြန်ခေါ်သွားပေးဖို့တောင်းဆိုလာပါတယ်.. Watts ကသဘောမတူချင်ပေမယ့် အဲ့ဒီမိန်းကလေးကိုမြင်မြင်ချင်းစွဲလန်းသွားမိတဲ့ Nick ကတော့ချက်ချင်းသဘောတူပြီး ကောင်မလေးကိုလိုက်လျောရာကနေ သူတို့နှစ်ဦးဇာတ်လမ်းဖြစ်သွားပါတော့တယ်။ဒါပေမယ့် တစ်နေ့မှာတော့ ဆူးညှောင့်ခလုတ်မရှိသာယာနေတဲ့ သူတို့ဇာတ်လမ်းလေးကနေ Mae တစ်ယောက်ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ အတိတ်တွေဟာ အမြဲမလှပနိုင်ဘူးလေ... တစ်ခါငိုရရင် တစ်ခါမကပြုံးခဲ့ဖူးတာလဲ မင်းမမေ့နဲ့ဦးဆိုတဲ့ သီချင်းလိုပဲပေါ့.. ဘဝတွေက ဆင်းရဲရင် ပိုနက်နဲရှုပ်ထွေးတတ်တာပဲ...ကဲ...ဒီတော့ Mae တစ်ယောက် ဘာကြောင့်ပျောက်သွားတာလဲ... သူ့ရဲ့အတိတ်တွေကရော ဘာတွေဖြစ်နေမလဲ... အတိတ်ကိုတူးဖော်မယ့် Reminiscence နဲ့အတူ လိုက်ပါစီးမျောကြည့်ကြပါစို့။  File size…(2 GB) / (1.1 GB) ...
movie

Reminiscence (2021)

Olympus Has Fallen (2013) 6.5
Olympus Has Fallen (2013) Olympus Has Fallen (2013)_______IMDb - 6.5/10  ကြည့်မိတာနဲ့ထိုင်ရာကမထပဲ ကြည့်ချင်နေမယ့်ဇာတ်ကားတစ်ကားကို Bluray 1080p 5.1 CH နဲ့ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်Mike ဟာ U.S. Army Ranger ကနေ သမ္မတ ကြီးရဲ့အထူးလုံခြုံရေး ခေါင်ဆောင် တစ်ယောက် ဖြစ်လာခဲ့ သူပါ။Mike ဟာ သမ္မတကြီးရဲ့ အထူးလုံခြုံရေး တာဝန်တင် မကပဲသမ္မတကြီးရော သမ္မတကြီး မသားစု နဲ့ပါ မိသားစု ဝင်တစ်ယောက် ကဲ့သို့ရင်းနှီး နေသူလဲ ဖြစ်ပါတယ်။ Christmas ညတစ်ည မှာတော့သမ္မတကြီးနဲ့ သူ့ရဲ့ မိသားစုတို့ ညစာ စားပွဲ တစ်ခု တတ်ရောက်ဖို့Mike က ဦးဆောင်ပြီး ထွက်ခွာ လာခဲ့ပါတယ်။Christmas ညတစ်ည ဖြစ်တာနဲ့ အညီ နှင်းတွေက အရမ်းကျ နေပြီးလေတွေလဲ အရမ်းတိုက် နေပါတယ်။ လေတွေလဲ အရမ်းတိုက် နေပါတယ်။ကားကို ...
movie

Olympus Has Fallen (2013)

2013
Mile 22 (2018) 6.1
Mile 22 (2018)   ဒီရုပ်ရှင်ကားဟာ သိပ်မကြာသေးခင်က မြန်မာနိုင်ငံမှာ ရုံတင်သွားတဲ့ Mile 22 ဖြစ်ပြီး မင်းသား Mark Wahlberg ရဲ့ အကြမ်းပတမ်း အက်ရှင် ရုပ်ရှင်ကားဖြစ်ပါတယ် ဂျိမ်း ဟာ အင်မတန် ဒေါသကြီးသူဖြစ်ပြီး ငယ်စဉ်ကတည်းက သူများနဲ့ တမူကွဲပြီး ထူးချွန်တဲ့သူ ဖြစ်တယ် နောက်ပိုင်းမှာ အမေရိကန် အစိုးရပိုင်းက သူ့ကို သဘောကျသွားပြီး လျို့ဝှတ်စစ်ဆင်ရေးတွေမှာ ဦးဆောင်ပါဝင်ခိုင်းခဲ့ပါတယ်... သိပ်မကြာသေးခင်က ဂျိမ်း နဲ့ အဖွဲ့ဟာ ဖောက်ခွဲပစ္စည်းတွေ နဲ့ လျို့ဝှတ်နေထိုင်တဲ့ သံသယရှိတဲ့ အိမ်တလုံးကို ရှာဖွေသုတ်သင်ခဲ့ပါတယ် ရှိသမျှ လူ အားလုံးကို မျက်ခုံး တစ်ချက်မလှုပ်ပဲ သတ်ပစ်ခဲ့ကြပြီး သူတို့ အချင်းချင်းပြသနာ တက်သလို ပုံစံ သတင်းလွှင့်ခဲ့ကြပါတယ်... ဒါပေမဲ့ ဂျိမ်း တို့ ရှာနေတဲ့ ဖောက်ခွဲပစ္စည်းတွေတော့ မတွေ့ခဲ့ရပါဘူး... တစ်ရက်မှာတော့ လီ လို့ နာမည်တွင်တဲ့ လူငယ်တစ်ယောက်ဟာ အစိုးရ ရုံးရှေ့မှာ လက်ဆောင်ပေးစရာ ရှိတယ်ဆိုပြီး ဟာ့ဒရိုက် တစ်ခုကို ကိုင်လျက် ရောက်လာပြီး အဖမ်းခံခဲ့ပါတယ် လက်ဆောင်ပေးစရာရှိတယ်လို့လဲ ပြောရင်း အေးဆေးပဲ အဖမ်းခံလိုက်တယ်... အဲ့ဒီ ဒရိုက်ထဲမှာ ဗုံးတွေ ရဲ့ တည်နေရာပါတယ် လျို့ဝှတ်ကုဒ်နံပါတ်နဲ့ ခံထားပြီး ၈ နာရီအတွင်း ...
movie

Mile 22 (2018)

2018
Mile 22 (2018) 6.1
Mile 22 (2018) ဒီရုပ်ရှင်ကားဟာ သိပ်မကြာသေးခင်က မြန်မာနိုင်ငံမှာ ရုံတင်သွားတဲ့ Mile 22 ဖြစ်ပြီး မင်းသား Mark Wahlberg ရဲ့ အကြမ်းပတမ်း အက်ရှင် ရုပ်ရှင်ကားဖြစ်ပါတယ် ဂျိမ်း ဟာ အင်မတန် ဒေါသကြီးသူဖြစ်ပြီး ငယ်စဉ်ကတည်းက သူများနဲ့ တမူကွဲပြီး ထူးချွန်တဲ့သူ ဖြစ်တယ် နောက်ပိုင်းမှာ အမေရိကန် အစိုးရပိုင်းက သူ့ကို သဘောကျသွားပြီး လျို့ဝှတ်စစ်ဆင်ရေးတွေမှာ ဦးဆောင်ပါဝင်ခိုင်းခဲ့ပါတယ်... သိပ်မကြာသေးခင်က ဂျိမ်း နဲ့ အဖွဲ့ဟာ ဖောက်ခွဲပစ္စည်းတွေ နဲ့ လျို့ဝှတ်နေထိုင်တဲ့ သံသယရှိတဲ့ အိမ်တလုံးကို ရှာဖွေသုတ်သင်ခဲ့ပါတယ် ရှိသမျှ လူ အားလုံးကို မျက်ခုံး တစ်ချက်မလှုပ်ပဲ သတ်ပစ်ခဲ့ကြပြီး သူတို့ အချင်းချင်းပြသနာ တက်သလို ပုံစံ သတင်းလွှင့်ခဲ့ကြပါတယ်... ဒါပေမဲ့ ဂျိမ်း တို့ ရှာနေတဲ့ ဖောက်ခွဲပစ္စည်းတွေတော့ မတွေ့ခဲ့ရပါဘူး... တစ်ရက်မှာတော့ လီ လို့ နာမည်တွင်တဲ့ လူငယ်တစ်ယောက်ဟာ အစိုးရ ရုံးရှေ့မှာ လက်ဆောင်ပေးစရာ ရှိတယ်ဆိုပြီး ဟာ့ဒရိုက် တစ်ခုကို ကိုင်လျက် ရောက်လာပြီး အဖမ်းခံခဲ့ပါတယ် လက်ဆောင်ပေးစရာရှိတယ်လို့လဲ ပြောရင်း အေးဆေးပဲ အဖမ်းခံလိုက်တယ်... အဲ့ဒီ ဒရိုက်ထဲမှာ ဗုံးတွေ ရဲ့ တည်နေရာပါတယ် လျို့ဝှတ်ကုဒ်နံပါတ်နဲ့ ခံထားပြီး ၈ နာရီအတွင်း ...
movie

Mile 22 (2018)

2018