Channel Myanmar

Samantha Spiro

One Life (2023) 7.7
One Life (2023)  Sir Nicholas Winton သို့မဟုတ် ဒုတိယကမ္ဘာစစ်အတွင်းစစ်ရှောင်ကလေးငယ် ၆၆၉ဦးအားကယ်တင်ခဲ့သူ...ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးဟာတီဗီအစီအစဥ်တစ်ခုမှ လူသိများပြီးအစပျိုးလာခဲ့တာပါ...။ဇာတ်လမ်းအကြောင်းကို ပြောပြရရင် Nicholas Wintonဆိုတဲ့လန်ဒန်မှ လူငယ်stockbrokerလေးတစ်ယောက်...ဒုတိယကမ္ဘာစစ်မဖြစ်မီ ၁၉၃၈ခုနှစ် ဒီဇင်ဘာလထဲမှာချက်ကိုစလိုဗားကီးယားနိုင်ငံရဲ့မြို့တော် ပရော့ဂ်ကိုအလည်သွားရာကစခဲ့ပါတယ်...။အဲ့ဒီခေတ်အချိန်က ဒုတိယကမ္ဘာစစ်ဖြစ်ရန်တာဆူနေပြီးဟစ်တလာဟာ မဟာမိတ်တွေဆီကနေ ချက်ဇ်နိုင်ငံရဲ့ပြည်နယ်တစ်ခုကိုတောင်းပါတယ်...။စစ်ကိုရှောင်လွှဲချင်တော့ ဟစ်တလာရဲ့တောင်းဆိုချက်ကိုလိုက်လျောပြီး နယ်မြေပေးလိုက်ရတဲ့အခါ နာဇီဂျာမဏီတွေရဲ့ရန်ကိုကြောက်တဲ့ ဂျာမဏီ၊ သြစတီးနဲ့ ချက်ဇ်ဒေသခံဂျူးလူမျိုးတွေဟာ ပရော့ဂ်ကိုတိမ်းရှောင်လာခဲ့ကြပါတယ်။ကလေးတစ်ပွေ့တစ်ပိုက်နဲ့မိသားစုတွေဟာ နေစရာမဲ့ စားစရာမဲ့အတိဒုက္ခရောက်နေရတဲ့အပြင် နာဇီတို့ကျူးကျော်လာမယ့်အန္တရာယ်ကိုပါကြောက်လှန့်နေခဲ့ရကာ ပြေးစရာမြေမရှိဖြစ်နေခဲ့တာပါ။ဒီအခြေအနေကို ကြုံတွေ့မြင်တွေ့ခဲ့ရတဲ့ Nicholas Wintonဟာစစ်ကြောင့်နယ်စပ်တွေပိတ်မသွားမီ ကလေးငယ်တွေကိုစစ်ဘေးလွတ်ရာ အင်္ဂလန်သို့ပို့ဖို့ကြံဆောင်ပါတော့တယ်...။ဘယ်အချိန်ထဖြစ်မယ်မသိတဲ့စစ်မီးစင်ကိုကြည့်ရင်း အချိန်လုပြီးအသက်ကယ်ရတဲ့အခါ အသက်ဘယ်နှစ်ချောင်းကို ဘယ်လိုကယ်တင်နိုင်မှာလဲ....။Nicholas Wintonတစ်ယောက်ဒီလိုစွမ်းဆောင်ခဲ့ပုံတွေကိုတော်ရုံလူမသိခဲ့ကြဘဲ နှစ်ငါးဆယ်အကြာတီဗီအစီအစဥ်လေးတစ်ခုမှာမှ လူအများသိခဲ့ရပါတယ်။ဘာလို့ဆို အဲ့ဒီအစီအစဥ်မှာလာကြည့်တဲ့ ပရိသတ်တိုင်းဟာNicholas Wintonကယ်တင်ခဲ့ဖူးတဲ့ကလေးငယ်များဖြစ်နေကြောင်း အံ့သြစွာသိရှိခဲ့ရလို့ပါပဲ...။သူ့ရဲ့ဇာတ်လမ်းလေးက ဘယ်လိုမျိုးဖြစ်မလဲဆိုတာ ဒီတစ်ခါတော့ရုပ်ရှင်အတိုင်းသားကြည့်ရှုခွင့်ရတော့မှာပဲဖြစ်ပါတယ်ဗျာ...။ File size…2.02GB / 720MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Biography , Drama , ...
movie

One Life (2023)

Me Before You (2016) 7.4
Me Before You (2016) Datshin Review : Me Before You (2016) Drama, Romance --- Plot --- . အသက် ၂၆ နှစ်အရွယ်ရှိ Louisa Clark ဟာ စားပွဲထိုးအလုပ်ကနေ ပြုတ်သွားပြီး အတူနေ မိဘနဲ့ ညီမသားအမိကို ထောက်ပံ့ဖို့ လိုတဲ့အတွက် အလုပ်သစ်တစ်ခု အသည်းအသန်ရှာရတဲ့အခါမှာ မသန်စွမ်းတစ်ယောက်ကို စောင့်ရှောက်ရမယ့် အလုပ်ကို လက်ခံခဲ့ပါတယ်။ သူစောင့်ရှောက်ရတဲ့သူက လွန်ခဲ့တဲ့ နှစ်နှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုမှာ တစ်ကိုယ်လုံးသေ (လက်ချောင်းတစ်ချောင်းနှစ်ချောင်းနဲ့ ခေါင်းလောက်ပဲ လှုပ်နိုင်တော့တဲ့) Will Traynor ပါ။ Will ဟာ မတော်တဆမှု မတိုင်ခင်က အောင်မြင်နေတဲ့ လူငယ် ဘဏ်လုပ်ငန်းရှင်လဲဖြစ်ပြီး ချမ်းသာတဲ့မိဘက ပေါက်ဖွားလာလို့ ရုပ်လဲချော ပညာလဲတတ် ကျားကျားယားယားလဲရှိနဲ့ အရာအားလုံး ပြည့်စုံနေတဲ့သူ ဖြစ်ခဲ့သူပေါ့။ ကို့ယို့ကားယား ကြောင်တောင်ကျားတား ဝတ်စားတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သူ Lou ...
movie

Me Before You (2016)

2016
4K HEVC
From Hell (2001) 6.8
From Hell (2001) CM Fan တွေ အတွက် မင်းသားကြီး Johnny Depp ငယ်စဉ်က သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားကောင်း တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ From Hell ဆိုတဲ့ သည်းထိတ်ရင်ဖို စုံထောက် ရုပ်ရှင်ကားဖြစ်ပါတယ် IMDb Rating 6.8 ထိ ရရှိထားပါတယ် Johnny Depp နဲ့ အတူ မင်းသမီး Heather Graham ပါ သရုပ်ဆောင်ထားပါတယ် ဇတ်လမ်းပုံစံကတော့ ဒုစရိုက်မှုတွေ ကြီးစိုးတဲ့ မြို့တစ်ခုမှာ ရဲစုံထောက် နာမည်ကျော် အက်ဗာလိုင်း ဆိုတဲ့ လူတစ်ယောက်ရှိတယ် သူက ဘယ်လောက်ထိ နာမည်ကြီးလဲဆိုရင် သေနေတဲ့သူရဲ့ အလောင်းကို ကိုင်ကြည့်ရုံနဲ့ လူသတ်မှုကို ခြေရာခံနိုင်ပါသတဲ့ စိတ်စွမ်းအင်လဲ ရှိပြီး လူသတ်မှုတွေ မဖြစ်ခင် ကြိုတင်အာရုံရတက်ပါတယ် သူက လူထူးလူဆန်းလို ဖြစ်နေပြီး မြို့နယ် ရဲတပ်ဖွဲ့ရဲ့ အားကိုးရာလဲဖြစ်ပါတယ် ပုံစံ အရ ပြောရရင် မင်းသိင်္ခ ၀တ္တုထဲက ဆားပုလင်း နှင်းမောင် လိုပေါ့... တစ်ရက်မှာတော့ အဲ့ဒီ မြို့သေးသေးလေးမှာ အမှုအခင်း ထူးထူးဆန်းဆန်း တစ်ခုဖြစ်ခဲ့ပါတယ်... အဲ့ဒါကတော့ ပြည့်တန်ဆာ တွေကို လိုက်သတ်နေတဲ့ ကွင်းဆက်လူသတ်သမား တစ်ယောက် ...
movie

From Hell (2001)

2001