Channel Myanmar

Sampath Raj

Extra Ordinary Man (2023) 7.3
Extra Ordinary Man (2023) Extra Ordinary Man (2023) "တမူထူးတဲ့ ဘူလူ" =====================================အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် IMDb 7.3 ရရှိထားတဲ့ တေလဂူးစကားပြော အက်ရှင်ဒရာမာရုပ်ရှင်လေး တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာ Vikram Vedha ထဲက ရီသိက်လိုလို ပွတ်ရှ်ပါထဲက အာလူးအာဂျွန်လိုလိုဒီဇိုင်းကာလာနဲ့မင်းသားက ဇာတ်လိုက်ဇာတ်ကောင် အာဘီနေးအဖြစ် သရုပ်ဆောင်ထားတာပါ။အာဘီနေးဆိုတဲ့ တက်သစ်စအနုပညာသမားလေးဟာ ငယ်ငယ်ကတည်းက ဇာတ်လိုက်မင်းသားဖြစ်ချင်ခဲ့ပေမဲ့ တချို့ရုပ်ရှင်ကားကြီးတွေရဲ့ ဘက်ဂရောင်းတွေမှာသာ မထင်မရှားပါဝင်ရင်း မင်းသားဖြစ်ဖို့ အခွင့်အရေးကို စောင့်စားနေသူပါ။သူဟာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကြိုးစားနေရင်း တစ်နေ့မှာ သူဌေးမတစ်ယောက်က သူ့ကိုသဘောကျသွားပြီး ဇာတ်လိုက်ဖြစ်ဖို့ အခွင့်အရေးရခါမှ မမျှော်လင့်တာတွေဖြစ်ပျက်ရင်း ဘဝတဆစ်ချိုး ပြောင်းလဲသွားပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…4.03GB / 1.8GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 37mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Extra Ordinary Man (2023)

2023
Agnyaathavaasi (2018) 4.3
Agnyaathavaasi (2018) Agnyaathavaasi (2018) "နန်းပြင်က အိမ်ရှေ့မင်းသား"2018 က ထွက်ရှိခဲ့တဲ့ နာမည်ကြီး တေလဂူး Action/Thriller ကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အိန္ဒိယရဲ့ အချမ်းသာဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသား Pawan Kalyan နဲ့ မင်းသမီးချောလေး Keerthy Suresh တို့ ပါဝင်ထားကြပါတယ်"Revenge is the best dish best-served cold" "လက်စားချေခြင်းဆိုတာ အေးမှ စားလို့ကောင်းတဲ့ ဟင်းလျာတစ်ခွက်ပါပဲ"တစ်ခုမတူတာကတော့ ဒီကားထဲက မင်းသားက လက်စားချေခြင်းကို အေးမှ စားသုံးမယ့်လူမျိုးမဟုတ်ပဲ... မြန်နိုင်သမျှအမြန်ဆုံး သူ့ရဲ့အဖေနဲ့ ညီလေးကို သတ်သွားတဲ့သူတွေကို လက်စားချေလိုစိတ်ဖြစ်နေသူပါ သူ့ရဲ့ ဝသီအရ "သစ်ပင်တွေကို အထပ်ထပ်ညှင်းပန်းပြီးမှ သက်တောင့်သက်သာ ထိုင်လို့ရတဲ့ ကုလားထိုင်တစ်လုံးဖြစ်သလိုမျိုးပဲ ... သူ့ရဲ့ ရင်ထဲက အာဃာတရန်ငြှိုးတွေ ချုပ်ငြိမ်းပြီး သက်တောင့်သက်သာ နေနိုင်ဖို့ လက်စားချေခြင်းကို အမြန်ဆုံးလုပ်နိုင်မှ အေးမယ်လို့ တွေးထားသူပါဇာတ်လမ်းအစမှာ ဗင်ဒါဆိုတဲ့ AB ...
movie

Agnyaathavaasi (2018)

2018
Custody (2023) 8.1
Custody (2023) Custody(2023) IMDb 8.1/10 Forrest Gump ကို Remake ပြန်ရိုက်ထားတဲ့ Laal Singh Chaddha ထဲမှာ လေတအားပေါတဲ့ စွပ်ကျယ်ချုပ်တဲ့ဆရာကြီး ဘာလာရာဂျူး ခေါင်းဆောင်ပါဝင်ထားတဲ့ ရဲမှူခင်းဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်း လူနာတင်ကားအတွက် ဝန်ကြီးချုပ်ကားကိုတောင် တားပြီး လူနာတင်ကားကို လမ်းပေးရဲတဲ့ ရဲတပ်သားလေးရှီဗာတယောက် အချစ်ရေးနဲ့ အမှန်တရားကြားမှာ ဗျာများရတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်ထုံးစံအတိုင်းပဲ အမှန်တရားဘက်ရပ်တည်တဲ့အခါ တလောကလုံးနဲ့ကိုယ်တစ်ယောက်တည်း ရင်ဆိုင်တိုက်ပွဲဝင်ရယုံသာမကရာဇဝတ်မှုကျူးလွန်တဲ့သူတွေကလည်း ဟိုလူနဲ့အပိုင် ဒီလူ့တပည့်ပါဆိုပြီး အကာအကွယ်တွေယူ လက်တစ်လုံးခြားတွေလုပ် ကိုယ်နဲ့ ဆန့်ကျင်ဘက်ကို အမျိုးမျိုးဖိနှိပ်ကြနဲ့ အက်ရှင်ဒရာမာ တရားခွင်စုံနေအောင် ရသစုံခံစားရမဲ့ဇာတ်ကားလေးဖြစ်ပါတယ် အိန္ဒိယရဲကားကောင်းလေးတွေ ကြိုက်နှစ်သက်တတ်တဲ့ ပရိသတ်ကြီးအတွက် ဒီဇာတ်ကားလေးကလည်း သရုပ်ဆောင်ကောင်းကောင်း rating ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းနဲ့ ရသစုံခံစားရမှာဖြစ်လို့ ကြည့်ရှုအားပေးနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Sai,chiclon3,Thaik San,Bpl,Yunni,Zwe တို့ပဲ ဖြစ်ပါတယ်) File size…10.5GB / 3.45GB / 1.4GB Quality…4k HEVC / 1080p WEBDL / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai~chiclon3~Thaik San~Bpl~ Yunni~ Zwe ...
movie

Custody (2023)

2023
4K HEVC
Ravanasura (2023) 6.3
Ravanasura (2023) Ravanasura 2023 အသစ်ထွက်ရှိထားတဲ့ တေလဂူးမှုခင်းကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.4 အထိရရှိထားပြီး ရုံ၀င်ငွေလည်း ၂၁ကုဋေအထိအမြတ်ရထားပါတယ်။ သရုပ်ဆောင်အနေနဲ့ တေလဂူးဝါရင့်ရုပ်ရှင်မင်းသားရာဗီကရှေ့နေအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကောလိပ်တက်တုန်းက ရည်းစားဟောင်းရဲ့လက်အောက်မှာ အလုပ်၀င်လုပ်နေရပြီး အငယ်တန်းရှေ့နေရာထူးနဲ့ ရုန်းကန်နေရရှာတဲ့ ရှေ့နေလေးရာဗင်ဒရာ၊ ငွေရပေါက်မြင်တာနဲ့ ဘာမဆိုလုပ်ဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့သူ၊ အများကလက်ရှောင်နေပါတယ်ဆိုတဲ့အမှုတောင် သူကခေါင်းမာပြီးအမှု၀င်ကိုင်တဲ့သူမျိုးပေါ့။တစ်နေ့မှာ ချမ်းသာတဲ့လုပ်ငန်းရှင်ကြီးတစ်ယောက် လူသတ်မှုနဲ့စွပ်စွဲခံရပြီး သမီးဖြစ်သူက အဖေ့ကိုထောင်ကထုတ်ဖို့ ဘာမဆိုပေးမယ်လုပ်နေတဲ့ချိန်မှာ ရာဗင်ဒရာတစ်ယောက် သမီးဖြစ်သူကိုလည်းသဘောကျ၊ ‌ငွေကိုလည်းသဘောကျနဲ့ အရှေ့နောက်မစဉ်းစားဘဲ တာ၀န်ယူလိုက်တယ်။အမှုဟာ သူထင်ထားသလို မရိုးရှင်းနေတဲ့အခါ ငွေမက်တဲ့သူတစ်ယောက် ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပါဦးမလား၊ လူသတ်မှုကို သူဖော်ထုတ်သွားနိုင်မှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မှုခင်းစုံထောက်၊အက်ရှင်ကား ဖြစ်လို့ ကိုယ်တိုင်ပဲစုံထောက်လုပ်ပြီး အဖြေရှာကြည့်ရအောင်ပါ.... File size…2.85GB /1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar  Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Nyein ~ Cherry
movie

Ravanasura (2023)

2023
Yashoda(2022) 8.4
Yashoda(2022) Yashoda (2022)IMDb-8.3/10ဒီတစ်ခါတော့ ဇာတ်လမ်းအစတည်းက ရှုပ်ထွေးမှုတွေ မြှုပ်ကွက်တွေနဲ့ အစပြုထားတဲ့ ကားလေးတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအစမှာ -‌‌ဟောလိဝုဒ်အကျော်အမော်မင်းသမီးဟာ အိန္ဒိယလာပြီး ထူးထူးဆန်းဆန်းသေဆုံးသွားခဲ့တယ် -အိန္ဒိယရဲ့ သူဌေးကြီးတစ်ဦးဟာ သူ့ချစ်သူ Miss India Pageant က ထိပ်တန်းမော်ဒယ်တစ်ဦးအာရူရှီနဲ့အတူ ကားအက်ဆီးဒင့်နဲ့ သေဆုံးသွားခဲ့တယ် ဒီလို အကျော်အမော်နှစ်ဦးကားအက်ဆီးဒင့်ဖြစ်သေဆုံးရတာဟာ သွေးရိုးသားရိုးလား နောက်ကွယ်က အကြောင်းအရင်းတွေရှိနေလားဆိုတာ အားလုံးကသိချင်နေကြပါတယ် လိုက်စစ်ဆေးရင်း အာရူရှီဟာ ကြော်ငြာတွေလက်မခံခင်စစ်ဆေးတတ်တဲ့သူ ဖြစ်ကြောင်းတွေ့ရှိခဲ့တယ် သူ့ရဲ့ မေးလ်တွေထဲကနေ ပစ္စည်းတစ်ခုဟာသံသယဝင်စရာကောင်းတာမို့ စာချုပ်မချုပ်ဖို့ သတိပေးထားတဲ့ မေးလ်တစ်ခုတွေ့ရှိခဲ့တယ် အဲဒီပစ္စည်းဟာ နိုင်ငံအကြီးအကဲတစ်ယောက်နဲ့ ဆက်စပ်သူထုတ်လုပ်တဲ့ပစ္စည်း-တစ်ဖက်မှာလည်း ယာရှိုဒါဟာ သူ့ညီမလေးခွဲစိတ်ခအတွက် အငှားကိုယ်ဝန်ဆောင်ပြီးဖြေရှင်းဖို့ လုပ်နေပါတယ် ဒီမှာလည်း သူ့ရဲ့သားအိမ်အားနည်းချက်ကြောင့် ကိုယ်ဝန်ကို ဒီတစ်ကြိမ်ပဲဆောင်ခွင့်ရတော့မယ်ဆိုတာကို ဆရာဝန်ကထိမ်ချန်ထားပါတယ် ဗိုက်ထဲက ကလေးအတွက် အမည်မသိနေရာတစ်ခုမှာ အသုံးအဆောင်အပြည့်အစုံနှင့် နေရာတစ်ခုမှာ ပိတ်ခံထားရတယ် အဲဒီနေရာကလည်း ဆရာဝန်တွေ ကြီးကြပ်သူတွေ အစောင့်တွေနဲ့ မဝင်ရဇုန်တွေ လျှို့ဝှက်ချက်တွေနဲ့ နေရာကြီးဖြစ်နေတယ်ဒီဖြစ်ရပ်တွေအားလုံး အချိန်နေရာ‌ဒေသအသီးသီးမှာဖြစ်တည်ခဲ့ပေမယ့် ဘယ်လိုဆက်စပ်မှုတွေရှိနေမလဲဇာတ်လမ်းအစတည်းက ဆွဲဆောင်သွားမယ့်ကားကောင်းတစ်ကားအတွက် အညွန်းထက်ကြည့်ဖြစ်အောင်ကြည့်ကြည့်ဖို့ပဲ တိုက်တွန်းချင်ပါတယ် File size…3.8GB / 1.8GB ...
movie

Yashoda(2022)

2022
4K HEVC
Bruce Lee – The Fighter (2015) 5.5
Bruce Lee – The Fighter (2015) CM ပရိသတ်ကြီးတွေအတွက် Old But Gold ဇာတ်ကားလေးတစ်ပုဒ်ဖြစ်တဲ့ Bruce Lee The Fighter ဆိုတဲ့ ဘိုင်ယာဘိုင်မင်းသားပါဝင်ထားတဲ့ ဇာတ်ကားတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ကာသစ်ဟာ သူ့ညီမလေးကို အရမ်းချစ်တဲ့သူဖြစ်ပြီး သူ့ညီမလေးအောင်မြင်ဖို့အတွက် သူ့ရဲ့ဘဝကိုတောင် အနစ်နာခံပြီး မတင်ပေးခဲ့သူပေါ့သူတို့မောင်နှမနှစ်ယောက်လုံးဟာ ဉာဏ်အရမ်းကောင်းလွန်းပေမယ့် မိသားစုက နှစ်ယောက်စာ ပိုက်ဆံမတတ်နိုင်လို့ အဖေဖြစ်သူက ကာသစ်ကိုပဲ ကျောင်းကောင်းမှာထားပြီး အခွန်မှူးဖြစ်အောင် လုပ်ပေးချင်တာပေါ့ဒါပေမယ့် ညီမလေးကလည်း အခွန်မှူးဖြစ်ချင်နေတော့ ကာသစ်က သူ့ကိုယ်သူ အရည်အချင်းမရှိတဲ့သူအဖြစ် ဟန်ဆောင်ပြီး သူ့ညီမလေးကိုပဲ အခွင့်အရေးပေးလိုက်ပါတယ်အဲဒီလိုနဲ့ ကြီးလာတော့လည်း မင်းသားနေရာမှာ အစားထိုးသရုပ်ဆောင်ရတဲ့ စတန့်မင်းသားဖြစ်လာခဲ့ပြီး အဖေဖြစ်သူရဲ့ အထင်သေးမှုတွေကိုပဲ အမြဲခံနေခဲ့ရတာပေါ့ဒါပေမယ့် သူကတော့ သူ့ညီမလေးအောင်မြင်ရင်ပဲ ကျေနပ်နေပြီး ဘဝကို ပျော်ပျော်ပဲဖြတ်သန်းပါတယ်တစ်နေ့ သူ ရဲဝတ်စုံဝတ်ပြီး သရုပ်ဆောင်နေတုန်း ရဲတွေကို အရမ်းကြွေတဲ့ ကောင်မလေးတစ်ယောက်က သူ့ရဲ့ အရည်အချင်းရှိတဲ့ ရဲပုံစံကို မြင်လိုက်ရပြီး သူ့ကိုတကယ့်ရဲထင်သွားကာ သူ့နောက်က တစ်ကောက်ကောက်လိုက်ပါတော့တယ်အဲဒီလိုနဲ့ ကောင်မလေးက လူဆိုးတစ်အုပ်နောက်လိုက်ရင်း ကာသစ်ကို တကယ့်ရဲအမှတ်နဲ့ အမြဲအကူအညီတောင်းလို့ ကူညီရင်းက လူဆိုးတွေက သူ့ကို ပစ်မှတ်ထားလာကြတဲ့အခါ..ကာသစ်တစ်ယောက် အဲဒီဒုစရိုက်သမားတွေနဲ့ ဘယ်လိုဖြေရှင်းမလဲ သူ့ညီမအတွက်ရော ဘယ်လောက်တောင် အစ်ကိုကောင်းတစ်ယောက် ပီသမလဲဆိုတာ ဒီဇာတ်ကားထဲမှာ ...
movie

Bruce Lee – The Fighter (2015)

2015
Thank You (2022) 6.4
Thank You (2022) Thank You (2022) Drama IMDb 6.4/10ကဲ တေလဂူဘက်က မင်းသားချောလေး နာဂချီတန်ယားအခီနယ်နီရဲ့ ဇာတ်ကားသစ်လေး ထွက်လို့လာခဲ့ပါပြီ...ဒီမင်းသားရဲ့ထူးခြားချက်ကတော့ သူရိုက်တဲ့ကားတော်တော်များများက ဇာတ်ကိုအေးအေးလေးနဲ့ ပရိသတ်ကို ဆွဲခေါ်သွားနိုင်တဲ့ အရည်အချင်းရှိတယ်..ခုတစ်ခါထွက်ရှိလာတဲ့ကားလေးမှာလည်း လူတစ်ယောက်ရဲ့ဘဝ... အသေအချာပြောရရင် ယောက်ျားတစ်ယောက်ရဲ့ဘဝမှာ ကြုံရတတ်တဲ့ ဘဝရဲ့အချိုးအကွေ့ အနိမ့်အမြင့် အတက်အကျတွေကြားမှာ ကိုယ့်ကို ဘယ်သူဟာအမြင့်ကို ဆွဲခေါ်သွားလဲ ကိုယ့်ကို ဘယ်သူဟာ အနိမ့်ကို ဆွဲချသွားလဲဆိုတာကို ပိုင်းခြားသိမြင်တတ်အောင် သင်ပေးထားတဲ့ ဇာတ်ကားကောင်းလေးပါ..ရည်မှန်းချက်တွေအပြည့်နဲ့ အမေရိကန်ကို ရောက်လာတဲ့ အဘီဟာ တစ်ကောင်ကြွက်တစ်ယောက်ဖြစ်ပြီး သူ့အိပ်မက်တွေ အကောင်အထည်ပေါ်လာအောင် ကြိုးစားမယ့်လူတစ်ယောက်ပါ...ဒါပေမဲ့ အောင်မြင်လာတဲ့အခါမှာလည်း သူဟာ တစ်ကိုယ်ကောင်းဆန် မောက်မာလာပြီး သူ့ကျေးဇူးကို မေ့လာခဲ့ပါတယ်...ဘဝမေ့တော့မယ့်ဆဲဆဲ အမြင်မှန်ရလာတဲ့အခါမှာတော့ ဘဝကို လက်တွေ့ကျကျနဲ့ သူဘယ်လိုဖြတ်သန်းမလဲသူ့ဘဝတက်လမ်းကို ဖေးမပေးခဲ့တဲ့သူတွေကို ပိုင်းခြားသိမြင်လာပြီးနောက် စိတ်ဝင်စားဖွယ် သူ့နောက်ကြောင်းတွေနဲ့အတူ ဘဝခရီးလမ်းကို အဓိပ္ပါယ်ရှိစွာနဲ့ ဘယ်လိုဖြတ်သန်းမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်အပြင် ကိုယ့်ဘဝရဲ့ကျေးဇူးရှင် ရန်သူနဲ့ ဘဝလက်တွဲဖေါ်တို့ကို အောင်မြင်စွာပိုင်းခြားသိမြင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်... File size…10.57GB / 2.67GB / 1.2GB Quality…720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Yunni ~ Khai
movie

Thank You (2022)

2022
4K HEVC
F3: Fun and Frustration (2022) 5.1
F3: Fun and Frustration (2022) ဒီတခေါက်တော့အသစ်ထွက်ရှိလာတဲ့ တေလဂူလ်ကားလေးတခုတင်ဆက်ပေးချင်ပါတယ်... ဇာတ်ကားရဲ့ Main Cast ကတော့ ဝါရင့်သရုပ်ဆောင်ကြီးဗန်တညကတ်ချ် ဖြစ်ပြီး မင်းသမီးကတော့ Bahuballi နဲ့ KGF Chapter 1ထဲမှာပါတဲ့မင်းသမီးပါပဲ။ ဇာတ်လမ်းအကျဉ်း ============လောကမှာငွေက ဒုတိယဘုရားသခင်မဟုတ်လား ကိုယ်သာ သန်းချီ ချမ်းသာတဲ့ မိန်းမ ဒါမှမဟုတ် ယောက်ျားတစ်ယောက်ကို လက်ထက်ခွင့်ရမယ်ဆို ကိုယ်လဲသန်းကြွယ်သူဌေးဖြစ်နိုင်တာပဲမဟုတ်လား။ ဒီတော့ သန်းကြွာ်သူဌေးဟန်ဆောင်ပြီး တကယ်ချမ်းသာတဲ့သူတစ်ယောက်ကိုပိုင်းလုံးလုပ်ဖို့ကြံရွယ်ထားတဲ့ ယောင်္ကျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့တို့အပြိုင်ဂျင်းထည့်ကြတဲ့အခါ။ တချိန်ထဲမှာပဲ သူတို့ထဲကတစ်ယောင်က တကယ့်သန်းကြွယ်သူဌေးကြီးရဲ့ ပျောက်ဆုံးနေတဲ့ရင်သွေးဖြစ်တယ်လို့ ကြားလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲတော့ထုံးစံအတိုင်း ရုပ်ရှင်မှာပဲလိုက်ပါစီးမျောခံစားပေးပါ။ တောင်ပိုင်း ဟာသကားအစစ်ဖြစ်တာနဲ့အညီ သဘာဝကျကျ ကြည့်ချင်သူတွေနဲ့တော့ သိပ်အဆင်ပြေမှာမဟုတ်ပဲ ပေါ့ပေါ့ပါးပါးဟာသအနေနဲကြည့်မှ အဆင်ပြေပါမယ်လို့ ပြောချင်ပါတယ်။  File size…3GB/ 1.5GB Quality…1080p WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ OeliuJ ~ Yunni
movie

F3: Fun and Frustration (2022)

2022
Son of Satyamurthy (2015) 7.1
Son of Satyamurthy (2015) Son Of Satyamurthy (2015)ဖခင်ဆိုတဲ့ ကြီးမားလှတဲ့အရိပ်ကို ခိုလှုံရင်း ဘဝကို ခပ်အေးအေးနေခဲ့တဲ့ လူငယ်တစ်ယောက်...အက်ဆီးဒင့်ကြောင့် ဖခင်ဖြစ်သူ သေဆုံးပြီးနောက်ပိုင်း ဖခင်အရိုက်အရာကိုလက်ခံကာ...ကြုံလာသမျှအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်သလဲဆိုတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းတကယ်ကောင်းသလို ၊ ရိုက်ချက်တွေလည်းကောင်းတယ်။Stylish Star အာလူအာဂျွန်းရဲ့ ထုံးစံအတိုင်း ခပ်မြူးမြူးလေးဆိုတော့ကြည့်ဖူးသူလည်း မူရင်းတီလူဂူးအသံနဲ့ ထပ်ကြည့်လို့ရတာပေါ့ခင်ဗျာ။ အိုဗာအက်ရှင်ပါတာလေးတွေတော့ သည်းခံကြည့်ရမယ်။File size…4.64Gb / 2.4Gb / 1.2GB Quality…1080p Blu Ray AAC 5.1Ch / 1080p AAC 2.0 / 720p Format…mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myint Thu  
movie

Son of Satyamurthy (2015)

2015
Aranmanai 3 (2021) 4.3
Aranmanai 3 (2021) Aranmanai 3 (2021)Aranmanai ဇာတ်ကားတွေဟာ sequel အနေနဲ့ထွက်လာတာဟာဆိုရင် အခုဆို ၃ ကားမြောက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ တမီးလ်လူထုရဲ့လူကြိုက်များသဘောကျတဲ့သရဲကားကောင်းဖြစ်တာနဲ့အညီ တစ်ကားပြီးတစ်ကားရိုက်ထုတ်ရတဲ့ ကားကောင်းလေးဖြစ်တာနဲ့အညီ ဇာတ်လမ်း ဇာတ်ကွက် ဇာတ်အိမ်ဟာ သိပ်ပြောစရာမရှိတဲ့ကားလေးဖြစ်ပါတယ်။တမီးလ်ရုပ်ရှင်လောကရဲ့နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားသလို တမီးလ်သရဲကားတိုင်းရဲ့ဇာတ်လိုက်ကျော် ကိုဘရိတ်ကီးပါဝင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုညွှန်းရမယ်ဆိုရင်ဖြင့် သရဲခြောက်တဲ့ဟော်နန်းကြီးတစ်ဆောင်နဲ့ ဘယ်လိုခြောက်လို့ ဘာကြောင့်ခြောက်မှန်းမသိရတဲ့ပုစ္ဆာတစ်ခု၊ ဟော်နန်းကြီးမှာသရဲခြောက်တယ်ပြောလို့ငယ်စဉ်ကတည်းက ဟော်နန်းပိုင်ရှင်ဖခင်ဖြစ်သူရဲ့ဖယ်ကြည်ခြင်းကိုခံရတဲ့ကောင်မလေးတစ်ယောက်၊ ထိုကောင်မလေးလိုကိစ္စရပ်မျိုး ထိုဟောနန်းကြီးမှာနောက်ထပ်မွေးဖွားလာတဲ့ကလေးမငယ်‌လေးမှာလည်းကြုံတွေ့လာရတဲ့အခါ ဟော်နန်ကြီးကို သရဲခြောက်တယ်ပြောပြီးရောင်းစားဖို့ကြံနေတဲ့ဦးလေးဖြစ်သူနဲ့ မည်သို့မည်ပုံစခန်းဆက်ရမယ်၊ သရဲဘာလို့ခြောက်ရတယ်၊ ဇာတ်ရှုပ်‌တွေအကုန်ဘယ်လိုဇာတ်ထုတ်ပြေသွားမယ်ကိုတော့ ၂၀၂၁ ခုနှစ်မှာထွက်ရှိလာတဲ့ Aranmanai ဇာတ်ကားကောင်းလေးထဲမှာခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။(ဒီဇာတ်ကားကို အညွှန်းရေးပေးထားသူကတော့ San Thu Aung ဖြစ်ပြီး ဘာသာပြန်ဆိုရေးသားပေးထားသူကတော့ Alias နဲ့ San thu Aung ပဲ ဖြစ်ပါတယ်)Size -  2.3 GB, 1.3GB Quality - 1080p HEVC, 720p IMDb Rating - 4.3/10 Format - mp4 Duration ...
movie

Aranmanai 3 (2021)

1080p HEVC
Kasada Tabara (2021) 7.7
Kasada Tabara (2021) Kasada Thapara (2021)အခုတစ်ခေါက် CM ပရိသတ်တွေကို တင်ဆက်ပေးမဲ့ဇာတ်ကားကတော့ Kasada Tharapa လို့ အမည်ရတဲ့ အိန္ဒိယ ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်ဒီကားလေးကတော့ အများနဲ့မတူ တစ်မူ ထူးခြားပါတယ် ဇာတ်ကားနာမည်ဖြစ်တဲ့ "Kasada Thapara"ဆိုတဲ့ စကားလုံးလေးကအစ ထူးခြားနေတာမျိုးပေါ့.....တမီးလ် ဘာသာအရဆိုရင် Kasada Tharapa ဆိုတာက "အက္ခရာတွေရဲ့ပုံပြင်"လို့ အဓိပ္ပာယ်ရပါတယ် ဒီမှာ ထင်မိမှာပေါ့အက္ခရာတွေက ဘာများ ထူးခြားနေလို့လဲ..... အဲ့ဒီမေးခွန်းအတွက် အဖြေလာပါပြီCrossword ဆိုတဲ့ ပဟေဠိကို လူတိုင်းဆော့ကြဖူးမယ်ထင်ပါတယ် ပေးထားတဲ့ အဓိပ္ပာယ်နဲ့စာလုံးလေးတွေအတန်းလိုက်ဖြည့်ရတယ် ပြီးရင် ဖြည့်ထားတဲ့ အကွက်လေးထဲကအက္ခရာတစ်လုံးချင်းဆီ ပေါင်းပြီး စာလုံးအသစ်လေးတွေ ရလာတယ် မဟုတ်လားဒီရုပ်ရှင်လေးမှာလည်း ဒီလိုပါပဲ လူခြောက်ယောက်ရဲ့ အဖြစ်အပျက် ကိုယ်စီကို သရုပ်ဖော်ထားမယ် အဲ့ဒီလူခြောက်ယောက်ရဲ့အဖြစ်အပျက်တွေ ဆက်စပ်ဖော်ထုတ်ရင်း နောက်ဆုံး အဖြေကို ရအောင် ရှာဖွေရမှာပဲ ဖြစ်ပါတယ်ဒါပေမဲ့ ဒီလိုရှာဖွေဖို့ကလည်း အခက်အခဲအများကြီးကို ဖြတ်ကျော်ရဦးမှာပါ ...
movie

Kasada Tabara (2021)

2021
Check(2021) 7.0
Check(2021) Check(2021) အညွှန်း******************IMDb...7.0၂၀၀၄ခုနှစ် ဒီဇင်ဘာလမှာ ဗုံးပေါက်ကွဲမှုကြောင့်  လူအယောက် (၄၀) အသက်ဆုံးရှုံးခဲ့ရတယ်...ဒီသေဆုံးမှုကြောင့် အိန္ဒိယ တစ်နိုင်ငံလုံးဒေါသတွေထွက်ကြတယ်.အစိုးရရဲ့ စုံစမ်းစစ်ဆေးမှု (၂)အကြာလုပ်အပြီးမှာ တရားခံ(၄)ယောက်ကိုဖမ်းဆီးနိုင်ခဲ့ပြီး  သေမိန့်ပေးခဲ့တယ်...ဒီထဲမှာ သံသယရှိသူအဖြစ်ထပ်မံဖမ်းဆီးခံရတာကတော့ အဒိတျဆိုတဲ့သူတစ်ယောက်ပါ...သူကတော့ လုံးဝအပြစ်ကင်းတယ်လို့ အကြိမ်တိုင်းပြောနေသလိုဒီအတွက်အယူခံဝင်ဖို့လည်း ကြိုးစားနေပါတယ်...ခက်တာက သူ့ကိုဘယ်သူမှရှေ့နေလိုက်မပေးချင်ကြသလို လိုက်တဲ့ရှေ့နေတွေကလည်းရှုံးလည်း ဘာမဖြစ်ဘူးလို့ခံယူထားကြတော့သူ့အတွက်အတော်ဒုက္ခရောက်နေပါတယ်..ဒီကြားထဲသူဟာ တရားခံ(၄)ယောက်ရဲ့ နောက်ဆုံးထောင်ထားတဲ့ဗုံးတည်နေရာတွေအတွက်ဖော်ကောင်လုပ်လိုက်လို့ ထောင်ထဲမှာ အချိန်မရွေး အသက်ပျောက်နိုင်တဲ့အနေအထားဖြစ်နေပါတယ်....ဒီ အိန္ဒိယကားက ဇာတ်လမ်းစထဲက စိတ်ဝင်စားစရာကောင်းပါတယ်...လှည့်ကွက် မြှုတ်ကွက်ပေါင်းများစွာပါသလိုအပိုကြီးတွေသိပ်မလုပ်တဲ့ထူးခြားဇာတ်လမ်းလို့တောင်ပြောလို့ရပါတယ်...ပိုစိတ်ဝင်စားဖို့ကောင်းတာက ထောင်ထဲကစစ်တုရင်ပွဲတွေပါပဲ....ဘယ်သူမှာ သူ့ဘက်မှာမရှိတဲ့ ထောင်ထဲက သူဘယ်လိုထွက်မလဲ...သူကိုယ်တိုင်ကရော တကယ်အပြစ်ကင်းရဲ့လား...သူ့အသက်အန္တရယ်ကိုရော ကာကွယ်နိုင်ပါ့မလား...တစ်ကောင်ကြွက်ဘဝနဲ့ ကလေးဘဝထဲက ခြေဉီးတည့်ရာလျှောက်သွားနေတဲ့ ဒီကောင်လေးမှာရောဘယ်လိုအရည်အချင်းတွေရှိမလဲ...နင်းကန်ကောင်းတယ်လို့ ညွှန်းချင်တယ်...ကြည့်ရကြိုးလုံးဝနပ်စေရမယ်.... File Size : (2.2GB) and (1.1GB) Quality : WEB-DL 1080P,720p Format…mp4 Duration…02:20:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet  ...
movie

Check(2021)

Red (2021) 5.8
Red (2021) RED 2021 မြန်မာစာတန်းထိုးဒီမင်းသားကတော့ တေလဂူးပရိသတ်တွေရင်းနှီးပြီးသား ဖြစ်မှာပါ။ iSmartShankar တို့၊ Hello Guru Prema Kosameတို့ရဲ့ မင်းသား Ram Pothineniပါပဲ။လောကမှာ အရှုပ်ထွေးဆုံးက လူ့လောက ဖြစ်ပါတယ်။ လူတစ်ယောက် နှစ်ယောက်ကနေ အစုအဖွဲ့ ဖြစ်လာတော့ လူ့ အဖွဲ့အစည်းတွေသတ်မှတ်ပြီး ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်တာဟာလည်း ဒီလူသားတွေပါပဲ။ဘယ်လိုပဲ ဥပဒေတွေ စည်းတွေဘောင်တွေ ချမှတ်ပေမယ့် ကယ်ပေါက်(ဟာကွက်)တွေကလည်း ရှိနေစမြဲပါပဲ။ဇာတ်လမ်းအကျဉ်းက. . . အာကတ်ရ်ှဆိုတဲ့ လူတစ်ယောက် သူနေထိုင်ရာ တိုက်ခန်းမှာ အသတ်ခံရတယ်။ရဲတွေ ပြာပန်းခတ် လှုပ်ရှားပြီး အမှုမှန်ပေါ်အောင် စုံစမ်းနေစဉ်မှာ ဆိဒါ့သ်ဆိုတဲ့ အင်ဂျင်နီယာတစ်ယောက်ကို ဖမ်းလိုက်ပါတယ်။ရဲတွေရဲ့ ဆက်စပ် စုံစမ်းမှုအရ လူသတ်သမားရဲ့ နေအိမ်တိုက်ခန်းအပြင်မှာ အခင်းဖြစ်ပွားတဲ့ ညတုန်းက လူတစ်ယောက်ရပ်နေတာကို အမှတ်မထင်ဘဲ ရိုက်မိခဲ့တဲ့ ပုံတစ်ပုံရရှိခဲ့ကြပါတယ်။ဒီတော့ အာကတ်ရ်ှကို သတ်သွားတာ သူပဲလို့ ကောက်ချက်ချလိုက်ပါတယ်။ဘယ်လိုပဲ စစ်မေး စစ်မေး အမှုမှန် မပေါ်သလို ဆယ်လ်ဖီပုံတစ်ခုသာ သက်သေအဖြစ် ရှိတာမို့ ရဲတွေ ခေါင်းချင်းဆိုင် ဆွေးနွေး အကြံထုတ်ရပြီ။ဒီလိုနဲ့ မကြာမီမှာပဲ ရဲအရာရှိတွေ အကြပ်ရိုက်စေမယ့် အရာတစ်ခုကို ထပ်မံသိလိုက်ရပါတော့တယ်။ဇာတ်လမ်းကျောရိုးက အဲ့လောက်ပဲ ဆိုပေမယ့် အရှေ့ပိုင်းမှာ ပြသွားတဲ့ အခန်းတွေ ကြားမှာ ဖြတ်ပြတဲ့ အခန်းတွေဟာ လူသတ်သမား ...
movie

Red (2021)

2021
Bheeshma (2020) 6.9
Bheeshma (2020) ဒီကားထဲက မင်းသား Nithiinကို အိန္ဒိဇာတ်ကားချစ်သူတွေ သိပ်မသိလောက်ပေမယ့် အပြုံးလှလှပိုင်ရှင်လေးဖြစ်တဲ့မင်းသမီးချောလေး Rashmika Mandanna ရဲ့ ဇာတ်ကားမို့ ကြည့်စေချင်တဲ့ စေတနာနဲ့ ဘာသာပြန် တင်ဆက်လိုက်တာပါ။မူရင်း အင်္ဂလိပ်စာဖိုင်မှာ အင်္ဂလိပ်လိုပြောတဲ့နေရာတွေမှာ စာမပါတဲ့အတွက် အတတ်နိုင်ဆုံး နားထောင်ပြီး အပြည့်စုံဆုံးဖြစ်အောင် ကြိုးစားပေးလိုက်တာပါ။ဇာတ်ကားအကြောင်း နည်းနည်းပြောရမယ်ဆိုရင်... ရုတ်တရတ်ကြည့်ရင်တော့ ဒီဇာတ်ကားကဝန်ကြီးချုပ်မင်းသားလို့ခေါ်တဲ့ Mahesh Babu ရဲ့ ဝန်ကြီးချုပ်ဇာတ်ကား(Bharat Ane Nenu)နဲ့ Maharshi ဇာတ်ကားကိုinspiration ယူပြီး ရိုက်ကူးထားတယ်လို့တောင် ထင်ချင်စရာပါပဲ။ဒါပေမယ့်လည်း ကွဲလွဲနေတာတွေတော့ အများကြီးရှိပါတယ်။ဒီကားထဲကမင်းသားဟာ တေလေဂျပိုး ၊ ကောလိပ်ကနေ အထုတ်ခံလိုက်ရတဲ့သူ။ဘ၀မှာ ကံဆိုးတတ်သူမို့ ဂေါ်မစွံလူပျိုဘ၀နဲ့ သူပြောတဲ့စကားထဲကလို IAS (I Am Single) ဖြစ်နေသူ။မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲပါတယ်ဆိုပြီး ရဲစခန်းရောက်အပြစ်တွေကို အေစီပီအရာရှိလက်အောက်မှာ ဆေးကြောရင်း အေစီပီ့သမီးကိုချစ်ကြိုက်မိရာကနေ သူ့ဘ၀ ပြောင်းလဲလာတယ်လို့ ဆိုရမှာပါပဲ။ဘာတွေ ဘယ်လိုပြောင်းလဲမလဲဆိုတာကတော့ ကိုယ့်ဘာသာ ခံစားလိုက်ပါတော့။ဒီကားထဲမှာ ...
movie

Bheeshma (2020)

2020
Venky Mama (2019) 5.6
Venky Mama (2019) (Unicode)ဇာတ်ကားရဲ့ နာမည်အရ. . . Venky Mama ဆိုတာက (မိခင်ဘက်က တောစပ်တဲ့) ဦးလေးဗင်ကီပေါ့။မိဘနဲ့သားသမီးကြားက ချစ်ခြင်းမေတ္တာ၊ သမီးရည်းစားကြားက ချစ်ခြင်းမေတ္တာတွေအကြောင်း မဟုတ်ပဲဒီတစ်ခါ ဇာတ်ကားလေးက တူဝရီးနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာ အကြောင်းပေါ့ဗျာ။မင်းသားကြီး Daggubati Venkatesh(ဒတ်ဂူဗတီဗင်ကာတက်ရှ်) ၊ မင်းသားငယ် Naga Chaitanya (နာဂချာတန်(န်)ယာမင်းသမီးချောတွေ ဖြစ်တဲ့ Payal Rajput (ပါယယ်လ်ရာ့ဂ်ျပွတ်) ၊ Rashi Khanna (ရာသျှိခမ်းနား)တို့ရဲ့ အသစ်စက်စက် ဇာတ်ကားပါ။တေလဂူးဇာတ်ကားတွေအဖို့ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား ၊ မင်းသမီးတွေနဲ့ စိမ်းနေနိုင်ပေမယ့်တောင်အိန္ဒိယဇာတ်ကား ပရိတ်သတ်တွေအဖို့တော့ မင်းသားနှစ်လက်အပြင် မင်းသမီးနှစ်လက်နဲ့ပါ ရင်းနှီးနေပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်း အိန္ဒိယနိုင်နဲ့ ပါကစ္စတန်နယ်စပ် ကက်ရှ်မီးယားဒေသမှာရှိတဲ့ တပ်မတော်ပိုင်နယ်မြေထဲကို လူလတ်ပိုင်းအရွယ် သူစိမ်းတစ်ယောက် ဝင်လာတယ်။တားမြစ်နယ်မြေထဲကို ခွင့်မတောင်းပဲ ...
movie

Venky Mama (2019)

2019
Jersey(2019) 9.0
Jersey(2019) Jersey(2019)IMDb...9.0ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး ဘာမှမညွှန်းခင် သေချာပေါက်ပြောရဲတာတစ်ခုကတော့ ဒီဇာတ်ကားဟာ Top Ten India Movies of 2019 မှာ သေချာပေါက် 1 to 5 ဝင်မယ့်ကားပါတောင်ပိုင်းကားတွေနဲ့သိပ်မရင်းနှီးတဲ့ကျွန်တော့်အတွက်တော့ ဒီဇာတ်ကားဟာ တောင်ပိုင်းဂုဏ်ဆောင်ကားတစ်ကားပါပဲ ဒီထဲက သရုပ်ဆောင်တွေဟာလည်းတော်ကြသလို ဇာတ်လမ်း၊ ဇာတ်အိမ်ကလည်း တကယ့်ကို စင်လုံးချောပါ အထူးသဖြင့် မင်းသားဖြစ်သူက သရုပ်ဆောင်တွေကလည်း အပိုအလိုမရှိ တကယ့်ကိုကောင်းပါတယ်...အိုဗာအက်တင်တွေ၊ အိုဗာအက်ရှင်တွေ၊ က,တာ ခုန်တာတွေမပါဘဲ ဇာတ်ကားကောင်းမှကြည့်ချင်သူတွေအတွက်တော့ တကယ့်ဇာတ်ကားကောင်းတစ်ကားပါပဲအထူးသဖြင့် အိန္ဒယကားတွေဆို ကုလား၊ ကုလားနဲ့ ကြည့်မရဖြစ်နေသူတွေ ဒီကားကိုကြည့်ကြည့်ပါ သူတို့ရုပ်ရှင်အဆင်တန်းဘယ်လောက်မြင့်လဲ မြင်တွေ့ရမှာဒီလောက်စာတွေအများကြီးရေးနေတာ အလကားမဟုတ်ပါဘူးဗျာ ဇာတ်ကားကောင်းတစ်ကား လူတိုင်းကိုကြည့်စေချင်တဲ့ဆန္ဒကြောင့်ပါဘာကြောင့်လဲဆိုတော့ လက်ရှိ 2019 ထွက်ထားသမျှ အိန္ဒိယကားတွေထဲမှာ Rating အမြင့်ဆုံးလို့လည်းပြောလို့ရလို့ပါဗျာIMDb 9/10 ထိရရှိထားပြီး ဝေဖန်ရေးသမားတွေအကြား ကောင်းသတင်းမွှေးနေပါတယ်။ဇာတ်လမ်းလေးပြောရရင် ...အာရ်ဂျွန် . . . တချိန်က နာမည်ကြီး ခရစ်ကက်ကစားသမားတစ်ယောက် စံချိန်ကောင်းများစွာနဲ့ သူ့ခေတ်သူအခါမှာ အကောင်းဆုံးပဲအခုတော့ အကြောင်းအမျိုးမျိုးကြောင့် ခရစ်ကက်နားလိုက်ပြီ ပိုဆိုးတာ လက်ရှိအလုပ်လေးကလည်းပြုတ်နေတာ ၂ နှစ်ရှိပြီ ဇနီးဖြစ်သူ ဆာရာကတော့ မညည်းညူဘဲ အိမ်ထောင့်တာဝန်ကိုယူထားပါတယ် ဒါပေမဲ့ ...
movie

Jersey(2019)

2019
Kaala (2018) 7.7
Kaala (2018) ဇာတ်ကားကောင်း ကြိုက်သူတွေ အတွက်"Kaala" ဆိုတဲ့ ဇာတ်ကားကောင်း၊ဘော်ဒါတို့အားလုံး ရင်းနှီးပြီးသားဖြစ်မှာပါ။Reviewတွေလည်း ဖတ်ဖူးကြမှာပါ။ဇာတ်လမ်းအညွှန်း....Kaala ဆိုတာ "Daravi"ဆိုတဲ့ ဆင်းရဲသား ရပ်ကွက်ရဲ့ခေါင်းဆောင်အဖြစ် တင်စားကြတဲ့ "Karrikaalan "ရဲ့ နာမည်တစ်ခုပေါ့။သူဟာ ဒီရပ်ကွက်မှာ ဩဇာညောင်းသူ၊ ဖခင်ဖန်တီးခဲ့တဲ့ မြေကို ဆက်လက်ထိန်းသိမ်း ထားသူပေါ့။Kaala အဖေ ကို သတ်ခဲ့တဲ့ Harri Dada ဆိုတဲ့ ဝန်ကြီး ကလည်း ဒီမြေကို အစိုးရစီမံကိန်းလို့ လိမ်လည်ပြီး အပိုင်စီးချင်နေတယ်။ဆင်းရဲသားတွေကို တိုက်ခန်းတွေပေးမယ် ဘာညာပေါ့။ဒီအကြောင်းတွေကို မသိတဲ့ Zarrina ဆိုတဲ့ မဒမ်ကလည်းဒီစီမံကိန်းကို လူထုအကျိုးပြုအဖြစ် NGO ခေါင်းဆောင်အနေနဲ့ ဦးဆောင်ဦးရွက်ပြုရမယ်။Zarrenaဆိုတာ အာဖရိက,က လာတာဆိုပေမဲ့သူဟာ ဒါရဗီဇာတိ၊ ဒါရဗီမှာ ရာဇဝင်ကြွေးတွေတောင် ရှိသေး၊ ပြီးတော့မှ နိုင်ငံခြား ထွက်သွားတာ။Harri Dada ရဲ့ အကြံတွေ(နောက်ကွယ်က ကြိုးကိုင်မှု)ကို သိနေတဲ့ Kaala ကတော့ ဒီစီမံကိန်းကို ...
movie

Kaala (2018)

2018