Channel Myanmar

Samuel Brown

Blade Runner 2049 (2017) 8.4
Blade Runner 2049 (2017) လောလောလတ်လတ်ထွက်ရှိလာတဲ့Blade Runner 2049(2017)ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ အရင် Blade Runner 2017(1982)ကားကို အခြေတည်ပြီး ထွက်ရှိလာတဲ့ ကားသစ်လေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ လူသားတွေနဲ့ ချွပ်စွပ်တူတဲ့ Replicantဆိုတဲ့ လူသားပုံတူတွေဟာ 2049မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာပါတယ်။အဲ့ဒီမှာ K ဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာ Replicant ဗားရှင်းအဟာင်းတွေကို လိုက်သုတ်သင်ရင်း ထူးဆန်းမှုတစ်ခုကိုသိထားမိလာပါတော့တယ်။မီးဖွားထားတဲ့ လက္ခဏာနဲ့ Replicantအရိုးစုစက်ရုံကထုတ်လုပ်တဲ့ Replicantတွေက မျိုးပွားနိုင်သလားမွေးလာတဲ့ကလေးကရော ဘယ်မှာလဲOfficer Kကရောဘာလဲအရင်ကBlade Runner အရာရှိ ဒတ်ကတ်ကရောဘယ်မှာလဲ- စတဲ့ သိုလော့သို့လော မေးခွန်းတွေနဲ့ဇာတ်လမ်းကို အဆုံးထိဖမ်းစားနိုင်တဲ့ကားပါ။Rating မြင့်မြင့်နဲ့ သမာရိုးကျဇာတ်လမ်းတွေထဲက ခွဲထွက်လာတဲ့Mysteryကားကောင်းလေးကို ကြည့်ရှုလိုတဲ့ CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ File size…(2.2 GB)/(999 MB) Quality….Open Matte 1080p HEVC / 720p Format…mkv/mp4 Duration….02:43:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,Thanhtike Zaw Translated by Aye Mon Kyaw
movie

Blade Runner 2049 (2017)

2017
Beauty and the Beast (2017) 7.2
Beauty and the Beast (2017) ရဲတိုက်ကြီးတစ်ခုမှာနေတဲ့ အတ္တကြီးပြီး စိတ်ကြီးဝင်နေတဲ့မင်းသားငယ်တစ်ပါးနဲ့ အစေအပါးတွေဟာ ကျိန်စာအတိုက်ခံခဲ့ရပြီး မင်းသားကလည်းအင်မတန်ကြောက်စရာကောင်းတဲ့အကောင်ကြီးတစ်ကောင်ဖြစ်သွားခဲ့ပါတယ်။ကျိန်စာဟာ အကောင်ကြီးဖြစ်နေတဲ့မင်းသားလေးကိုယ်တိုင်ချစ်တတ်လာပြီး သူကိုယ်တိုင်လည်း သူများချစ်တာကိုစင်စစ်ခံရမယ်ဆိုတဲ့အချိန်ကျမှသာ ပျက်ပျယ်မှာဖြစ်ပါတယ်။အဲနောက် Belle ဆိုတဲ့ စိတ်ဓာတ်ပြင်းထန်လှတဲ့မိန်းမပျိုလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက မင်းသားလေးရဲ့ရဲတိုက်မှာ အကျဉ်းကျခံနေရတယ်ဆိုလို့ ရဲတိုက်ကို လိုက်လာပါတယ်။အဲဒီမှာ မင်းသားလေးရဲ့ အစေအပါးတွေရဲ့ အကူအညီနဲ့အတူBelle ဟာ စိတ်ရိုင်းဝင် ဆိုးသွမ်းနေတဲ့ မင်းသားကို ပြောင်းလဲလာအောင် လုပ်ဆောင်ရပါတော့တယ်။Disney ရဲ့ 1991 ခုနစ်ထွက် နာမည်ကျော်ကာတွန်းကားကိုရုပ်ရှင်အဖြစ်အသက်ပြန်သွင်းထားတာဖြစ်ပြီး Belle အဖြစ် မင်းသမီးEmma Watson က သရုပ်ဆောင်ထားပါတယ်။ Luke Evansနဲ့ Ewan McGregor တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ကဲ ပရိတ်သတ်ကြီးရေ အားပေးလိုက်ကြပါအုံးဗျ ?(အညွန်းကိုတော့ ဓာတ်ရှင်မှကူးယူဖော်ပြပါတယ်..)Quality…..720p Duration…..02:09:00 Format…Mp4 File Size…(2GB) Encoder…..Moe Myint Lwin Translator…..Wendy
movie

Beauty and the Beast (2017)

2017