Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sandra Bee
6.6
Derailed (2005)
ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့“Derailed”ဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်… ရုပ်ရှင်ချစ်ပရိတ်သတ််တွေကြား အခုတလောရေပန်းစားနေတဲ့“Deception”နဲ့ ဆင်တူတယ်ဆိုတဲ့ဇာတ်လမ်းပါ… တူလားဆိုတော့ အနည်းငယ်ဆင်ပါတယ်..အိုင်ဒီယာလေးတွေဆင်ပါတယ်… ဒါပေမဲ့ twist လုပ်သွားတဲ့နေရာတွေ လွဲသွားပါတယ်…နှစ်ကားလုံးက ကိုယ်ထင်ထားသလိုဖြစ်လာတဲ့ ဇာတ်ကွက်မျိုးမဟုတ်ပါဘူး…ကောင်းလားဆိုတော့ နှစ်ကားလုံးကောင်းပါတယ်… နိုင်ငံတကာမှာတောင် ဒီလိုPlot တူပေမယ့် Twist လုပ်သွားတာမတူတဲ့ ကားတွေ အများကြီးရှိတာမို့ ဒါကိုတော့ အပြစ်တခု အနေနဲ့ပေါက်ပန်းလေးဆယ် လျှောက်ပြောပြီး ဇွတ်တူပါတယ် ဆိုပြီးတော့ အတန်ရှည်ယူနေတဲ့ သူတွေ အတွက်တော့တော်တော်လေး ရှက်ဖို့ကောင်းပါတယ် ဒီဇာတ်ကားထဲမှာတော့Starring အနေနဲ့ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Clive Owen နဲ့Jennifer Aniston တို့သရုပ်ဆောင်ထားပါတယ်..အညွှန်းလေးဖတ်ရှုကြပါဦး…ငွေကြေးအကျိုးဆောင် ချားစ်ရှိုင်းဟာငွေရေးကြေးရေးလောကမှာကျင်လည်ခဲ့တာ ၁၀ နှစ်ရှိပါပြီ။ဝင်ငွေလဲအတန်အသင့်ကောင်းတဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပါတယ်။သူ့မှာ ဒီယာနာလို့အမည်ရတဲ့ဇနီးနဲ့ အေမီဆိုတဲ့သမီးချောလေးတစ်ယောက်ရှိပါတယ်။သာယာတဲ့မိသားစုတစ်ခုကိုပိုင်ဆိုင်ထားသူပါ။ ကံမကောင်းတဲ့အရာတစ်ခုတော့ရှိပါတယ်။ဒါကတော့သူတို့သမီးလေး အေမီဟာ အဆိုးဆုံးဆီးချိုရောဂါကိုခံစားနေရတဲ့ဝေဒနာရှင်တစ်ယောက်ပါ။သမီးလေးရဲ့ရောဂါအပြီးပျောက်ဖို့လင်မယားနှစ်ယောက်ဟာ ငွေတွေစုခဲ့ပါတယ်။ခုနစ်နှစ်ကြာပြီးနောက်မှာတော့ ဒေါ်လာ တစ်သိန်းအသားတင်စုမိခဲ့ပါတယ်။တစ်နေ့မှာတော့ ချားစ်ဟာ ရထားချိန်နောက်ကျပြီး နောက်ရထားစောင့်စီးခဲ့ရပါတယ်။ရထားပေါ်မှာ လူစင်ဒါဆိုတဲ့ စွဲမက်ဖွယ် ညို့ငင်အားပြင်းတဲ့မျက်ဝန်းပိုင်ဆိုင်ထားတဲ့လူစင်ဒါဆိုတဲ့အမျိုးသမီးနဲ့ရင်းနှီးခဲ့ပါတယ်။ ရင်းနှီးခဲ့ပုံက ချားစ်တစ်ယောက်ရထားလက်မှတ်မပါလာလို့ လူစင်ဒါက ...
movie
Derailed (2005)
2005