Channel Myanmar

Sandra Hüller

The Zone of Interest (2023) 7.6
The Zone of Interest (2023) ၂၀၂၄ အကောင်းဆုံး နိုင်ငံခြား ရုပ်ရှင် အော်စကာဆု၊ အကောင်းဆုံးရုပ်ရှင်ဆု၊ ဒါရိုက်တာဆု၊ အသံဆု နဲ့ ဇာတ်ညွှန်းဆုတို့ ဆန်ကာတင်ထားတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ သမိုင်း ဒရာမာ ရုပ်ရှင်ကောင်းတစ်ကားလာပါပြီ။ဒီဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။နာဇီအရာရှိမိသားစုဖြစ်တဲ့ ဟို့စ် နဲ့ သူ့မိန်းမ ဟက်ဝစ်တို့ ရဲ့ အေးချမ်းတဲ့ မိသားစုဘဝလေးအကြောင်းပါ။ သားသမီးတွေနဲ့ ဥယျာဉ်တွေနဲ့ ပျော်စရာအိမ်လေးတစ်အိမ်မှာ သူတို့နေကြတယ်။ သူတို့အိမ်နဲ့ကပ်ရပ်မှာတော့ ချွေးတပ်စခန်းကြီးတစ်ခုရှိတယ်။ သေနတ်သံတွေအော်သံတွေ အမြဲလိုလိုကြားရတယ်။ သူတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာဆိုလို့ အိမ်ဘေးက ရေကန်ထဲကို မီးရှို့သတ်ထားတဲ့ ဂျူးအလောင်းအပိုင်းအစတွေ မျောလာတတ်တာလေးပါပဲ။ဟို့စ်ရဲ့အဓိက တာဝန်က ချွေးတပ်စခန်းက အလုပ်သမားတွေ ရွေးထုတ်ဖို့နဲ့ ပိုနေတဲ့ ဟန်ဂေရီထဲက ဂျူး ၆ သိန်းလောက်ကို အဆိပ်ငွေ့ပေးပြီး သတ်ပေးဖို့ပါပဲ။ ဒီအလုပ်က သူ့အတွက်ခက်ခဲပါတယ်။ ခံစားရလို့တော့မဟုတ်ပါဘူး။ အရိုးပြာတွေရှင်းဖို့၊ နေ့စဉ် မီးရှို့တဲ့အလောင်းအရေအတွက် ပြည့်ဖို့၊ အဆိပ်ငွေ့ပေးရတာ အဆင်ပြေဖို့တွေ စီမံရတာပါပဲ။ သူရာထူးတိုးနဲ့ ...
movie

The Zone of Interest (2023)

Anatomy of a Fall (2023) 7.8
Anatomy of a Fall (2023)   အခုတင်ဆက်ပေးမှာကတော့ ရွှေကမ္ဘာလုံးဆုပေးပွဲမှ ဆု ၄ဆုအပါအဝင် ဆုပေါင်း ၅၂ဆု ရရှိခဲ့ပြီး ၁၂၇ဆု ဇကာတင်စာရင်းဝင်ခဲ့တဲ့ ကားလေးပါ...အရင်က 720p တမျိုးတည်းသာတင်ဆက်ထားရာက အခုအခါ 1080p အပြင်လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်တင်ဆက်ပေးထားပါတယ်.....ဇာတ်လမ်းလေးကတော့.........ဆန်တာဗွိုင်တာ နဲ့ ဆင်မြူရယ်မော်လက်စကီ တို့မှာ သားလေး ဒန်နီရယ်တစ်ယောက်ရှိပါတယ်.....သူတို့သားလေးက တနေ့ ဆိုင်ကယ်မတော်တဆမှုကြောင့် မျက်လုံးကွယ်သွားခဲ့ပါတယ်.....အဲဒါကို ဆင်မြူရယ်က သူ့ကြောင့်ပါဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေတာပေါ့ဒီလိုနဲ့ လင်မယားကြားကတောက်ကဆလေးတွေရော သားဖြစ်သူဆေးကုစရိတ်ကြောင့် ငွေကြေးပြဿနာတွေကြောင့်ပါ သူတို့ အိမ်တွင်းရေးက သိပ်အဆင်မပြေဖြစ်နေခဲ့တာပေါ့.....တနေ့တော့ အမျိုးသားဖြစ်သူ ဆင်မြူရယ်တစ်ယောက် သူ့နေအိမ်ခြံထဲမှာပါ ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးသွားပါတယ်......အဲဒီမှာပဲ သူ ဘယ်လိုပုံစံပြုတ်ကျခဲ့တာလဲ......သွေးရိုးသားရိုးမှဟုတ်ရဲ့လာ........သူတို့ကြားမှရှိနေတဲ့ ပြဿနာနဲ့ရောဆိုင်နေမလား စသည် စသည် သံသယများစရာတွေနဲ့ အမှုကို စစ်ဆေးတဲ့အခါ ဇနီးသည် ဗွိုင်တာနဲ့ သူတို့သားလေး ဒန်နီရယ်တို့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(2.9 GB)/(1.3 GB) Quality….Blu-ray 1080p/720p Format…mp4 Duration….02:31:00 Genre...Crime, Drama, Thriller Subtitle….Myanmar ...
movie

Anatomy of a Fall (2023)

Sisi & I (2023) 6.8
Sisi & I (2023) Sisi & I (2023)~ IMDb - 6.8/10, Rotten Tomatoes - 80% ~ခုတင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားဟာဆိုရင်တော့ သာမန်ရိုးရိုး ဂျာမန်ဒရာမာကားတစ်ကားတင်မဟုတ်ဘဲ ဩစတြီးယားဧကရီ အဲလက်ဇဘက်အကြောင်းကို Biography သဘောမျိုး ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပါ။ ဂျာမန်ဝါရင့်မင်းသမီးနှစ်ဦးဖြစ်တဲ့ Sandra Hüller နဲ့ Susanne Wolff ကနေ ဇာတ်ဆောင်မင်းသမီးနှစ်ဦးအဖြစ်ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပြီး ထွက်ထွက်ပြီးချင်း လပိုင်းအတွင်း ဆန်ကာတင်ဆု ၅ ခု ရရှိခဲ့ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~မြို့စားကတော်အနေနဲ့ မွေးဖွားလာခဲ့ရတဲ့ အိုင်မာဟာ စီစီလို့ လူသိများကြတဲ့ ဩစတြီးယားဧကရီ အဲလစ်ဇဘက်အတွက် အမှုထမ်းရဖို့အကြောင်းဖန်လာပါတယ်။ အိုင်မာကတော့ ငယ်ငယ်ကတည်းက မျိုးရိုးမြင့်တစ်ယောက်အနေနဲ့ ကြီးပြင်းလာခဲ့ရတဲ့အတွက် လောကကြီးကိုစိတ်ကုန်နေတာပေါ့။ ဒါပေမဲ့ မိခင်ရဲ့ တိုက်တွန်းမှုကြောင့် မိသားစုဂုဏ်ကိုထောက်ပြီး ဧကရီဆီမှာ အစေခံဖို့သွားခဲ့ပါတယ်။ အိုင်မာဟာ စီစီ့ဆီကိုရောက်ရောက်ချင်းမှာပဲ ပြင်းထန်တဲ့စမ်းသပ်မှုပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ...
movie

Sisi & I (2023)

2023
[18+]Sibyl(2019) 6.7
[18+]Sibyl(2019) [18+]Sibyl(2019)***************ပြင်သစ်ကားပီပီ အကြမ်းပတမ်း အိပ်ရာခန်းတွေပါတာမို့ မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်း...စီဘီလ်ဆိုတဲ့ စိတ်ရောဂါကု ဆရာဝန်တယောက်ဟာ သူသဘောအကျရဆုံး စာရေးတဲ့အလုပ်ကိုလုပ်ဖို့ဆရာဝန်အလုပ်ကို စွန့်လွှတ်လိုက်ပါတယ်။ တနေ့မှာတော့ မားဂေါ့ဆိုတဲ့ မင်းသမီးတလက်ဟာ သူ့ဆီကဆေးကုသမှု ခံယူဖို့ ရောက်လာပါတော့တယ်။ လူနာတွေ ထပ်မကြည့်တော့တဲ့ စီဘီလ်တယောက် မားဂေါ့ကို လူနာအဖြစ်လက်ခံပြီးမားဂေါ့ဘဝထဲကို တစနဲ့တစ ဝင်ရောက်လာပါတော့တယ်။စာရေးဖို့ ဇာတ်လမ်းရှာနေတဲ့စီဘီလ်တယောက် မားဂေါ့ရဲ့ ဘဝအကြောင်းကို အခြေခံပြီး ဘယ်လိုဝတ္ထုတွေ ဖန်တီးမလဲ မားဂေါ့ကရော ဘယ်လိုပြသနာတွေနဲ့ရင်ဆိုင်နေရလို့ စီဘီလ်ဆီရောက်လာရတာလဲဆိုတာကို ကြည့်ကြရမှာပါFile Size :(1.5 GB) and (618 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:40:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Ko Myo Encoded by SD
movie

[18+]Sibyl(2019)

The Black Square (2021) 6.0
The Black Square (2021) The Black Square (2021)==================IMDb Rating - 6.0/10ဇာတ်လမ်းအစက ပြတိုက်တစ်ခုမှာ ရုရှားပန်းချီဆရာ Kasimir Malevich ရဲ့ ပန်းချီကား အခိုးခံလိုက် ရပါတယ်။ သူခိုးတွေဖြစ်တဲ့ Vicent နဲ့ Nils တို့က သန်း ၆၀တန်တဲ့ ပန်းချီကားကို သင်္ဘောပေါ်မှာ ဖောက်သည်ဆီ လက်လွှဲပေးဖို့ ချိန်းဆိုထားကြတာပေါ့။အစမှာတင် သူတို့လူ ချာလီက ချိန်းထားတဲ့အချိန်ရောက်မလာတော့ သူတို့ အစီအစဥ်တွေ ကမောက်ကမဖြစ်ကုန်ပြီး သင်္ဘောပေါ်ကို ရရာနည်းလမ်းနဲ့ တက်သွားပါတော့တယ်။ အဲ့ကနေစပြီး သူတို့နှစ်ယောက် သင်္ဘောပေါ် ဘယ်လို ရောက်အောင်သွားခဲ့တာလဲ သင်္ဘောပေါ်မှာ ဘာတွေဆက်ဖြစ်ကြမှာလဲ။ နောက်ပြီး ပန်းချီကားကို ဖောက်သည်ဆီ အဆင်ပြေပြေရော လက်လွှဲပေးနိုင်ပါ့ မလားဆိုတာ စောင့်ကြည့်ပေးပါဦး။ ဒီဇာတ်ကားကဂျာမန် Comedy, crime ဇာတ်ကားတစ်ကားဖြစ်ပြီး တစ်ကားလုံး အလွဲလွဲအချော်ချော်တွေနဲ့ ရယ်နေရမှာ အသေအချာပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size - (1.05 GB) / (584 MB) Quality – Web-DL ...
movie

The Black Square (2021)

2021
Munich: The Edge of War (2022) 7
Munich: The Edge of War (2022) ဒီရုပ်ရှင်ဟာ ၂၀၁၇ တုန်းက Gary Oldman ကြီး အော်စကာတွေသိမ်းပိုက်ခဲ့တဲ့ The Darkest Hour ဆိုတဲ့ ဒုတိယကမ္ဘာစစ်ရုပ်ရှင်ရဲ့ ရှေ့ကား ( Prequel) ဆိုပြီးပြောနေကြတယ်..ပထမကမ္ဘာစစ်အပြီးနောက်ပိုင်း နာဇီတို့အင်အားကြီးလာပြီး ဟစ်တလာအာဏာအထွတ်အထိပ်ရောက်နေချိန် ဖြစ်ပါတယ်။ ဂျာမနီရဲ့ တိုးပွားလာတဲ့ လူဦးရေ ၈၅ သန်းကျော်နဲ့အတူ ဂျာမနီပြည်ထောင်သစ်အတွက် နယ်မြေချဲ့ထွင်ဖို့ ဟစ်တလာရဲ့ကြွေးကြွော်သံတွေနဲ့ ဂျာမန်သားတွေလည်း သွေးဆူနေခဲ့ပြီဖြစ်ချင်တော့ ချက်ကိုစလိုဗားကီးယားရဲ့ ဆူဒန်တေနယ်မြေအရေးဟာ ပေါ်ပေါက်လာတယ် ဆူဒန်တေဆိုတာ ချက်ကိုစလိုဗားကီးယားနဲ့ဂျာမနီကြားက နယ်စပ်နယ်မြေဖြစ်ပါတယ် ဒီနယ်မြေကို ဂျာမနီနဲ့ ချက် ၂ နိုင်ငံလုံးက လက္မလွှတ်နိုင်ကြတဲ့အတွက် ဟစ်တလာကတော့ အင်အားသုံးပြီး ချက်ကိုစစ်ကြေြငာဖို့အသင့်ဖြစ်နေပါပြီ ဒါပေမယ့် ချုပ်ဆိုထားတဲ့သဘောတူညီမှုအတိုင်း ချက်နဲ့ဂျာမန်စစ်ဖြစ်တာနဲ့ ဗြိတိန်၊ပြင်သစ်တို့ကပါ မဟာမိတ်နိုင်ငံများစည်းမျဉ်းရ ချက်ဘက်က ဝင်ရောက်တိုက်ခိုက်ပေးရမှာပါ....နာဇီတွေနဲ့စစ်မဖြစ်ချင်တဲ့ ဗြိတိန်ဝန်ကြီး နဗလီချိန်ဘာလိန်ဟာ မြူးနစ်ကိုသွားပြီး ဟစ်တလာနဲ့တွေ့ကာ ဆူဒန်တေဒေသကို ဂျာမန်လက်ထဲထည့်ဖို့သဘောတူစာချုပ်ချုပ်လိုက်ပါတယ်ဒါ့အပြင် ဟစ်တလာနဲ့ချိန်ဘာလိန်ဟာ ဂျာမနီ-အန်ဂလို ဆိုတဲ့ ဗြိတိန်နဲ့ဂျာမနီ ၂ နိုင်ငံ ထာဝရငြိမ်းချမ်းရေး သဘောတူညီမှုကိုပါ တမင်ယူခဲ့ပါတယ် ဒါကိုလုပ်ခဲ့တဲ့အကြောင်းက ဟစ်တလာက ဒီသဘောတူညီမှုကို ဖောက်တာနဲ့ မဟာမိတ်နိုင်ငံများအသင်း တစ်ဖွဲ့လုံး ဂျာမန်ကိုအာခံကြတော့မှာပါ... ဒါပေမယ့် ...
movie

Munich: The Edge of War (2022)

I’m Your Man (2021) 7.1
I’m Your Man (2021) အယ်မာဖာဆာဆိုတဲ့ ဂျာမန်သမိုင်းသုတေသနပညာရှင်ဟာသူ့ရဲ့သုတေသန ပရောဂျက်တွေမှာ ရံပုံငွေရဖို့အတွက်လူသားပုံစံဖန်တီးထားတဲ့ တွန်ဆိုတဲ့ စက်ရုပ်ကိုစစ်ဆေးအကဲဖြတ်ပေးဖို့ ပရိုဂရမ်တစ်ခုမှာ ပါဝင်လိုက်ရပါတယ်.ရည်ရွယ်ချက်ကတော့ ဒီစက်ရုပ်ဟာ ဘဝလက်တွဲဖော်တစ်ယောက်အဖြစ်ဖန်တီးထားတာဖြစ်ပြီး အပျိုကြီး အယ်မာကို ပျော်ရွှင်အောင် လုပ်ဖို့ပါ.အယ်မာကလည်း အရမ်းကို ဆက်ဆံရခက်တဲ့လူတစ်ယောက်ဖြစ်ပြီးအထီးကျန်ဆန်နေသူတစ်ယောက်ဖြစ်ပါတယ် .အယ်မာဟာ တွန်နဲ့ ၃ ပတ်တာအတူနေရမှာဖြစ်ပြီးကောင်းမွန်တဲ့ ဘဝလက်တွဲဖော်ဟုတ်မဟုတ်အကဲဖြတ်စစ်ဆေးရမှာဖြစ်ပါတယ် တွန်ဟာလည်း သူထင်ထားတာထက်အများကြီးထူးကဲတဲ့ လူသားအသိဉာဏ်နဲ့ စိတ်ခံစားမှုရှိတဲ့စက်ရုပ်တစ်ရုပ်ဖြစ်နေခဲ့ပါတယ်.လူသားနဲ့စက်ရုပ်ကြားက ဘဝအဓိပ္ပာယ်နဲ့ ပျော်ရွှင်မှုကို ပုံဖော်သွားမယ့်ဒရမ်မာဇာတ်ကားကောင်းလေးဖြစ်လို့ ကိုယ်တိုင်ပဲကြည့်ရှုခံစားဖို့ တိုက်တွန်းချင်ပါတယ်(ဘာသာပြန်နဲ့ အညွှန်းရေးသားသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size : (1.5 GB) & (900 Mb) Quality : Webrip 1080p & 720 p Running Time : 1:48:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub)| Genre : Sci-fi, ...
movie

I’m Your Man (2021)

Proxima(2019) 6.6
Proxima(2019) Proxima(2019)IMDb...6.6,,,,Rotten...82%(unicode)အသက်၇ နှစ်အရွယ်သမီးလေးတစ်ယောက်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့ မိခင်တစ်ယောက်... ငယ်စဉ်ကတည်းက အာကာသယာဉ်မှူးအိမ်မက် မက်နေခဲ့တဲ့ အမျိုးသမီးတစ်ယောက်... သူမကတော့ ကွာရှင်းထားတာသိပ်မကြာသေးတဲ့ ပြင်သစ်မလေး ဆာရက်ပါ တနေ့မှာတော့ သူမ နေ့နေ့ညညမျှော်လင့်ခဲ့ရတဲ့ အာကာသယာဉ်မှူးအိမ်မက် အကောင်အထည်ပေါ်လာခဲ့ပါတော့တယ်... ချစ်ရတဲ့ သမီးငယ်ကိုအချိန်မပေးနိုင်တော့ဘဲ အိမ်မက်ရဲ့စေရာနောက်ကို ရွေးချယ်လိုက်တဲ့နောက်မှာတော့.... ဒီဇာတ်လမ်းထဲမှာတော့ အမေနဲ့သမီးနဲ့ ကြားက သံယောဇဉ်၊ အလုပ်နဲ့ သားသမီးကြားမှာ ဒွိဟများနေတဲ့ မိခင်တစ်ယောက်ရဲ့စိတ်တို့အပြင် အာကာသယာဉ်မှူးတစ်ယောက်ရဲ့ ကမ္ဘာမြေပေါ်က မထွက်ခွာမှီ ကြိုတင်ပြင်ဆင်ရပုံတွေကို အသေးစိတ်ရိုက်ကူးထားပါတယ်.. ဗဟုသုတလည်းရသလို  ခက်ခဲတဲ့ဘဝတွေကို ပညာသားပါပါလေးပြထားပါတယ်...IMDbလည်းမဆိုးသလို Rotten လည်း 82%တောင် ရရှိထားတာမို့လို့ ခံစားကြည့်ကြပါဦး.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thithtoo Zaw ပဲဖြစ်ပါတယ်...(zawgyi)အသက်၇ နှစ်အရွယ်သမီးလေးတစ်ယောက်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့ မိခင်တစ်ယောက်... ငယ်စဉ်ကတည်းက အာကာသယာဉ်မှူးအိမ်မက် မက်နေခဲ့တဲ့ အမျိုးသမီးတစ်ယောက်... သူမကတော့ ကွာရှင်းထားတာသိပ်မကြာသေးတဲ့ ပြင်သစ်မလေး ဆာရက်ပါ တနေ့မှာတော့ သူမ နေ့နေ့ညညမျှော်လင့်ခဲ့ရတဲ့ အာကာသယာဉ်မှူးအိမ်မက် အကောင်အထည်ပေါ်လာခဲ့ပါတော့တယ်... ချစ်ရတဲ့ သမီးငယ်ကိုအချိန်မပေးနိုင်တော့ဘဲ အိမ်မက်ရဲ့စေရာနောက်ကို ရွေးချယ်လိုက်တဲ့နောက်မှာတော့.... ဒီဇာတ်လမ်းထဲမှာတော့ အမေနဲ့သမီးနဲ့ ကြားက သံယောဇဉ်၊ အလုပ်နဲ့ ...
movie

Proxima(2019)