Channel Myanmar

Sarah Roemer

Disturbia (2007) 6.8
Disturbia (2007)  မှန်ဘီလူးတစ်လက်နဲ့ ပတ်ဝန်းကျင်ကိုစပိုင်လုပ်နေရင်းထူးဆန်းတာတွေကြုံလာဖူးလား.... ဒီဇာတ်လမ်းလေးမှာတော့ ကေးလ်ဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ဟာ  စာသင်ခန်းထဲမှာဆရာကိုလက်သီးနဲ့ထိုးမိလို့ နေအိမ်အကျယ်ချုပ်ပုံစံမျိုးကျပြီး အိမ်ထဲမှာပဲ၃ လ လောက်အောင်းရမဲ့ကိန်းဆိုက်လာပါတော့တယ်။အပြင်ထွက်လည် သူငယ်ချင်းတွေနဲ့ပျော်တတ်တဲ့အရွယ်မှာအိမ်ထဲပိတ်မိနေလို့ ကေးလ်တစ်ယောက် မှန်ဘီလူးတစ်လက်နဲ့ပတ်ဝန်းကျင်ကအိမ်တွေကို တစ်နေကုန်စောင့်ကြည့်ပါတော့တယ်။သူကြည့်တဲ့အထဲမှာ သူ့အိမ်ဘေးကိုပြောင်းလာတဲ့ မိသားစုထဲကသူနဲ့ရွယ်တူကောင်မလေးကိုတော့ ပိုအချိန်ပေးဖြစ်တာပေါ့။အဲ့အချိန်မှာ ဆံပင်အနီရောင်ကောင်မလေးတွေကို ပြန်ပေးဆွဲသတ်ဖြတ်မှုကလဲ သတင်းထွက်လာတဲ့အချိန် သူတို့အိမ်ဘေးကလူရဲ့နေထိုင်ပုံကလဲ မသင်္ကာစရာတွေဖြစ်လာချိန်မှာတော့စပ်စုတတ်တဲ့ ကောင်လေးဘယ်လိုဖြစ်လာမယ်ဆိုတာကိုဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။မင်းသားကတော့ Transformers ကားထဲက မင်းသားဖြစ်ပြီးသူနဲ့တွဲတဲ့မင်းသမီးတိုင်းကတကယ့်ကို အချောအလှတွေဆိုတာတော့ပြောစရာမလိုလောက်ဘူးထင်ပါတယ်။Crime, Drama,Mystery ဇာတ်ကားအမျိုးအစားဖြစ်ပြီး IMDBမှာလဲ မှတ်ချက်ကောင်းတွေပိုင်ဆိုင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…2.13GB / 858MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 45m Genre ..... Drama , Mystery , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

Disturbia (2007)

The Grudge 2 (2006) 5
The Grudge 2 (2006) The Grudge 2 (2006)ဒီဇာတ်ကားလေးက 2004 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန် Ju-On ရဲ့ အဆက်လေးဆိုပါတော့... The Grudge 1 ထဲက ကယ်ရန်ရဲ့ ညီမလေး အော်ဘရီကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။အမေလုပ်သူက ဖုန်းဆက်ပြီး အစ်မဖြစ်သူ ကယ်ရန် ဆေးရုံတင်ထားရတယ် ပြန်သွားခေါ်ပါဆိုလို့ မသွားချင်သွားချင်နဲ့ ဂျပန်ကို ရောက်ရှိသွားတဲ့ အော်ဘရီ... အစ်မနဲ့ တွေ့တဲ့အခါ လွတ်မြောက်အောင်လုပ်ပေးဖို့ အတင်းတောင်းဆိုခံရတဲ့ အော်ဘရီ... ထိုညမှာပဲ ကယ်ရန်တစ်ယောက် ဆေးရုံခေါင်မိုးကနေ ခုန်ချလိုက်တဲ့အခါ...ဂျပန်မှာကျောင်းလာတက်တဲ့ ဆယ်ကျော်သက် ကျောင်းသူလေး အဲလစ်ဆန်... အများနဲ့မဝင်ဆန့်လို့ သူငယ်ချင်းရှားနေတာမို့ အတန်းဖော်ကောင်မလေး ၂ယောက်ကို အတင်းဝင်ရောရင်း သူတို့ရဲ့ နောက်ပြောင်မှုကြောင့် သရဲခြောက်တဲ့အိမ်ကြီးကို ရောက်ရှိသွားတဲ့ အဲလစ်ဆန်...မိထွေးအိမ်ပေါ်ရောက်လာတာကို မကျေမနပ်ဖြစ်နေတဲ့ ဂျိတ်... ဘေးအခန်းမှာ ထူးဆန်းတဲ့အသံတွေကြားရင်း ကျိန်စာ တစ်ခုမှာ ကပ်ငြိသွားတဲ့ သူတို့မိသားစုလေး....ဒီ၃ယောက်ရဲ့ ထူးဆန်းဖွယ် အချိတ်အဆက်ကိုတော့ ဇာတ်ကားလေးကြည့်ရှုရင်း အဖြေရှာလိုက်ကြပါဦးလို့...(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya ...
movie

The Grudge 2 (2006)

2006
Fired Up! (2009)
Fired Up! (2009) IMDb - 6.1/10 ရှောင်ရယ် နစ်ရယ်ဟာ ကျောင်းမှာ ပေါ်ပြူလာဖြစ်တဲ့ ဘောလုံးကစားသမား ပလေးဘွိုင်းလေးတွေဖြစ်ပါတယ်။ ရှောင်နဲ့ နစ်တို့ ၂ယောက် ကျောင်းပိတ်ပြီး နွေရာသီကမ့်ဝင်ရမယ့်အချိန်ရောက်ရှိလို့လာပါတော့တယ်။ ပူပြင်းခြောက်သွေ့တဲ့ နေရာမှာ ကမ့်ဝင်ရမှာမို့လို့ စိတ်ညစ်နေကြတဲ့ ရှောင်နဲ့နစ်ရယ်တို့​က Cheerleader အယောက် ၃၀၀အကြောင်း ကြားသိသွားတဲ့အခါမှာတော့ .....။ သိကြားမင်းလို တစ်ဖက်နတ်သမီး ၅၀၀စီရသွားသလို ပူလောင်အိုက်စက်တဲ့ နွေရာသီမှာ မိုးရွာချပေးလိုက်သလိုမျိုး ရှောင်နဲ့ နစ်တို့ရဲ့ နိဗ္ဗာန်ကြီးဖြစ်တဲ့ မိန်းကလေးအယောက်၃၀၀ရှိတဲ့ ကမ့်ထဲဝင်ဖို့အကြောင်းဖန်ပါတော့တယ်။ ကောင်မလေးတွေကို ငမ်းလိုက်စားလိုက်လုပ်နေတဲ့ ပလေးဘွိုင်းလေးတွေ ကမ့်ထဲကအလွဲလေးတွေ၊ စော်လိုက်နည်းတော်ကီပစ်တာလေးတွေ၊ ကမ့်ဝင်ရင်းနဲ့ အချစ်စစ်ရှာတွေ့သွားတာလေးတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရှု့ရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant ...
movie

Fired Up! (2009)

Survive the Game (2021) 5.8
Survive the Game (2021) Survive the Game (2021)==================IMDb Rating - 5.8/10Die hard ရုပ်ရှင်ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Bruce Willis ပါဝင်သရုပ်ဆောင်ထားတဲ့အက်ရှင်ဇာတ်ကားလေးလာပါပြီ။ ဇာတ်လမ်းအကျဥ်းလေးကတော့ ဒေးဗစ်(Bruce Willis)နဲ့ သူ့ရဲ့ပါတနာကားလ်တို့ဟာမူးယစ်ဆေးရောင်းဝယ်တဲ့အဖွဲ့တစ်ဖွဲ့ကိုဖမ်းဖို့လုပ်ခဲ့ကြတယ်။ နှစ်ယောက်တည်း သွားဖမ်းရင်း ဒေးဗစ်ဟာ သေနတ်နဲ့ပစ်ခံရပြီးကားလ်ကတော့ ဒေးဗစ်ကိုပစ်ပြီးထွက်ပြေးသွားတဲ့ မစ်ကီနဲ့ သူ့ရည်းစားဗိုင်အိုလက်တို့နောက်ကို လိုက်ဖမ်းခဲ့ပါတယ်။မစ်ကီတို့ဟာထွက်ပြေးရင်း နဲ့ အဲရစ်ရဲ့ လယ်တောဆီကိုရောက်သွားကြတာပေါ့။ အဲရစ်ဆိုတာက ဇနီးဆုံးပြီးနောက် ပိုင်းလောကကြီးနဲ့အဆက်အသွယ်ဖြတ်ထားပြီး တစ်ကိုယ်တည်းဇာတ်မြုပ်နေထိုင်နေသူ တစ်ယောက်ပါ။မစ်ကီနဲ့ ကားလ် တို့ကြောင့် အဲရစ်ဟာ အရှုပ်တော်ပုံထဲပါလာရပြီး . လိုက်ရင်းပြေးရင်းနဲ့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှူပေးကြပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Chit Tee, Chuck Chuck တို့ပဲပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1hr 37minSubtitle ...
movie

Survive the Game (2021)

2021
Hachi: A Dog’s Tale ( 2009 ) 8.1
Hachi: A Dog’s Tale ( 2009 ) ခွေးကလေး ဟာချီကိုအကြောင်း အားလုံးကြားဖူးမယ်ထင်ပါတယ် 1925 ဂျပန်နိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတပုဒ်ပါ ဒါကိုမှီငြိမ်းပြီး ဇာတ်လမ်းပြန်လည် ရိုက်ကူးခဲ့ပါတယ် သစ္စာရှိလှတဲ့ ခွေးကလေး ဟာချီကိုဟာ သူ့သခင်ကိုနေ့တိုင်းနေ့တိုင်း ၉နှစ်ထိတိုင် သူမသေဆုံးခင်ထိ စောင့်မျှော်နေခဲ့တယ်.. သူ့သခင်ကတော့ ဘယ်တော့မှ သူ့ဆီပြန်မလာဘူးဆိုတာတော့ သူသိနိုင်မှာမဟုတ်ပါဘူး ဘာကြောင့်လဲဆိုရင် သူ့သခင် က ဆုံးသွားပြီဖြစ်လို့ပါပဲ ဒီခွေးကလေးကို ဇာတ်ကြောင်း တည်ပီးဘယ်လိုတွေ ရိုက်ကူးတင် ဆက်ထားလဲဆိုတာ ခံစားကြည့်ရအောင် ဘာသာပြန်သူ Ei Pyae ဖြစ်ပါတယ်
movie

Hachi: A Dog’s Tale ( 2009 )

2009