Channel Myanmar

Sarah-Sofie Boussnina

A Taste of Hunger (2021) 6.3
A Taste of Hunger (2021)  လူရယ်ဆိုပြီး ဖြစ်လာကတည်းက ဘ၀ကိုရုန်းကန်လှုပ်ရှားမှုတွေနဲ့ဖြတ်သန်းရမှာဧကန်မုချပါပဲ။ငယ်ရွယ်စဉ်မှာ ကျောင်းတက်ဖို့စာကျက်ဖို့ရုန်းကန်ရသလို အသက်ကြီးလာလို့လုပ်ငန်းခွင်ဝင်ရတဲ့အချိန်မှာလည်းကိုယ့်ဝမ်းရေးတစ်ထွာကို ဖြည့်ဖို့အတွက်ရုန်းကန်ရပါတယ်။သားသမီးတွေမိသားစုတွေနဲ့ဖြစ်လာတဲ့အခါမှာလည်း တစ်ကိုယ်တည်းသမားဘ၀ထက်နှစ်ဆသုံးဆပိုမို ရုန်းကန်ကြရပါတယ်။ဒီလိုရုန်းကန်ရင်းနဲ့မှဘ၀မှာ အရေးကြီးတဲ့အရာတွေကိုတော့ မမေ့သွားဖို့လိုအပ်ပါမယ်။အရေးအကြီးဆုံးကတော့ ကိုယ့်ကိုချစ်တဲ့ ကိုယ့်မိသားစုကိုမမေ့သွားဖို့ပါပဲ။အခုတင်ဆက်ပေးမဲ့ IMDb Rating 6.3 ရရှိထားတဲ့ A Taste Of Hunger ဆိုတဲ့ဇာတ်ကားထဲမှာလည်း အထက်ပါပြောသွားတဲ့အကြောင်းအရာတွေကိုပညာပေး အဖြစ်ကွက်ကွက်ကွင်းကွင်းမြင်အောင်တင်ဆက်ရိုက်ကူး ပေးထားတာပဲဖြစ်ပါတယ်။ကာစတန်ဆိုတဲ့ လူတစ်ယောက်ကအချက်အပြုတ်ကိုအရမ်းဝါသနာပါပြီး သူ့အစ်ကိုရဲ့ ဆိုင်မှာ အလုပ်လုပ်နေရတဲ့သူတစ်ယောက်ပါ။တစ်နေ့မှာတော့ ပွဲတစ်ပွဲမှာတည်ခင်းဧည့်ခံရင်းနဲ့ အလွဲလွဲအချော်ချော်တွေဖြစ်ကုန်ပြီး စိတ်ဓာတ်အရမ်းကျနေတဲ့အချိန်မှာ မက်ဂီဆိုတဲ့ကောင်မလေးတစ်ယောက်က သူရှိရာမီးဖိုချောင်ကိုဆင်းလာခဲ့ပါတော့တယ်။ဒီလိုနဲ့ သူတို့တွေစကားပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးပေးတဲ့ Motivation နဲ့တစ်ချိန်ချိန်မှာ စားသောက်ဆိုင်တစ်ဆိုင်ကိုပိုင်ဆိုင်ပြီး စားသောက်ဆိုင်တွေကြားမှာ အရမ်းအရေးကြီးတဲ့ Rating စနစ်တစ်ခုဖြစ်တဲ့ မစ်ချယ်လင်ကြယ်ပွင့်တစ်ပွင့်ရအောင်ကြိုးစားဖို့ ခြေလှမ်းစခဲ့ပါတော့တယ်။တစ်ယောက်တည်းကြိုးစားဖို့မလွယ်ကူတဲ့ ဒီခရီးရှည်ကြီးမှာဘ၀လက်တွဲဖော်အဖြစ်မက်ဂီ့ကိုရွေးချယ်ခဲ့ပြီး သူလိုချင်တဲ့မစ်ချယ်လင်ကြယ်တစ်ပွင့်ရဖို့ခရီးကို လျှောက်လှမ်းနေရင်းအရေးကြီးဆုံးမိသားစုကို မေ့လျော့သွားတဲ့အခါမှာတော့ ဘယ်လိုစိတ်ဝင်စားစရာတွေဆက်ဖြစ်မယ်ဆိုတာကို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်.... File size…1.50 GB / 696MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ...
movie

A Taste of Hunger (2021)

Department Q: The Absent One (2014) 7.1
Department Q: The Absent One (2014)  Genre – Crime, Mystery, Drama IMDB – 7.1/10 Q ဌာနပရိတ်သတ်တွေအတွက် ဒုတိယကားတင်ဆက်ပေးလိုက်ပါပြီဗျာ။ပထမကားမကြည့်ရသေးတဲ့လူတွေလည်း CM မှာ The Keeper ofLost Causes ဆိုပြီး ရိုက်ရှာလို့ရပါတယ်။ ပထမကားကြည့်ထားမှဒီ Q ဌာန ဘယ်လိုဖြစ်လာသလဲ သိမှာမို့လို့ပါ။ ကဲ ဒုတိယကားမှာတော့ပထမဆုံးအမှု အောင်မြင်ထားတော့ Q ဌာနကို ချီးကျုးနေကြပြီပေါ့လေကားလ်နဲ့ အာဆတ်တို့လည်း အတွင်းရေးမှူးအသစ် ရိုစ့်ဆိုတာကိုအဖွဲ့ထဲခေါ်လိုက်ကြတယ်။ ဒီလိုနဲ့တစ်ရက် ဌာနပါတီအပြီး ကားလ်အပြန်လူတစ်ယောက်က သူ့သားသမီးအမွှာလေး အသတ်ခံရတဲ့ကိစ္စကားလ်ဆီကို ပို့ထားတာ မကြည့်ပေးဘူးလား ဘာလား ဇွတ်ပြောတော့ကားလ်က မောင်းထုတ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဒီလူကြီးကိုယ့်ကိုကိုယ်သတ်သေသွားကြောင်း ကားလ်သိလိုက်ရပြီးဒီလူဟာ အရင်တုန်းက ရဲအရာရှိဖြစ်ကြောင်း လွန်ခဲ့တဲ့ အနှစ် ၂၀လောက်က သူ့သားနဲ့သမီး အသတ်ခံရတာကို စုံစမ်းပြီး အငြိမ်းစားယူထားကြောင်း သိရတဲ့အပြင် ကားလ်ဆီကိုပို့ဖို့ အထုပ်ကြီးပြင်ထားတာကိုပါ တွေ့လိုက်ရပါတယ်။ ဒါနဲ့ ကားလ်တစ်ယောက် ဒီအမှုကိုလိုက်ကြတဲ့အခါ ...
movie

Department Q: The Absent One (2014)

Tides (2021) 5.4
Tides (2021) Tides (2021) (or) The Colony (2021)===========================IMDb Rating - 5.4/10 ဒီကားက သိပ္ပံစိတ်ကူးယဥ်ကားတွေထဲမှာမှ လက်တွေ့ဆန်ဆန် အနာဂတ်ကို ပုံဖော်ထားတဲ့ကားမျိုးပါ၊ဒီကားကြည့်ရင်း ပထမဆုံးတွေးမိတာက အနာတ်ဂတ်မျိုးဆက်ဟာ ရှေ့မျိုးဆက်တွေရဲ့ ကောင်းမွေဆိုးမွေကို ခံရမှာပဲဆိုတာပါပဲ၊အနာဂတ်မှာ ဆန်းသစ်တဲ့ နည်းပညာတွေတင်မကဘူး ဆန်းသစ်တဲ့ ပြဿနာပေါင်းစုံလည်း ပေါ်လာမှာပါ၊အခုတောင် pandamic ဖြစ်လို့ လူသားတွေ ရှင်သန်ဖို့ ရုန်းကန်နေကြရပါတယ်၊အဲလိုပဲ ကမ္ဘာကြီးကို လူသားတွေကပဲ ဖျက်ဆီးခဲ့တယ် ဖျက်ဆီးနေဆဲ ဆိုတာက အရှိတရားပါ၊ဇာတ်လမ်းထဲမှာတော့ ဝမ်းနည်းစွာနဲ့ပဲ ကမ္ဘာကြီးက လူသားတွေ နေလို့မရအောင် ပျက်ဆီးသွားခဲ့ပါတယ်၊ဒီတော့ အထက်တန်းလွှာလူတစ်ခုက တစ်ခြားနေထိုင်လို့ရတဲ့ ဂြိုလ်တစ်ခုဆီကို ပြေးကြပါတယ်၊ဒါပေမယ့် အဲဒီမှာလည်း ပြဿနာတွေ ရှိနေပါတယ်အဲဒီဂြိုလ်မှာ ရေဒီယိုသတ္တိကြွဓာတ်တွေ ရှိနေတာကြောင့် လူသားတွေဟာ မျိုးအောင်ဖို့ ခက်လာပါတယ်၊ဒီတော့ လူသားမျိုးနွယ် မပျက်သုန်းဖို့အတွက် စွန့်ပစ်ခဲ့တဲ့ အိမ်အဟောင်းကို ပြန်လာဖို့ ကြိုးစားကြရပါတော့တယ်၊ဒီလိုနဲ့ သူတို့တွေ ကမ္ဘာမြေပေါ် ပြန်ခြေချဖို့ ...
movie

Tides (2021)

2021
The Birdcatcher (2018) 7.3
The Birdcatcher (2018) ဒီဇာတ်ကားကတော့  2019 ခုနစ်ကထွက်ထားတဲ့ဇာတ်ကားလေးပါ နာဇီခေတ်ကိုအေခြခံပီးရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ် IMDb 4.7နဲ့ Google user 80%က  ထောက်ခံထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ  ဇာတ်လမ်းအကျဉ်းကတော့ တွန်ဟိုင်းမြို့မှာနေနေတဲ့ ဂျူးလူမျိုးတွေရှိပါတယ်  အဲ့ဒီ့ထဲမှာ အက်စတာတို့မိသားစုလည်းအပါအဝင်ပါပဲ  တနေ့မှာတော့ နာဇီတွေက တွန်ဟိုင်းက ဂျူးလူမျိုးတွေကိုဖမ်းဆီးသတ်ဖြတ်မှုတွေ  စတင်လုပ်လာပါတော့တယ် အဲ့ဒီ့မှာ အက်စတာရဲ့ မိဘနှစ်ပါးလည်အသတ်ခံရပီး အက်စတာဟာ ထွက်ပြေးရပါတယ် ထွက်ပြေးရင်းပြေးရင်းနဲ့သူမဟာ နာဇီတွေရဲ့ဘက်တော်သားဖြစ်တဲ့ နော်ဝေလူမျိုး ဂျိုဟန်ရဲ့အိမ်ကိုရောက်သွားခဲ့ပါတယ် အဲ့ဒီမှာဂျိုဟန်ရဲ့သား အက်ဆယ်က သူမကိုကူညီပေးခဲ့တာပါ ဒါပေမယ့် နာဇီ‌တွေကလွတ်သွားတဲ့သူမကိုလိုက်ရှာနေတာကြောင့်ရယ် ဂျိုဟန်က နာဇီတွေရဲ့လူဖြစ်တာကြောင့်ရယ် အဲ့ဒီ‌အိမ်ကို သူမဟာ ယောကျာ်းလေးတယောက်ဟန်ဆောင်ပီး ရောက်သွားခဲ့ပါတယ် အဲ့ဒီမှာ သူမ ရှင်သန်ဖို့ ဘာတွေ‌ကြုံတွေရင်ဆိုင်ရမလဲနာဇီတွေလက်ထဲကနေ ဒီအိမ်ကနေ ထွက်ပြေးလွတ်မြောက်နိုင်မှာလားဆိုတာ ကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဇာတ်လမ်းအညွုန်းနဲ့ဘာသာပြန်သူကတော့Pyae Shan Tun Wai ပါ
movie

The Birdcatcher (2018)

2018
Mary Magdalene(2018) 6.0
Mary Magdalene(2018) Mary Magdalene(2018) Mary ဟာ သူရဲ့ မိသားစုနဲ့ တံငါရွာ​လေးကို ​ကျောခိုင်းပြီး ​Jesusရဲ့​နောက်​ကို လိုက်​ခဲ့ပြီး ရှင်​သန်​ခြင်းရဲ့အခြားနည်းလမ်းကိုရှာ​ဖွေခဲ့ပါတယ်​... အဲ့လိုလိုက်​ခဲ့တာက အခြားသူ​တွေ၊Saint Peter အပါအဝင်အ​​ခြားတမန်​​တော်​​တွေ ပဋိပက္ခ​တွေဖြစ်​စေခဲ့ပါတယ်​... ​နောက်​ပိုင်းမှာ​တော့ Mary ဟာ Jesus လိုပဲ လက်​ဝါးကပ်​တိုင်​မှာပဲ အဆုံးစီရင်​​စေခဲ့ပါတယ်​.... ဒီကား​လေးက​တော့ Jesus​ရဲ့ တမန်​​တော်​​တွေထဲက တစ်​ပါးဖြစ်​တဲ့ Mary အ​ကြောင်းကို အ​ခြေခံပြီး ရိုက်​ကူးထားတဲ့ ခရစ်​ယာန်​ ဘာသာ​ရေးကား​လေးတစ်​ကားပဲဖြစ်​ပါတယ်​... Garth Davis က ရိုက်​ကူးထားပြီး Rooney Mara, Joaquin Phoenix အစရှိတဲ့ သ​ရုပ်​​ဆောင်​​တွေက ပါဝင်​သရုပ်​​ဆောင်​ထားတဲ့ ဇာတ်​ကား​လေးဖြစ်​ပါတယ်​.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် Tinnilar Lwin ဖြစ်ပါတယ်.... File Size : (900 MB) and (336 MB) Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tinnilar Lwin Encoded by Phyo ...
movie

Mary Magdalene(2018)

2018