Channel Myanmar

Sarah Yarkin

Not Okay (2022) 6.1
Not Okay (2022) Not okay (2022) Zoey Deutch နောက်ထပ် ဇာတ်ကားသစ်လေး လာပါပြီ။ ဒီတစ်ခါတော့ Comedy, Drama အမျိုးအစားလေးပါ။ဇာတ်လမ်းအညွှန်းကတော့ ...အတန်ရှည်လိုချင်လွန်းရင် မကောင်းကြောင်း သက်သေပြသွားတဲ့ ကားဖြစ်ပါတယ်။မဂ္ဂဇင်းတစ်ခုမှာ ဖိုတိုအယ်ဒီတာအဖြစ် အလုပ်လုပ်နေတဲ့ ဒန်နီဆန်းဒါးစ်ဟာ အင်မတန် စာရေးဆရာဖြစ်ချင်နေတဲ့သူပါ။ ဒါပေမဲ့ မတော်တရော် အရေးအသားတွေကြောင့် သူ့သူဌေးက သူ့ကို ဆောင်းပါးဌာနကို ပြောင်းခွင့်မပေးပါဘူး။လွယ်ကူရိုးရှင်းတဲ့ဘဝကို မကျေနပ်ဘဲ နာမည်ကြီးချင်သလို သူ့ခရက်ရှ် ကောလင်းဆီက အတန်ရှင်းလိုချင်တဲ့ ဒန်နီဟာ ပဲရစ်ကို စာရေးဆရာအပေါင်းဖော်တွေနဲ့ အားလပ်ရက်ခရီးထွက်ပါပြီဆိုပြီး လိမ်ဆင်ထွင်ပါတော့တယ်။ကံဆိုးချင်တော့ သူ ပဲရစ်ရောက်နေဟန်ဆောင်ပြီး အိမ်မှာ အိပ်နေချိန်မှာပဲ ပဲရစ်ရဲ့ အထင်ကရနေရာတွေကို ဗုံးဖောက်ခံရပါတော့တယ်။ဒီလိုနဲ့ ဒန်နီဟာ သူ့ကို သီသီလေးလွတ်လာတယ်ထင်ပြီး ဝိုင်းကရုဏာသက်ကြတဲ့ လူတွေကို ဆက်လိမ်ရင်း အဂ္ဂမဟာ influencer ကြီးဖြစ်သွားပါတော့တယ်။ဒါပေမဲ့ သူ့လိမ်ဆင်တွေ ဘယ်လိုပေါ်သွားမလဲဆိုတာကတော့ …(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ...
movie

Not Okay (2022)

2022
Tankhouse (2022) 5.6
Tankhouse (2022) Tankhouse (2022) ============== IMDb Rating - 5.6/10ဒီဇာတ်ကားကတော့ 2022 မှာ အသစ်ထွက်ရှိလာပြီး IMDb 5.7 ရရှိထားတဲ့ ဇာတ်ပို့ဇာတ်ရံပေါင်းများစွာနဲ့ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဇာတ်လမ်း‌လေးကတော့ တက်ခ်ကာ နဲ့ ဆန်ဒရင်း တို့က ပြဇာတ်တွေ လှည့်လည် ကပြကြရင်း အပြန်အလှန်ချစ်ကြိုးသွယ်ခဲ့ကြတဲ့ ချစ်သူနှစ်ယောက်ပေါ့။ တစ်နေ့ သူတို့နှစ်ယောက်ရဲ့ နစ်မြုပ်နေတဲ့ ပြဇာတ်ရုံ ထိုးနှက်မှု ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ ပြဇာတ်တစ်ပုဒ် ကပြဖျော်ဖြေနေစဉ်မှာပဲ မတော်တဆမှုတစ်ခုဖြစ်ပွား သွားခဲ့ပြီး ထုတ်လုပ်ရေးကနေ နှစ်ယောက်လုံး အလုပ်ဖြုတ်ခံလိုက်ရတယ်။အဲဒီဖြစ်ရပ်ကြောင့်ပဲ မိဘတွေဆီက အထောက်အပံ့တွေလည်း ဖြတ်ခံရ၊ နယူးယောက် ပြဇာတ်ထုတ်လုပ်ရေးတွေကနေပါ လက်သင့်မခံကြ ဖြစ်လာတော့တယ်။ ဒီလိုနဲ့ပဲ ဆန်ဒရင်းရဲ့ မွေးရပ် ဖာဂိုမြို့လေးကို ပြောင်းရွှေ့လာကြပြီး မြို့ရဲ့ ပြဇာတ်ပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ဖို့ ကြိုးပမ်းကြတော့တာပေါ့။စစ်မှန်တဲ့အနုပညာကို ဦးစားပေးလွန်းပြီး အရမ်း သဝန်တိုတတ်တဲ့ တက်ခ်ကာ နဲ့ ချောမော လှပပြီး သရုပ်ဆောင်တော်လွန်းတဲ့ ဆန်ဒရင်း တို့ကြား ဘယ်လို ပြဿနာတွေ ရှိလာနိုင်မလဲ။ တက်ခ်ကာ လိုချင်တဲ့ အနုပညာမြောက်လွန်းတဲ့ ...
movie

Tankhouse (2022)

2022
Texas Chainsaw Massacre (2022) 8.1
Texas Chainsaw Massacre (2022) တက္ကဆက်ရဲ့ လွှစက်ကြီးနဲ့ လူအရေခွံမျက်နှာဖုံးနဲ့ လူသတ်သမားဟာဟော်ရာရုပ်ရှင်ကြိုက်သူတိုင်းရဲ့ အသည်းစွဲပါပဲ။ အတော်များများရဲ့အိပ်မက်ထဲကိုလည်းအလည်လာဖူးမှာပါ။ စုစုပေါင်း ရှစ်ကား ထွက်ရှိဖူးပြီး ဒါကတော့ ၉ ကားမြောက်ပါပဲ။ဟော်ရာပရိသတ်တွေအကြိုက်တွေ့တာမို့ rating လည်းအတော်ကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းတက္ကဆက်ရဲ့ လူမနေတော့သလောက်ဖြစ်နေတဲ့ ဟာလိုမြို့လေးကိုအင်တာနက်ပေါ်က နာမည်ကြီးလူငယ်တစ်သိုက်က ပရိုမိုးရှင်းဆင်းပြီးဆိုင်ခန်းတွေ အိမ်ခန်းတွေ ရောင်းချဖို့ ကြိုးစားလာပါတယ်။ အဲဒီမှာသူတို့ပထမဆုံး ဝယ်ထားတဲ့ အိမ်က အကြွေးမပေးနိုင်လို့ ဘဏ်က သိမ်းထားတဲ့အိမ်ဖြစ်နေပြီမူလအိမ်ပိုင်ရှင်အဘွားကြီးတစ်ယောက်နေထိုင်ပါတယ်။ အဘွားကြီးမှာတော့ထူးဆန်းတဲ့ သားတစ်ယောက် ရှိတာပေါ့။ လူငယ်အဖွဲ့ရောက်လာပြီးအဘွားကြီးကို နှင်ထုတ်ဖို့ ကြိုးစားရင်နဲ့ မထင်မှတ်တာတွေ ဖြစ်လာတဲ့အခါ...  File size…571MB /  1,5GB Quality…720p AAC 2.0CH  / 1080p AAC 5.1CH Format…mp4 Duration….1h 21min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson
movie

Texas Chainsaw Massacre (2022)

2022
Happy Death Day 2U(2019) 6.2
Happy Death Day 2U(2019) Happy Death Day 2U(2019) IMDb.....6.2 ဒီကားက 2017 တုန်းကထွက်ရှိခဲ့တဲ့ Happy Death Day ရဲ့အဆက်ဇာတ်ကားလေးဖြစ်ပါတယ်။ပထမကားမှာ တက္ကသိုလ်ကျောက်းသူလေးတစ်ယောက် ရုတ်တရက်သူ့မွေးနေ့မှာ မနက်အိပ်ရာနိုးလာတော့ပုံမှန်လိုပဲတနေ့တာကုန်ဆုံးပေမဲ့ အဲဒီနေ့ညမှာ လူသတ်သမားတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။Happy Birthday မဖြစ်ဘဲ Happy Death Day ဖြစ်လာရတဲ့အကြောင်းအရင်းကတော့သူအသတ်ခံရပြီးပေမဲ့ အဲ့ဒီနေ့ သူ့မွေးနေ့မှာပဲ ပြန်နိုးလာပြန်ပြီး အရာရာတိုင်းကတပုံစံတည်းဖြစ်နေပါတယ်။ပြောရရင် သူ့မွေးနေ့မှာပဲ ပြန်ပြန်နိုးလာပြီး ညရောက်ရင်အသတ်ခံရလိုက် နိုးလာလိုက်နဲ့ Happy Death Dayကိုဆင်နွဲခဲ့ရတာပါ။ ပထမကားမှာ သူ့ကိုသတ်တဲ့လူကိုဖော်ထုတ်နိုင်ပြီး ဇာတ်သိမ်းသွားပေမဲ့ ဒီဒုတိယကားမှာတော့သူ့လိုဖြစ်တဲ့နောက်တစ်ယောက်ပေါ်လာပါတယ်။ အစကတော့ သူ့လိုနောက်တစ်ယောက်ဆိုပြီးကူညီပေးပေမဲ့ ကောင်းကြိုးထက်ဆိုးကြိုးများပြီးသူပါအရင်လိုပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့အရာရာက အသတ်ခံရတာကလွဲလို့ အရင်လိုမဟုတ်တော့ပါဘူး။ဘာတွေကွဲပြားသွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါ။ ေ့ရှကားမှာတော့ ဘာလို့နေ့တစ်နေ့ထဲမှာပိတ်မိနေရတာလဲဆိုတာကို ထည့်မပြထားဘဲ Mystery ဆန်ဆန်ထားခဲ့ပေမဲ့ ဒီကားမှာတော့ အေကြာင်းအရင်းကိုဖော်ပြထားပါ။ အဲ့ပြသနာအရင်းအမြစ်ကိုဖြေရှင်းမှပဲ သူလွတ်မြောက်နိုင်မှာပါ။ခုကားမှာတော့ Mystery ထက် Sci-Fi ဖက်နွယ်ပြီးသွားတဲ့အတွက် ပထမကားနဲ့မတူ အရသာအနည်းငယ်ကွဲသွားပါလိမ့်မယ်။ေ့ရှကားကြည့်ဖူးတဲ့သူတွေလည်း ဆက်အားပေးလို့  ...
movie

Happy Death Day 2U(2019)

2019