Channel Myanmar

Sasha Spielberg

The Kids Are All Right (2010)
The Kids Are All Right (2010)  The Kids are All Right လို့ခေါ်တဲ့ဒီဇာတ်ကားလေးက 2010 ခုနှစ်ကထွက်ရှိထားတဲ့ Romance/ Drama ကားလေးတစ်ကားဖြစ်ပြီး IMDB rating 7 အထိ ရရှိထားပါတယ်။ တော်တော်လေးကြည့်လို့ကောင်းတဲ့ကားတစ်ကားဖြစ်ပြီး LGBT နဲ့ပတ်သက်ပြီး အရမ်း serious မဖြစ်သူတွေအနေနဲ့ ကြည့်လို့အဆင်ပြေစေမဲ့ ကားလေးတစ်ကားပါပဲ။နစ်ခ်နဲ့ဂျူးလ်စ်ဟာ LGBT အတွဲတစ်တွဲဖြစ်ပြီး သုက်ပိုးအလှူရှင်အကူအညီနဲ့မွေးထားတဲ့ သားတစ်ယောက် သမီးတစ်ယောက်နဲ့အတူ အေးချမ်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ထားတဲ့ ပုံမှန်ကနေခွဲထွက်နေတဲ့ မိသားစုလေးတစ်ခုပါ။ ဒါပေမဲ့ဂျူးလ်စ်က မှီခိုသူအိမ်ရှင်မနေရာကိုရောက်နေတဲ့ သူ့ဘဝသူ မကျေမနပ်နဲ့ သိမ်ငယ်စိတ်ဝင်နေသူဖြစ်ပြီး ဒီအတွက်လည်း ကိုယ်တိုင်စီးပွားရေးလုပ်ငန်းတစ်ခုထူထောင်ဖို့ ကြိုးစားနေခဲ့ပါတယ်။တစ်ဖက်မှာ သားဖြစ်သူလေဆာက သုတ်ပိုးအလှူရှင် သူတို့ရဲ့ဖခင်အရင်းကို တစ်ကြိမ်လောက်တော့ တွေ့ဖူးချင်နေသူဖြစ်ပြီး ဒီအတွက်လည်း အသက် (၁၈) နှစ်ပြည့်ခါစ ရပ်ဝေးကိုကျောင်းသွားတက်တော့မဲ့အစ်မဖြစ်သူ ဂျိုနီကိုအပူကပ်ပြီး သူတို့ရဲ့သုက်ပိုးအလှူရှင်ကို ရှာဖို့ကြိုးစားခဲ့ပါတယ်။ဖခင်ဖြစ်သူနဲ့ တစ်ခေါက်တွေ့ပြီးတဲ့နောက်မှာ ရေစက်ကုန်ပြီလို့ထင်မှတ်ထားပေမဲ့ သူတို့ဖခင်အရင်းရဲ့ပါဝင်ပတ်သက်လာမှုဟာ အေးချမ်းနေတဲ့သူတို့မိသားစုထဲကို သက်ရောက်မှုအကြီးကြီးတစ်ခု ယူဆောင်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ...
movie

The Kids Are All Right (2010)

Indiana Jones and the Kingdom of the Crystal Skull (2008) 6.2
Indiana Jones and the Kingdom of the Crystal Skull (2008) Indiana Jones and the Kingdom of the Crystal Skull (2008)IMDb Rating (6.2) / Rotten Tomatoes (77%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ ...
movie

Indiana Jones and the Kingdom of the Crystal Skull (2008)

2008
4K HEVC
The Post (2017) 7.3
The Post (2017) The Post(2017) ************** IMDb....7.3,,,,,Rotten ....88 ဒါရိုက်တာက Steven Spielberg ....အဓိက သရုပ်ဆောင်တွေကMeryl Streep, Tom Hanks နဲ့  Sarah Paulson  ....Rating တွေ မြင့်တာတွေ အော်စကာဆုတွေမှာ စာရင်းဝင်ခဲ့တာတွေအခြားဆုပေါင်းများစွာ ရတာတွေ အသာထား ...ဒီဒါရိုက်တာ နဲ့ ဒီသရုပ်ဆောင်တွေနဲ့တင် ထွေထွေထူးထူး ညွှန်းဆိုဖွဲ့စရာ မလိုဘူးထင်တယ်....အမေရိကန်ရဲ့ထိပ်တန်းသတင်းစာတိုက်တစ်ခုဖြစ်တဲ့ The Washington Post မှာပထမဆုံးအမျိုးသမီးပုံနှိပ်ထုတ်ဝေသူဟာKatherine Graham (မင်းသမီးကြီး Meryl Steep) ပါ...အယ်ဒီတာကတော့Ben Bradlee (မင်းသားကြီးTom Hanks) ဖြစ်ပါတယ်..သူတို့ဟာ အစိုးရရဲ့နှစ်ပေါင်းသုံးဆယ်တိုင်တိုင်  ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေပြည်သူတွေကိုညာခဲ့တာတွေကို ပြိုင်ဘက်သတင်းစာတိုက်ဖြစ်တဲ့The Nw York Times နဲ့အပြိုင် ထုတ်ဖော်ကြတယ်...အစိုးရကိုလျှို့ဝှက်ချက်တွေ ထုတ်ဖော်ပြီဆိုမှာတော့  သူတို့တွေ ကြုံရတဲံ အခက်အခဲတွေအန္တရယ်တွေဟာ ဘေးပတ်လည် ဝိုင်းနေပါတယ်...အစိုးရရဲ့ လျှို့ဝှက်ချက်တွေ လိမ်ညာမှုတွေက ဘာလဲ...သူတို့တွေကရော ရင်ဆိုင်နိုင်ပါ့မလား...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ် JtheKoala  ဖြစ်ပါတယ်...File Size :(2.6GB) &(994MB) Quality ...
movie

The Post (2017)

2017
The Terminal (2004) 7.4
The Terminal (2004) ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ ...
movie

The Terminal (2004)

2004
4K HEVC
The Company Men (2010) 6.7
The Company Men (2010) The Company Men  အညွှန်း**************************ဘော်ဘီဝေါ့ကာဟာ GTXလို့ခေါ်တဲ့ ကော်ပိုရေးရှင်းကြီးတစ်ခုရဲ့အရောင်းဌာနခွဲခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာ စီးပွားရေးကျဆင်းမှုဖြစ်ပေါ်နေတဲ့အချိန်ကော်ပိုရေးရှင်းအကြီးကြီးတွေကလည်း လုပ်ငန်းဆက်လည်ပတ်နိုင်ဖို့စတော့ရှယ်ယာဈေးတွေဆက်ထိန်းထားနိုင်ဖို့ ဝန်ထမ်းအင်အားတွေထောင်နဲ့သောင်းနဲ့ချီပြီး လျှော့ချမှုတွေပြုလုပ်လာကြတဲ့အချိန်မှာဘော်ဘီလည်း အလုပ်ထုတ်ခံရတဲ့စာရင်းထဲ ပါသွားခဲ့ပါတယ်။ဘော်ဘီနဲ့အတူ ကော်ပိုရေးရှင်းတွေနဲ့ကုမ္ပဏီအသီးသီးကဝန်ထမ်းလျှော့ချတဲ့အထဲပါဝင်တဲ့ လူတွေရဲ့ဘဝတွေ သူတို့မိသားစုတွေသူတို့ပတ်ဝန်းကျင်တွေကို ဘယ်လိုသက်ရောက်မှုတွေရှိသလဲဘယ်လိုဖြတ်ကျော်ကြရလဲဆိုတာကို ဒီဇာတ်လမ်းမှာစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့စိတ်သဘောထားတွေ၊ အမေရိကန်လူနေမှုစနစ်နဲ့နေထိုင်ပုံတွေကိုလဲသေချာသိမြင်ကြရမှာဖြစ်ပါတယ်။ File Size : (3.18GB) (937 MB) and (403MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:44:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Moe Han Encoded by Min Wai
movie

The Company Men (2010)

Licorice Pizza (2021) 7.8
Licorice Pizza (2021) ကဲ ‘Licorice Pizza’ လာပါပြီ။ ဒီရုပ်ရှင်ဟာ ၂၀၂၂ အော်စကာ ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု နဲ့ အကောင်းဆုံး ဇာတ်ညွှန်းဆုတို့ဆန်ကာတင်ထားပါပြီ။ဒီရုပ်ရှင်အကြောင်း မပြောခင် ခေါင်းစဉ်လေးကို အရင်ရှင်းပြရမယ်ထင်ပါတယ်။ ‘Licorice Pizza’ ဆိုတာ ဗန်းစကားပါ။ အနက်ရောင် ဗီနိုင်းသား ဓာတ်ပြားတွေကို ဆိုလိုတာပါ။ Licorice ဆိုတာ သကြားလုံး သကြားချောင်းအနေနဲ့ထုတ်တဲ့ အနက်ရောင် မာမာစေးစေး စားစရာလေးတွေက ယူထားတာပါ။ ပြီးတော့ ဓာတ်ပြားတွေကလည်း ပီဇာ အသေးစားပုံစံဆိုတော့ ‘Licorice Pizza’ ဆိုပြီး နာမည်တွင်လာတာပေါ့။ဒါရိုက်တာကတော့ ပေါလ် သောမတ် အန်ဒါဆန် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်နှစ်ယောက်ကတော့ ၁၅ နှစ်အရွယ် သရုပ်ဆောင်ပေါက်စ စီးပွားရေးသမားလေး ဂယ်ရီ ဗယ်လင်တိုင်းနဲ့ သူချစ်မိနေတဲ့ ၂၅ နှစ်အရွယ် မမ အလန်နာ ကိန်းတို့ ...
movie

Licorice Pizza (2021)

The Art of Getting By (2011) 6.6
The Art of Getting By (2011) The Art of Getting By (2011)_____IMDb - 6.6/10    ဒီဇာတ်ကားဟာ ရည်မှန်းချက်ပျောက်ဆုံးနေတဲ့ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်အကြောင်းကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်။ ဆယ်ကျော်သက်ဘဝမှာလူတိုင်းတွေ့ကြုံကြရမယ့် ချစ်ရသူ၊ မိတ်ဆွေတွေနဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ၊ သစ္စာမဲ့သူတွေကြောင့်နာကျင်ခံစားရတာတွေ၊ မိသားစုပြဿနာ အစရှိတာတွေအားလုံးကို လက်တွေ့ဆန်ဆန်တွေ့မြင်ကြရမှာဖြစ်လို့ ကြည့်ရှုသူအားလုံးကိုယ်တိုင်ခံစားနားလည်နိုင်ကြမှာဖြစ်ပြီး နှစ်သက်ကြမှာပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ မော်ဂန်ကျောင်းမှာတက်နေတဲ့ ဆယ်ကျော်သက်လေးဂျော့်ဂျ်ဟာ ဘဝရည်မှန်းချက်ကင်းမဲ့ပြီး စိတ်ခွန်အားတွေပျောက်ဆုံးနေသူပါ။ ကျောင်းစာတွေမှာအခြေအနေမကောင်းပဲ မကြာခဏစည်းကမ်းဖောက်ဖျက်မှုကြောင့် အောင်လက်မှတ်အတွက်ကျောင်းရဲ့သတိပေးခြင်းကိုခံရတဲ့အထိပါပဲ။ ပြန်လည်ပြင်ဆင်ဖို့ကြိုးစားရင်းနဲ့ သူချစ်ရတဲ့ကောင်မလေး နဲ့ သူငယ်ချင်းတွေရလာတဲ့အခါ ဘဝအဓိပ္ပါယ်ကိုပြန်လည်တွေ့ရှိပြီလို့ထင်ခဲ့တဲ့အချိန်မှာ သစ္စာမဲ့သူတွေနဲ့အိမ်တွင်းရေးပြဿနာတွေကြောင့် သူ့ရဲ့ဘဝဟာပိုပြီးနစ်မြုပ်ခဲ့ရပါတယ်။ ဘဝရှေ့ရေးအတွက်ကျောင်းအောင်လက်မှတ်ရရှိဖို့ နောက်ဆုံးရာဇသံရောက်ရှိလာတဲ့အချိန်မှာတော့ ဂျော့ဂျ်တစ်ယောက် ကျရောက်လာတဲ့လောကဓံတွေကိုအရှုံးမပေးပဲ ခွန်အားအဖြစ်ဘယ်လိုပြောင်းလဲအသုံးချပြီးကြိုးစားသွားမလဲဆိုတာကို သင်ခန်းစာယူဖွယ်ရာကြည့်ရှုရမှာဖြစ်ပါတယ်။    Translated by Linn Kyaw Swar Aung Encoded by sithu
movie

The Art of Getting By (2011)

2011