Channel Myanmar

Saskia Larsen

Let Them All Talk(2020) 6.5
Let Them All Talk(2020) Let Them All Talk(2020)အညွှန်း*****************************စာရေးဆရာမAliceဟာ အင်္ဂလန်က စာပေဆုပေးပွဲကိုတက်ရောက်ပြီးဆုသွားယူဖို့ ဖြစ်လာပါတယ်...ရခဲလှတဲ့ဆုဖြစ်ပြီးသွားရောက်ယူချင်ပေမဲ့ သူမအတွက်အခက်အခဲက လေယာဉ်မစီးရဲတာပါ...ဒါ့ကြောင့် သူမရဲ့ကိုယ်စားလှယ်က သင်္ဘောခရီးစီစဉ်ပေးခဲ့တယ်..ဒီတော့စာရေးဆရာမ Aliceဟာ လွန်ခဲ့တဲ့နှစ်(၅၀)ကတည်းက ငယ်သူငယ်ချင်းဖြစ်ခဲ့တဲ့အမျိုးသမီးကြီး(၂)ဉီးကို ခေါ်ခဲ့တယ်...သိတဲ့အတိုင်း ငယ်သူငယ်ချင်းတွေဆိုပေမဲ့လည်းအရွယ်ရောက်အလုပ်ကိုယ်စီ ပတ်ဝန်းကျင်တစ်ခုစီ ဖန်တီးပြီးနောက်မှာ ပြန်ဆုံကြတော့တစ်ယောက်နဲ့တစ်ယောက်ခပ်တန်းတန်းရယ်...ဒီလိုနဲ့ သင်္ဘောကြီးပေါ်မှာသူမတို့(၃)ယောက်နဲ့စာရေးဆရာကြီးရဲ့တူလေးတစ်ယောက်ရယ် ကိုယ်စားလှယ်အမျိုးသမီးငယ်လေးတစ်ယောက်ရယ်ပေါင်း(၅)ယောက်အင်္ဂလန်ကို ရွက်လွှင့်ခဲ့ကြတာပေါ့...ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး...ဒီကားက မင်းသမီးကြီး Meryl Streep ပါတာနဲ့တင်ကြည့်ရတာတန်ပါတယ်...ပြီးတော့ ဇာတ်လမ်းက ဘာမဟုတ်ဘူးထင်ရပေမဲ့ ကျွန်တော်တို့ဘဝကိုပြန်စဉ်းစားကြည့်ရင်ဒီလိုပါပဲ...ဘယ်လောက်ပဲခင်ခဲ့မင်ခဲ့ ကျောင်းမှာ အတူတူ ပေါက်ကရတွေလုပ်ခဲ့ပေမဲ့အရွယ်ရောက်လို့ ကိုယ်စီလမ်းတွေလျှောက်ပြီးချိန်မှာတော့ ပြန်ဆုံကြရင်သူစိမ်းတစ်ယောက်လိုဖြစ်နေတတ်ကြတာပဲမလား....ဒီလိုအချိန်မှာ အရင်လိုအငွေ့အသက်တွေရအောင် တတ်နိုင်သလောက်ကျွန်တော်တို့ကြိုးစားဖန်တီးတတ်မြဲပဲမလား...ခင်ဗျားတို့မှာငယ်ငယ်ကရော ခုချိန်ထိပါ ခင်ဆဲမင်ဆဲအရင်လို ခံစားချက်တွေမျှဝေဆဲသူငယ်ချင်းတွေရှိရင် သိပ်ကိုကံကောင်းတယ်လို့ပြောချင်ပါတယ်..ဟာသလေးတွေလည်းပါသလို ကိုယ်ကိုတိုင်ခရီးထွက်သလိုခံစားရစေတဲ့ ကားမို့ကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Khine Khine Wai ပဲဖြစ်ပါတယ်...File Size :(1.82GB) and (1.03GB) Quality : Web-DL 1080P, 720P Format…mp4 Duration…01:52:00 Genre : Comedy , Drama Subtitle : Myanmar ...
movie

Let Them All Talk(2020)