Channel Myanmar

Sathyan Sivakumar

Mersal (2017) 8.7
Mersal (2017) Mersal (2017) "" IMDb - 7.5ဗီဂျေးဇာတ်လမ်းများ စုစည်းမှုဆိုပြီး တင်ဆက်ပေးနေတဲ့အတိုင်းပဲ ဗီဂျေးရဲ့ ကားကောင်းတကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကို ၂၀၁၇က တကမ္ဘာလုံးမှာ ထုတ်လွင့်ခဲ့တာဖြစ်ပြီး ဝေဖန်လေကန်ရေးတွေရော ပရိသတ်တွေဆီကပါ ကောင်းမွန်တဲ့ချီးကျူးထောပနာပေးခြင်း ခံခဲ့ရပါတယ်။မွေးကတည်းက ကွဲကွာသွားကြတဲ့ ညီကိုနှစ်ယောက်။ တစ်ယောက်က သူ့မိဘတွေ သေဆုံးရမှုအတွက် လက်စားလိုက်ချေတဲ့ မျက်လှည့်ပညာရှင်။ နောက်တစ်ယောက်က လူနာတွေဆီကနေ အခကြေးငွေအနည်းငယ်သာ ယူတယ်လို့ အများလက်ခံထားတဲ့ ဆရာဝန်တစ်ယောက်။ရဲအရာရှိတစ်ယောက်က ကျွမ်းကျင်ဆေးပညာရှင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ဆရာဝန်တစ်ယောက်ကို ဖမ်းမိတာကနေစလို့ ထင်မှတ်မထားတဲ့ လက်စားချေမှု၊ အကျင့်ပျက်ချစားမှုတွေအပြင် မှော်ဆန်တဲ့လုပ်ရပ်တွေကို တွေ့ရှိခဲ့ချိန်မှာတော့...။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 3.73GB  / 2GB Quality…WEB DL 1080p /720p Format…mp4 Duration…2h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated byThaik San
movie

Mersal (2017)

2017
Nanban (2012) 7.8
Nanban (2012) Nanban (2012) ****************** ဒီဇာတ်ကားကတော့ တောင်ပိုင်းရုပ်ရှင်ချစ်ပရိသတ်အသည်းစွဲ မင်းသားကြီး ဗီဂျေးနဲ့ မင်းသမီး အီလ်ယာနာ ဒီခရုဇ်တို့ ပါဝင်ထားတဲ့ Comedy/Dramaအမျိုးအစားပဲဖြစ်ပါတယ်။ IMDb rating 7.8အထိ ရရှိထားတဲ့ တမီလ်ရုပ်ရှင်တစ်ကားပါ။ဒီကားက အမာရ်ခန်းရဲ့ ဟင်ဒီရုပ်ရှင် 3idiots(2009)ကို Remakeပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဘောလိ၀ုဒ်ပရိသတ်တွေ အလွတ်ရတဲ့အထိ မှတ်မိနေပြီးဖြစ်တဲ့အတိုင်း သူငယ်ချင်းသုံးယောက်နဲ့ပဲ ဇာတ်အိမ်တည်ထားတာပါ။ဟင်ဒီရုပ်ရှင်ကို အမာရ်ခန်းတို့လို ဟင်ဒီသရုပ်ဆောင်တွေနဲ့ ကြည့်ဖူး စိတ်ထဲစွဲဖူးနေသူတို့အတွက် ခံစားမှု တမျိုးတမည်နဲ့ ကြည့်ရှုရမဲ့ တောင်ပိုင်းရုပ်ရှင်းကားလေးမို့ ကြည့်ရှုခံစားကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Thaik Sanပဲ ဖြစ်ပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 3.5GB / 1.63GB Quality…WEB DL 1080p /720p Format…mp4 Duration….3h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San
movie

Nanban (2012)

2012
Thuppakki (2012) 8.1
Thuppakki (2012) Thuppakki (2012) "ပစ်မှတ်" IMDb - 8.1/10ပြောထားတဲ့အတိုင်း ဗီဂျေးအသည်းစွဲ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် ဗီဂျေးစုစည်းမှုအနေနဲ့ ဗီဂျေးရဲ့ ဝေဖန်သံတွေနဲ့အတူ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ရုံတင်ကား အဟောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပြန်ပါပြီဗျ။ မင်းသမီးလေးကလည်း တောင်ပိုင်းကားတွေရော မြောက်ပိုင်းကားတွေမှာပါပါဝင်တဲ့ ခင်ဗျားတို့ရော ကျွန်တော်ရောချစ်ရတဲ့ ဘိုင်ရာဘာမင်းသမီးလို့ နာမည်ကြီးတဲ့ မင်းသမီးချောလေး ကာဂျဲအက်ဂါဝဲပဲဖြစ်ပါတယ်၊ ကွန်မန်ဒိုမင်းသား ဗီဒရွတ်လည်းပါဝင်အားဖြည့်ထားတာမို့ အဟောင်းထဲက အကောင်းတောင့်တနေတဲ့ ပရိသတ်ကြီးအကြိုက်တွေ့မဲ့ကားပါဗီဂျေးက ကတ်ရှ်မီးကနေ မွမ်ဘိုင်းကို ခွင့်နဲ့ပြန်လာခဲ့တဲ့စစ်သားတစ်ယောက်၊ ရထားဘူတာမှာပဲ မိသားစုက လာကြိုပြီး စေ့စပ်ကြောင်းလမ်းဖို့ရာအရေး အလျင်စလိုတန်းခေါ်ချင်းခံရရော။ အဲဒီမှာ မင်းသမီးကို တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းဆိုသလို မကြိုက်နိုင်ဘူး ဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ်နဲ့ ကြေးများ။မင်းသမီးရဲ့ တကယ့်စရိုက်အမှန်ကိုမြင်သွားတော့ လွတ်တဲ့ငါး ကြီးရုံမက မိုနာ့ချ်ထဲမှာ ဖြတ်လျောက်ပါတဲ့ ဂေါ်ဇီလာကြီးလောက် ဖြစ်နေပါရောလား။ ဒီမှာတင်ပဲ တစ်ယောက်နဲ့တစ်ယောက် ရန်စကလေးတွေနဲ့ ဇာတ်လမ်းစတော့တာပေါ့။ ဒါက ဒရာမာတဖြတ်။ တစ်နေ့ ဗီဂျေးလမ်းမှာသွားနေတုန်း ဘတ်စ်ကား ဗုံးဖောက်ခွဲခံရတာနဲ့ကြုံ။ လက်သည်ကို ဖမ်းမိလိုက်ပေမဲ့ အကြောင်းကြောင်းတွေကြောင့် လွတ်သွားရာကနေ မီးခိုးကြွက်လျောက်လိုက်တဲ့အခါမှာ မထင်မှတ်ထားတာတွေဖြစ်။ဒါက အက်ရှင်တဖြတ်။ ဒီလို အချစ် ဒရာမာ အက်ရှင်ဇာတ်ကြမ်းကားကြီးကို ကြည့်ရှုကြပါဦး ချစ်သောရုပ်ရှင်ချစ်ပရိသတ်အပေါင်းတို့။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ V~ ...
movie

Thuppakki (2012)

2012
Jigarthanda DoubleX (2023) 8.4
Jigarthanda DoubleX (2023) Jigarthanda DoubleX (2023) IMDb-8.4/10တောင်ပိုင်းပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားကြီးထွက်လာခဲ့ပါပြီ။ Jigarthanda (2014)ဆိုပြီး ရှေ့မှာ တစ်ကားရှိပါတယ်။ ဒါက Prequelအနေနဲ့ထွက်ရှိလာခဲ့တာဆိုတော့ ရှေ့ကားကြည့်မထားရသေးလည်း ကြည့်လို့ရပါတယ်ဗျ။ ပထမကားမှာတုန်းက ဆုတွေအများကြီးရ Remakeရုပ်ရှင်တွေ အများကြီးပြန်ရိုက်ကြနဲ့ အောင်မြင်မှုတွေအများကြီးရရှိခဲ့ပါတယ်။၁၉၇၃ခုနစ်မှာ ရဲဖြစ်ချင်ပေမယ့် ကံတရားရဲ့ရက်စက်မှုကြောင့် ထောင်သားဖြစ်သွားရသူ လေးယောက်။ တစ်ဦးချင်းစီမှာ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေနဲ့အတူ ထောင်ထဲကိုရောက်လာခဲ့ရတာပါ။ အဲဒီလေးယောက်ကို ထောင်ထဲကထွက်ဖို့နဲ့ ရဲအဖြစ် တာဝန်ထမ်းဆောင်ဖို့အခွင့်အရေးကိုပေးပြီး အစိုးရအတွက် လျှို့ဝှက်လူသတ်မစ်ရှင်တွေ လုပ်ခိုင်းတဲ့အခါ။၁၉၇၅မှာ နိုင်ငံခြားမင်းသား Clint Eastwoodရဲ့ဖန်အကြီးစား လူမိုက်ခေါင်းဆောင်ကြီးက အက်ရှင်ဟီးရိုးမင်းသားတစ်လက်ဖြစ်ချင်ဖို့ကြိုးစားနေတဲ့အချိန်။အဲဒီလို မတူညီတဲ့အခြေအနေ မတူညီကြတဲ့အဖြစ်အပျက်တွေကနေပြီး ဘယ်လိုတွေပေါင်းစပ် ဖြစ်ပေါ်လာမလဲဆိုတာ ပထမရုပ်ရှင်ကားကြီးထက် ပိုပြီးအောင်မြင်တဲ့ရုပ်ရှင်ကားဖြစ်မလားဆိုတာ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size....2.57GB / 1.74GB Quality…1080p WEB DL /720p Format…mp4 Duration….2h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Jigarthanda DoubleX (2023)

2023
Raatchasi (2019) 7.4
Raatchasi (2019) ဂီသာရာနီဆိုတဲ့ ဆရာမဟာ ဘယ်လိုတော်ကြောင်း ဘယ်လိုထက်ကြောင်း ဘယ်လိုရဲရင့်ကြောင်းဆိုတာကြားဖူးကြမှာပါ..ဟုတ်ပါတယ် ဒီရုပ်ရှင်က သူမရဲ့ဇာတ်ကားပါပဲ။ပညာရေးမှာ ပြစ်ချက်တစ်ခုရှိလာရင် အကြောင်းပြချက်က မလုံလောက်တဲ့ ဆရာ/မ အင်အားနဲ့ စနစ်ဆိုး.. ဒါတွေဟာ လက်ညှိုးထိုးပြစရာ။ ဘယ်အစိုးရမှ လောက်ငှတဲ့ ငွေပမာဏမပေးမထားတော့ ဝန်ထမ်းတွေလည်း အပြင်စီးပွားရှာတယ်။ အထက်လူကြီးတွေက အာဏာရပါတီကဆိုပြီး မြို့တိုင်းမှာ ပါတီအလံလွှင့်ထူဖို့လောက် ကျောင်းတွေမှာ လစ်လပ်နေတာကို သူတို့ စိတ်မဝင်စားဘူး။ မဲဆွယ်တုန်းခဏပဲ ပြည်သူကို ကြည့်ကြတာပါ။ အဲ့ဒီလို မြို့မျိုးမှာဆို လူသတ်မှုလည်း ထွန်းကားတယ်ဗျ။ ဒီကျောင်းက ထူးဆန်းတယ်။ ကျောင်းမှာ ရာထူးအကြီးဆုံးက ဘဲကြီးက နှာဘူးထတယ်။ ဆရာမတွေကို ရိုသေလေးစားမှုမရှိ။ ကျောင်း အထွေထွေလုပ်သားတွေက အစ လက်မှတ်ထိုးပြီး အိမ်ပြန်စီးပွားလုပ်တယ်။ ဆရာမတွေဟာ ကျောင်းသားတွေရဲ့ အနာဂတ်ထက် ပါးပေါ်က မိတ်ကပ်မပျက်ဖို့ ပိုဂရုစိုက်တယ်။ ကလေးတွေရဲ့ စာဖတ်သံထက် နားထောင်နေတဲ့ နားကြပ်က သီချင်းသံကို ပိုကြားရဖို့ အာရုံစိုက်တယ်။ ဆရာတွေက အရည်အချင်းမရှိဘဲ သင်ပြနေသူတွေ။ ခေတ်နောက်ကျန်ခဲ့ပြီး ခေတ်သစ်ပညာရေးနဲ့အလှမ်းဝေးနေသူတွေ။ ရာထူးတိုးဖို့ လစာတိုးဖို့ပဲ အာရုံစိုက်ပြီး ကိုယ်ကိုယ်တိုင် မသိတဲ့ စာတွေကို ကလေးတွေရှေ့ ...
movie

Raatchasi (2019)

2019
Ghosty (2023) 6.7
Ghosty (2023) Ghosty ( 2023 ) ============== IMDb. 6.8/10 .Cm ပရိသတ်တွေအတွက် ဘိုင်ရာဗာရုပ်ရှင်ထဲကမင်းသမီး ကာဂျယ်အက်ဂါဝယ်ရဲ့ အသစ်ထွက် တမီလ်စကားပြော comedy, horror ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ အာရ်သီဆိုတဲ့ ရဲစုံထောက်မလေးဟာ အင်မတန်မှ တလွဲလုပ်တတ်လွန်းတဲ့သူပါ။ တစ်နေ့မှာတော့ သူ့အဖေရဲမှူး အငြိမ်းစားမယူခင် ခက်ခက်ခဲခဲ ဖမ်းခဲ့ဖူးတဲ့ ဒါ့စ်ဆိုတဲ့ ရာဇဝတ်ကောင်တစ်ယောက်ဟာ ထောင်ဖောက်ပြီးထွက်ပြေးသွားခဲ့ပါတယ်။အဲဒီသတင်း ကြားတဲ့အချိန်ကနေစပြီး အာရ်သီဟာ ဒါးစ်ကို အသည်းအသန် လိုက်ဖမ်းဖို့ကြိုးစားပါတော့တယ်။ သူဟာ ဒါးစ်နောက်ကိုလိုက်ရင်း တလွဲတချော်တွေဖြစ်ပြီးနောက်ပိုင်း သူ့ရဲ့အိမ်မှာ အပမှီသလို မသိုးမသန့်ကိစ္စတွေ ကြုံလာရပါတော့တယ်။ဒီ Ghosty ဆိုတဲ့ သရဲ၊ ဟာသရုပ်ရှင်လေးဟာ ကာဂျယ် ကလေးမွေးပြီးနောက်ပိုင်း ပထမဆုံးပြန်ထွက်လာတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း ကြည့်လို့အဆင်ပြေတဲ့အပြင် ကာဂျယ်ကလည်း အစွမ်းကုန်လှနေတဲ့အတွက် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.4GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Khin Khin~ BpL~ Yunni~ Cherry~Zwe Yan ...
movie

Ghosty (2023)

2023
24 (2016) 7.9
24 (2016) 24 (2016) Action, Comedy, Drama IMDb 7.9/10 (23K)အခုတစ်ခါ Old is Gold ဆိုတဲ့အတိုင်း မင်းသားချောလေး ဆူးရီးယားရဲ့ Time Travel ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ဒီဇာတ်ကားမှာ ဆူးရီးယားဟာ အဖေနေရာ..သားနေရာနဲ့ ဗီလိန်နေရာတွေမှာ သုံးကိုယ်ခွဲအဖြစ် ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြီး မင်းသမီးချောလေး ဆမန်းသားနဲ့ နစ်သယားတို့ကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ဘတ်ဂျက် ရူပီ ကုဋေ ၇၀ မှာ ခန့်မှန်းခြေ ရူပီ ကုဋေ ၁၀၀ ဝန်းကျင်အထိ ပြန်လည်ရရှိခဲ့တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကဲ အခု ဇာတ်လမ်းကိုသွားမယ်။စည်သူနဲ့ အက်ထရီယားဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာ စည်သူဟာ မိဘတွေရဲ့အလေးပေးခြင်းကို ခံရပြီး သိပ်တော်သိပ်ထက်တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ပေါ့။အိန္ဒိယနံပါတ် ၁ နာရီကုမ္ပဏီတစ်ခုဖြစ်တဲ့ ဖီးနစ်နာရီကုမ္ပဏီကို ပိုင်ဆိုင်ထားပါတယ်။စည်သူဟာ အချိန်ခရီးသွားလို့ရတဲ့ နာရီလေးတစ်လုံးကို တီထွင်ဖန်တီးနေခဲ့တယ်။အောင်မြင်သွားတဲ့အချိန်မှာ မနာလိုရန်လိုစိတ်များနေတဲ့ အက်ထရီယားဟာ စည်သူ့အိမ်ကို တပည့်တပန်းတွေတသိုက်နဲ့ နာရီကိုလက်ဝယ်အပိုင်သိမ်းဖို့ ရောက်လာခဲ့ပါပြီ။ရှေ့ဆက်ပြီး ဇာတ်လမ်းရဲ့လှည့်ကွက်လေးတွေနဲ့ ကံကြမ္မာရဲ့စေစားချက်တွေကို မျက်တောင်မခတ်တမ်းကြည့်ရမယ့် ဒီကားလေးမှာ မျောပါရဦးမှာဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…3.2GB / 1.64GB Quality…1080p ...
movie

24 (2016)

2016
Radhe Shyam (2022) 6.9
Radhe Shyam (2022) အိန္ဒိယမဟုတ်ဘဲ ဥရောပမှာ ဇာတ်အိမ်တည်ထားတဲ့Indian romance ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းကို မမိတ်ဆက်ခင်မှာ အရင်မိတ်ဆက်ပေးချင်တာကတော့အဓိကဇာတ်‌ဆောင်အဖြစ် ပါဝင်သွားမယ့် မင်းသား Prabhasဖြစ်တဲ့အပြင်Quality ပိုင်းမှာလဲ ခိုးရိုက်ဗားရှင်းမဟုတ်ပဲ WEB DLဗားရှင်းအကြည်ကို တင်ဆက်ပေးထားပါတယ်...Prabhas ကတော့ တခြားသူမဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်လောက်ကတီဗီမှာ ပါးစပ်အဟောင်းသားကြည့်ခဲ့ရတဲ့၊ setting အလန်းစားတွေနဲ့ရိုက်ကူးထားတဲ့Baahubali ကားထဲက မင်းသားပါပဲ။ Baahubali ကားထဲမှာ ဗလကောင်းကောင်းအရပ်မြင့်မြင့်နဲ့ ဟိတ်ဟန်အပြည့်ရှိခဲ့သလိုမျိုး ဒီကားထဲမှာလည်းမတူထူးခြားတဲ့ဟန်ပန်နဲ့ ခပ်မိုက်မိုက် ခပ်လန်းလန်း ထပ်မံတွေ့ရှိရဦးမှာ ဖြစ်ပါတယ်။ခုလို ပွင့်လင်းမြင်သာတိုးတက်နေတဲ့ခေတ်ကြီးမှာ လူတွေက prediction အစားfacts တွေကိုပဲ ပိုပြီးယုံကြည်လက်ခံလာကြပါတယ်။ ဒါပေမဲ့ ဗေဒင်လက္ခဏာတွေကိုယုံကြည်ကိုးစားသူကလည်း အများအပြား ရှိတုန်းပါပဲ။"အချစ်နဲ့ ကံကြမ္မာ အားပြိုင်မှု"....လူနှစ်ယောက်က ရေစက်ပါလို့ တွေ့ဆုံကြတဲ့အခါ အချစ်တစ်ခု ဖြစ်တည်လာပါတယ်။တကယ်လို့ အဲဒီလူနှစ်ယောက်ဟာ တွေ့ဆုံပြီး ချစ်မိခဲ့ကြပေမဲ့ ရေစက်မပါလာခဲ့ဘူးဆိုရင်ရော.....လက်တွေ့ကျတဲ့ အချက်အလက်တွေကိုပဲ ယုံကြည်ပြီး သက်သေပြနိုင်မှ လက်ခံတဲ့ ဆရာဝန်မလေး Prerana...."ဗေဒင်လက္ခဏာလောကရဲ့ ...
movie

Radhe Shyam (2022)

2022
4K HEVC Web-DL
Annaatthe (2021) 4.7
Annaatthe (2021) Annaatthe 2021===============Drama/Actionအချစ်နဲ့စစ်မှာမတရားတာမရှိဘူးလို့ထင်တဲ့အယူအဆကိုယနေ့တိုင်လက်ခံထားတဲ့သူတွေရှိသလို၊လက်မခံထားတဲ့သူတွေဆိုတာလည်းရှိ‌သပေါ့လေ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ရှုထောင့်အထွေထွေနဲ့ရှုစားကြရာမှာအနီးစပ်ဆုံးမှန်သွားတယ်ဆိုတဲ့ဟာတွေကိုတစ်အုပ်စုခွဲပြီးမှတ်ရတာပေါ့။တမီးလ်ကားတွေကိုအရင်ကမြန်မာပေါကားတွေလောက်ပဲထင်ခဲ့ ဘောလိဝုဒ်ကိုမမီပါဘူးလို့ထင်ခဲ့မိပေမဲ့တကယ့်တမီးလ်ကားကောင်းတွေကိုကြည့်မိပြီးသွားတဲ့အခါ တမီးလ်ကားတွေကြည့်ရတာလည်းကျွန်တော်သဘောကျတတ်လာတယ်ဗျ။ တမီးလ်ကုလားကားဆိုတဲ့အတိုင်း သီချင်းလေးတွေပါကန်ရင်လေပေါ်လွင့်ထွက်သွားတာတွေက ယုတ္တိမတန်တာကလွဲရင် ကြည့်လို့လည်းကောင်းသလိုဇာတ်လမ်းဇာတ်ကွက်ကောင်းတာကိုတော့ တကယ်မချီးကျူးဘဲမနေနိုင်လောက်အောင်ပါဘဲ။ဒီကားလေးဟာလည်း ဇာတ်လမ်းအစကနေအဆုံးထိတောက်လျှောက်ဆွဲခေါ်သွားနိုင်စွမ်းရှိတဲ့တမီးလ်ကားကောင်းလေးတွေထဲကတစ်ကားပဲဖြစ်ပါတယ်။ ငယ်ငယ်တည်းကဆုံးပါးသွားတဲ့အဖေနဲ့အမေမရှိတော့တဲ့နောက်ပိုင်း တစ်ဦးတည်းသောညီမလေးကိုအချစ်တွေတိုးလို့ချစ်ခဲ့ရတဲ့ရွာသူကြီးအစ်ကိုကြီးတစ်ဦး၊ အစ်ကိုကြီးစကားဆိုတစ်‌သွေမတိမ်းနားထောင်တဲ့ညီမလေးအနေနဲ့အစ်ကိုကြီးအိမ်ထောင်ဖက်အသစ်ရှာပေးတာကိုကြည်ကြည်ဖြူဖြူလက်ခံဖို့စဉ်းစားရင်း၊ဘယ်လိုကနေဘယ်လို မြို့ပေါ်ကလူဆိုးဂိုဏ်းတစ်ခုနဲ့ပါရင်ဆိုင်သွားရမယ်၊ဘယ်နေရာမှဘယ်လိုဇာတ်လမ်းဇာတ်ကွက်လှည့်သွားမလဲဆိုတာကိုတော်တော်ကြည့်ကောင်းမယ့်ကားလေးကတော့ Annaatthe 2021 ပဲဖြစ်ပါတယ်  File size…1.59Gb / 4GB Quality…720p WEBDL Format…Mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….Yk Translated by San Thu Aung & Sai ThuRein Lynn
movie

Annaatthe (2021)

2021