Channel Myanmar

Satya Krishnan

Extra Ordinary Man (2023) 7.3
Extra Ordinary Man (2023) Extra Ordinary Man (2023) "တမူထူးတဲ့ ဘူလူ" =====================================အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် IMDb 7.3 ရရှိထားတဲ့ တေလဂူးစကားပြော အက်ရှင်ဒရာမာရုပ်ရှင်လေး တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာ Vikram Vedha ထဲက ရီသိက်လိုလို ပွတ်ရှ်ပါထဲက အာလူးအာဂျွန်လိုလိုဒီဇိုင်းကာလာနဲ့မင်းသားက ဇာတ်လိုက်ဇာတ်ကောင် အာဘီနေးအဖြစ် သရုပ်ဆောင်ထားတာပါ။အာဘီနေးဆိုတဲ့ တက်သစ်စအနုပညာသမားလေးဟာ ငယ်ငယ်ကတည်းက ဇာတ်လိုက်မင်းသားဖြစ်ချင်ခဲ့ပေမဲ့ တချို့ရုပ်ရှင်ကားကြီးတွေရဲ့ ဘက်ဂရောင်းတွေမှာသာ မထင်မရှားပါဝင်ရင်း မင်းသားဖြစ်ဖို့ အခွင့်အရေးကို စောင့်စားနေသူပါ။သူဟာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကြိုးစားနေရင်း တစ်နေ့မှာ သူဌေးမတစ်ယောက်က သူ့ကိုသဘောကျသွားပြီး ဇာတ်လိုက်ဖြစ်ဖို့ အခွင့်အရေးရခါမှ မမျှော်လင့်တာတွေဖြစ်ပျက်ရင်း ဘဝတဆစ်ချိုး ပြောင်းလဲသွားပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…4.03GB / 1.8GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 37mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Extra Ordinary Man (2023)

2023
Gaalodu(2022) 7.2
Gaalodu(2022) Gaalodu (2022) IMDb 7.3/10 (2K)အခုတစ်ခါမှာတော့ တေလဂူကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ရာဂျူးဟာ ခပ်မိုက်မိုက်နေတတ်ပြီး သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှလည်း ဂရုမစိုက်သလို သူ မလုပ်ရဲတာလည်း ဘာမှမရှိပါဘူး။ဇာတ်လမ်းအစမှာ ရာဂျူးဟာ လူသတ်မှုနဲ့ထောင်ကျနေခဲ့ပါတယ်။ ထောင်ကျတာ တစ်ရက်တောင်မရှိသေးဘူး ရဲအရာရှိကို ရိုက်လွှတ်လိုက်ပါတယ်။ ဒီလိုနဲ့ ထောင်တွင်း နာမည်ကြီးသွားပြီး ထောင်သားတွေ လေးစားရတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ လူသတ်ပြီး ထောင်ကျခဲ့ရတဲ့ ဒီလိုလူအတွက်အချစ်နဲ့စစ်ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေဟာ ဘယ်လိုဖြစ်နေမလဲ ဆိုတာကတော့....။ သူထောင်သားတွေကို ပြောပြမယ့် နောက်ကြောင်းနဲ့အတူ ထပ်မံကြည့်ရှုပေးပါဦးနော်။ File size…1.94GB / 937MB Quality…1080p TRUE WEB DL /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Khin Khin~BpL~Taylor
movie

Gaalodu(2022)

2022
Manam(2014) 8.0
Manam(2014) Manam(2014)*************ဘစ်တူဆိုတဲ့ကောင်လေးဟာ သူ့မွေးနေ့မှာတောင်တောင်းတဲ့ဆုက " အဖေနဲ့အမေ ဘယ်တော့မှ ရန်မဖြစ်ပါစေနဲ့ " တဲ့..လင်မယားရယ်လို့ ဖြစ်လာရယ် ကတောက်ကဆရှိကြတယ်ဆိုပေမဲ့မိဘပေးစားပြီး ယူခဲ့ကြတာဆိုတော့ အဖေနဲ့အမေဖြစ်သူဟာလိုအပ်တဲ့ပွင့်လင်းမှုတွေမရှိကြတော့ ချစ်ကြပေမဲ့မလိုအပ်ဘဲ စကားတွေခဏ ခဏများကြတယ်..ပြဿနာတစ်ခုကြောင့်ကားတိုက်မှုဖြစ်ပြီး အမေဆုံးသွားခဲ့တယ်..မကြာပါဘူး ဖခင်ဖြစ်သူလည်းဆုံးသွားခဲ့တော့ ဘစ်တူတစ်ယောက် လောကကြီးတစ်ယောက်တည်းပေါ့..ဒါပေမဲ့ အမေနဲ့အမေကို တစ်ရက်မှ မမေ့နိုင်ခဲ့ဘူး..သူဟာ မိခင်ရှိစဉ်ကဆန္ဒအတိုင်း အချမ်းသာဆုံးဖြစ်စေချင်တဲ့သူဌေးကြီးဖြစ်အောင်ကြိုးစားနိုင်ခဲ့တယ်..အခုဆိုရင် သူဟာ အထင်ကရ သူဌေးကြီးဖြစ်နေပြီ..ဒီလိုနဲ့ တစ်နေ့တော့လေယာဉ်စီးနေရင်း ဖခင်ဖြစ်သူနဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ လူငယ်လေးတစ်ယောက်ကိုတွေ့ခဲ့ရတယ်..အဖေဖြစ်သူပြန်ဝင်စားတယ်လို့ ယုံကြည်သွားတဲ့အပြင်မိခင်ဖြစ်သူလည်း ဒီအချိန်လူပြန်ဝင်စားမှာပဲ ထပ်ဆင့်တွေးမိပြီးလူဝင်စား အဖေနဲ့အမေကို ရှာပုံတော်ဖွင့်ပါတော့တယ်..ရယ်လည်းရယ်ရသလို မိသားစုပြဿနာလေးတွေကိုဖြေရှင်းဖို့ ပြသထားတဲ့ကားကောင်းလေးဖြစ်တာမို့ ခံစားကြည့်ကြပါဦး... File Size :(3.32GB) (1.43 GB) and (438MB) Quality : WEB-DL 1080P, 720p Format…mp4 Duration…01:48:00 Genre : Comedy , Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Manam(2014)

Ammu (2022) 7.6
Ammu (2022) Ammu (2022) 7.3/10 IMDb"အိမ်ထောင်ပြု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုးချက်မပိုင် နောင်ပြင်ရန်ခက်သည့်အမျိုးတဲ့" အားလုံးသိကြတဲ့အတိုင်း မိဘပေးစားသူနဲ့ယူကြရတာမျိုးဟာ အိန္ဒိယမှာယနေ့အထိတိုင်ရိုးရာတစ်ခုလိုရှိနေဆဲပါ... ချစ်လို့ခင်လို့အိမ်ထောင်ပြုကြတာမှန်ရင်တောင် လူဆိုတာပြောင်းလဲတတ်တဲ့အမျိုးပါ... ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင်...သူ့နာမည်က အမ်မူတဲ့၊ အကောင်းမြင်တတ်ပြီး ပျော်ပျော်နေတတ်တဲ့ မိန်းမလှလေးတစ်ယောက်ပေါ့။ အရွယ်ရောက်လာတော့ မိဘတွေ စီစဥ်ပေးတာကို လက်ခံပြီး ရာဗီဆိုတဲ့ ရဲအရာရှိတစ်ယောက်နဲ့ လက်ထပ်ခဲ့တာ။ သို့ပေမယ့် ဒီအိမ်ထောင်ရေးက ဒီလောက် ကြောက်စရာကောင်းတဲ့ ငရဲဖြစ်မယ်မှန်းလည်း အမ်မူ ကြိုမတွေးနိုင်ခဲ့။သူဒီလို မွန်းကြပ်စရာ၊ ကြောက်လန့်စရာ အခြေအနေကနေ ဘယ်လိုကြိုးစားပြီး ရုန်းထွက်ခဲ့လဲဆိုတာကို အသားပေး ရိုက်ပြထားတာပါ။ အမ်မူ တကယ်ရော ဒီအိမ်ထောင်ရေးကနေ ရုန်းထွက်နိုင်ခဲ့ရဲ့လား။ မထင်မှတ်ထားတဲ့ ဇာတ်အိမ်အလှည့်အပြောင်းတွေနဲ့ အမ်မူရဲ့ Character Development ကိုလည်း ရင်တမမနဲ့စောင်ကြည့်ရမှာမို့ ၂၀၂၂ ရဲ့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကောင်းလို့ ညွှန်းလိုက်ပါတယ်ဗျာ။ File size…1.6GB  / 788MB Quality…1080p WEB DL /720p Format…mp4 Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Thet Ko & OeliuJ & Hay Man
movie

Ammu (2022)

2022
Bujji… Ila Raa (2022) 8.3
Bujji… Ila Raa (2022) Bujji Ila Raa ( 2022 ) IMDb 8.3/10ဒီတစ်‌ခေါက်မှာတော့ မှုခင်းရုပ်ရှင်တွေမှကြိုက်တယ်ဆိုသူတွေအတွက် နောက်ထပ်Teluguမှုခင်းဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ဝါရန်ဂယ်လို့‌ခေါ်တဲ့မြို့တစ်မြို့မှာ ပြန်ပေးဆွဲမှုတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ပြန်ပေးဆွဲခံရသူတွေကလည်း အသက်ရှစ်နှစ်အရွယ်မိန်းကလေးတွေချည်းပါပဲ။စီအိုင်ရဲအရာရှိ ကီရှိုးနဲ့မိသားစုဟာလည်း အဆိုပါမြို့ကိုပြောင်းရွေ့လာရတဲ့အတွက် အရာရှိကီရှိုးတစ်ယောက် ပြန်ပေးဆွဲမှုတွေကိုစုံစမ်းစစ်ဆေးရပါတော့တယ်။ ပြန်ပေးဆွဲခံရတဲ့ကလေးအရေအတွက်ဟာလည်း တစ်စထက်တစ်စပိုများလာခဲ့ပြီး အလောင်းတွေကိုပါတွေ့ရှိလာရပါတယ်။ ရင်ခွဲစစ်ဆေးကြည့်တဲ့အခါ နှလုံးတွေကိုပဲထုတ်ယူထားတာတွေ့ရှိရတဲ့အတွက် ကိုယ်တွင်းကလီစာမှောင်ခိုမှုတွေနဲ့များ ဆက်စပ်လေမလားဆိုပြီး အရာရှိကီရှိုးတစ်ယောက် ဦးနှောက်ခြောက်ရပြန်ပါတယ်။ ပြန်ပေးသမားတွေရဲ့နောက်ကွယ်မှာ ဘာတွေများရှိနေတာလဲ ...မြို့ကကလေးတွေရဲ့အန္တရာယ်ကိုရော ဖယ်ရှားပေးနိုင်ပါ့မလား ... ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး ဇာတ်လမ်းရဲ့အလယ်လောက်မှာ မထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ အံ့အားသင့်စေဦးမှာပါ... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ရင်ခုန် ကြည့်ရှုပေးကြပါဦး။ File size…2.2GB / 1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Thet Ko & OeliuJ & Hay Man
movie

Bujji… Ila Raa (2022)

2022
Baadshah (2013) 6.3
Baadshah (2013) Baadshah (2013) ===============ဒီနေ့မိတ်ဆက်ပေးချင်တာက‌တော့ ဘောလီဝုဒ် အက်ရှင်ကားလေး တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အကလည်းရ၊ သရုပ်ဆောင်လည်းရ၊ အစီအစဉ်တင်ဆက်လည်းရတဲ့ မင်းသားကြီး N.T.Rama Rao Jr. နဲ့ နာမည်ကြီးမင်းသမီး Kajal Aggarwal တို့ ပါ၀င်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ဇာတ်ကားအကြောင်းကိုပြောရရင် ရာမာရောင် ဆိုတဲ့လူဟာ အရည်အချင်းရှိတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် ရဲတစ်ဖွဲ့ထဲဝင်ဖို့လျှောက်တဲ့အခါ သူ့အဖေက လူဆိုးဂိုဏ်းထဲမှာရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် အငြင်းခံလိုက်ရပါတယ်။ အဲဒီအချိန်မတိုင်ခင်က ဆာဒူဘိုင်းဆိုတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက် ခွဲလိုက်တဲ့ဗုံးမှာ သူ့ညီ ဆစ်ဒူ ပါသွားပြီး အသက်ဆုံးရှုံးသွားခဲ့ရတာပါ။ ဒီအချိန်ကစပြီး ရာမာရောင်ဟာ ဘာရှာ ဆိုတဲ့ နာမည်ကြီးလူသတ်သမားတစ်ယောက် ဖြစ်သွားခဲ့ပြီး ဆာဒူဘိုင်းကို လက်စားချေဖို့ ကြိုးစားပါတော့တယ်။ဒီဇာတ်ကားဟာ Action သီးသန့်မဟုတ်ပဲ Drama/ Comedy တို့နဲ့ပါ ပေါင်းစပ်ထားသေးတာကြောင့် ကြည့်ရင်းနဲ့ ပျင်းဖို့အချိန်ကို မရှိနေတဲ့အတွက် ဘောလိဝုဒ်ကြိုက်တဲ့သူရော၊ ဘောလိဝုဒ်မကြည့်ဖြစ်တဲ့သူတွေပါ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…3.68GB / 1.96GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Baadshah (2013)

2013
Saakini Daakini (2022) 5.9
Saakini Daakini (2022) ကောင်မလေးနှစ်ယောက်ရှိတယ် သူတို့က ရဲသင်တန်းကျောင်းမှာ ကျောင်းလာအပ်ရင်းနဲ့ ဆုံကြတာ နှစ်ယောက်သားက စစဆုံကတည်းက ဘယ်လိုမှမတည့်ကြဘူး မတည့်တဲ့သူနှစ်ယောက်က အဆောင်မှာကျတော့လည်း အခန်းအတူတူကျပြန်ရောကြောင်နဲ့ကြွက် သူတို့နှစ်ယောက် သင်တန်းဆင်းနေရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် အမြဲ ချောက်တွန်း၊ ချောက်ချကြရင်း ခင်မှန်းမသိ ခင်လာကြတာပေါ့အဲဒီလိုနဲ့ သူတို့တွေ လက်တွေ့ကွင်းဆင်းရမယ့် အချိန်ကိုရောက်လာပြီး တစ်ရက် သူတို့ရဲ့ အိမ်ပြန်လမ်းမှာ ကောင်မလေးတစ်ယောက် ပြန်ပေးဆွဲခံရတာကို မြင်လိုက်ရတယ်ကောင်မလေးရဲ့ နောက်ကြောင်းကို စုံစမ်းကြည့်တော့ ကောင်မလေးက မိသားစုမရှိတဲ့ တစ်ကောင်ကြွက်အဲဒီမှာ သူတို့သိသွားတာက အဲဒီပြန်ပေးဆွဲသမားတွေက မိသားစုမရှိတဲ့ မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားပြီး ဖမ်းနေတယ်ဆိုတာပဲ ဘာလို့ဆို မိသားစုမရှိတော့ သူတို့အတွက် တိုင်ချက်ဖွင့်မယ့်သူလည်းမရှိဘူးလေ တိုင်ချက်တွေမရှိတော့ အဲဒီဒုစရိုက်ဂိုဏ်းကြီးရဲ့လုပ်ရပ်ကို သိသူလည်းမရှိတော့ဘူးပေါ့အဲဒါကို စုံစမ်းဖော်ထုတ်မှာက ဒီလေ့ကျင့်ရေးဆင်း မိန်းကလေးနှစ်ယောက်ပေါ့ ရဲအစစ်မဟုတ်သေးတဲ့ သူတို့နှစ်ယောက်.. ဒုစရိုက်ဂိုဏ်းအကြီးကြီးကို ဘယ်လိုဖော်ထုတ်အရေးယူမလဲ အဲဒီဒုစရိုက်လုပ်ငန်းကရော ဘာကြောင့် မိန်းကလေးတွေကိုပဲ ဖမ်းနေတာလဲဆိုတာ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ် ဟာသအနှောလေးနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…1.9GB / 914MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Kko & BpL & Sora
movie

Saakini Daakini (2022)

2022
Gangster Gangaraju (2022) 6.3
Gangster Gangaraju (2022) Gangster Gangaraju (2022)========================== ဒယ်ဗာလန်ကာလို့ခေါ်တဲ့မြို့လေးတစ်မြို့ကို ဘာဆီရက်ဒီနဲ့ ဆစ်ဟပ်ပါလို့ခေါ်တဲ့ဂန်းစတားနှစ်ယောက်က‌အုပ်စိုးလျက်ရှိပါတယ် သူတို့ရဲ့ဆရာကြီးဥပဒေအရာရှိ ဆီ‌ဗာရက်ဒီကွယ်လွန်ပြီးနောက်မှာ သူတို့ကတရားဝင်နိုင်ငံရေးအာဏာမှာ ပါဝါတည်ဆောက်ယှဉ်ပြိုင်ကြပြီး ဗိုလ်လုဖို့ကြိုးစားကြပါတော့တယ်ဒယ်ဗာလန်ကာမြို့မှာလည်းသူတို့ကိုဘယ်သူမှမလှန်ရဲဘဲ ပြည်သူ‌တွေက ရွံကြောက်ကြီးဖြစ်နေပါတော့တယ် ဒီဇာတ်ကားရဲ့အဓိက‌ဇာတ်ကောင်မင်းသားဖြစ်တဲ့ ဂန်ဂါရာဂျူးကတော့ အဲ့ဒီမြို့လေးမှာ အပေါင်းအသင်းတွေနဲ့ပရုတ်ကျနေတဲ့ ဂျစ်ပစီလေးတစ်ယောက်ပဲဖြစ်ပါတယ်ဥမာဒေဝီလို့ခေါ်တဲ့မင်းသမီးဖြစ်တဲ့ ရဲမေ‌အချောလေး ရောက်ရှိလာချိန်မှာတော့ မင်းသားကသူ့သူငယ်ချင်းတွေနဲ့အကူအညီနဲ့နောက်ပိုးပါ‌တော့တယ် တနေ့မှာမင်းသားက သူ့‌အဖေကိုစော်ကားတာကြောင့် ဆစ်ဟပ်ပါရဲ့လူတွေကိုဆော်လွှတ်လိုက်ရာမှ ဂန်းစတားအာဏာရှင်တွေရဲ့လက်အောက်မှာခံစားနေရတဲ့လူထုကြီးက အုံကြွလာကာမင်းသားကို ဆရာ့ဆရာကြီးထင်ပြီးထောက်ခံမြှောက်စားပါတော့တယ် ဒီလိုနဲ့ဆရာ့ဆရာကြီးလို့ ပြည်သူတွေကရော ချစ်ရည်းစားရဲမေလေးကပါအထင်ခံရတဲ့အချိန် ဂန်းစတားတွေရဲ့စစ်ပွဲကြားထဲအာဏာပါဝါတွေလုတာရောကြားမှာ မင်းသားကဘယ်လိုဖြေရှင်းကိုင်တွယ်မလဲဆိုတာ .................... ဒီကားမှာ သူငယ်ချင်းတွေရဲ့ကူညီပံ့ပိုးပေးမှုတွေ ဟာသ‌ရောနှောကာ ပျော်ရွှင်မြူတူးစရာကောင်းပေမဲ့ တဖက်မှာအာဏာရှင်တွေလက်အောက်ကဘဝတွေ ရက်စက်ကြမ်းကြုတ်မှုတွေကိုပါ ဖော်ကျူးရိုက်ကူးထားတာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်.......... File size…2.25GB /  1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Kevin & Kham Mon & Yunni & Khai & Honeyey
movie

Gangster Gangaraju (2022)

2022
Aadavaallu Meeku Johaarlu (2022)
Aadavaallu Meeku Johaarlu (2022) Aadavallu Meeku Johaarlu IMDb-6.9/10အားလုံးစောင့်မျှော်နေတဲ့ မင်းသမီး ရှက်ရ်မီး ရဲ့ကားလေး ရောက်လာပါပြီယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လုံးဝနားမလည်နိုင်ပါဘူး ဘုရားက လူယောက်ျားကို အဲ့ဒီအစွမ်းပေးဖို့ ကျန်ခဲ့တာ ဖြစ်နိုင်ပါတယ်မိန်းမတစ်ယောက်ကိုတောင် နားလည်ဖို့ခက်တဲ့ဒီလောက ကြီးမှာ မိန်းမ ၁၅ ယောင်လောက်ဝိုင်းနေတဲ့ ချီရူရဲ့ဘဝကတော့ သနားစရာပါဟိုးငယ်ငယ်လေးတည်းက အမေနဲ့ အဒေါ် ၄ယောက်ရဲ့ ဖူးဖူးမှုတ်ထားတာကိုခံရပြီး အစ်မ ညီမတွေရဲ အချစ်ကိုရထားတဲ့ကံကောင်းတဲ့သူတစ်ယောက်ပါ ဒါပေမဲ့ တစ်ဖက်မှာတော့ ဒါက သူ့အတွက် အချုပ်အနှောင်တွေဖြစ်နေခဲ့ပါတယ်အထူးသဖြင့် လက်ထပ်ပွဲနဲ့ပတ်သတ်ပြီးတော့ပေါ့အကောင်းဆုံးကို ပေးချင်တယ်ဆိုပြီးအိမ်ထောင်ဖက်လာတွေ့တဲ့ မိန်းကလေးမှန်သမျှကိုအကြောင်းမျိုးစုံရှာပြီး ငြင်းခဲ့တဲ့ သူ့မိသားစုကြောင့် ချီရူတစ်ယောက် အသက် ၃၅နှစ်အထိ မိန်းမမရခဲ့ပါဘူးဒီလိုနဲ့ မိုးရွာတဲ့နေ့တစ်နေ့မှာ အာဒီယာနဲ့ အမှတ်တမဲ့ဆုံခဲ့ပါတယ် ပြီးတော့ အိမ်ထောင်ဖက်တွေ့တာကအစ လက်ထပ်ပွဲအထိ သူကိုယ်တိုင် စီစဥ်ဖို့ ဆုံးဖြတ်ခဲ့တယ်ချီရူရဲ့ လက်ထပ်ပွဲဘယ်လိုဆက်ဖြစ်မှာလဲ သူ့မိသားစုနှောင်ကြိုးတွေထဲက ဘယ်လိုရုန်းထွက်နိုင်မှာလဲ အာဒီယာနဲ့ကော ဘယ်လို အချစ်ဇာတ်လမ်းတွေရှိလာမှာလဲ.....လှမြဲလှနေပြီးExpression Queen လို့တင်စားကြတဲ့ နာမည်ကြီး ...
movie

Aadavaallu Meeku Johaarlu (2022)

2022
Race Gurram (2014) 7.3
Race Gurram (2014) Race Gurram (2014) ===================IMDB Rating 7.3 / 9.8k၂၀၁၄ခုနှစ်က ထွက်ခဲ့တဲ့ မင်းသားအာလူးအာဂျွန်ရဲ့အက်ရှင်ဇာတ်လမ်းကောင်းတပုဒ်ပါ....အက်ရှင်ခန်းအလန်းတွေ မင်းသားအာလူးရဲ့သရုပ်ဆောင်မိုက်ချက်တွေကြောင့်CMကနေ တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းအားလူးနဲ့သူ့အကိုရမ်က ညီအကိုရင်းဆိုပေမယ့်အကျင့်စရိုက်က တစက်မှမတူတဲ့ညီအစ်ကိုနှစ်ယောက်ပေါ့အားလူးက ခေတ်ရှေ့ပြေး လူငယ်ဆန်တဲ့စရိုက်နဲ့ ကောင်လေးရမ်ကတော့ စည်းကမ်းကြီးပြီး စနစ်တကျနေတတ်တဲ့လူပေါ့...ညီအစ်ကိုနှစ်ယောက်လုံးရဲ့ စရိုက်ခြားနားမှုနဲ့ မင်းသမီးလေးရှရှုတီယာရဲ့ ချစ်စရာအမူအရာလေးတွေကြားဘောလိဝုဒ်ပရိတ်သတ်တို့အကြိုက်တွေ့စေမှာမို့တင်ဆက်ပေးလိုက်ပါတယ်...   File size…3.4GB / 1.4Gb  Quality…1080p AMZ WEB DL / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (hard sub) Encoder….X - Cross Translated by Chan Myae
movie

Race Gurram (2014)

2014
Most Eligible Bachelor (2021) 7.1
Most Eligible Bachelor (2021) IMDb Rating(7.1)ရည်းစား စဖြစ်ကြရင် တစ်​ယောက်ကိုတစ်​ယောက် အရမ်း​ ဂရုစိုက်ပြကြ ချစ်ပြကြ ရိုကြတာ သဘာ၀ပါပဲ Honeymoon period ​ပေါ့ အချိန်ကြာတွဲလာရင်း အိမ်​ထောင်သည်ဘဝ ကူး​ပြောင်းတဲ့ အခါ ဆက်လက်ရိုနိုင် ချစ်ပြနိုင်ကြသူ​တွေ ဘယ်​လောက်ရှိမလဲ တချို့ဆို ရည်းစားဘဝမှာတင် မချစ်ပြတတ်ကြပါဘူး​လေ​နော့ အိမ်​ထောင်သက်ကြာလာ​လေ​လေ မိသားစုအ​ရေး စီးပွား​ရေး လူမှု​ရေးကိစ္စ​တွေကြားမှာ မချစ်​တော့တာမဟုတ်​ပေမယ့် မချစ်ပြတတ်ကြ​တော့ပါဘူး CM ပရိသတ်ကြီးတို့​​ကော "အိမ်​ထောင်သည်ဘဝက​နေ ဘာတွေများ​မျှော်လင့်ထားကြပါသလဲ" ​ပျော်ရွှင်​သောအိမ်​ထောင်​ရေးဖြစ်​အောင် ဘယ်လို​နေထိုင်ရမလဲဆိုတာကို သိချင်ရင်​တော့ ဒီကား​လေးကို ကြည့်သင့်ပါတယ်။အိန္ဒိယတွေရဲ့ ထုံးစံအတိုင်း သားယောကျာ်းလေးကို မိန်းမပေးစားတဲ့ဇာတ်လမ်းလေးတစ်ခုပါပဲ။ သတို့သမီး​လောင်း အ​ယောက် ၂၀နဲ့လိုက်​တွေ့ရမယ့် ဟာရှာ... ပထမသတို့သမီး​လောင်းက​တော့ သူ့အလိုကျ လိုက်​လျောညီ​ထွေ​နေ​ပေးတတ်လွန်းတဲ့ မိန်းက​လေး... မိဘ​တွေက တခြားသတို့သမီး​လောင်း​တွေ အားလုံး​တွေ့ပြီးမှ ​​ရွေး​စေချင်တာ​ပေါ့... အဲဒီမှာပဲ ဇာတာခွင်မကိုက်လို့ဆိုပြီး ဓါတ်ပုံ​လေးရယ် ဇာတာခွင်ရယ်ကို သတို့သမီး​လောင်း ​နောက်တစ်​ယောက်ရဲ့အ​ဖေဖြစ်သူဆီကို သွား​ပေးရင်း ဓါတ်ပုံ​ပျောက်သွားတဲ့ အခါ ဗီဘာဆိုတဲ့ မိန်းက​လေးနဲ့ ​ဆုံဖို့ကံပါ​လာတော့တယ်... ထိုမိန်းက​လေးနဲ့​တွေ့ပြီး​နောက် ဟာရှာတစ်​ယောက် သူ့ရဲ့ ဘဝလက်တွဲ​ဖော်ဆီက ဘာကိုလိုချင်ရမှန်း ...
movie

Most Eligible Bachelor (2021)

HEVC 1080p
Naa Peru Surya – Naa Illu India (2018) 7.5
Naa Peru Surya – Naa Illu India (2018) ဆူရာ့ ဟာ ရှေ့တန်း စစ်တပ် တစ်ခုရဲ့ အတော်ဆုံး စစ်သား တစ်ယောက်ပါအတော်ဆုံးဖြစ်ပေမဲ့ သူဟာ ဒေါသ အင်မတန်ကြီးသူဖြစ်ပြီး မဟုတ်မခံစိတ်ရှိသူတဇောက်ကန်း လုပ်သူ အထက်အရာရှိများကို မမာမခန့်လုပ်သူ စသဖြင့်အကြောင်းမျိုးစုံကြောင့် ရာထူးမတိုးသူ တစ်ယောက်ပေါ့ဆူရာ့ဟာ နိုင်ငံချစ်စိတ် လူမျိုးချစ်စိတ် ပြင်းထန်သူတစ်ယောက်ပါအကြမ်းဖက်သမားများကို မုန်းတီးသူ တစ်ယောက်ဖြစ်ပြီး အရှင်ဖမ်းရဖို့ထက်အသေပစ်သတ်ဖို့သာ စိတ်ရှိသူဖြစ်သောကြောင့်တက်နိုင်သ၍ အရာရှိများက ဆူရာ့ အား ရှေ့တန်း မပို့ပဲနောက်တန်းတွင်သာ နေစေခဲ့ပါတယ်...ဆူရာ့ဟာ မိမိ နိုင်ငံအတွင်းနေထိုင်တဲ့ ဘာသာ လူမျိုးမဆိုနိုင်ငံချစ်စိတ် ရှိသူတိုင်းကို သနားညှာတာပြီး ရပ်တည်တက်သူဖြစ်ပါတယ် အသားအရောင် မခွဲခြား လူမျိုး မခွဲခြားမတရားမှုကိုသာ ခွဲခြားပြီး လက်ပိုက်မကြည့်တက်သူပါကြီးနိုင်ငယ်ညှင်းမှုများ ဝင်ဝင်ပါလွန်းလို့ စစ်တပ်ရဲ့ထုချေလွှာမှာ ဆူရာ့ နာမည်တွေပဲ ဖိုင်တစ်ထပ်လောက်ရှိနေတက်ပါတယ်...တစ်ရက်သော အခါ ဆူရာ့ တစ်ယောက် ရှေ့တန်းစစ်မြေပြင်နယ်စပ်ကို သွားချင်လွန်းတဲ့အတွက် အရာရှိများကို ပူဆာရာအရာရှိများက ဆူရာ့ ဒေါသ မထိန်းနိုင်လျင် ကမ္ဘာစစ်ကိုအစပျိုးသလို ဖြစ်မည်ဆိုးသောကြောင့် India နိုင်ငံ၏အတော်ဆုံးသော စိတ်ပညာရှင်ဆရာဝန်ထံမှ လက်မှတ်ရမှသာနယ်စပ်သို့ လွှတ်မည်ဟု ပြောလာပါသည်ဆူရာ့ လက်မှတ်ယူရမယ့် စိတ်ပညာရှင်မှာဆူရာ့ ...
movie

Naa Peru Surya – Naa Illu India (2018)

2018
Hello (2017) 7.0
Hello (2017) သင်ဟာ လူငယ်ဆန်ဆန်နဲ့ အချစ်အလွမ်း အကြမ်း ရသစုံ ကြိုက်တတ်တဲ့သူဆိုရင်ဒီကားလေးကို ကြည့်သင့်ပါတယ်ဒီနှစ်ပိုင်းထွက်ရှိတဲ့ South Indian Romance Action ကားတွေထဲမှာ ဒီကားလေးကို ကျွန်တော်အကြိုက်ဆုံးပါ. . .မနက် 7:30 အချိန်ကို ရောက်တိုင်း ကောင်လေးတစ်ယောက် ကရစ်ရှ်နားမီးပွိုင့်နားက ခုံတန်းလေးမှာ လာထိုင်တတ်တယ်.သူ ့မျက်နှာဟာ လွမ်းရိပ်သန်းနေတယ်တစ်စုံတစ်ခုကိုဖွေရှာနေတဲ့ ရီဝေဝေမျက်ဝန်းတစ်စုံနဲ့. . .အဲ့ဒိ်အချိန် ရုတ်တရတ် သူ ့ဆီကို ဖုန်းဝင်လာလို့ ကောက်ကိုင်လိုက်တယ်Call Taxi လို့ခေါ်တဲ့ ဖုန်းဆက်ခေါ်လို့ရတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ဆီက. . .သူတက္ကစီခေါ်ထားလို့ ဖုန်းဆက်တာဖြစ်တဲ့အကြောင်း ဟိုဘက်က ပြောတယ်သူကလည်း သူမခေါ်ထားကြောင်း ပြန်ရှင်းပြတယ်. . .ရုတ်တရတ်. . .အဲ့ဒ်ီရုတ်တရတ် ခဏလေးမှာ. . .ဖုန်းပြောနေရင်းဖုန်းထဲက တစ်စုံတစ်ခုကို သူကြားလိုက်တယ်. . .သူဟိုးငယ်စဉ်ကတည်းက စွဲလန်းတသ ဖြစ်ခဲ့ရတဲ့ အသံလေး. . .ရိုးသားဖြူစင်လွန်းလှတဲ့ ...
movie

Hello (2017)

2017
Shankar’s I(2015) 7.3
Shankar’s I(2015) ချစ်သူနှစ်ဦးရဲ့ ခိုင်မြဲမှုသင်္ကေတမှာ ရုပ်ရည်က အဓိကကျနေပါသလား။သင်သာဆိုလျှင်ကော ရုပ်ရည်ပျက်ယွင်းသွားတဲ့ချစ်သူကို ပစ်ခွာမသွားဘဲ အချစ်စစ် ကိုဖော်ကျူးနိုင်မလား မိတ်ဆွေ။ဒီဇာတ်ကားမှာတော့ အချစ်စစ် ကိုဖွဲ့ဆိုပြထားပြီး IMDB 7.8 /10 ရထားတဲ့အတွက်လည်း ဇာတ်ကားကောင်းအနေနဲ့ရော အချစ်ရဲ့အဓ်ိပါ္ပယ်ကို ပြောပြပေးစွမ်းမယ့် ဇာတ်ကားကောင်းလေးအဖြစ်ရော သတ်မှတ်ထားမိပါတယ်။(ဇာတ်လမ်းအကျဉ်း)ဇာတ်လမ်းအစမှာတော့ သတို့သမီးကို ရုပ်ဆိုးဆိုး ခါးကုန်းကုန်း ရွတ််တွနေတဲ့သူတစ်ဦးက ဖမ်းခေါ်သွားခဲ့ခြင်းမျိူးနဲ့ အစပြုထားပါတယ်။တကယ်တမ်းတော့ ဖမ်းယူသွားခဲ့သူဟာ သာမန်သူမဟုတ်ခဲ့ပါဘူး။ သူဟာ တမဲလ်မန်ဒု ကာယဗလမောင်ဆုရရှိထားတဲ့ လင်ဂီချန် ဆိုသူပါ။ကောင်မလေးကလည်း ဒိုင်ယာဆိုတဲ့ မော်ဒယ်လ်ချောလေးတစ်ဦးဖြစ်ပါတယ်။အတိတ်မှာဖြင့် လင်ဂီချန်ဟာ မစ္စတာ တမဲလ်မန်ဒု ကာယဗလမောင်ဆုရရှိခဲ့ပြီး MR.INDIA ဆိုတဲ့ကာယဗလမောင်ဆုကိုပါ ယှဉ်ပြိုင်ရယူရန် ရည်မှန်းထားခဲ့တဲ့သူပါ။အချစ်ရေးမှာလည်း သူဟာ ဒိုင်ယာ ဆိုတဲ့မော်ဒယ်မလေးကို စွဲလမ်းမိပြီး ရုပ်မြင်သံကြားဖန်သားပြင်မှ တိတ်တခိုး ချစ်ခင်နေမိခဲ့တာပါ။တစ်နေ့မှာတော့ လင်ဂီချန်ဟာ ဒိုင်ယာ ရှိနေတဲ့ရိုက်ကွင်းနေရာဆီလာရောက်ပြီး ဒိုင်ယာကိုတောင် လာမိတ်ဆက်ခဲ့ပါတယ်။တစ်ဖက်မှာလည်း ဒိုင်ယာဟာ ချောမောလှတဲ့မိန်းကလေးဖြစ်တာကြောင့် ဂျွန် ဆိုတဲ့ မင်းသားကလည်း ချစ်ရေးဆိုခဲ့ပါသေးတယ်။ ဒိုင်ယာကတော့ ငြင်းပယ်လိုက်ပါတယ်။ဒါကြောင့်ဂျွန်ဟာ ဒိုင်ယာနဲ့ပတ်သက်တဲ့ ရှုတင် အားလုံးကိုဖျက်ပြီး ဒိုင်ယာကို ကလဲ့စားချေလိုက်ပါတယ်။အဲ့ဒီနောက် ဒိုင်ယာရဲ့ရှုတင်တွေနည်းပါးလာပြီး ဒိုင်ယာဟာ လင်ဂီချန်နဲ့ သရုပ်ဆောင်ရန် အကြံရခဲ့ပါတယ်။လင်ဂီချန်အနေနဲ့လည်း ဝမ်းပန်းတသာလက်ခံပြီး ဒိုင်ယာနဲ့အတူ သရုပ်ဆောင်ခဲ့ကြတယ်။ သို့သော် အချစ်ရေးဘက်တွင်လည်း မဝံ့ရဲသော လင်ဂီချန်အတွက်တော့ သရုပ်ဆောင်မှုတွေကလည်း မပီပြင်ခဲ့ပါဘူး။ဒါကြောင့် ဒါရိုက်တာရဲ့အကြံပေးချက်အရ ဒိုင်ယာဟာ လင်ဂီချန်ကို ချစ်သူအယောင်ဆောင်တွဲခဲ့ပြီး သရုပ်ဆောင်ပီပြင်စေခဲ့ပါတယ်။သို့သော် ဤကဲ့သို့ ချစ်သူအယောင်ဆောင်ထားခြင်းအား လင်ဂီချန်သိခဲ့လေသောအခါ ----။ဘာတွေဆက်ဖြစ်လာမလဲ။ ချစ်တတ်လွန်းသူအတွက် အပေးဆပ်ခံနှလုံးသားကိုဖဲ့ကျိုးခံရခြင်းက နာကျည်းမှုတွေများ သန္ဓေတည်စေခဲ့မလားဆိုတာ ဝမ်းနည်းဖွယ် ကြည့်ရှုရဦးမှာပါ။လင်ဂီချန် အတွက် ပေးဆပ်မှုတွေက ဝမ်းနည်းမှုဖြစ်ခဲ့သလို မနာလို ရန်သူတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။လင်ဂီချန် ဟာ ဗလမောင်ပြိုင်ပွဲတုန်းက ရာဗီးဆိုတဲ့သူနဲ့ ပြဿနာဖြစ်ခဲ့ဖူးပါသေးတယ်။ ရာဗီးကတော့ အခဲမကြေနိုင်ဘဲ ...
movie

Shankar’s I(2015)