Channel Myanmar

Saverio Guerra

Sleepers(1996) 7.5
Sleepers(1996) Sleepers(1996) အညွှန်း*******************IMDb...7.5,,,,Rt...73  Robert De Niro ,Kevin Bacon  နဲ့ Brad Pitt တို့ အဓိကပါဝင်ထားတယ်.. စာရေးဆရာ Lorenzo Carcaterraရဲ့ best sellerဖြစ်ခဲ့တဲ့ ဒီဇာတ်ကားဟာစာအုပ်အဖြစ်ထုတ်ဝေတုန်းမှာ ဝေဖန်သူတွေ၊ သတင်းရေးသူတွေကြားမှာ ဝေဖန်မှုတွေနဲ့ အငြင်းပွားဖွယ်ဖြစ်ခဲ့သလို ရုပ်ရှင်အဖြစ်ရိုက်ကူပြီးနောက်မှာလည်း အတော်လေးဂယက်ရိုက်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ရုပ်ရှင်ထဲမှာပါတဲ့ အကြောင်းအရာတွေဟာ နယူးယော့မြို့တော်အတွက် မေးခွန်းထုတ်စရာ ဖြစ်နေလို့ပါပဲ။ စာဖတ်သူတွေအနေနဲ့ ဒီဝတ္ထုဟာ အဖြစ်မှန်ဟုတ်သလား မဟုတ်ဘူးလားဆိုတဲ့အကြောင်းကို သို့လောသို့လောဖြစ်ရာမှာ ဝတ္ထုရေးဆရာ Lorenzo Carcaterraကတော့ အဖြစ်မှန်ဖြစ်ကြောင်း တစ်ခါအတည်ပြုဖူးပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာနေရာတွေကတော့ ဒီလိုအဖြစ်အပျက်မျိုးမရှိဖူးကြောင်း ငြင်းချက်ထုတ်တာပေါ့။ တစ်ခုသတိပေးချင်တာကတော့ ကလေးသူငယ်နှိပ်စက်မှုတွေပါဝင်လို့ စိတ်ခိုင်မှ ဒီကားကို ကြည့်စေချင်ပါတယ်။ နယူးယော့မြို့ ရွှေ့ပြောင်းလုပ်သားတွေနေထိုင်ကြတဲ့ Hell's Kitchenဆိုတဲ့ ဆင်းရဲသားရပ်ကွက်လေးမှာ သူငယ်ချင်းလေးယောက်ဟာ တခြားကလေးတွေလိုပဲ ရပ်ကွက်ထဲ ဆော့ကစားလိုက် ဘုရားကျောင်းတက်လိုက်နဲ့ပေါ့။ အားရင်အားသလို ဘုရားကျောင်းမှာ ဘုန်းတော်ကြီးအကူအဖြစ် ဝင်လုပ်လေ့ရှိသလိုပိုက်ဆံရရင်ရသလိုလည်း နာရေး‌တွေမှာ ဝင်ကူလေ့ရှိပါတယ်။ ဆင်းရဲကြပေမယ့် ရှိတာလေးနဲ့ ရောင့်ရဲစွာ ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတဲ့ ကလေးတွေပေါ့။သူတို့သူငယ်ချင်းတွေကြားမှာ နောက်ပြောင်ကျီစယ်ခြင်းကိုလည်း အလှည့်ကျလုပ်လေ့ရှိပါတယ်။ တစ်ခါမှာတော့ ...
movie

Sleepers(1996)

Lucky You (2007) 5.9
Lucky You (2007) Lucky you (2007) ============= IMDb - 5.9ကျောင်းမှာ ကျုပ်တို့တွေ ဖဲရိုက်ဖူးကြတယ်မို့လား။ ဖဲဟာ လူငယ်လူလတ်တွေနဲ့ မကင်းတဲ့အရာပါပဲ။ ကျုပ်ဆိုကျုပ်ဘကြီး ကျောင်းမှာ ဆရာတွေနဲ့ ကျောင်းအုပ်ကြီးဆော့တာကို ကြည့်ရင်း တတ်လာတာပဲ။အဓိကက ပိုကာဒေါင်းတယ်။ အဲ့ဒီတုန်းကတော့ Texas HoldEM Pokerကို ကျုပ်တို့ခေါ်တာရှိူးပေါ့။ Full Houseတွေ Straightတွေ Flushတွေ ဘာမှမသိဘဲ ရမ်းတုတ် မှန်းတုတ်ဆော့ခဲ့ကြရတယ်။ ဖဲသမားအစစ်တွေက ဖဲချိုးမကောင်းတော့ရင် ဖဲထုပ်အသစ်ဖောက်ကြတာဆိုတော့ ဖဲထုတ်အဟောင်းတွေ ကျွန်တော်တို့ဆီ တစ်ပုံကြီးပဲ။ အဲ့ဒီဖဲထုတ်တွေကို လောင်းကြေးလုပ်ဆော့ခဲ့ကြတာပေါ့။ ပျော်ဖို့တော့ အတော်ကောင်းခဲ့သား။‌ ဒီရုပ်ရှင်က ဇာတ်အိမ် မရှိသလောက် ဖြစ်နေပေမဲ့ ကောင်းကွက်တစ်ကွက်တော့ရှိတယ်။ တခြားအခန်း အာစွတ်ရုံလောက်ထည့်ထားပြီး အစအဆုံးကို ဖဲဝိုင်းတွေ ဖဲသမားတွေရဲ့ဗျူဟာတွေချည်း ထည့်ထားတယ်။ ပြောရရင် ရုပ်ရှင်က လူသစ်လေးတွေကို Texas HoldEM Poker ကစားတတ်အောင် သေချာ သင်ပေးထားတယ်။ ပွဲတိုင်းက ဖဲတိုင်းကိုမြင်အောင်ပြပြီး ဘယ်ဖဲက ဘယ်လိုနိုင်တယ်ဆိုတာပြထားတယ်။ ကျုပ်လည်း အောက်ကမှတ်ချက်ထုတ်ရှင်းထားတယ်။ ဖျော်ဖြေရေးကြည့်တဲ့ရုပ်ရှင်မှာ ကွင်းစကွင်းပိတ်တွေနဲ့ ရှင်းလင်းရေးလုပ်တာက အတော်ကကြိုးကကြောင် ...
movie

Lucky You (2007)

Bad Boys I (1995) 6.9
Bad Boys I (1995) Bad Boys (1995)===========IMDB rating- 6.9#Unicodeလူတိုင်းရင်းနှီးပြီးသား မင်းသားတွေဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့ပါဝင်သရုပ်ဆောင်ထားတဲ့Action , Comedy , Crime ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားနှစ်ယောက်ဖြစ်တဲ့Will Smith နဲ့ Martin Lawrence တို့က မိုက်ခ်နဲ့ မားကပ်စ်ဆိုတဲ့ မိုင်ယာမီမူးယစ်တိုက်ဖျက်ရေးမှုခင်းရဲတွေပါ။တစ်နေ့ သူတို့ ဌာနမှ ထိန်းသိမ်းထားတဲ့ ကိုကင်းတွေကို အဖောက်ခံလိုက်ရပါတယ်။ အဲ့လိုအဖောက်ခံလိုက်ရတော့သူတို့ရဲ့ခေါင်းဆောင် ဟောင်းဝဒ်က သူတို့ကို ကို ပြန်ရှာခိုင်းပါတယ်။ ဒီလိုနဲ့ မိုက်ခ်နဲ့ မားကပ်စ်က သူတို့နဲ့အရင်ကဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ ဆေးသမား ပြည့်တန်ဆာတွေနဲ့ပူးပေါင်းပြီးတော့ သတင်းယူပြီး ဒီအမှုကိုလိုက်တာကနေတစ်ကားလုံး သဘောကျစရာကောင်းလောက်အောင်ကို သရုပ်ဆောင်ပြသွားတာပါ။ ကော်ဖီကြိုက်တတ်တဲ့သူတွေကဒီ မူဗီကိုမဖွင့်ခင်ကတည်းက ဖျော်ထားနှင့်ကြပါ . . . မူဗီကြည့်နေရင်း ထဖျော်ဖို့ကို ဝန်လေးနေမှာလို့ ကြိုပြောထားပါရစေ။ #Zawgyiလူတိုင်းရင်းနှီးပြီးသား မင်းသားတွေဖြစ်တဲ့ Will Smith ...
movie

Bad Boys I (1995)

1995
Blue Streak (1999) 6.3
Blue Streak (1999) Blue Streak (1999)_____IMDb - 6.3/10    Blue Streak ကားနဲ့ပတ်သက်လို့ ကျွန်တော့်မှာ အမှတ်တရအကြီးကြီးတစ်ခုရှိခဲ့လို့ ပြောရဦးမည်... ဒီကားက သာမန်ဟာသကားတွေနဲ့မတူ ...မင်းသားက သူခိုးအကြီးစားဖြစ်တဲ့အပြင် ဉာဏ်ကလည်းကောင်းတယ်....ဇာတ်လမ်းကလည်း ဆွဲဆောင်မှုရှိတဲ့အပြင် နောက်ခံတေးတွေကလည်း အမိုက်စား...Martin Lawrence  ကြီးကလည်း ဒါမျိုးသရုပ်ဆောင်အတော်ပိုင်သည်.. သူ့ကြည့်နေရာ တစ်ချိန်လုံးရယ်နေရတယ်...ဒီကားကြည့်ပြီးရယ်နေတာကို တစ်ချိန်တုန်းက ကျွန်တော့်ကိုရက်ရက်စက်စက်ဖြတ်ခဲ့တဲ့ရည်းစားက တွေ့သွားပြီး နင်အဲ့လိုပေါတောတော ဟီလာတိုက်တတ်လို့ နင့်ကိုဖြတ်ခဲ့တာလို့ပြောသွားတယ်... သူပြောတာကိုကြားမိတော့ ကျွန်တော်မတုံမဆိုင်းပဲ အေးပါ ရပါတယ် နင့်ကိုငါနားလည်ပါသလို ခုလည်း ငါပျော်နေပါတယ်လို့ ခပ်ပြုံးပြုံးလေးပြောမိတယ်.... ဇာတ်ကားကရယ်ရတော့ နှလုံးပါမြူးပြီးအရာအားလုံးဟာ လှပနေတယ်....အရင်က အသည်းကွဲပြီး ဘဝက စုတ်ပြတ်နေတယ်ဆိုတဲ့အတွေးတွေ ကြက်ပျောက်ငှက်ပျောက်ပဲ... စိတ်နာခဲ့ဖူးတဲ့သူကိုတောင်ခပ်ပြုံးပြုံးလေး တုန့်ပြန်နိုင်တယ်... ဒါကြောင့် ကျွန်တော်တို့ ဘဝမှာ ဟာသကားလေးတွေ လိုကိုလိုအပ်သည်........ ကျွန်တော်ပြောတာမလွန်ကြောင်း ဒီကားကြည့်ဖူးတဲ့သူတွေသိပါလိမ့်မယ်.... မကြည့်ရသေးတဲ့သူတွေအတွက်ဇာတ်လမ်းအညွှန်းလေးသွားရအောင်..... Miles ဆိုတဲ့သူခိုးတစ်ယောက်ရှိတယ်....သူကတော်သလို အချီကြီးတွေမှကြံလေ့ရှိတဲ့သူမျိုး... တစ်နေ့တော့ ၁၇သန်းတန်စိန်ကြီးကို အပေါင်းအပါတွေနဲ့အတူ ခိုးကြတယ်... သစ္စာဖောက်တစ်ယောက်ကြောင့် သူတို့အဖွဲ့ဒုက္ခရောက်ရတယ်...စိန်တုံးကြီးကို နီးစပ်ရာအဆောက်အဦးမှာ ဖွက်ထားနိုင်ခဲ့ပေမယ့် Miles တစ်ယောက်ရဲဖမ်းခံရပြီး ထောင်ကျသွားတယ်..... ထောင်ကထွက်လာတဲ့အချိန်  ဖွက်ထားတဲ့ စိန်တုံးကြီးရှိရာအဆောက်အဦးဆီကိုလာခဲ့ပေမယ့်  တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် သူ ရူးမတတ်ဖြစ်သွားတယ်....... အဲ့ဒါကတော့ အဆောက်အဦးကြီးက ရဲစခန်းကြီးဖြစ်နေလို့ပါ... ကိုင်း Miles ဘယ်လိုတွေရှေ့ဆက်မလဲ ..... ခံစားကြည့်လိုက်ပါ .....နင်းကန်ရယ်ရတဲ့ဟာသကားမို့ ခံစားကြည့်လိုက်ပါဦး...   ဘာသာပြန်သူကတော့ Zuel Khant Thwin ဖြစ်ပါတယ်.....   File Size :(1.87GB) ...
movie

Blue Streak (1999)

1999
Bad Boys (1995) 6.9
Bad Boys (1995) Will Smith နဲ့ Martin Lawrenceတို့ရဲ့ Bad Boysကားကို တင်ဆက်ပေးလိုက်ပါတယ် Crime/Thriller အမျိုးအစားဆိုတော့သင့်ရဲ့အချိန်တွေကို ကုန်မှန်းမသိကုန်စေမယ့် ဇာတ်ကားဆိုတာပြောနေစရာမလိုတော့ပါဘူးနော် ဇာတ်လမ်းအကျဉ်းကတော့ မိုက်လော်ရီနဲ့မားကတ်စ်တို့က မိုင်ယာမီက တွဲဖက်ရဲ၂ယောက်ပါ တစ်ယောက်နဲ့တစ်ယောက်အရမ်းချင်ကြပြီးအမှုပေါင်းများစွာကို လိုက်ဖမ်းနိုင်ခဲ့ကြသူတွေပါ တစ်နေ့မှာတော့ သူတို့အရင်က ဖမ်းဆီးရမိခဲ့တဲ့ ငွေသန်းပေါင်းများစွာတန်တဲ့ ကိုကင်းတွေကို ရဲတွေ ထိန်းသိမ်းထားတဲ့အခန်းထဲကနေ လူတစ်စုကပြန်လည်ခိုးယူသွားပါတယ် ဒီတော့ ဒီအမှုကို မိုက်နဲ့ မားကတ်စ်ကပဲ ဦးဆောင်ဦးရွက်ပြုပြီးပြန်လိုက်ရပါတော့တယ် ဒါ့အပြင် ကိုကင်းခိုးထုတ်သွားတဲ့ အဖွဲ့ရဲ့ လူသတ်မှုကို ကိုယ်တွေ့ကြုံခဲ့ပြီးလွတ်မြောက်သွားတဲ့ မျက်မြင်သက်သေမိန်းကလေးကိုပါ သူတို့၂ယောက် စောင့်ရှောက်ပေးဖို့ကြုံလာတဲ့အခါ... ဘာတွေဆက်ဖြစ်မလဲ ကြည့်လိုက်ရအောင်... Translated by waizin wayne encoded by sithu
movie

Bad Boys (1995)

1995