Channel Myanmar

Scott Haze

The Seeding (2023) 5.1
The Seeding (2023)  CM ပရိတ်သတ်ကြီးအတွက်ခုတစ်ခါ တင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ထွက် The seeding ဆိုတဲ့သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းလေးကတော့ဓာတ်ပုံဆရာတစ်ယောက်ဟာ ကန္တာရထဲမှာ နေကြတ်တာကိုဓာတ်ပုံသွားရိုက်နေရင်း လမ်းပျောက်နေတဲ့ ကလေးတစ်ယောက်နဲ့တွေ့ခဲ့ပါတယ် ကလေးကိုကူညီရင်းနဲ့တစ်ယောက်တည်းလမ်းပျောက်နေရင်း လူသူမရှိတဲ့ကန္တာရထဲမှာ ထူးထူးခြားခြားအိမ်ကလေးတစ်လုံးကိုတွေ့လိုက်ရပါတယ် အဲဒီအိမ်မှာအနားယူရင်းမနက်မိုးလင်းတဲ့အခါ သူကန္တာရထဲက ကျင်းတစ်ခုထဲမှာအိမ်ပိုင်ရှင်အမျိုးသမီးနဲ့အတူပိတ်မိနေတာကိုသိလိုက်ရတဲ့အခါ ……လျှို့ဝှက်ချက်တွေအပြည့်နဲ့ဇာတ်လမ်းတစ်ပုဒ်ကိုရင်ထိတ်သည်းဖို ကြည့်ရှုရဦးမှာပါ...  File size…2.09GB / 998MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 40m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie

The Seeding (2023)

Red Right Hand (2024) 5.3
Red Right Hand (2024) Red Right Hand (2024)ဒီကားလေးကတော့ The Lord of the Rings နဲ့ Pirates of the Caribbean ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး 90's Born တွေရဲ့ အချစ်ဦးဖြစ်ခဲ့တဲ့မင်းသား Orlando Bloom ရဲ့ Thriller, Action အမျိုးအစား ကားသစ်လေးဖြစ်ပါတယ်။ကတ်ရှ်က လူမိုက်ဘ၀ကထွက်ပြီး ယောက်ဖနဲ့တူမနဲ့အတူ ခြံကိုဦးစီးနေသူပါ။ ယောက်ဖဖြစ်သူက ခြံကိုအပေါင်ခံပြီး မြို့ရဲ့ရာဇ၀တ်ခေါင်းဆောင်"ဘစ်ကတ်"ဆီမှာ ပိုက်ဆံချေးခဲ့ပါတယ်။ ဘစ်ကတ်က ကတ်ရှ်ကိုသူ့ဆီ အလုပ်ပြန်လာလုပ်ဖို့ ယောက်ဖနဲ့တူမဖြစ်သူကိုပါ ချိန်းခြောက်ပြီး အဓမ္မစေခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြပါဦး။ဇာတ်လမ်းက နည်းနည်းမွဲပြာပုဆိုးလို့ပြောလို့ရပေမဲ့ ‌ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေ စိတ်လှုပ်ရှားစရာဇာတ်၀င်ခန်းတွေနဲ့ ဇာတ်ကိုဆွဲခေါ်နိုင်တာမလို့ Thriller ကြိုက်တတ်တဲ့သူတွေ အကြိုက်တွေ့မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 1GB Quality ...
movie

Red Right Hand (2024)

2024
Midnight Special (2016) 6.6
Midnight Special (2016) CM ပရိသတ်ကြီးတို့ကို Sci-fi ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရှုပ်ရှုပ်ယှက်ယှက်နဲ့ သိပ္ပံဗဟုသုတ အများကြီးရှိမှ ကြည့်လို့နားလည်မယ့်ဇာတ်ကားမျိုးလည်း မကြည့်ချင်ဘူး Sci-fi အမျိုးအစားလည်းကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးက သေချာပေါက်ပရိသတ်ကြီးတို့အကြိုက်ပါ။ ဇာတ်ကားနာမည်လေးက Midnight Special လို့ ခေါ်ပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ အယ်တွန်မာယာလို့ခေါ်တဲ့အသက် ၈ နှစ်အရွယ်ကောင်လေးကို အဖေဖြစ်သူ ရွိုင်တွန်လင်ကပြန်ပေးဆွဲသွားရာကနေ ဇာတ်လမ်းအစပြုပါတယ်။အဖေအရင်းက ပြန်ပေးဆွဲတယ်ဆိုလို့ မအံ့ဩပါနဲ့။တကယ်တော့ အယ်တွန်ကို ရန့်ချ်လို့ခေါ်တဲ့ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်က မွေးစားထားတာပါ။အယ်တွန်လေးက သူများနဲ့မတူဘဲ စူပါမန်းလိုမျက်လုံးကနေ ရောင်ခြည်တွေထွက်တတ်တဲ့ ကလေးဖြစ်နေတာပါ။ကလေးဟာ နေရောင်ထဲကို ထိလို့မရသလို သူ့အစွမ်းအရှိန်ကပစ္စည်းတွေကို ကွဲကြေပျက်စီးစေပါတယ်။ဒါပေမဲ့ ရန့်ချ်အဖွဲ့အစည်းကတော့ ဒါဟာ ဘုရားသခင်ကဆက်သွယ်တာဆိုပြီး ယုံကြည်ကြတယ်။ ကလေးရဲ့ နာကျင်မှုတွေကို မမြင်ရက်တော့တဲ့အဆုံးမှာအဖေဖြစ်သူက ကလေးကိုခေါ်ပြီး ထွက်ပြေးခဲ့တာပါ။တစ်ချိန်တည်းမှာပဲ အစိုးရဘက်ကလည်း ဒီကလေးကိုလက်နက်တစ်ခုလို့သဘောထားပြီး လိုက်လံရှာဖွေခဲ့ပါတယ်။ ဆိုတော့ အယ်တွန်လေးက ဘာလို့အစွမ်းတွေရှိနေတာလဲ၊ သူတို့တွေဘယ်ကိုထွက်ပြေးကြမလဲ၊ ထွက်ပြေးတဲ့ လမ်းတစ်လျှောက်မှာရောဘယ်လိုထူးဆန်းထွေလာ ဖြစ်ရပ်တွေကို ကြုံတွေ့ရမလဲ၊ ဘာသာရေးအဖွဲ့အစည်းနဲ့အစိုးရအဖွဲ့အစည်းတွေက ...
movie

Midnight Special (2016)

2016
Sound of Freedom (2023) 7.8
Sound of Freedom (2023) Sound of Freedom (2023) =================== IMDb Rating - 7.8/10IMDB 7.8 ထိ ရထားတဲ့ ကလေးလူကုန်ကူးမှုတိုက်ဖျက်ရေး မှုခင်းဇာတ်ကား ကောင်းလေး ဖြစ်ပါတယ်။ ကမ္ဘာ့အနှံ့က မကောင်းမှုနဲ့ ကျိကျိတက်တက်ချမ်း သာပြီး ဝါသနာတူတွေစုနေတဲ့ လူချမ်းသာအသိုင်းအဝိုင်းကြီးတစ်ခုက ကလေး သူငယ်တွေကို လူကုန်ကူးပြီး လိင်လုပ်သားအဖြစ် ရောင်းစား အသုံးတော်ခံနေ ကြပါတယ်။ ဒါကို သီးသန့်နှိမ်နင်းတားဆီးနေတဲ့ တင်ဘဲလက်ဆိုတဲ့ အေးဂျင့်က pedophile လို့ခေါ်တဲ့ ကလေးနှာဗူးကောင်တွေကို ဖမ်းဆီးခဲ့ရင်းနဲ့ နောက်ဆုံး ကိုလံဘီယာက မကောင်းမှုတွေ အဓိကထိန်းချုပ်လုပ်ကိုင်နေတဲ့ ဒုစရိုက်အဖွဲ့ကို နှိမ်နင်းတားဆီးပြီး ကလေးတွေကို ဘယ်လိုပြန်လည်ကယ်ဆယ်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းပုံစံက ရိုးရှင်းပေမယ့်.. Action scene တွေက အရမ်းကောင်းလွန်း တာကြောင့် Rating ကောင်းကောင်းတွေ ရထားတာဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.86 GB) / (774 MB) Quality...........WEB-DL 1080p / 720p Duration........2Hr 11Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Crime, Drama Translator......Thiha ...
movie

Sound of Freedom (2023)

2023
What Josiah Saw (2021) 6.1
What Josiah Saw (2021) What Josiah Saw (2021)IMDB Rating - 6.1/10 Rotten Tomatoes - 90%7 Wins & 6 Nominationsဝီးလိုးလမ်းမကြီးပေါ်က သရဲခြောက်တယ်ဆိုတဲ့ ဂရေဟမ်မိသားစုပိုင် ခြံစိုက်ခင်းကြီးအကြောင်း တစ်မြို့လုံး သိကြပေမဲ့ ဖခင်ဖြစ်သူ ဂျိုဆိုင်းယား၊ မိခင် မီရီယမ်၊ သားဖြစ်သူ အီလိုင်၊ သမီးဖြစ်သူ မယ်ရီ နဲ့ သားအငယ်ဆုံးလေး တွမ်မီတို့ ငါးယောက်ကြားက အတိတ်ဆိုးကြီးကိုတော့ သိတဲ့သူ မရှိပါဘူး ဘာသာရေး ကိုင်းရှိုင်းပြီး မိသားစုကို ချစ်တတ်တဲ့ မိခင်ဖြစ်သူ မီရီယမ်တစ်ယောက် ဘာကြောင့် ဝက်သစ်ချပင်ကြီးပေါ်မှာ ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားရတာလဲ သွားလေသူ မီရီယမ် ခြောက်လှန့်နေတဲ့ ခြံကြီးထဲမှာ နှစ်ယောက်တည်း ကျန်ခဲ့တဲ့ ဖခင်ဖြစ်သူ ဂျိုဆိုင်းယားနဲ့ သားငယ်လေး တွမ်မီတို့ ဘယ်လို နှစ်ပါးသွားကြမလဲ အိမ်က ထွက်လာပြီးတည်းက လေလွင့်နေခဲ့တဲ့ အီလိုင်တစ်ယောက် လောင်းကစားကြွေးတွေကို ပြန်ပေးဖို့ကြိုးစားရင်း ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံရမလဲ ကလေးဘဝက ကြုံခဲ့ရတဲ့ Trauma တွေကြောင့် အိမ်ထောင်သည်ဘဝကို ...
movie

What Josiah Saw (2021)

2021
The Gray Man (2022) 7
The Gray Man (2022) နက်ဖလစ်ရဲ့ အက်ရှင်ကားအသစ်ကြည့်ရအောင်။ ဒါရိုက်တာကတော့ ရက်ဆို ညီအစ်ကိုနှစ်ယောက်ပါပဲ။ အဗန်ဂျာဒါရိုက်တာတွေပေါ့။ ဇာတ်ညွှန်းဆရာတွေကလည်း အဗန်ဂျာရေးတဲ့သူတွေပါပဲ။ သရုပ်ဆောင်ကတော့ ရိုင်ယန်ဂို့စလင်း၊ ခရစ်စ် အီဗန်တို့နှစ်ယောက်အပြင် No Time to die တို့ Bladerunner တို့ထဲက မင်းသမီး အန်နာ ဒီအာမက်စ်လည်း ပါပါတယ်။ ပြီးတော့ Iron Fist တို့ Love and Monsters တို့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ မင်းသမီး ဂျက်ဆီကာဟန်းဝစ်ပါ ပါပါသေးတယ်။ တမီးလ်မင်းသား Dhanush ပါ အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ကော့ထ်ဂျန်ထရီ (ရိုင်ယန်ဂို့စလင်း)ဟာ လူသတ်မှုနဲ့ထောင်နှစ်ရှည်ကျနေသူဖြစ်ပြီး တစ်နေ့မှာတော့ စီအိုင်အေရဲ့ လျို့ဝှက်တရားမဝင်စစ်ဆင်ရေးတွေမှာ လုပ်ပေးဖို့ အပေးအယူနဲ့ထောင်ကလွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက် အေးဂျင့်လောကမှာ Six ဆိုတဲ့နာမည်တစ်လုံးနဲ့ကျော်ကြားလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူလုပ်ကြံရတဲ့ ပစ်မှတ်ဆီကနေ မရသင့်လိုက်တဲ့ အချက်အလက်တွေရသွားပြီး သူ့ရဲ့အဖွဲ့အစည်းကပါ သူ့ကိုပြန်လိုက်သတ်လာတာကြောင့် ထွက်ပြေးရပါတော့တယ်။ သူ့နောက်ကို တရားမဝင်လိုက်သတ်ဖို့ ...
movie

The Gray Man (2022)

4K HEVC Web-DL
Jurassic World Dominion (2022) 5.9
Jurassic World Dominion (2022) Jurassic World Dominion (2022)ဂျူရက်ဆစ်ကမ္ဘာရဲ့ တတိယရုပ်ရှင်ကြီးထွက်လာပါပြီ။ ပထမရုပ်ရှင်မှာ ဂျူရက်ဆစ်ပန်းခြံပျက်စီးသွားခဲ့ပြီး၊ ဒုတိယကားမှာ ဒိုင်နိုဆောတွေအားလုံး ကမ္ဘာကြီးထဲကို ပျံ့နှံ့လာတာကို တွေ့ရမှာပါ။ဒီတတိယကားမှာတော့ ဒိုင်နိုဆောတွေနဲ့ ဒီအန်အေတူတဲ့ ဧရာမကျိုင်းကောင်ကြီးတွေ ပေါ်လာပြီး ကမ္ဘာပေါ်က လယ်ကွင်းတွေကို လိုက်ဖျက်ဆီးနေတဲ့ပြဿနာကနေစတင်လာပါတယ်။ အိုဝင် နဲ့ ကလယ်ရာတို့အတွဲကလည်း ချားလော့ကလုန်း ကောင်မလေးဖြစ်တဲ့ မေစီကို ကယ်လာပြီး လူတွေနဲ့ဝေးရာမှာ ဖွက်ထားခဲ့ပါတယ်။အဲဒီမှာပဲ ကျိုင်းကောင်တွေကို မျိုးဗီဇပြောင်းတဲ့တရားခံကိုရှာနေတဲ့ သိပ္ပံပညာရှင် သူငယ်ချင်းနှစ်ယောက်ရယ်၊ မေစီကိုဖမ်းသွားတဲ့အပြင် ရပ်ပ်တာမကြီး ဘလူးရဲ့ ကလေးကိုပါ ဖမ်းသွားတဲ့လူတွေနောက်ကို ကယ်ဖို့လိုက်လာတဲ့ အိုဝင်တို့စုံတွဲရယ်ပူးပေါင်းပြီး စွန့်စားခန်းတွေ ဖွင့်ကြရပါတော့တယ်...ရရချင်း တင်ပေးထားရတာမို့ Korea Hardsub ပါတာကိုတော့ အနည်းငယ် သည်းခံပြီး ကြည့်ရှုပေးကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Sci-fi Quality…. 4K HEVC | 1080p | 720p | 480p File size… 9.28GB | 2.6GB ...
movie

Jurassic World Dominion (2022)

2022
4K HEVC Web-DL
Antlers (2021) 6.2
Antlers (2021) Antlers (2021) =============== IMDb Rating - 6.2/10Story telling ဆိုတာ ​​ရှေးလူကြီး​တွေရဲ့ ဓ​လေ့​တွေ ယဥ်​ကျေးမှု​တွေ ဖြတ်သန်းခဲ့ရတဲ့ အ​တွေ့အကြုံ​တွေကို ​ နောင်လာ​နောက်သား​တွေဆီ ​ပြောပြတဲ့ နည်းလမ်းတစ်ခုပါ။ Storytelling လို့​ပြောတဲ့​နေရာမှာ တကယ့်သမိုင်း​ တွေသာမက fairytale ​တွေ၊ ဒဏ္ဍာရီ​တွေလည်း ပါဝင်တယ်။အဲ့လိုနဲ့ အော်​ရေဂန်​ဒေသက ​ရှေးတိုင်းရင်း အ​မေရိကန်လူမျိုး​တွေရဲ့ ယုံတမ်းပုံပြင်​တွေ အစပျိုးခဲ့တယ်။ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် . . . ဂျူလီရဲ့ အတန်းထဲမှာ ထူးဆန်းတဲ့ လူးကတ်လို့​ခေါ်တဲ့ ခပ်ပိန်ပိန်​ကောင်​လေးတစ်​ယောက်ရှိတယ်။ ဘယ်သူနဲ့မှလည်း အ​ပေါင်းအသင်းမလုပ်သလို အနိုင်ကျင့်တာလည်း ခံ​နေရတယ်။ တစ်​နေ့​ ဂျူလီက ပုံပြင်​ပြောပြဖို့ ​ရေးခဲ့ပါဆိုပြီး အိမ်စာ​ပေးလိုက်တယ်။ တခြားက​လေး​တွေက သာမန် နတ်သမီးပုံပြင်​တွေ ​ပြော​ပေမယ့် အဲ့ကောင်လေးက​တော့ မတူထူးဆန်း​နေတယ်။"ဝက်ဝံ၃​ကောင်ဟာ ​တောင်​ပေါ်က ​အေးစက်တဲ့ ဂူမှာ​နေတယ် ဝက်ဝံကြီးရယ် ဝက်ဝံ​လေးရယ် ဝက်ဝံ​ပေါက်​လေးရယ်​ပေါ့ ဝက်ဝံကြီးက အားလုံးကို ​စောင့်​ရှောက်ရတာ​ပေါ့ တစ်​နေ့ဝက်ဝံ​လေးပြန်လာ​တော့ ဝက်ဝံကြီးနဲ့ ဝက်ဝံ​ပေါက်​လေးက ထူးဆန်း​နေတယ် ဝက်ဝံကြီးက ​နေမ​ကောင်းဖြစ်​နေပြီး စားစရာ အသားလည်းမရှိ​တော့ဘူး"လူးကတ်​ပြောပြတဲ့ ပုံပြင်ကို ဂျူလီကြားပြီး​နောက် ...
movie

Antlers (2021)

2021
Venom (2018) 7.0
Venom (2018) DatShin Review: Venom (2018) … PlotEddie Brock ဆိုတဲ့ သတင်းထောက်တစ်ယောက်ဟာ လူတွေကို တရားမဝင်စမ်းသပ်မှုတွေလုပ်နေတဲ့ကုမ္ပဏီကြီးတစ်ခုကို ဝင်ထောက်လှမ်းရင်း ပြင်ပကမ္ဘာသက်ရှိတစ်ကောင်ဖြစ်တဲ့ Venom နဲ့ ထိတွေ့ ကူးစက်ခံခဲ့ရတယ်။ အဲအချိန်မှာပဲ ကုမ္ပဏီကြီးကသူ့အမြင် သူ့ရည်မှန်းချက်အတွက် တစ်ကမ္ဘာလုံးကို ဒုက္ခရောက်ဖို့ ကြိုးပမ်းလာတဲ့အခါမှာတော့ Eddie ဟာသူ့အပေါ်မှာ ကပ်မှီပြီး နေနေတဲ့ Venom နဲ့ အတူ ပူးါပေါင်းတားဆီးဖို့ ကြိုးပမ်းရပါတော့တယ်။Review . Venom ရုပ်ရှင်ဟာ လတ်တလော controversial အဖြစ်ဆုံး ကားလို့ ပြောရမှာပါ။Critic အများစု မကြိုက်သလောက် Fan အများစု ကြိုက်ကြတယ်။ကျွန်တော့အနေနဲ့ကတော့ Venom character နဲ့ ပတ်သက်ပြီး အများကြီး မသိပါဘူး။Spider-Man video game တွေထဲမှာလောက်ပဲ တွေ့ဖူးတာ များတယ်။ဆိုတော့ ကျွန်တော့ အမြင်က နည်းနည်းကွဲရင် ကွဲနိုင်သပ။အရင်ဆုံး မကောင်းဘူး ထင်တာတွေ ပြောပါမယ်။မင်းသား Tom ...
movie

Venom (2018)

2018
4K HEVC
Old Henry (2021) 7.3
Old Henry (2021) IMDb Rating (7.3) / Rotten Tomatoes (96%)လူသူဝေးတဲ့တစ်နေရာမှာ မုဆိုးဖိုလယ်သမားကြီးတစ်ယောက်ဟာ သူ့သားလေးနဲ့အတူတူ အေးအေးလူလူ နေထိုင်ပါတယ်၊ တစ်နေ့မှာ သားရေလွယ်အိတ်ငွေထုပ်နဲ့သေနတ်ဒဏ်ရာရနေတဲ့ လူတစ်ယောက်ကို အိမ်ခေါပြီးကယ်မိလိုက်ပါတယ်၊ အဲ့ဒီ ပိုက်ဆံတွေအတွက် လာရှာတဲ့လူတွေ ရှိတဲ့အခါမှာ‌တော့ လယ်သမားကြီးက ဘယ်သူ့ကိုယုံရမလည်းစဉ်းစားရကြပ်သွားပါတော့တယ်။သူ့ကိုယ်သူနဲ့ သူ့သားကို ကာကွယ်ရတဲ့အချိန်မှာတော့ သူ့ရဲ့ ပုံစံ‌အစစ်လို့ပြောလို့ရတဲ့ သေနတ်ပစ် စွမ်းရည်တွေနဲ့ တိုက်ရည်ခိုက်ရည်တွေကိုထုတ်ပြရပါတော့တယ်။1900 ခုနှစ် အစပိုင်းကိုအခြေတည်ထားတာဖြစ်ပြီးဇာတ်လမ်းက အချိန်ကြာလာလေ ဇာတ်ရှိန်မြင့်လာလေမို့ အေးအေးဆေးဆေး နှပ်ကြည့်မယ့်သူတွေအတွက်တော့အသင့်တော်ဆုံးပါပဲ။ IMDb rating 7.3 နဲ့ Old Henry ပါ။ File size…(1.4 GB)/(800 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Murphy
movie

Old Henry (2021)

Minari (2020) 7.7
Minari (2020) Minari (2020) ========== IMDb Rating. = 7.7/10 Rotten Tomatoes. = 100%Minari ဟာ အတော် ရိုးရှင်းတယ်။ ပြောတတ်သလို အနီးစပ်ဆုံး ဥပမာပေးရရင် ဦးဖိုးကျားရဲ့ စကားပြေတွေလိုပဲ။ အကြောင်းအရာ အရေးအသားရိုးရှင်းတယ်။ ဒါပေမဲ့ ထိတယ်။ အမေရိကန်ရောက် ကိုရီးယားမိသားစုတစ်စုကို အခြေပြုပြီး အမေရိကန်အိပ်မက်မက်ကြသူတွေရဲ့ ဘ၀အကြောင်းကို ပြသွားရုံပဲ။ မိသားစုဆိုတဲ့ဝေါဟာရကို ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်သွားတယ်။ ဒီလိုပြသွားပုံလေး‌ဟာ အတော်လှတယ် ကြည်နူးစရာနဲ့ လှတာတော့မဟုတ်ဘူး။ ရင်နာနာနဲ့ လှတာ။သိပ်လှတဲ့ အချက်ကလေးတွေအများကြီးရှိတယ်။ ဒါပေမဲ့ အညွှန်းရဲ့မူလရည်ရွယ်ချက်က ခံစားမှုကိုလမ်းကြောင်းပေးဖို့ဆိုတော့ကာ ဇာတ်အိမ်ရိုးရှင်းတဲ့ ရုပ်ရှင်ကို ကျွန်တော် ဇာတ်လမ်းများများရေးပြဖို့ရာ မသင့်ဘူး။ အနုပညာပစ္စည်းကို ခံစားရတာကြိုက်တဲ့လူတွေမှာ သိပ်ချစ်စရာကောင်းတဲ့ ဗီဇတစ်ခုရှိတယ်။ ကိုယ်ခံစားရနှစ်သက်တာကို တစ်ပါးသူတွေကိုလည်း ခံစားကြည့်စေချင်တဲ့ ဆန္ဒပေါ့။ ကျွန်တော်လည်း ခင်ဗျားကို ဒီရုပ်ရှင်ကို ခံစားကြည့်စေချင်တယ်။ကျွန်တော့်အမြင်အရတော့ လီချန်းဒုံရုပ်ရှင်တွေရဲ့ ဇာတ်လမ်းတင်ပြပုံနဲ့ ဆင်တယ်။ဒါရိုက်တာရဲ့ ရက်စက်မှု ပါးတယ်။မသိမှုထည့်တာ ပါးတယ်။ သုံးထားတဲ့ စကားလုံးတွေဟာ လက်တွေ့ကျကျနဲ့သိပ်လှတယ်။ ဇာတ်လမ်းက မိသားစုရဲ့ အိမ်နဲ့စိုက်ခင်းရှိခဲ့တဲ့ နေရာဟာ ဒီရုပ်ရှင်က ဇာတ်ညွှန်းသမားနဲ့ဒါရိုက်တာလုပ်ထားတဲ့ Lee Isaac Chungရဲ့ ကြီးပျင်းခဲ့တဲ့နေရာနဲ့ အတူတူပဲ။ သရုပ်မှန်များလို့ပဲထင်တယ် သိပ်လက်တွေ့ကျတယ်။ အော်စကာ Best Picture ပြိုင်ဖို့ရဖို့ တန်မတန်ဆိုတာ ပညာရှင်တွေဆုံးဖြတ်ရမယ့်အလုပ်, ဒါပေမဲ့ မနှစ်က BPရတဲ့ Parasiteထက် ခံစားရပိုစစ်မှန်တယ်ဆိုတာ‌ကတော့ ကျွန်တော်ရဲရဲကြီး အာမခံတယ်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို WiRa Aung မှ ခံစားတင်ဆက်ထားတာပါ။)  File size…(1.6 GB) Quality….WEBscr 720p Format…mp4 Duration….01:55:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Minari (2020)

In Dubious Battle(2016) 6.1
In Dubious Battle(2016) In Dubious Battle(2016)((Zawgyi))အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ် စသဖြင့် သပိတ်ပေါင်းများစွာထဲက အမေရိကန် အရင်းရှင်စနစ်ရဲ့ ဖိနှိပ်မှုအောက်ကနေ တွန်းလှန်တိုက်ပွဲဝင်ခဲ့တဲ့ သစ်သီးခြံအလုပ်သမား သပိတ်လည်း တစ်ခုအပါအဝင်။သူတို့တွေဟာ တစ်နေ့လုပ်ခ ၁ ဒေါ်လာသာ ရခဲ့ကြပြီး အလုပ်သမားတွေရဲ့ မကျေနပ်သံ၊ ပေါက်ကွဲသံတွေနဲ့ အမေရိကန်စီးပွားရေးပျက်ကပ် ခေတ်ကြီးတစ်ခေတ်ရဲ့ အထင်ကရ တော်လှန်ရေးတစ်ခုလိုဖြစ်ခဲ့တယ်.....ဒီဇာတ်ကားက John Steinbeck ရဲ့ ဝတ္ထုကို ပြန်လည်အသက်သွင်းထားတာ။ ဒါရိုက်တာကလည်း စာအလွန်ဖတ်ပြီး Classic ဇာတ်ကား တော်တော်များများ ပြန်ရိုက်ထားတဲ့ James Franco ကြီး။ Franco ကြီးရဲ့ ပြန်လည်တင်ဆက်မှုဟာ တကယ်လည်းလက်ရာမြောက်ခဲ့ပါတယ်..... ကြည့်ရှုသူတွေအနေနဲ့ ဗဟုသုတပေါင်းများစွာရရှိသလို ဇာတ်လမ်းကလည်း ဆွဲဆောင်မှုရှိပါတယ်.... ခံစားကြည့်လိုက်ပါဦး......(unicode)အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ် စသဖြင့် သပိတ်ပေါင်းများစွာထဲက အမေရိကန် အရင်းရှင်စနစ်ရဲ့ ဖိနှိပ်မှုအောက်ကနေ တွန်းလှန်တိုက်ပွဲဝင်ခဲ့တဲ့ သစ်သီးခြံအလုပ်သမား သပိတ်လည်း တစ်ခုအပါအဝင်။သူတို့တွေဟာ တစ်နေ့လုပ်ခ ၁ ဒေါ်လာသာ ရခဲ့ကြပြီး အလုပ်သမားတွေရဲ့ မကျေနပ်သံ၊ ပေါက်ကွဲသံတွေနဲ့ အမေရိကန်စီးပွားရေးပျက်ကပ် ...
movie

In Dubious Battle(2016)

2016
Future World (2018) 3.8
Future World (2018) ၂၀၁၈ထဲမှာထွက်တဲ့ကားတွေမှာ အနာဂတ်မှာဘာတွေဘယ်လိုဖြစ်နိုင်မလဲဆိုတာတွေးတောရိုက်ထားတဲ့ကားတွေအတော်များသားဗျအခု Future World ဆိုတဲ့ကားကလဲ နာမည်အတိုင်း အနာဂတ်ကမ္ဘာမှာ အခြေတည်ထားပါတယ်လူသားတွေအချင်းချင်းစစ်ပွဲတွေဖြစ်ခဲ့ကြတယ် သေကြေပျက်စီးကုန်ကြတယ်ဘယ်လောက်ထိအကြီးအကျယ်ဖြစ်ခဲ့သလဲဆိုရင် ပစ်စရာကျည်ဆံတောင်မရှိတဲ့ခေတ်ဖြစ်သွားတယ်အဲ့တော့ စစ်ပွဲကြီးအပြီးကျန်ခဲ့တဲ့လူတွေကရော ဘယ်လိုရှင်သန်နေထိုင်ကြလဲလောကကြီးရဲ့ထုံးစံအတိုင်း ကောင်းတာလုပ်တဲ့လူနဲ့ဆိုးတာလုပ်တဲ့လူပဲရှိတာဆိုတော့ သူ့ဘာသူအဖွဲ့လေးတွေနဲ့ဖွဲ့နေကြတယ်ပေါ့ဗျာဆိုးတဲ့လူတွေက အဖွဲ့လေးတွေနဲက သူ့တို့သူတို့ စစ်ခေါင်းဆောင်(warlord)လို့ခံယူပြီးသောင်းကျန်းနေကြတယ်ပေါ့ဒီဇာတ်ကားရဲ့ဇာတ်လိုက်ကတော့ အိုအေစစ်လို့ခေါ်တဲ့နေရာမှာနေကြတဲ့လူစုထဲက မင်းသားပေါ့သူ့အမေဖြစ်သူ စစ်ပွဲရဲ့အကျိုးဆက်ဖြစ်တဲ့ ရောဂါကိုခံစားနေရသူ သေလုမျောပါးဝေဒနာသည်အဖြစ် တရုတ်မင်းသမီး (Lucy Lui)ကသရုပ်ဆောင်ထားပါတယ်မင်းသားက အမေ့ကိုဆေးကုသဖို့အတွက် နတ်ပြည်ကမ်းခြေ(Paradise Beach)ကိုသွားချင်နေတယ် အဲ့နေရာမှာဆေးရတယ်ကြားထားတာကိုးအဲ့လိုနဲ့ မင်းသားရဲ့ဆေးရှာပုံတော်ခရီးစဉ်စရတော့တာပေါ့ဇာတ်လိုက်မင်းသမီးကတော့ အက်ရှ်လို့ခေါ်တဲ့ စက်ရုပ်မလေး သူကဟိုးစစ်ပွဲကြီးကတည်းက ရှိနေခဲ့တာ သူကသတ်ဖြတ်ရတာတွေကိုမုန်းတီးနေတယ် သူကိုယ်တိုင်ဘဝတစ်ခုပိုင်ဆိုင်ချင်နေတယ်မင်းသားတစ်ယောက် ဆေးကိုရှာတွေ့သွားမလားသူရှာနေတဲ့ဆေးကရောတကယ်ပဲရှိနေလို့လား စက်ရုပ်မလေးနဲ့ရောဘယ်လိုနှစ်ပါးသွားမလဲဆိုတာတွေကတော့ဇာတ်ကားဒေါင်းကြည့်ကြပါကုန်ဒီကားရဲ့ Cast List ကတော့ အလန်းဗျဗီလိန်အဖြစ် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ James Franco, Resident Evil မင်းသမီး Milla Jovovich တို့ပါဝင်ထားတယ်ပြီးတော့ ထူးခြားချက်အနေနဲ့ Snoop Dogg တောင်ပါလိုက်သေးတယ်ဗျဒီဇာတ်ကားထဲမှာ အဖော်အချွတ်အခန်းအချို့နဲ့ စကားလုံးရိုင်းရိုင်းတချို့ပါဝင်နေတာကြောင့် ချင့်ချိန်ပြီးဒေါင်းနိုင်ပါတယ်ခင်ဗျ(ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ) File Size ...
movie

Future World (2018)

2018
Only the Brave (2017) 8.0
Only the Brave (2017) ဒီဇာတ်ကားလေးက ၂၀၁ရခုနှစ်ထွက် Rating 8 ရရှိထားတဲ့ Biography/Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။တကယ့်ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ပါဝင်သည့်သရုပ်ဆောင်များဟာလည်း ထိပ်တန်းသရုပ်ဆောင်များ ဖြစ်ပါတယ်။ဇာတ်ကားလေးဟာ ၂၀၁၃ခုနှစ် ဇွန်လ၂၈ရက်တွင်ဖြစ်ပွားခဲ့တဲ့ Yarnell Hill တောမီးလောင်မှုဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။Granite Mountain Hotshots မီးသတ်အဖွဲ့ဝင် ၁၉ဦးအသက်ပေးဆပ်ခဲ့ရတဲ့ အမေရိကကန်နိုင်ငံရဲ့ သမိုင်းတွင် တောမီးလောင်မှုကြီးတစ်ခုဖြစ်ပါတယ်။Hotshot ဆိုတဲ့အဖွဲ့အစည်းဟာ စစ်တပ်မှာဆိုရင် အထူးတပ်ဖွဲ့ဝင်တွေလိုပါပဲ။အထူးမီးသတ်တပ်ဖွဲ့ပဲဖြစ်ပြီး သူတို့ရဲ့လေ့ကျင့်မှုတွေဟာလည်း အလွန်ပြင်းထန်ပါတယ်။ဒီဇာတ်ကားမှာအဲဒီဖြစ်ရပ်ဆိုးကြီးမှာ အသက်ပေးသွားခဲ့ကြတဲ့ အထူးမီးသတ်တပ်ဖွဲ့တွေကို ဂုဏ်ပြုရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာဖြင့် အားဖြည့်ထားတဲ့အတွက် ကြည့်ရှုရတာတန်စေမယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို အရသာပျက်သွားမှာရယ် ကိုယ်တိုင်ကြည့်ရှုစေချင်တာရယ်ကြောင့် မရေးပြတော့ပါဘူး။Rating အနေနဲ့ရောတော်တော်မြင့်မြင့်လေးရထားတာဖြစ်ပြီး Biography/Drama ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားလို့ပဲညွန်းချင်ပါတယ်။ File Size : (0.99 GB) and (400 MB) Quality : Blu-Ray 720p Running Time : 2hr 14min Format : Mp4 Genre :Biography, Drama Subtitle : ...
movie

Only the Brave (2017)

2017
Thank You for Your Service (2017) 6.6
Thank You for Your Service (2017) CMပရိသတ်ကြီးအတွက်လောလောလတ်လတ်ထွက်ရှိလာတဲ့ စစ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးနာမည်ကတော့ Thank U for Your Service(2017)ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအသွားလေးကတော့ အီရတ်စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတာရဲ့ Adamတစ်ယောက် တာဝန်တစ်နှစ်ကျော်ထမ်းဆောင်ပြီး ဇာတိ ကန်းဆက်ပြည်နယ်ကိုပြန်လာရပုံနဲ့စတင်ထားပါတယ်။ချစ်ဇနီး Saskia ရယ်၊ရင်သွေးနှစ်ယောက်ရယ်နဲ့ပျော်ရွှင်စရာဘဝလေးကိုတည်ဆောက်ဖို့ကြိုးစားပေမယ့် မထင်မှတ်ထားတဲ့အဖျက်အမှောက်တစ်ခုနဲလ ကြုံလာရပါတော့တယ်။အဲ့တာကတော့ စစ်ပွဲအနိဠာရုံတွေကို ပြန်လည်အမှတ်ရနေတဲ့ စိတ်ရောဂါပါပဲ။Adamကပဲ ဒီရောဂါကိုအနိုင်ပိုင်းနိုင်မလား။နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဆက်လက်ကြည့်ရှုပါလို့ပဲတိုက်တွန်းလိုက်ပါတယ်။Imdb Rating 6.5 နဲ့ Rotten Tomatoes 77% ရရှိထားတဲ့ကားလေးမို့ ကြည့်ရှုမြည်းစမ်းကြည့်သင့်တဲ့ကားလေးပါ။ (စကားလုံးအသုံးအနှုန်းကြမ်းတမ်းခြင်းကိုသတိပြုရန်) File Size : (900 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 49min Format : Mp4 Genre :Biography, Drama, War  Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-GECKOS Translated by Lex Luthor Encoded by Thanhtike Zaw
movie


2017