Channel Myanmar

Scott L. Schwartz

Joe Dirt 2: Beautiful Loser (2015) 5.0
Joe Dirt 2: Beautiful Loser (2015)  ဆံပင်ရှည်ရှည်အူကြောင်ကြောင် ဂျိုးဒတ်ကတော့ 2005 ခုနှစ်မှာJoe Dirt 2 Beautiful Loser ဆိုတဲ့ဇာတ်ကားနဲ့ ပြန်လာခဲ့ပါပြီ။ပထမကားကိုကြည့်ပြီးတဲ့ လူတွေကတော့သိကြမှာပါ။ဂျိုးဒတ်ဆိုတာပိန်းတိန်းတိန်းနဲ့ အမြဲတမ်းကံဆိုးနေသူတစ်ယောက် အနိုင်ကျင့်ခံရနေသူတစ်ယောက် သူ့လောက်ကံဆိုးတာလည်းသူပဲရှိတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ဘယ်တော့မှလောကကြီးကို အရှုံးမပေးပဲရှေ့ဆက်လျှောက်လှမ်းတဲ့အတွက်နာမည်ကြီးလာခဲ့ပြီး သူ့ကိုစံနမူနာထားတဲ့လူတွေပါရှိလာခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့ ဂျိုးဒတ်ကသူချစ်ရတဲ့ ဘရန်ဒီနဲ့ ဆေးလ်ဗားတောင်းဆိုတဲ့မြို့လေးမှာပဲလက်ထပ်ခဲ့ပြီး သမီးလေးသုံးယောက်မွေးဖွားခဲ့ပါတယ်။ဒါပေမယ့်ဂျိုးဒတ်ရဲ့ထုံးစံအတိုင်း အိမ်ထောင်ဦးစီးဖြစ်လာခဲ့ပေမယ့် တခြားလူတွေကသူ့ကိုအနိုင်ကျင့်တာကိုမိန်းမနဲ့ ကလေးဖြစ်သူတွေကမြင်သွားတဲ့အခါမှာတော့ စိတ်ဓာတ်တွေဘုန်းဘုန်းကျသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ ကလေးတွေရဲ့ ယုံကြည်မှုအားကိုးမှုကို ပြန်ရဖို့အခွင့်အရေးတစ်ခုရလာတဲ့အခါမှာဆုပ်ကိုင်လိုက်ရင်း သူတောင်မမွေးသေးတဲ့ အတိတ်ကာလကိုပြန်ရောက်သွားပါတော့တယ်။အဲ့လို အတိတ်ကိုပြန်ရောက်သွားတဲ့အခါမှာတော့ပျော်ရွှင်သာယာနေခဲ့တဲ့ ဂျိုးဒတ်ရဲ့ဘ၀လေးကအစက နေတစ်ဖန်ပြန်လည်စတင်ရပါတော့တယ်။ဒါပေမယ့် သူ့ရဲ့တုံးအမှုတွေ လွဲချော်မှုတွေကြောင့်ဘ၀ကအရင်ထက်ပိုခက်ခဲသွားတဲ့အခါမှာတော့ ဘယ်လိုအခက်အခဲတွေ ဟာသတွေကိုကျော်ဖြတ်ရင်းအနာဂတ်ကိုပြန်ရောက်အောင်ကြိုးစားမလဲဆိုတာကိုကြည့်ရမဲ့ Joe Dirt နောက်ဆက်တွဲဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…1.99GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 47m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Joe Dirt 2: Beautiful Loser (2015)

The Scorpion King (2002) 5.5
The Scorpion King (2002) The Scorpion King(ကင်းမြီးကောက်ဘုရင်ကြီး) ဇာတ်ကားဟာ Dwayne Johnson(The Rock) အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ပထမဦးဆုံးဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမတိုင်ခင်က The Rock ကြီးဟာ The Mummy Returns ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။တကယ်တော့ ကင်းမြီးကောက်ဘုရင်ကြီးဇာတ်ရုပ်ဟာ The Mummy Returns ထဲမှ ဇာတ်ရုပ်ကို ခွဲထုတ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။The Mummy Returns ဇာတ်ကားထဲမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးဟာ တိုက်ပွဲများစွာကို အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ကြီးဖြစ်ပါတယ်။စစ်ဘုရင်တို့ထုံးစံအတိုင်း နောက်ဆုံးမှာတော့ တိုက်ပွဲတစ်ခုမှာစစ်ရှုံးခဲ့ပြီး လက်ကျန်စစ်သည်အနည်းငယ်နဲ့အတူ အာမ်ရှိုင်းယားသဲကန္တာရကြီးကိုဖြတ်သန်း ပြန်လာခဲ့ကြပါတယ်။အာမ်ရှိုင်းယားသဲကန္တာရအလယ်မှာ အစာပြတ်ရေငတ် ဖြစ်ပြီး နောက်ဆုံးမှာတော့ ကင်းမြီးကောက်ဘုရင်ကြီး တစ်ဦးသာ ကျန်ခဲ့ပါတော့တယ်။ကင်းမြီးကောက်ဘုရင်ကြီးသေဆုံးခါနီးမှာ အမှောင်နတ်ဘုရား အနူးဘစ်နဲ့ အပေးအယူလုပ်ပြီး အသက်ရှင်သန်ခွင့်ရခဲ့ရုံသာမက အနူးဘစ်ရဲ့ စစ်တပ်ကြီးကိုဦးဆောင်ကာ ပိုလို့ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်။The Scorpion King ဇာတ်ကားမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးရဲ့ ငယ်ရွယ်နုပျိုစဉ်အချိန်ကာလကို ရိုက်ကူးထားတာပါ။ မားသရပ်စ် အမည်နဲ့ လူငယ်လေးဘဝမှ ...
movie

The Scorpion King (2002)

2002
Spider-Man (2002) 7.3
Spider-Man (2002) ဒီကားကတော့ Spider-Man ကိုသိတဲ့သူတွေရော မသိတဲ့ သူတွေကိုပါ ပထမဆုံးအကြိမ် မိတ်ဆက်ပေးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ ပထမဆုံး Live Action Spider-Man ဇာတ်ကားက ပရိတ်သတ်ကို စိတ်ကျေနပ်မှုပေးနိုင်ခဲ့ပါတယ်။အထူးသဖြင့် လူငယ် ပရိတ်သတ်တွေနဲ့ Comic စာအုပ်ပရိတ်သတ်တွေ အားပေးမှုကိုရှိခဲ့ပါတယ်။ ဒီကားက သာမန်အထက်တန်းကျောင်းသား Peter Parker ဘဝကနေ ဆယ်ကျော်သက် စူပါဟီးရိုး ဖြစ်လာပုံနဲ့ ရရှိထားတဲ့ စွမ်းအားတွေကို အဓိပ္ပာယ်ရှိရှိ အသုံးချဖို့ အတွက် တွန်းအားရလာပုံတွေကို အဓိက ရိုက်ကူးထားပါတယ်။Spider-Man ဖြစ်လာပုံကို အားလုံးသိပြီးသားဖြစ်ပါတယ်။ Oscorp ကုမ္ပဏီက Radioactive Spider အကိုက်ခံရပြီးနောက် စွမ်းအားတွေရလာတာဖြစ်ပါတယ်။ ဒီနေရာမှာ Spider-Man ရဲ့အကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။ Spider-Man ကို Marvel က ကာတွန်းဆရာ Stan Lee ကစတင်မိတ်ဆက် ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအကြိမ် သူ့ရဲ့ စိတ်ကူးကို ...
movie

Spider-Man (2002)