Channel Myanmar

Sean Burgos

Tom and Jerry Cowboy Up! (2022) 7.0
Tom and Jerry Cowboy Up! (2022) Tom and Jerry: Cowboy up 2022ကြောင်နဲ့ကြွက်ပရိတ်သတ်တွေအတွက် IMDb 7/10 အထိရရှိထားပြီးလောလောလတ်လတ်ထွက်ရှိလာတဲ့ Tom&Jerry Cowboy Up လေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ ဘိုးဘွားပိုင်ခြံဖြစ်တဲ့ ဘန်ဆင်မွေးမြူရေးခြံကြီးကိုခရစ်ဒ်ချလီလို့ခေါ်တဲ့ လူလိမ်တစ်ယောက်ကမျက်စိကျသွားခဲ့ပါတယ် ခရစ်ဒ်ချလီဆိုတာတခြားလူမဟုတ်ပါဘူး ဘဏ်ဓားပြ/စာချုပ်အတုတွေနဲ့ လိမ်လည်ဖန်တီးနေလို့ နိုင်ငံတော်ကအလိုရှိတဲ့လူလိမ်တစ်ယောက်ပါ ဘန်ဆင်ခြံပတ်လည်မှာရှိတဲ့မြေကွက်တွေကိုလိမ်လည်ပြီးရယူခဲ့တာကြောင့်ဘန်ဆင်ခြံကြီးကလွဲကျန်တဲ့ဘေးပတ်လည်ကသူ့အပိုင်ပါပဲ ဘန်ဆင်ခြံကိုတော့ သူဘယ်လိုပဲဝယ်ယူဖို့ကြိုးစားကြိုးစားမရခဲ့ပါဘူး ဒီလိုနဲ့ ဝယ်မရရင် လုမယ်ဆိုပြီး ပူးကောင်ပေါင်းများစွာကို ဘန်ဆင်ခြံထဲ‌မောင်းသွင်းလိုက်ပါတယ် ဒါကိုမသိလိုက်တဲ့ ဘင်ဆန်မိသားစုက ပူးပြဿနာတက်နေတာပေါ့အဲ့ဒီအချိန်မှာသူ့ရဲ့လက်ထောက် ကလဲမ်ကိုပူးပြဿနာဖြေရှင်းနိုင်တယ်ဆိုပြီး ဘန်ဆင်မိသားစုဆီကပ်ခိုင်းပြီးမြေကွက်ပိုင်ဆိုင်ကြောင်းအထောက်အထားစာချုပ်ကိုရှာဖွေဖျက်စီးခိုင်းပါတော့တယ် Tomကတော့မြို့သားကြီးပေါ့ တွမ်ကသူ့ရဲ့သခင်နဲ့အတူ ဘန်ဆင်ခြံထဲကိုအလည်လာရင်း ကျွဲလက်ကနေသူ့ကိုကယ်တင်ပေးခဲ့တဲ့Jerryနဲ့ မိတ်ဆွေတွေဖြစ်သွားကြပါတယ် ဒီလိုနဲ့ ဘန်ဆင်မိသားစု ခရီးထွက်ချိန်မှာ ကျန်ခဲ့တဲ့ခရစ်ဒ်ချလီရဲ့လက်ထောက်ကလဲမ်ကသူ့ရဒ့အစီအစဉ်ကိုစပါတော့တယ်ကလဲမ်တစ်ယောက် စာချုပ်ကိုရှာတွေ့သွားမှာလား တွမ်နဲ့ဂျယ်ရီက သူတို့သခင်ရဲ့ခြံကြီးကိုအလွဲလွဲအမှားမှား‌တွေကြားကဘယ်လိုကာကွယ်မလဲဆိုတာ ဆိုတာဟာသနှောပြီးပေါ့ပေါ့ပါးပါးကြည့်ရှုရမှာဖြစ်တာကြောင့် စိတ်ရောလူရောပင်ပန်းနေကြမယ့်ကြည့်ရှုသူတွေအတွက် ခဏတာစိတ်အပန်းဖြေဖို့ တင်ဆက်ပေးလိုက်ရပါတယ်အညွှန်းရေးသားသူက Yunni ဖြစ်ပြီး ဇာတ်ကားဘာသာပြန်တွေကတော့ Yunni& HMပဲဖြစ်ပါတယ်  File size…628MB / 1.1GB Quality…720p AAC 5.1CH  / ...
movie

Tom and Jerry Cowboy Up! (2022)

2022
The Babysitter: Killer Queen (2020) 7.8
The Babysitter: Killer Queen (2020) Babysitter : Killer Queen ကတော့ 2017 ကထွက်ရှိခဲ့တဲ့ Babysitter ရဲ့အဆက် ဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင်တော့ အဓိကဇာတ်ကောင် ကိုးလ် ဟာ အထက်တန်းကျောင်းသား ဖြစ်နေပါပြီ  ဒါပေမဲ့ လွန်ခဲ့တဲ့ ၂နှစ်က အဖြစ်ဆိုးကြီးကို လူတိုင်းကို ပြောပြလိုက်မိတာကြောင့် ကျောင်းမှာရော အိမ်မှာရော  စိတ်ရောဂါရှိတဲ့ငကြောင်တစ်ကောင်လို သတ်မှတ်ခံနေရပြီး  စိတ်ငြိမ်ဆေးတွေသောက်နေရပါတယ် ဒီလိုနဲ့ တစ်နေ့ ကိုးလ်တစ်ယောက် သူ့ရဲ့ ခရက်ရှ်လေး  မယ်လန်နီနဲ့အတူ ကန်ပါတီကိုသွားဖို့အကြောင်းဖန်လာခဲ့ချိန်မှာတော့ ယခင် ၂ နှစ်က သူ့ရဲ့ အိပ်မက်ဆိုးကြီးကို ပြန်လည်ရင်ဆိုင်ရပါတော့တယ်File Size -  1.1 gb Quality - Web-dl 1080p Subtitle -  burmese Translator - Chuck Chuck Encoder - Thit San Khant
movie

The Babysitter: Killer Queen (2020)

2020