Channel Myanmar

Sean Jones

Spiral: From the Book of Saw (2021) Saw 9 5.8
Spiral: From the Book of Saw (2021) Saw 9 Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell  တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie

Spiral: From the Book of Saw (2021) Saw 9

4K HEVC
Pocket Dial Murder (2023) 5.7
Pocket Dial Murder (2023) ဖုန်းတွေကိုအိတ်ထဲထည့်ထားရင်းမထင်မှတ်ဘဲတခြားသူကိုဖုန်းခေါ်မိသွားတာမျိုးကြုံဖူးကြမှာပါ အဲဒါကို pocket-dial ဖြစ်တယ်လို့ပြောကြပါတယ် စတေစီဆိုတဲ့အမျိုးသမီးတစ်ယောက်ကတော့ သူ့ယောက်ျားဆီကနေ pocket-dial ဖြစ်ပြီးခေါ်လာတဲ့ဖုန်းကိုကိုင်မိပြီးမထင်မှတ်ဘဲလူသတ်မှုတစ်ခုကိုကြားလိုက်ရပါတယ် အဲဒီလူသတ်မှုကသူ့ယောက်ျားနဲ့ဘယ်လိုတွေပတ်သက်နေမလဲ သူတို့အမှန်တရားကိုဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကိုကြည့်ရှုရမှာပါ IMDb - 5.7/10 ရထားတဲ့ mystery & thriller ကားကောင်းတစ်ကားလည်းဖြစ်တာမို့လက်မလွှတ်သင့်ပါဘူး။ File size…(1.3 GB)/(670 MB)/(380 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama, Tv movie, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Pocket Dial Murder (2023)

BlackBerry (2023) 7.6
BlackBerry (2023) BlackBerry (2023)ဘလက်ဘယ်ရီဖုန်းလို့ပြောလိုက်ရင် ဘာကိုမှတ်မိကြမလဲ။ လူကြီးနဲ့လူလတ်ပိုင်းတွေက သူတို့တစ်ချိန်တစ်ခါကသုံးခဲ့တဲ့ဖုန်းကို မှတ်မိပြီး လူငယ်တွေအတွက်ကတော့ အပြောင်းအလဲကို အမှီမလိုက်နိုင်လို့ ကျရှုံးခဲ့ရတဲ့သမိုင်းသင်ခန်းစာအဖြစ် သိကြမယ်လို့ထင်တယ်။ ဘလက်ဘယ်ရီက အိုင်ဖုန်းထက်အရင် ပထမဆုံး စမတ်ဖုန်းဖြစ်ခဲ့ပေမယ့် အိုင်ဖုန်းက touchscreen နဲ့ဝင်မိတ်ဆက်လာတဲ့အခါမှာ Keypad ကနေ အမှီလိုက်မပြောင်းလဲနိုင်လို့ အိုင်ဖုန်းကဖြုတ်ချတာကို ခံလိုက်ရတဲ့ကုမ္ပဏီပေါ့။ဒီဇာတ်လမ်းကတော့ Biography သက်သက်မဟုတ်ပဲ ဒရာမာပြုထားတာတော့ အဖြစ်အပျက်အကြောင်းအရာအားလုံးက အမှန်ရယ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ဒီဇာတ်လမ်းကို ကြည့်အပြီးမှာ ဘလက်ဘယ်ရီရဲ့အောင်မြင်ခန်း ကျရှုံးခန်းတွေကို ကောင်းကောင်းကြီးသဘောပေါက်သွားမှာပါ။ ဇာတ်လမ်းသွားအတွက်လဲ တကယ့်အရေးကြီးဖြစ်ရပ်တွေကို သေချာရွေးချယ်တင်ဆက်ထားတာကြောင့် တော်တော်ကိုကြည့်ရတာလွယ်ကူအဆင်ချောပါတယ်။ ဒီလိုနည်းပညာဆိုင်ရာ ဇာတ်ကားတွေမှာ ဘာပြသနာရှိလဲဆိုရင် ရှုပ်ထွေးတဲ့အသုံးအနှုန်းတွေ လေးလံတဲ့အဖြစ်အပျက်သမိုင်းတွေကြောင့် ဝီကီပီးဒီးရားစာမျက်နှာဖတ်နေရသလိုဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ်ကလူပဲနားလည်ပြီး သာမန်လူတွေကနားမလည်နိုင်ကြတာပါ။ ဒီ Blackberry မှာတော့ နည်းပညာအသုံးအနှုန်းတွေကို အရိုးရှင်းဆုံးဖြစ်အောင် အလွယ်ကူဆုံးဝေါဟာရတွေသာ သုံးထားပြီး ဇာတ်လမ်းသွားကလဲ သွက်သေးတာမို့ အချိန်နှစ်နာရီလောက်ပေးပြီး သမိုင်းသင်ခန်းစာကောင်းတစ်ခုရမယ့်အခွင့်အရေးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Drama Quality…. 1080p | 720p | 480p File size… 1.42Gb | 743MB | ...
movie

BlackBerry (2023)

2023
Every Day (2018) 6.4
Every Day (2018) Every Day (2018) IMDb - 6.4/10_____Rotten - 63%   မိုးလင်းတိုင်း ဘဝအသစ်တစ်ခုမှာ လူအသစ်တစ်ယောက်လိုနေ့တိုင်းနိုးထလာရတဲ့ .... နေ့တိုင်းနေ့တိုင်းဘဝအသစ်တစ်ခုမှာရှင်သန်ရင်း သူ့ကိုယ်တိုင်ဖြစ်တည်မှုကိုတောင် မေ့လျော့လုဆဲဆဲအချိန်မှာပဲ သူဝင်ရောက်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဂျပ်စတင် ရဲ့ချစ်သူ ရီအန်နွန်နဲ့ တွေ့ဆုံလာခဲ့ရတဲ့အခါ... နေ့တိုင်းခန္ဓာကိုယ်ပြောင်းလဲနေပေမယ့် မပြောင်းလဲတဲ့ သူ့အချစ်စိတ်ကို ရီအန်နွန် သိအောင်ဘယ်လိုထုတ်ပြမလဲ? ရီအန်နွန်ကရောဘယ်လိုတံုံ့ပြန်မှာလဲ? ဘာတွေဆက်ဖြစ်မှာလဲ?  ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ကားလေးတစ်ကားပါ။ အားမလို အားမရမှုတွေ၊ကြည်နူးမှုတွေ စိတ်ခံစားချက်မျိုးစုံကိုခံစားရင်း အဆုံးထိဆွဲခေါ်ပေးသွားနိုင်တဲ့ကားလေးတစ်ကားဆိုလဲ မမှားပါဘူး။ ရိုးရိုးဇာတ်အိမ်တွေထဲကဖောက်ထွက်ထားတဲ့ ဒီကားသစ်လေးကတော့ Everyday (2018)ပါ။ Dramanကားကောင်းလေးတွေကြိုက်တဲ့CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မအေးမွန်ကျော် ပါ)     File Size : (800 MB) Quality : WEB-DL 720p Running Time : 1hr 37min Format : Mp4 Genre : Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-FGT Translated by Aye Mon ...
movie

Every Day (2018)

2018
Wish Upon (2017) 4.7
Wish Upon (2017) Wish uponBe careful what you wish forသင့်ဆုတောင်းကိုသတိပြုပါလူတိုင်းဆုတောင်းပြည့်ချင်ကြပါတယ်။ကိုယ်ဆုတောင်းတာတွေတကယ်ဖြစ်လာရင် အတိုင်းထက်အလွန်ပျော်ရွှင်တတ်ကြပါတယ်။ဒီဇာတ်ကားလေးကတော့ အမြဲတမ်းကျောင်းမှာအစအနောက်ခံနေရတတ်တဲ့ကောင်မလေးတစ်ယောက်က သူ့ဆီမှာဆုတောင်းပြည့်အိုးလေးတစ်ခုရလာပြီးပြောင်းလဲမှုတွေဖြစ်လာတဲ့အကြောင်းကိုရိုက်ပြထားတာပါ။ထိုအိုးလေးမှာ ဆုတောင်းရခုကိုပြည့်အောင်လုပ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ဒါပေမယ့် ဆုတောင်းတစ်ခုပြည့်မြောက်ပြီးတိုင်း ကိုယ်နဲ့သိတဲ့သူတစ်ယောက်အသက်ဆုံးရှုံးရတဲ့အကြောင်းကို ထိုကောင်မလေးကနောက်ကျမှသိလိုက်ရပါတော့တယ်။အကြောင်းကတော့ အိုးထဲမှာနတ်ဆိုးတစ်ကောင်ရှိနေတဲ့အတွက်ပဲဖြစ်ပါတယ်။ထိတ်လန့်ခြောက်ခြားဖွယ်ဇာတ်ကားတစ်ကားပါ။Horror ပရိသတ်တွေအတွက်တော့ တကယ့်ကိုအကြိုက်တွေ့စေမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ရဲမာန်အောင်ပါ။)  File Size : (700 MB) and (260 MB) Quality : Bluray 720p Running Time : 1hr 30min Format : Mp4 Genre :Fantasy, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Man Aung Encode by Thanhtike Zaw
movie

Wish Upon (2017)

2017