Channel Myanmar

Seann William Scott

Ice Age: A Mammoth Christmas (2011) 6.4
Ice Age: A Mammoth Christmas (2011) ဒီဇာတ်လမ်း​လေးက Ice ageရဲ့ခရစ္စမတ်အထူး ဇာတ်လမ်းတို​လေး ဖြစ်ပြီး ၂၀၁၁ခုနှစ်က ထွက်ရှိခဲ့တာပါ။ Ice Age 3 ပြီးတဲ့ကာလကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပြီး မန်နီနဲ့ အယ်လီတို့ရဲ့သမီး ပိချက်စ် စတင်ပါဝင်လာတဲ့ ဇာတ်လမ်း​လေးပါ။ခရစ္စမတ်အတွက် မန်နီတို့တ​တွေ ပြင်ဆင်​နေကြချိန် ထုံးစံအတိုင်း ဆစ်ဒ်​ကြောင့် ပြင်ဆင်ထားတာ​တွေ အကုန်ပျက်စီးသွားလို့ မန်နီက ​ဒေါသထွက်ပြီး ဆန်တာက​​လော့စ်ရဲ့ ခရစ္စမတ် လူဆိုးစာရင်းထဲမှာ ဆစ်ဒ်ပါသွားပြီဖြစ်​ကြောင်း ​ခြောက်လိုက်တာကို ဆစ်ဒ်ကတကယ် ထင်မှတ်ပြီး ​မြောက်ဝင်ရိုးစွန်းအထိသွားကာ ဆန်တာက​လော့စ်ကို ရှာဖို့ လုပ်ပါ​တော့တယ်။သူနဲ့အတူတူ ပိချက်စ်​အပြင် အက်ဒီနဲ့ ခရက်ပါ ပါသွားတာ​ကြောင့် မလွဲရရင် မ​နေနိုင်တဲ့ ဆစ်ဒ်ကို​ကြောက်တဲ့ မန်နီတို့တ​တွေပါ သူတို့ ​လေး​ယောက်ကို လိုက်ရှာရပါ​တယ်။ ​သူတို့ရဲ့ ဆန်တာရှာပုံ​တော်မှာ ဘယ်လိုအလွဲ​တွေ ဖြစ်ဦးမလဲဆိုတာ မိသားစုနဲ့အတူ ဒီပိတ်ရက်မှာ အပန်း​ဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်​ပေးလိုက်ပါတယ်။  File size…  655 MB Quality… Web-DL 1080p Format… mp4 Duration…. 26m Genre .....  Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

Ice Age: A Mammoth Christmas (2011)

2011
Ice Age: The Meltdown (2006) 6.8
Ice Age: The Meltdown (2006) ဒီဇာတ်ကားက Ice age franchiseရဲ့ ဒုတိယဇာတ်ကား ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားက ဆင်ကြီးမန်နီရဲ့ emotional damageကို အဓိကဦးတည်ထားတာပဲ ဖြစ်ပါတယ်၊ အ​မွေးရှည် မန်းမွန့်ဆင်မျိုးစိတ်ထဲမှာ သူသာကျန်ခဲ့​တော့တယ်လို့ ယုံကြည်ထားတဲ့ ဆင်ကြီးမန်နီဟာ အထီးကျန်​ဝေဒနာကို ခံစားခဲ့ရ သလို သူငယ်ချင်း​တွေဖြစ်တဲ့ ဒီ​ယေဂိုနဲ့ ဆစ်ဒ်တို့ဟာလည်း သူ့ကို မ​ဖျောင်းဖြနိုင်ခဲ့ပါဘူး။အဲဒီအချိန်မှာ မန်နီ့ဘဝရဲ့ကံ​ကောင်းမှုအဖြစ် အယ်လီဆိုတဲ့မျိုးတူ ဆင်မ​လေးတစ်​ကောင်ဟာ သူ့ဘဝထဲကို ​ဆိုက်ဆိုက်မြိုက်မြိုက်ပဲ ​ရောက်လာခဲ့ပါတယ်။ ဖြစ်ချင်​တော့ အယ်လီက ငယ်ဘဝမှာထဲက မိဘ​တွေနဲ့ သင်းကွဲပြီး ကြွက်​မိသားစုရဲ့ ပျိုး​ထောင်မှု​​ကို ခံခဲ့ရလို့ သူ့ကိုယ်သူ ကြွက်လို့ထင်​​နေတာပဲ ဖြစ်ပြီး အက်ဒီနဲ့ ခရက်ရှ်ဆိုတဲ့ ​မောင်နှစ်​ယောက်ပါ ရှိ​နေပါ​သေးတယ်။ဒါ​ကြောင့် ဆင်ကြီးမန်နီအ​နေနဲ့ အယ်လီကို လူပျိုမလှည့်ခင် သူ့ရဲ့ ဘဝမှန်ကို အရင်သိ​အောင် ​​ရှင်းပြရသလို သူ့​မောင်နှစ်​ကောင်ကို စည်းရုံး​ရေးဆင်းရင်း ကြုံရမယ့်အလွဲ​​အမှားတွေကို ဟာသ​နှောပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ File size…  5.9 GB / 2.1 GB /  1 GB Quality… Web-DL  4K HDR ...
movie

Ice Age: The Meltdown (2006)

2006
4K HEVCHDR
Ice Age: Dawn of the Dinosaurs (2009) 6.9
Ice Age: Dawn of the Dinosaurs (2009) ဒီဇာတ်ကားက Ice age franchiseရဲ့ တတိယဇာတ်ကား ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီကားရဲ့အဓိကဇာတ်​ဆောင်က အချစ်​တော် ဆ​လော့တ် ဆစ်ဒနီပဲဖြစ်ပါတယ်။ ကမ္ဘာဦး​ရေခဲ​ခေတ် မှာ သူတို့မသိထားတဲ့ ​မြေ​အောက်ကမ္ဘာတစ်ခု ရှိ​နေခဲ့ပြီး တစ်​နေ့မှာ အဲဒီကမ္ဘာကို သွားတဲ့ဝင်​ပေါက်တစ်ခုကို ဆစ်ဒ်က ကံ​အား​လျော်စွာ ရှာ​တွေ့သွားခဲ့ပါတယ်။ မိသားစုရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ဆစ်ဒ်ဟာ သူငယ်ချင်း မန်နီရဲ့မိသားစုဘဝကို အားကျ​တာ​ကြောင့် ကိုယ်ပိုင် မိသားစုတစ်ခုကို လိုချင်​နေခဲ့တာပါ။ ဒါ​ကြောင့် မြေ​အောက်ကမ္ဘာ မှာ​ ​တွေ့ခဲ့တဲ့ဥသုံးလုံးကို ဘူမသိကိုးမသိ ​မြေ​ပေါ်ကမ္ဘာကိုယူလာပြီး သူ့က​လေး​တွေလို ​ပျိုး​ထောင်ဖို့ လုပ်ခဲ့ပါတယ်။ဖြစ်ချင်​တော့ အဲဒီဥ​တွေဟာ ဒိုင်နို​ဆောဥ​တွေဖြစ်​နေပြီး မိခင်ရင်း ဖြစ်သူ ဒိုင်နို​ဆောမကြီးက ​မြေ​ပေါ်အထိ တက်လာပြီး သူ့က​လေး​ ​တွေကို ပြန်လာ​ခေါ်ရင်း ဥ​တွေကိုယူသွားတဲ့ ဆစ်ဒ်ကိုပါ ဖမ်းသွား လို့ မန်နီ ဒီ​ယေဂိုနဲ့ ကိုယ်ဝန်အရင့်အမာကြီး ဖြစ်​နေတဲ့ အယ်လီတို့ တစ်သိုက်ခမျာ သူတို့မကျွမ်းဝင်တဲ့ ​မြေ​အောက် ဒိုင်နို​ဆောကမ္ဘာ အထိလိုက်ပြီး ဆစ်ဒ်ကိုကယ်ဖို့ ကြိုးစားရပါ​တော့တယ်။ File size…    7.3 GB /   2.4 GB ...
movie

Ice Age: Dawn of the Dinosaurs (2009)

2009
4K HEVCHDR
Ice Age: Continental Drift (2012) 6.5
Ice Age: Continental Drift (2012) ဒီဇာတ်ကားက Ice age franchiseရဲ့ စတုတ္ထဇာတ်ကား ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းကြီးတစ်ခုလုံးမှာ အစကတည်းက ပါဝင်ခဲ့တဲ့ ဝက်သစ်ချသီးကိုမှ အရူးအမူးစွဲလမ်း ​နေတဲ့ ရှဉ့်​လေး​ကြောင့်ပဲ ဒီဇာတ်လမ်း မြစ်ဖျားခံလာခဲ့တယ်လို့ ​ပြောရမှာပါပဲ။ အမြဲတမ်း ကိုရီးယားကားလိုမျိုး တေ့လွဲလွဲ​နေတဲ့ ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း အဆိုပါရှဉ့်ဟာ ကမ္ဘာ့ဗဟိုချက် အူတိုင်ထဲကို ​ကျသွားပြီး သူ့ရဲ့ဂယက်​ကြောင့်ပဲ ကမ္ဘာဦး​ခေတ်ရဲ့ ကုန်း​မြေ​တွေ တစ်စစီပြိုကွဲသွားကာ ယ​နေ့​ခေတ် တိုက်ကြီး၇ခုရဲ့ ကနဦးဗားရှင်း​​တွေ ဖြစ်လာခဲ့ပါတယ်။ဒီသက်​ရောက်မှုကို အဓိကခံခဲ့ရတာက ​ကမ္ဘာပေါ်က တိရစ္ဆာန်​တွေ ဖြစ်ပြီး ​မြေလွှာပြတ်​ရွေ့မှု​တွေ​ကြောင့် ​​နေရပ်​ဌာနတွေ ပျက်စီးကာ မိသားစုပြိုကွဲမှု​တွေ ကြုံခဲ့ရပါတယ်။ အဲဒီထဲမှာ ဇာတ်လိုက်​ကျော် မန်နီတို့ မိသားစုလည်း ပါဝင်ခဲ့ပြီး ဇနီးအယ်လီ၊သမီးပိချက်စ်တို့ရဲ့ အ​ဝေးကိုရောက်သွားခဲ့တာ​ကြောင့် မိသားစုဆီပြန်ဖို့ မန်နီတို့အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှု​တွေ၊ ခရီးမှာကြုံရတဲ့ ဓါးပြ​အဖွဲ့ရဲ့ အန္တရာယ် ​တွေကို ​ကျော်ဖြတ်ဖို့ကြိုးစားမှု​တွေကို မြင်​တွေ့ရမှာပါ။ ဒီကားမှာ character အသစ်​တွေအဖြစ် ဒီ​ယေဂိုရဲ့ချစ်သူဖြစ်လာမယ့် ရှီရာ ဆိုတဲ့ ကျားမ​လေးနဲ့ ဆစ်ဒနီရဲ့ အဘွားဖြစ်သူပါ ပါလာတာ​ကြောင့် အလွဲအ​ချော်​တွေ၊ဟာသ​တွေနဲ့ Ice age​တွေရဲ့အရသာ မပျက်တဲ့ Animationဇာတ်ကား​ကောင်းပဲ ဖြစ်ပါတယ်။ File size…  ...
movie

Ice Age: Continental Drift (2012)

2012
4K HEVCHDR
Ice Age: Collision Course (2016) 5.7
Ice Age: Collision Course (2016) ဒီဇာတ်ကားက Ice age franchiseရဲ့ ပဥ္ဇမဇာတ်ကား ဖြစ်သလို ​နောက်ဆုံးဇာတ်ကားလည်း ဖြစ်ပြီး ၂၀၁၆နှစ်မှာ ထွက်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကလက်သည်ကလည်း ထုံးစံအတိုင်း ရှဉ့်​​လေး ဖြစ်ခဲ့ပြီး ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း ပန်းကန်ပြားပျံတစ်စင်း ​တွေ့ကာ အာကာသထဲ​ရောက်သွားရမှတဆင့် ဒီဇာတ်လမ်း စခဲ့ပါ တယ်။ သူ့ရဲ့ဂယက်​တွေ​ကြောင့်ပဲ ကမ္ဘာ​ပေါ်ကို ဥက္ကာခဲကြီးတစ်ခု ပြုတ်ကျလာပြီး အဲဒီဥက္ကာခဲက​နေတဆင့် ​​နောက်ထပ်ဥက္ကာခဲ​​တွေ တစ်လုံးပြီး တစ်လုံး ဆင့်ကျလာရင်း ကမ္ဘာပျက်မယ့်အ​ရေးအထိ ကြုံလာရပါ​တော့တယ်။ဒါ​ကြောင့် မန်နီ ဆစ် ဒီ​ယေဂိုတို့ သူငယ်ချင်း​တွေနဲ့ မိသားစုဝင်​တွေ Ice Age 3မှာ ပါဝင်ခဲ့တဲ့ ဘက်ခ်တို့ပါ ပြန်လည်ပါဝင်လာပြီး ကမ္ဘာ ပျက်မယ့်အ​ရေးကို ကာကွယ်ဖို့ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း မန်နီရဲ့သမီး​လေးပိချက်စ်မှာ ချစ်ရတဲ့သူရှိလာပြီး တစ်အိုးတစ်အိမ် ​ထူ​ထောင်ဖို့ ကြိုးစားလာတာ​ကြောင့် သမီးကို တုန်​နေ​အောင်ချစ်တဲ့ ဆင်ကြီးမန်နီခမျာ သမီးကိုလက်မလွှတ်နိုင်၊ နှ​မြောလည်းနှ​မြောပြီး သမီးဖြစ်သူရဲ့ ချစ်သူ သမက်​လောင်းကို ဘုကလန့်တိုက်ပုံ​တွေက အ​တော်​လေးရယ်ရပါတယ်။ ငယ်စဉ်ကတည်းက ကြည့်လာခဲ့ရတဲ့ Ice ageဆိုတဲ့အရသာကို sequel​တွေရဲ့ထုံးစံအတိုင်း အပြည့်အဝ မရနိုင်​ပေမဲ့ franchiseကြီးတစ်ခုလုံးကို အ​ကောင်းဆုံး ပိတ်သိမ်း ​ပေးနိုင်ခဲ့တဲ့၊ ကျွန်​တော်တို့ချစ်ခဲ့ရတဲ့ ဇာတ်​ကောင်​တွေကို ...
movie

Ice Age: Collision Course (2016)

2016
4K HEVCHDR
Old School (2003) 7.0
Old School (2003) ဒီဇာတ်ကားလေးကိုကြည့်ရင်း ကျွန်တော်သတိရမိတာကSuperbad တို့ American Pie တို့လိုကျောင်းသား comedy ကားတွေကိုပါပဲ။ တစ်ခုရှိတာက အဓိကဇာတ်ဆောင်တွေက ကျောင်းသားတွေမဟုတ်ကြဘူး၊ ဒါပေမယ့် ကျောင်းသားဟာသကားပါပဲ။ ဇာတ်လမ်းက မစ်ချ်မာတင်လို့ခေါ်တဲ့ သတ်လတ်ပိုင်းလူတစ်ယောက် အိမ်ကိုစောစောစီးစီးပြန်လာတဲ့အခါ ‌ အရိုးရဲ့ ‌‌‌အော်ပရာသီချင်းကိုလက်တွေဘဝမှာကြုံလိုက်ရပါတော့တယ်၊ ပိုတောင်ဆိုးသေးတယ်ဗျ သူ့မိန်းကလိင်စိတ်တော်တော်ပြင်းပြတော့ ယောကျ်ားခရီးသွားတိုင်းအဖွဲ့လိုက်ကြီးလုပ်နေကျ။ အဲဒီလိုနဲ့ စိတ်ဒဏ်ရာရသွားတဲ့ မစ်ချ်ကို သူ့သူငယ်ချင်းတွေကအရာအားလုံးကို‌မေ့နိုင်အောင်ကူညီဖို့ကြိုးစားကြတဲ့အခါ ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ဘယ်လိုတွေကူညီကြမှာလဲဆိုတာကိုအလွဲအချော်လေးတွေနဲ့ တင်ဆက်ထားလို့ အတော်ကိုရယ်ရပါတယ်ခင်ဗျာ။ ‌ ဇာတ်ဆောင်တွေအနေနဲ့ကလဲcomedyချစ်သူပုရိတ်သတ်နဲ့မစိမ်းတဲ့ Charlie's Angel,Death at a funeral, Idiocracy တို့မှမင်းသားLuke Wilson ပါမက Step Brothers, Anchor Man,Zoo Lander တို့မှမင်းသား Will Ferrell အပြင်ကိုWedding Crushers, The Watch, Zoo Lander တို့မှVince Vaughn တို့လို ဟာသကျော်ကြီးတွေသုံးယောက်ပေါင်းဘယ်လိုလောင်းကျော်ထားမလဲဆိုတာကိုကြည့်ရမှာဖြစ်တဲ့အပြင် IMDB 7.0 တောင်ရထားတာဆိုတော့မြည်းစမ်းကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ File size…  3 GB ...
movie

Old School (2003)

2003
Role Models (2008) 6.8
Role Models (2008) Role Models (2008) - ကတော့ ဟာသနဲ့ဘဝအစိတ်တစ်ပိုင်း (Bromance-Comedy-Slice of Life)အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုရိုက်ကူးတင်ဆက်ထားတာကတော့ Director David Wain ကပဲပုံဖော်ပြသထားတာဖြစ်ပြီးတော့ 2009 ခုနှစ်မှာ အကောင်းဆုံးဟာသကား (Best Comedy) နဲ့ လူငယ်များရဲ့အများဆုံးရွေးချယ်သောရုပ်ရှင် (Teen Choice)ဆိုပြီး ဆုနှစ်ခုရရှိထားပါတယ်။ ဒီကားထဲက Danny ကတော့ မာဗယ်ရဲ့ စူပါဟီးရိုးကြီး Ant Man ဖြစ်တဲ့ Paul Rudd ပါပဲ။ Wheeler အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Sean William ကတော့ Ice Age movie တွေထဲက အသံသရုပ်ဆောင်ကြီးဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုညွှန်ရမယ်ဆိုရင်တော့ကိုယ့်အလုပ်နဲ့ ဘဝကိုစိတ်ပျက်နေတဲ့ Danny နဲ့ အဲဒီအလုပ်ကိုပဲလုပ်ပြီး ပျော်ပျော်နေတတ်တဲ့ Wheeler တို့နှစ်ယောက်ကတော့ လုပ်ဖော်ကိုင်ဖက်တွေပါ။ Danny က လက်ပေါက်လည်းကပ်သလို လူတွေကိုလည်း ဆတ်ဆတ်ထိမခံလောက်တဲ့အထိ ...
movie

Role Models (2008)

Dude, Where’s My Car? (2000) 5.5
Dude, Where’s My Car? (2000) Dude, Where's My Car? (2000) ======================အိမ်ကလူကြီးတွေနဲ့ အတူမကြည့်ရမယ့် PG-13 ဟာသကား ကောင်းလေးတစ်ခုတဲ့နော်။ Y2k vibe အပြည့်ရစေမယ့် 2000 ခုနှစ်ရဲ့ ဗန်းစကားတွေ၊ ဖက်ရှင်တွေ၊ အသုံးအဆောင်တွေ၊ ကလပ် ယဉ်ကျေးမှုတွေအားလုံးကတော့ မတွေ့ချင်မှအဆုံးပါပဲ။ ဇာတ်လမ်း အစကနေ အဆုံးအထိ လှိုင်နေအောင်ကြားရမယ့် နာမည်၂ခုကတော့ "ဂျက်စီနဲ့ ချက်စတာ" ဆိုတာပါပဲ။၁၀၉/၁၁၀ ပုလင်းတူဘူးဆို့ဘော်ဒါနှစ်ကောင် ဂျက်စီနဲ့ချက်စတာဆို ပြီး မူးလို့ရှူစရာတောင် များများစားစားမရှိ၊ လတ်လျားလတ်လျားလုပ် နိုင်တဲ့နေရာမှာ နာမည်ကြီးကြပါတယ်။ စာကြမ်းပိုးဒီဇိုင်းနဲ့ ဆေးခိုးချ လောက်တဲ့ရုပ်ရည်တွေဆိုတော့လည်း လက်ရှိစော်လေးနှစ်ယောက် ကလွဲလို့ တခြားဘယ်မိန်းကလေးမှ အဖက်လှည့်မလုပ်သည်ပေါ့။ ဒီလိုနဲ့ လူမှန်းသူမှန်းမသိအောင် မူးရူးသွားတဲ့တစ်ညကြောင့် ဂျက်စီနဲ့ချက်စတာ တို့ ကိုယ်တိုင်တောင်မမှတ်မိတဲ့ ပြဿနာတွေကို ပေါက်တန်းစေ့လိုက် ရှင်းရပါတော့တယ်။ညကလက်ဆော့မိတာတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်နေပေမယ့် မနက်ရောက်တယ်ဆို ကားကပျောက်၊ အလုပ်ကပြုတ်၊ စော်ကပစ်နဲ့ Surprise တွေဆိုတာ ဖြန်းခနဲ ဖြန်းခနဲပေါ့။ ကားထဲမှာ စော်လေးတွေ ကိုပေးဖို့ လက်ဆောင်ပါတယ်ဆိုတာကလွဲလို့ ဘာမှမမှတ်မိပေမယ့်လည်း အလုပ်မရှိအကိုင်မရှိဘဝရောက်ပြီမို့ မထူးဇာတ်ခင်းပြီး ကားရှာပုံတော် ထွက်ကြပါလေရော။ ကားပျောက်အကြောင်း ချောင်းပေါက်အောင်လိုက် စုံစမ်းတဲ့အခါမှာ ကြံရဆုံရမယ့် ဗရုတ်သုတ်ခတွေ၊ ပြေးမလွတ်မယ့်အမှု တွေကို အလှည့်အပြောင်းကောင်းကောင်းနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Dude, Where’s My Car? (2000)

2000
The Wrath of Becky (2023) 6.0
The Wrath of Becky (2023) The Wrath of Becky (2023) =================== IMDb Rating - 6.0/10 2020 တုန်းက ထွက်ထားတဲ့ Becky ကားရဲ့ Sequel ပါ။ 2020 ကားထက်လည်း IMDb rating ပိုမြင့်ပါတယ်။ ပထမ ကားမှာ သူ့အဖေကို သတ်သွားတဲ့ လူလေးယောက်ကို ပြန်သတ် ခဲ့တဲ့ ဘက်ကီက မိဘမဲ့ဖြစ်သွားတော့ မွေးစားမဲ့သူတွေရှိလာ ပေမဲ့လည်း ဘက်ကီက သူ့ခွေးလေး ဒီယေးဂိုကိုခေါ်ပြီး တစ် အိမ်ပြီးတစ်အိမ်ကနေ ထွက်ပြေးပါတယ်။ တစ်နေ့မှာတော့ အယ် လီနာဆိုတဲ့ အဘွားကြီးတစ်ယောက်က ဘက်ကီ့ကိုလမ်းကြုံခေါ် တင်ပေးရာကနေ ဘက်ကီတို့နှစ်ယောက် အယ်လီနာနဲ့ပဲ နေဖြစ် သွားကြပါတယ်။ ဒါပေမဲ့ ကံကြမ္မာကဖန်လာပြန်တော့ ဘက်ကီ့ကြောင့်ပဲ အယ်လီနာ အသတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ ဘက်ကီ့ရဲ့ လက်စားချေတဲ့ခရီးစဉ် ကြီး ပြန်လည်စတင်ပါတော့တယ်။ ၁၃နှစ်အရွယ်ဘက်ကီနဲ့ ၁၆နှစ် အရွယ် ဘက်ကီတို့ ဘယ်လိုကွာခြားသွားမလဲ၊ သစ္စာရှိခွေးလေး ဒီယေးဂိုကရော ဒီတစ်ခေါက်မှာ ဘက်ကီ့ကိုဘယ်လိုကူညီဦးမလဲ။ ရက်ရက်စက်စက် သွေးထွက်သံယို လူသတ်မှုတွေပါဝင်တဲ့အတွက် ကြောင့် အသည်းငယ်သူများ ကြည့်ရှုဖို့မသင့်တော်ပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size..........(772 MB) ...
movie

The Wrath of Becky (2023)

Cop Out(2010) 5.7
Cop Out(2010) Cop Out 2010=========== ဂျင်မီနဲ့ ပေါလ်တို့က နယူးယော့ခ်ရဲတပ်ဖွဲ့က စုံထောက်တွေပါသူတို့အတူတူ အလုပ်လုပ်ခဲတ့ာ ကိုးနှစ်ရှိပါပြီ စုံစမ်းရင်းနဲ့အမှားလုပ်မိတာကြောင့် တာဝန်က လစာမပေးဘဲ ရပ်နားခံလိုက်ရပါတယ်ဂျင်မီရဲ့ သမီးလေး အေဗာကလည်း ခြောက်လအတွင်းမှာလက်ထပ်တော့မယ် ဂျင်မီတစ်ယောက် တစ်ဦးတည်းသောသမီးလေးမင်္ဂလာဆောင်အတွက် ပိုက်ဆံပေးဖို့ မတတ်နိုင်ပါဘူးဂျင်မီအတွက် တစ်ခုတည်းသော အားကိုးစရာက သူ့အဖေထားခဲ့တဲ့အန်ဒီပက်ဖ်ကိုရဲ့ ရှားပါး ဘေ့စ်ဘောကတ်လေးပါ သူနှမြောပေမဲ့ရောင်းရပါတော့မယ် ကံဆိုးနေတဲ့ ဂျင်မီ ဘေ့စ်ဘောကတ်သွားရောင်းရင်း ဆိုင်ကို ဓားပြတိုက်ခံရပါတော့တယ် ဓားပြတိုက်သွားတဲ့ဆေးသမားက ကတ်ကို ဆေးဝယ်ဖို့ ရောင်းလိုက်ပါပြီ ဒီလိုနဲ့ ဂျင်မီနဲ့ပေါလ် နယူးယော့ခ် မူးယစ်ရာဇာပို့ဘွိုင်းနဲ့ ပတ်သက်မိပါတော့တယ်စုံထောက် ဂျင်မီနဲ့ ပေါလ်ရဲ့ ဘေ့စ်ဘောကတ်ပြန်ရှာမဲ့ စွန့်စားခန်းကြီးအဆင်ပြေပါ့မလား ဘယ်လိုတွေလွဲကြဦးမလဲဆိုတာကိုတော.. (အညွှန်းနဲ့ ဘာသာပြန်တော့ Phu Myat Thwe ပဲ ဖြစ်ပါတယ်)File size…1.51GB / 578MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 47m Genre ..... Horror , ...
movie

Cop Out(2010)

[18+] Road Trip (2000) 6.4
[18+] Road Trip (2000) IMDb Rating (6.4)Euro Trip ကိုကြည့်ဖူးလို့ကြိုက်ရင် ဒါလေးလဲထပ်ကြည့်ဖို့တိုက်တွန်းပါတယ်..ကျောင်းသားဘဝ လူငယ်ဘာဝ ရဲရင့်ရိုးသားတဲ့အလွဲတွေနဲ့ ခွီနေရမယ့်ဇာတ်ကားပါ။ဇာတ်လမ်းကတော့... ဂျော့ရှ် နဲ့ တစ်ဖနီ တို့ဟာ ငယ်ငယ် ကတည်းက အတွဲညီလာခဲ့တဲ့ သူတွေပါ အသက်တွေ ကြီးလာတော့လည်း ချစ်သူတွေဘဝကို ရောက်ခဲ့ပါတယ်။ ဒီလိုနဲ့ အထက်တန်း အောင်ပြီး ကောလိပ်တက် ရတဲ့အခါ တနယ်စီဝေးကွာ ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ အချင်းချင်းနေ့စဉ်ကြုံရသမျှတွေကို အချင်းချင်း ဖုန်းနဲ့ ပြန်ပြောဖို့ ကတိထားခဲ့ပါတယ်။ဂျော့ရှ်ကလဲ တစ်ဖနီရဲ့ အပေါ်သစ္စာစောင့်သိခဲ့ပါတယ် ဒီလိုနဲ့ တစ်နေ့မှာ သူက တစ်ဖနီကို သူရဲ့ ချစ်စကားတွေ ပြောပြထားတဲ့ ဗီဒီယိုခွေလေးကို ပို့ပေးဖို့လုပ်ပါတော့တယ်။ဒါပေမဲ့ အဲ့ညမှာပဲ ဂျော့ရှ်က ကောင်မလေးတစ်ယောက်နဲ့ ပျော်ပါးမိပါတယ်။ အဲ့လို ပျော်ပါးတာကိုလည်း ဗီဒီယို ရီကော့ဒ်လုပ်ထားပါတယ်။တကယ်တမ်း တစ်ဖနီ့ဆီကို ဗီဒီယို ပို့တဲ့အခါမှာ အခွေချင်းမှားပို့မိပါတော့တယ်။ဒါပေမဲ့ သူကံကောင်းတာက တစ်ဖနီက ကျောင်းကို နောက်သုံးရက်နေမှ ပြန်ရောက်မှာဖြစ်တဲ့အတွက် တိပ်ခွေက ကျောင်းသားရေးရာ ဋ္ဌာနမှာပဲရှိပါသေးတယ်။ဒီလိုနဲ့ ဂျော့ရှ်ဟာ တစ်ဖနီ ပြန်မရောက်ခင် တိပ်ခွေ ပြန်ရဖို့ မိုင်ပေါင်းထောင်ချီတဲ့ ခရီးကို သူငယ်ချင်းတွေနဲ့ ...
movie

[18+] Road Trip (2000)

2000
Bloodline (2019) 6.9
Bloodline (2019) ဒါ‌ကတော့ပူပူနွေးနွေးထွက်ရှိလာတဲ့ Psychological horrorကားပဲဖြစ်ပါတယ်။Horrorကားတစ်ကားအနေနဲ့တော့ ကောင်းတဲ့rattingတွေလည်းရထားပါတယ်။အယ်ဗန်ဟာ မိန်းမနဲ့သားလေးတစ်ယောက်ရှိနေပေမယ့်ငယ်စဉ်ကဖခင်ဖြစ်သူနှိပ်စက်တာတွေခံခဲ့ရပြီးငယ်ဘဝအိပ်မက်ဆိုးတွေကနေရုန်းထွက်မရဘဲစိတ်ဖိစီးနေတဲ့သူတစ်ယောက်ပါ။သူကအထက်တန်းကျောင်းတစ်ကျောင်းမှာအဆင်မပြေဘဲအခက်အခဲတွေကြုံနေရတဲ့ကျောင်းသားတွေကိုနှစ်သိမ့်ဆွေးနွေးပေးရတဲ့သူဆိုတော့ကျောင်းသားတွေအိမ်တွင်းအကြမ်းဖက်မှုတွေခံနေရတာသိပြီးကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းပေးသူတစ်ယောက်ပေါ့။သူ့မိန်းမကလေးမွေးဖွားပြီးနောက်မှာ သူ့အမေကလည်း သူတို့နဲ့လာနေပါတယ်။သူ့အမေရောက်လာတာရော သူတို့အတွက် ကောင်းမွန်မှုတွေဖြစ်လာစေမှာလား၊သူ့မိန်းမကရော သူ့အကြောင်းတွေသိသွားတဲ့အချိန်မှာဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီကားလေးမှာဆက်လက်ရှုစားလိုက်ပါ။ File Size : ( 906 MB , 295 MB)Quality :  WEB-DL 720pRunning Time : 1 hr 58 minFormat : Mp4Genre : Horror , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by  Moe LayEncoded by Moe Myint Lwin 
movie

Bloodline (2019)

2018
Bulletproof Monk 5.5
Bulletproof Monk အက်ရှင်ကားလေးတွေကြိုက်နှစ်သက်တွေအတွက်သဘောကျမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ဒုတိယကမ္ဘာစစ်တွင်းမှာ တိဘတ်တောင်တန်းပေါ်မှာ အနန္တစွမ်းအင်တွေရနိုင်မယ့်ပေလိတ်ကိုစောင့်ရှောက်တဲ့ဘုန်းကြီးတွေနေထိုင်ပြီးအနှစ်၆၀တစ်ခါ စောင့်ရှောက်သူလွှဲပြောင်းပါတယ်နာဇီစစ်ဗိုလ်တစ်ယောက်ဟာအဲ့ဒီစွမ်းအင်ကိုတပ်မက်လွန်းလို့ အနှစ်၆၀တိုင်တိုင်ဇွဲကြီးကြီးနဲ့လိုက်နေပါတယ် နာဇီရဲ့အကြံကတော့သူစွမ်းအားတွေရရင်နိမ့်ကျတယ်လို့သူယူဆရဲ့တဲ့လူမျိုးစုတွေ အပြတ်ရှင်းပြစ်ပြီးသူ့စိတ်တိုင်းကျကမ္ဘာတည်ထောင်မှာဖြစ်ပါတယ် ဒါကိုကာကွယ်ဖို့ဘုန်ကြီးဟာအနှစ်၆၀ထွက်ပြေးရင် နှစ်၆၀ပြည့်တဲ့အချိန်မှာဘယ်သူ့ကိုစောင့်ရှောက်သူအဖြစ်လွှဲအပ်မလဲ နာဇီစစ်ဗိုလ်ကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ပေါ့ပေါ့ပါးပါးအက်ရှင်ကားကောင်းတစ်ကားအနေနဲ့ကြည့်ရမှာပါပေလိတ်ကိုစောင့်ရှောက်သူဘုန်းကြီးအဖြစ်အားလုံးရင်နှီးမှာဖြစ်တဲ့ဟောင်ကောင်မင်းသားကြီးChow Yun Fatကပါဝင်သရုပ်ဆောင်ထားပါတယ် Translated & Review By Nu MonEncoded By LK
movie

Bulletproof Monk

2003
Planet 51(2009) 6.1
Planet 51(2009) Planet 51(2009) IMDb......6.1 ဆရာကြီးချစ်ဦးညိုစာအုပ်တွေကို အတော်များများဖတ်ဖူးကြမယ်ထင်ပါရဲ့.... ကျွန်တော်တို့ရင်းနှီးခဲ့တဲ့ ဗီလိန်တွေအတော်များများကို ဆရာကြီးဟာ အဓိက ဇာတ်လိုက်မင်းသားအဖြစ် ပြန်လည်အသက်သွင်းတယ်... ဒီတော့ ဆရာကြီးရေးသားထားတဲ့ ဒီလိုဇာတ်ကောင်မျိုးစာအုပ်တွေမှာ ဆို ဇာတ်လမ်းကြီးကိုပြောင်းရသလိုဖြစ်နေတယ်... ဆိုပေမယ့် ကျွန်တော်တို့ အားလုံးဆရာကြီးရေးတဲ့စာအုပ်တွေဖတ်ပြီး အရမ်းနှစ်ခြိုက်ကြသလို တခြားရှုထောင့်တစ်ခုလည်းရှိပါသေးလားဆိုတဲ့ အသိလည်းရသွားတယ်..... ဒီကာတွန်းကားလေးကလည်း ဒီလိုပါပဲ..... အစိမ်းရောင်ဂြိုလ်သားတွေဘက်ကနေရိုက်ကူးထားတာပါ... သူတို့အနေနဲ့ကြည့်ရင် ကျွန်တော်တို့ဟာ ပြောလို့တောင်မရနိုင်တဲ့ အန္တရယ်ရှိဆုံးဂြိုလ်သားတွေပေါ့လေ..... ဒီတော့ အစိမ်းရောင်ဂြိုလ်သားတွေဟာ ထင်မြင်ချက်ပေါင်းများစွာနဲ့ ကြိုတင်ကာကွယ်မှုတွေပေါင်းစုံလုပ်သလို စောင့်ကြည့်ရေးတပ်ဖွဲ့ပေါင်းများစွာနဲ့လည်း သူတို့ဂြိုလ်ကို ကာကွယ်ထားတယ်.... သို့ပေမယ့် တစ်နေ့တော့ သူတို့ဂြိုလ်ကို အမေရိကန်အလံကြီးကိုင်ပြီး အာကာသယာဉ်မှုးကမ္ဘာဂြိုလ်သားတစ်ယောက်ဆင်းချလာပါလေရော.... အစိမ်းရောင်ဂြိုလ်အတွက် တကယ့်ကိုသွေးပျက်ဖွယ်ရာအဖြစ်ပါပဲ.... ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Cynthia ပဲဖြစ်ပါတယ်...  File Size : (957 MB) and (419 MB) Quality : Blu-Ray 720p Format…mp4 Duration…01:31:00 Genre :  Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Phyo Pyae
movie

Planet 51(2009)

2009
Final Destination (2000) 6.7
Final Destination (2000) Final Destination(2000) IMDb......6.7/10  (Blu-Ray 1080p 5.1 CH,Blu-Ray 720p တို့ဖြင့် အရောင်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….))Horror ကားကြိုက်နှစ်သက်သူတို့အဖို့  ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင်Final Destination တွေကိုပြောကြမှာသေချာသလောက်ပါပဲ....ယ္ခုနောက်ပိုင်းထွက်တဲ့ horror ကားတော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ.......Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင်ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး....မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5)ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ... ယ္ခုလည်း New Line Cinema ကFinal Destination Reboot ကိုစတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက်  အရည်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်..... --------------------------------------------------------- File Size : (1.6GB) and (856MB) Quality : Blu-Ray 1080p ...
movie

Final Destination (2000)

2000
Super Troopers 2 (2018) 6.8

Super Troopers 2 (2018)

2018
American Pie 8: American Reunion (2012) 6.7
American Pie 8: American Reunion (2012) American Pie 8: American Reunion (2012) IMDb - 6.7/10_____Rotten - 45%   နာမည်ကျော်ကျောင်းသား ဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နောက်ဆုံးဇာတ်ကားကို ထပ်ဖြည့်လိုက်ပြီဖြစ်တာကြောင့် American Pie (၈) ကားလုံးမြန်မာစာတန်းထိုးနဲ့တင်ဆက်ပြီးပါပြီ။ ဒီဇာတ်ကားမှာတော့ မူလဘူတ American Pie အဖွဲ့သားတွေ အသက်တွေကြီး ... အိမ်ထောင်တွေ ဘာတွေကျပြီးသွားတာတောင် ဘယ်လောက်ထိ လွဲချော် သောင်းကျန်းကြဦးမလဲဆိုတာကို တွေ့ရမှာပါ။ အနောက်တိုင်းဆန်ဆန် ဟာသရောနှောပြီး ပွင့်လင်းစွာ တင်ဆက်ထားတာကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။   American Pie ဇာတ်ကားအကုန်လုံးကို https://channelmyanmar.org/?s=american+pie မှာ Download လုပ်လို့ရပါတယ်။  File size...(905 MB) Quality...Blu-ray Rip 720p Format...mp4 Duration....01:53:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်
movie

American Pie 8: American Reunion (2012)

2012
American Pie 3: American Wedding (2003) 6.3
American Pie 3: American Wedding (2003) American Pie 3: American Wedding (2003) IMDb - 6.3/10_____Rotten - 54%   နာမည်ကျော်ကျောင်းသားဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နံပါတ်(3)ဇာတ်ကားပါ။ American Pie မင်းသားတွေ ဒီဇာတ်ကားမှာ အဆုံးသတ်သလောက်ဖြစ်သွားပြီး နောက်ကားတွေမှာ နောက်မင်းသားတွေနဲ့ ဆက်သွားတော့မှာပါ။ American Reunion (2012) ဇာတ်ကားကျမှ ဒီမင်းသားတွေပြန်ဆုံကြမှာပါ။ အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကိုဟာသရောနှောပြီး အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။   American Pie ဇာတ်ကားအကုန်လုံးကို https://channelmyanmar.org/?s=american+pie မှာ Download လုပ်လို့ရပါတယ်။   Download Link (2) ပိုင်းလုံးကိုဒေါင်းပါ။ ၂ ပိုင်းခွဲထားလို့ပါ။   File size...(Part 1 - 534 MB) (Part 2 - 273 MB) Quality...Blu-ray Rip 720p Format...mp4 Duration....01:43:23 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်
movie

American Pie 3: American Wedding (2003)

2003