Channel Myanmar

Sebastian Croft

I’ll Find You (2019) 7.1
I’ll Find You (2019) I'll Find You (2019)===============IMDb Rating - 7.1/10ချစ်ခြင်းအစ မုန်းခြင်းကလို့ ဆိုသလို ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်အသီးအပွင့်တွေဟာ အမုန်းပင်စည်ကြီးကနေ အခြေတည်တယ်။အချစ်နဲ့ အမုန်းဟာ ဆန့်ကျင်ဘက်ဖြစ်သလို ကိုယ်တို့အတွက် အရာရာတိုင်း နီးပါးကလည်း ဆန့်ကျင်ဘက်ဖြစ်နေတယ်။ကက်သလစ်တစ်ယောက်ဖြစ်တဲ့ ကိုယ် ဂျူးလူမျိုးတစ်‌ယောက်ဖြစ်တဲ့ မင်းဘာသာရေးကွဲပြားချက်တွေကြောင့် ပေါင်းစည်းဖို့ ခက်ခဲနေတဲ့ကြားက စစ်ပွဲကြီးက ကိုယ်တို့ကို ခွဲခဲ့တယ်။မည်သို့ပင်ဖြစ်စေကာမူ ရေကန်ဟာ ကြာရှိမှ သင့်သလို ကိုယ်ဟာလည်း မင်းရှိမှ ဖြစ်မှာပါ။အလားတူ ကိုယ့်ရဲ့ အသံက မင်းလေးရဲ့ တယောသံလေးနဲ့မှ ပိုလို့ ငြိမ့်ညောင်းနိုင်မှာမလို့ ဘာတွေပဲ ဖြစ်လာလာ ကိုယ်မင်းကို တွေ့အောင် ရှာမှာပါ ....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(2.4 GB) / (863 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 56Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Music, Romance Translator.......Act Molemy Encoder..........SWM
movie

I’ll Find You (2019)

2019
Wonderwell (2023) 4.9
Wonderwell (2023) Wonderwell (2023) ===============လွယ်လွယ်ပြောရရင် ၁၂ နှစ်အရွယ် ကောင်မလေးတစ်ယောက်ရဲ့ အိမ်ပြန်နိုင်ဖို့ ကြိုးစားတဲ့ဇာတ်လမ်းလေးပေါ့။ ဒါပေမဲ့ ဒီကောင်မလေး မှာ ထူးခြားတာက ပန်းပွင့်လေးတွေနဲ့ ပတ်သက်တဲ့ မှော်အစွမ်းတွေ ရှိနေတာပါပဲ။ ပန်းပွင့်လေးတွေကို ထိလိုက်တာနဲ့ သူ့ရဲ့လက်မှာ လာ ရစ်နွယ်သွားပြီး လက်ကောက်လေးတစ်ခုလို ဖြစ်သွားတတ်တယ်။ သူကတော့ ဒီအစွမ်းတွေကို လျှို့ဝှက်ထားရင်းနဲ့ပဲ နေလာခဲ့ပါတယ်။ တစ်ရက်မှာတော့ စုန်းမကြီးရှိတယ်လို့ နာမည်ကြီးတဲ့ တောအုပ်ကြီး ထဲက ရေတွင်းတစ်ခုဆီ ရောက်သွားခဲ့ပြီး အဲဒီရေတွင်းကနေ တခြား ကမ္ဘာတစ်ခုဆီ ရောက်ရှိသွားခဲ့ချိန်မှာတော့....ဒီလိုနဲ့ သူ့ရဲ့ အိမ်အပြန် ခရီးစဉ်ကို စတင်ရတော့တာပေါ့။အိမ်ပြန်နိုင်ဖို့ ကြိုးစားတယ်ဆိုတော့ သူ့မိသားစုက နွေးထွေးတဲ့ မိသား စုလေးမို့လို့နေမယ်လို့ တွေးလိုက်မိရင်တော့ မှားသွားလိမ့်မယ်။ အချိန်ပြည့် ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်တဲ့ အဖေဖြစ်သူရယ်၊ အရယ် အပြုံးမရှိတဲ့ အမေဖြစ်သူရယ်၊ မော်ဒယ်ရူးရူးနေတဲ့ အစ်မဖြစ်သူရယ် ဒီသုံးယောက်ရှိတဲ့ အိမ်ကိုပါတဲ့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.4 GB) / (544 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 36Min Subtitle...........Myanmar ...
movie

Wonderwell (2023)

2023
Dampyr (2023) 5.5
Dampyr (2023)  ဇာတ်လမ်းအစမှာတော့ ဒရက်ကာဆိုတဲ့ဗန်ပိုင်းယားမျိုးနွယ်အမှောင်ကြီးသခင်ကြီးဟာ စုန်းမတစ်ယောက်နဲ့ ချစ်ကြိုက်မိပြီး စုန်းမမှာ ကိုယ်ဝန်ရှိသွားပါတယ်၊ ကလေးမွေးဖွားတဲ့အချိန်တဲ့မှာ စုန်းမျိုးနွယ်တွေဟာ ဒရက်ကာကိုလာလို့မရအောင်တားဆီးကြတယ်၊ အကြောင်းကတော့ မွေးဖွားလာတဲ့ကလေးဟာ သာမန်ဗန်ပိုင်းယားတွေထက် အဆင့်မြင့်ပြီး အမှောင်သခင်ကြီးတွေကိုသတ်နိုင်တဲ့ အစွမ်းရှိတဲ့ ဒန်ပီရာဖြစ်လာနိုင်လို့ပဲဖြစ်ပါတယ်၊ ဒါပေမယ့် စုန်းမျိုးနွယ်တွေက ဒန်ပီရာကလေးလေးကို လူသူမသိအောင် အချိန်တစ်ခုကြာအောင်ဖွက်ထားပြီးစောင့်ရှောက်ထားလိုက်ကြတယ်.. ကမ္ဘာကြီးဟာ ဗန်ပိုင်းယားတွေကြောင့် သေဆုံးမှုတွေမြှင့်တက်နေကြတယ်၊စစ်တပ်ကလည်း လူတွေကိုစု၊ လက်နက်တွေပေးပြီး ဗန်ပိုင်းယားတွေကိုတိုက်ခိုက်ခိုင်းပေမယ့် ထင်သလောက်မအောင်မြင်ပါဘူး။ဒီလိုနဲ့ ဒန်ပီရာအရွယ်ရောက်လာတော့ပါတယ်၊ သူ့မှာအမှန်တကယ်အစွမ်းရှိမှန်းမသိပေမယ့်ဒန်ပီရာဆိုတဲ့နာမည်နဲ့ မကောင်းဆိုးဝါးနှိမ်နှင်းရေးလုပ်ပြီးပိုက်ဆံလိမ်ကာ တစ်မြို့ဝင်တစ်မြို့ထွက်ရှာဖွေစားသောက်နေတယ်၊ တစ်ဖက်မှာကွန်မန်ဒါ ကူရီယက်ဟာ မြို့တစ်မြို့မှာ သွေးစုပ်ဖုတ်ကောင်တွေတိုက်ခိုက်ခံနေရပြီးသတ်ဖို့နည်းလမ်းမသိတာကြောင့်အကျပ်ရိုက်နေပါတယ်။ သူ့အဖွဲ့ထဲကတစ်ယောက်ကဒန်ပီရာက သူတို့ကိုသတ်နိုင်လို့ပြောတဲ့အတွက် သူနဲ့ပူပေါင်းဖို့အတွက်သွားခေါ်လိုက်တဲ့အခါမှာတော့......  File size…1.35GB  / 532MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 49m Genre ….. Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Dampyr (2023)

Where Is Anne Frank (2022)
Where Is Anne Frank (2022)   Anne Frank ရဲ့ဇာတ်လမ်းကိုတော့တော်တော်များများသိကြမယ်ထင်ပါတယ်။မသိသူတွေအတွက်ကတော့ Anne Frank ဆိုတာဒုတိယကမ္ဘာစစ်ဖြစ်တုန်းက ဟော်လန်မှာနေတဲ့ဆယ်ကျော်သက်အရွယ်ဂျုးမိန်းကလေးတစ်ယေက်ပါ။ နာဇီတွေဟော်လန်ကိုသိမ်းပိုက်အပြီးမှာတော့ သူတို့ရဲ့လူမျိူးတုန်းသတ်ဖြတ်မှုဟာ Anneတို့အနားကိုရောက်ရှိလာပါတယ်။ဒါနဲ့Anne တို့မိသားစုဟာ Anne အဖေအလုပ်ရဲ့အပေါ်ထပ်လျှို့ဝှက်တိုက်ခန်းမှာ အခြားဂျုးမိသားစုတစ်ခုနဲ့တူတူသွားပုန်းကြပါတယ်။ပုန်းနေရတဲ့နှစ်နှစ်ကျော်ကာလအတွင်းမှာ Anne ဟာသူ့ရဲ့ အတွေ့အကြုံအခက်အခဲတွေကို ဒိုင်ယာရီရေးပြီးမှတ်တမ်းတင်ခဲ့ပါတယ်။Anne တို့ဟာနောက်ဆုံးမှာတော့ကံမကောင်းရှာပဲ နာဇီတွေကရှာတွေ့သွားပြီး အားလုံးကိုအရှေ့ဘက်မှာရှိတဲ့ Concentrate Camp တွေကိုပို့လိုက်ပါတယ်။Anne ရဲ့အဖေ Otto Frank ကလွဲရင်ဘယ်သူမှအသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး။Otto ဟာရုံးက၀န်ထမ်းတစ်ယောက်ကပေးလို့ Anne ရဲ့ဒိုင်ယာရီပြန်ရပြီး တခြားလူတွေကိုဝေမျှပေးနိုင်ဖို့ ဒိုင်ယာရီကိုစာအုပ်ထုတ်‌ဝေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အခုချိန်မှာတော့ Diary of Anne Frank ဟာကမ္ဘာမှာနာမည်အကြီးဆုံးစာအုပ်တစ်အုပ်ဖြစ်နေပါပြီ။ဒီကားလေးကတော့ Anne Frank ရဲ့ဇာတ်ကြောင်းကိုကွန့်မြူးထားတာမျိုးပါ။Anne ဟာဒိုင်ယာရီရေးတိုင်း သူ့ရဲ့စိတ်ကူးထဲကသူငယ်ချင်းဖြစ်သူ Kitty ဆီ စာရေးပြီးရင်ဖွင့်တဲ့ပုံနဲ့ရေးတတ်ပါတယ်။ယခုခေတ်မှာ Anne ရဲ့ဒိုင်ယာရီက မှင်စွန်းသွားပြီး စာလုံးတွေကနေတဆင့် တကယ်ကောင်မလေးတစ်ယောက်အဖြစ် Kitty ဟာအသက်၀င်လာပါတယ်။သူက ဒိုင်ယာရီထဲကဖြစ်ရပ်တွေကိုပဲမှတ်မိပြီး အခုခေတ်မှာ သူငယ်ချင်းဖြစ်သူ Anne ကိုရှာနိုင်ဖို့ကြိုးစားပါတယ်။ဒီကားလေးမှာ Anne ရဲ့ဒိုင်ယာရီထဲကအဖြစ်အပျက်တချို့ရော Kitty ...
movie

Where Is Anne Frank (2022)

The Hippopotamus (2017) 6.4
The Hippopotamus (2017)   ဒါကတော့ ယခုနှစ်မှာ ထွက်ရှိလာတဲ့ The Hippotamus ဆိုတဲ့ comedy မျိုးအစားဇာတ်ကားလေးဖြစ်ပါတယ် တစ်ချိန်ကလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမယ့် သတင်းစာတိုက်မှာအလုပ်လုပ်နေရတဲ့ ကဗျာဆရာ တက်ဒ်ဝေါလေ့စ်ကဆိုရင် ဝီစကီကိုအရမ်းနှစ်ခြိုက်တဲ့သူပါ တနေ့သူအလုပ်ပြုတ်သွားပြီးပိုက်ဆံမရှိလို့ စိတ်ညစ်နေတဲ့အချိန်မှာ သူ့ရည်းစားဟောင်းရဲ့သမီး ဂျိမ်းက သူ့ဆီရောက်လာပြီး အလုပ်တစ်ခုလာအပ်ပါတယ် ဂျိမ်းမှာသွေးကင်ဆာရှိနေပြီး သိပ်မကြာခင်သေဆုံးတော့မယ်လို့ဆရာဝန်တွေက ပြောပါတယ် ဒါပေမယ့် ဂျိမ်းကသူ့ဦးလေးမိုက်ကယ်လိုဂန်ပိုင်တဲ့ ဆွာ့ဖော့မှာနေခဲ့စဉ်က သူ့ရောဂါကို ကုသမှုခံယူခဲ့ရတဲ့ အံ့ဖွယ်ကိစ္စတွေရှိနေတယ်လို့ ပြောပါတယ် တက်ဒ်ကိုစရန်ငွေ ဒေါ်လာ ၂၅၀၀၀ ပေးပြီး အံ့ဖွယ်ကိစ္စတွေကို စုံစမ်းဖို့ စေလွှတ်လိုက်ပါတယ် တက်ဒ်ဟာ တစ်ချိန်က မိုက်ကယ်ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့အပြင် မိုက်ကယ့်ညီမရဲ့ရည်းစားဟောင်းလဲဖြစ်နေပါတယ် ဒီတော့ မိုက်ကယ်က တက်ဒ်အပေါ်ဘယ်လိုသဘောထားတွေရှိနေမလဲ တက်ဒ်တစ်ယောက် ဆွာ့ဖော့မှာ နေဖို့ဘယ်လိုကြိုးစားရမလဲ တက်ဒ်က သူဖော်ထုတ်စုံစမ်းရမယ့်အံ့ဖွယ်ကိစ္စတွေကို ဘယ်လိုဖော်ထုတ်မလဲဆိုတာတွေကို ဟာသလေးနှောပြီးရိုက်ပြထားတာပါ ဘယ်လိုအံ့ဖွယ်တွေတွေ့ရမှာလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူရမှာပါ ဒီဇာတ်ကားထဲမှာ အခုဖော်ပြထားတဲ့ ကာရိုက်တာတွေအပြင် တခြားအဓိကကာရိုက်တာတွေလဲ ပါဝင်ထားပါသေးတယ် အဲဒါတွေကိုတော့ အရသာပျက်သွားမှာစိုးလို့မပြောပြတော့ပါဘူး ...
movie

The Hippopotamus (2017)

2017