Channel Myanmar

Seiko Matsuda

Armageddon (1998) 6.7
Armageddon (1998) Armageddon (1998) (Disaster Film/Thriller) နာမည်ခပ်ဆန်းဆန်းဆိုတော့ ကြည့်ဖူးပြီးသားသူတွေက မှတ်မိနေမှာဖြစ်ပေမယ့် မကြည့်ဖူးသေးတဲ့ သူတွေအတွက် တော့ အနည်းငယ် ခေါ်ရခက်နေမယ်ထင်ပါတယ်။ Armageddon ဆိုတာက သမ္မာကျမ်းစာထဲက စကားလုံးဖြစ်ပြီး End of the things အရာအားလုံးရဲ့ အဆုံးသတ်လို့ အဓိပ္ပာယ်ရပါတယ်။ Armageddon ရဲ့ အစက …. NASA လွန်းပျံယာဉ် Atlanti က အာကာသမှာ စူးစမ်းရေးလုပ်နေစဉ်မှာပဲ ဥက္ကာပျံ ထိမှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။ NASA သူတို့ယာဉ်ပျက်စီးတဲ့အကြောင်းရင်းကို ရှာဖွေရင်း ယာဉ်ပျံကို Texas ပြည်နယ်နီးပါးကြီးမားတဲ့ ဥက္ကာပျံ က ဝင်တိုက်မိပြီး ပျက်ဆီးသွားခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒါပေမယ့် ဥက္ကာပျံက အာကသယာဉ်ကို ပျက်စီးသွားစေရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီဥက္ကာပျံရဲ့ လမ်းကြောင်းက ကမ္ဘာမြေကို ဦးတည်နေပြီး လက်ရှိ အရှိန်နှုန်းနဲ့ အရွယ်အစားအရ ကမ္ဘာကို တိုက်မိမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားပြီး ဒိုင်နိုဆောတွေ မျိုးတုန်းသလို လူသားတွေမျိုးတုန်းသွာမယ်လို့ တွက်ချက်ခန့်မှန်းရပါတယ်။ ...
movie

Armageddon (1998)

1998
4K HEVC
Tombstone of the Fireflies 6.7
Tombstone of the Fireflies -------- မငိုပါနဲ့ ဆဲဆုကို ---------ညီမလေး ဟိုမှာကြည့်လိုက် ပိုးစုန်းကြူးလေးတွေမြေကြီးပေါ်မှာခင်းထားတဲ့ဖျာစုတ်လေးပေါ်မှာနွမ်းဖတ်ဖတ် အညိုရောင်ပြောင်းနေတဲ့ အဖြူရောင်လက်ရှည် အကျီ င်္လေး ကိုဝတ်ထားပြီး ခွေခွေလေးလှဲအိပ်နေတဲ့ ၄ နှစ်အရွှယ်ကလေးမလေး ခပ်တိုတို တုတ်တုတ် လေသံမပျော့မမာနဲ့ အားမရှိလို့လား အရမ်းများအိပ်ချင်နေလို့လား သူ့အကိုမျက်နှာကို မကြည့်ဘဲပြောလိုက်တယ်" ကိုကြီး ဒီအရုပ်လေးယူထားလိုက်ကိုကြီးအတွက် "လို့ပြောပြီး သူကိုင်နေကြ ကိုယ်ပွား အရုပ်မလေး ကို လက်လေးပိစီ နဲ့ ခေါင်းပိုင်းကကိုင်ပြီး ဖြည်းဖြည်းလေး ကမ်းပေးနေတယ်။ခဏလေးအတွင်းမှာဘဲ ကလေးမလေးက ပါးလေးတစ်ချက်တွန့်ပြီးအေးစက်တဲ့မြေကြီးပေါ်မှာ အိပ်သွားပျော်သွားတယ်။.....အစကတော့ ငါ့ကိုဘာလို့ပေးမှန်းမသိဘဲစဉ်းစားနေမိတယ်ဟာ......ငါ့ကိုပေးချင်လို့မှာမဟုတ်ဘဲ နင်ယူသွားချင်လို့င့ါကိုပေးတာကို.......ပိုးစုန်းကြူးလေးတွေ နာမည်ကိုဘဲ သစ်သားပြားပေါ်မှာရေးပြီး မြေကြီးပေါ်မှာစိုက်ပေးရမယ်ထင်ထားတာ.... ...ပိုးစုန်းကြူးလေတွေ အများကြီး ညီမလေးဘေးနားမှာရှိတော့ တစ်ယောက်တည်းမဖြစ်ပဲ နင်တွေ့ချင်တဲ့ မေကြီးနဲ့ တွေ့လို့ရသွားပြီပေါ့............။။။။။။။။ဆဲဆုကို င့ါကိုထားမသွားပါနဲ့ဟာ။။။။။။။။ဒီရုပ်ရှင်ကားကို ၂၀၀၈ ခုနှစ် ဇူလိုင်လ ကထုတ်လွှင့်ခဲ့ပြီး ဇာတ်ကားရဲ့ မှုရင်းနာမည်က Hotaru no haka 火垂るの墓 ဖြစ်ပါတယ်။Grave of the Fireflies ...
movie

Tombstone of the Fireflies

2008