Channel Myanmar

Selva Rasalingam

The Veteran (2011) 5.8
The Veteran (2011)  ရောဘတ်မဲလ်လာတစ်ယောက် အာဖဂန်စစ်ပွဲကနေ သူ့ရဲ့အိမ်ရှိရာလန်ဒန်တောင်ပိုင်းကဂန်းစတားတွေအများစုအခြေချရာနေရာကိုပြန်လာခဲ့ပါတယ်. ဂျုံးစ်ဆိုတဲ့မူးယစ်ရာဇာကသူ့လက်အောက်မှာအလုပ်လုပ်ဖို့အတွက် ကမ်းလှမ်းခဲ့ပေမယ့်သူကတော့ ပယ်ချခဲ့ပါတယ်။ဒီလိုနဲ့အလုပ်မရှိဖြစ်နေတဲ့သူ့ကိုသူငယ်ချင်းဖြစ်သူက လူသိမခံတဲ့အစိုးရပိုင်းဆိုင်ရာအလုပ်တစ်ခုနဲ့မိတ်ဆက်ပေးပြီးတဲ့နောက်မှာတော့ သူလုပ်ကိုင်ရမှာ အကြမ်းဖက်တွေနဲ့ထပ်မံပတ်သက်နေတယ်ဆိုတာသိရှိရပြီးတဲ့နောက်...... ဒီဇာတ်ကားက ဗြိိတိန်အက်ရှင်ကားအမျိုးအစားဖြစ်ပြီးတော့ အစိုးရပိုင်းဆိုင်ရာဟာ အကြမ်းဖက်တွေနဲ့ဘယ်လိုကူးလူးဆက်သွယ်လှုပ်ရှားနေကြတယ်ဆိုတာကိုပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်.ကြာချိန်အနေနဲ့က ၁နာရီခွဲဖြစ်ပြီး Action, Crime , Thrillerအမျိုးအစားဖြစ်ပါတယ်။  File size…1.69GB / 559MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

The Veteran (2011)

The Mummy (2017) 5.7
The Mummy (2017) အရင် Mummy ဇာတ်ကား တွေနဲ့ မတူတဲ့အချက်ကတော့ မင်းသား တွမ်ခရုဇ်က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီးအရင်ဇာတ်ကားတွေနဲ့ ကွဲပြားအောင် ဘယ်လိုဇာတ်အိမ်တည်ထားသလဲဆိုတာ စိတ်ဝင်စားစရာပါ။ခရူးဆိတ်စစ်ပွဲမှာပါဝင်ခဲ့တဲ့ သူရဲကောင်း အဖွဲ့ဟာ အေဒီ ၁၁၂၇ မှာရှေးဟောင်းအီဂျစ်နိုင်ငံကနေ ပတ္တမြားကြီးတစ်လုံးရခဲ့ပြီး ဂူတစ်ခုထဲမှာ အမှတ်သညာနဲ့ မြှုပ်နှံထားပါတယ်။ယနေ့ခေတ်လန်ဒန်မြို့မြင်ကွင်းနဲ့အတူ မြေအောက်ရထား လမ်းဖောက်လုပ်တဲ့ လုပ်သား တွေဟာ ခရူးဆိတ်စစ်ပွဲ  သူရဲကောင်းရဲ့ ဂူကိုရှာဖွေတွေ့ရှိခဲ့ပြီး လုပ်ငန်းခွင်ထဲက ထူးဆန်းတဲ့အရာတွေကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဂူတွေကို စူးစမ်းလေ့လာရင်း အမှတ်အသားတစ်ခုအရ နောက်ကြောင်း ပြန်ကြည့်တဲ့အခါ ဖာရိးဘုရင်တစ်ပါးရဲ့ သမီးတော် အာမာနက်မင်းသမီးနဲ့ ပတ်သက် တဲ့အကြောင်းအရာပေါ်လာခဲ့ပါ တယ်။အာမာနက် မင်းသမီးဟာ ထီးနန်းအမွေဆက်ခံမယ့် မင်းသမီးတစ်ပါးအဖြစ် နေရာရခဲ့ပေမယ့်သူ့ခမည်းတော်ရဲ့ ဒုတိယဇနီးက သားတော်မွေးဖွားခဲ့တဲ့အတွက် မင်းသမီးရဲ့ အခွင့်အာဏာတွေအကုန်လုံး လက်လွှတ်ရမယ့် အနေအထားဖြစ်ခဲ့ပါတယ်။အဲဒါနဲ့ အာမာနက်ဟာ သူသာလျှင် ထီးနန်းဆက်ခံသူဖြစ်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး အီဂျစ် နတ်ဆက်ကို သူ့ရဲ့ဝိညာဉ်ကို ယစ်ပူဇော်ခဲ့ပါတယ်။ ...
movie

The Mummy (2017)

2017
4K HEVC
Prince of Persia: The Sands of Time (2010) 6.6
Prince of Persia: The Sands of Time (2010) Prince of Persia (2010)Prince of Persiaဟာ ကျွန်တော်တို့ ဟိုးငယ်ငယ် နာရီပေးနဲ့ဆော့ခဲ့ရတဲ့ P2ခေတ်ကတည်းက နာမည်ကြီးခဲ့ပါတယ်။ နောက်ပိုင်း Mobile Game အထိ ရှိခဲ့သလို ဒီနှစ်ထဲလည်း Ubisoftက remakeပြန်ထုတ်ဖို့ အထိလုပ်ထားပါတယ်။ Prince of Persiaဟာ ဒီလို ခေတ်အဆက်ဆက်အထိ မမှေးမှိန်သေးတဲ့ နာမည်ကျော်ဂိမ်းစီးရီးတစ်ခုပါပဲဒီရုပ်ရှင်ကတော့ Prince of Persia , Sand of time ဂိမ်းTrilogy က အချက်အလက်တွေကို သုံးပြီး 2010မှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ legend actorကြီး Jake Gyllenhaalနဲ့ Ben Kingsley တို့အပြင် ဆွဲဆောင်မှုအပြည့်နဲ့ မမGemma Artertonတို့က သရုပ်ဆောင်ထားပါတယ်။ရုပ်ရှင်က ပါရှားတွေရဲ့ စစ်မက်တွေ မတည်ငြိမ်တဲ့ ခေတ်ကာလမှာ တည်ထားတာဆိုတော့ နန်းဆောင်ကြီးတွေ ၊ စစ်တပ်‌တွေ ...
movie

Prince of Persia: The Sands of Time (2010)