Channel Myanmar

Seo Hyo-rim

In Dream (2023) 6
In Dream (2023) In Dream (2023)လူတွေရဲ့သဘာဝကတော့ အိပ်မက်ဆိုတာ မက်ပြီးရင် မနက်ကျ မေ့သွားတတ်ကြတာများပါတယ် မနက်ထိ သတိရရင်တောင် တစ်နေကုန် မှတ်မိနေဖို့က ခဲယဉ်းပါတယ်ဒါပေမဲ့ ကိုယ့်အိပ်မက်ထဲတောင်မဟုတ်ဘဲ သူများအိပ်မက်ထဲထိပါ ဝင်ပြီး ထိန်းချုပ်လို့ရမယ်.. ကိုယ်လုပ်ချင်တာတွေလုပ်လို့ရမယ်ဆိုရင်တော့ တကယ်ကို ဆန်းကြယ်သွားပါပြီဒီဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်ဖြင့် ဟုန်းဟွာဆိုတဲ့မိန်းကလေးက သူများအိပ်မက်ထဲမှာ ဝင်ပြီးဆက်သွယ်နိုင်နေတာပါ.. ဒါပေမဲ့ အရာရာက သူငယ်ချင်း ပျောက်ဆုံးတဲ့နေရာမှာ စတင်လာခဲ့တယ်ဟုန်းဟွာရဲ့ သူငယ်ချင်းကို ပြန်ပေးဆွဲသွားတဲ့ လူသတ်သမားဟာ ရက်စက်လွန်းတဲ့အတွက် ရဲတွေကလည်း အသေရရအရှင်ရရ ဖမ်းချင်နေတာပါ.. အဲလိုနဲ့ ဟုန်းဟွာလည်း အဲအမှုမှာပတ်သက်ခဲ့ရပြီးတော့ လူသတ်သမားနဲ့ စိတ်နဲ့ စီးချင်းထိုးရမယ့်အဖြစ်တွေနဲ့ ကြုံရပါတော့တယ်နောက်ဆုံးမှာ အဲလိုတွေသဘာဝလွန်ဖြစ်ရပ်တွေကြုံနေရတဲ့ ဟုန်းဟွာတစ်ယောက် လူသတ်သမားကို ဖမ်းတဲ့နေရာမှာကူညီနိုင်မလား... နောက်ဆက်တွဲကြုံလာရမယ့်အဖြစ်တွေကိုရော ခံနိုင်ရည်ရှိပါ့မလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Crime, Thriller Quality…. 1080p | 720p File size… 889MB | 419MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar ...
movie

In Dream (2023)

2023
Closer to Heaven (2009) 6.6/10
Closer to Heaven (2009) Closer to Heaven (2009) မင်းသမီးဟာဂျီဝန် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ် အသုဘအခမ်းအနားတွေကိုပြင်ဆင်လုပ်ကိုင်ပေးတဲ့ ဂျီဆူးဟာ အရမ်းကိုကြင်နာစိတ်ရှိတဲ့​ကောင်မ​လေးပါ လူ​​တွေကိုလည်းအတတ်နိုင်ဆုံးကူညီ​​ပေးတတ်ပါတယ် ဒါ​ပေမယ့် သူဟာ လူ​​သေအ​လောင်း​တွေကို အလှပြင်​ပေးရတဲ့သူမို့လို့ သူ့ရဲ့လက်ကို မင်္ဂလာမရှိတဲ့လက်ဆိုပြီး​ ပြောဆိုကြပါတယ် ရည်းစားဟောင်းဖြစ်သူကလည်း ပြတ်ဖို့အ​ကြောင်းရှာမရ​တော့ သူ့ရဲ့လက်က​ကြောက်ဖို့​ကောင်းလို့ဆိုပြီးဖြတ်သွားခဲ့ပါတယ် ဒီလိုသနားစရာကောင်းလှတဲ့ဘ၀မှာ နေထိုင်နေရတဲဲ့ ဂျီဆူးဘ၀ထဲကို တစ်နေ့မှာတော့ ဂျုံးဝုဆိုတဲ့ လူတစ်​ယောက်ဝင်​ရောက်လာခဲ့ပါတယ် ေပြာရရင် ဂျုံးဝုဟာလည်း လူ​ကောင်းတစ်​ယောက်​တော့မဟုတ်ပါဘူး ကုသလို့မရနိုင်တဲ့ ကြွက်သားအားနည်း​ရောဂါကိုခံစား​နေရတဲ့ လူတစ်​ယောက်ပါ ဒါ​ပေမယ့်လည်း သူဟာ သူ့ဘဝကို အရှုံးမ​ပေး​ပါဘူး ရှေ့နေတစ်​ယောက်မဖြစ်ဖြစ်အောင်ကြိုးစားမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့သူပါ သူဟာ ဂျီဆူးကို မြင်မြင်ချင်းချစ်မိခဲ့ပြီး သူ့နားမှာ​နေ​ပေးဖို့ တောင်းဆိုခဲ့ပါတယ် လူ​တွေကိုကြင်နာသနားတတ်တဲ့ ဂျီဆူးဟာလည်း သ​ဘောတူခဲ့ပြီး​​တော့ ဂျုံးဝုခံစားနေရတဲ့ ရောဂါကို ပျောက်ကင်းအောင်ကူညီပေးမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ် Drama ဇာတ်ကားဖြစ်​နေတာနဲ့အညီ လွမ်း​ဆွေးငို​ကြွေးရတဲ့ရသတွေကို သေချာ​ပေါက်ခံစားကြည့်ရှုရမှာပါ ရှေ့ဆက်ပြီး သူတို့နှစ်​ယောက်အခက်အခဲ​တွေကို ဘယ်လိုရင်ဆိုင်​ဖြေရှင်းကြမလဲဆိုတာ​တွေ သူတို့နှစ်​ယောက်ကြားက ခိုင်မာတဲ့ချစ်ခြင်းတရား​တွေကို တ၀ကြီး ကြည့်ရှုရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကကြည့်လိုက်ရင်ရိုးသလိုဖြစ်နေပေမယ့် ကြည့်ရှုသူကိုအဆုံးထိဆွဲခေါ်သွားနိုင်ပါတယ် ဘာပဲပြောပြော ဇာတ်ကားကောင်းတစ်ကားဆိုတာကိုတော့ ငြင်းလို့မရနိုင်ဘူးပေါ့ Drama ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်ကြောင့် မျက်ရည်ခိုင်ခိုင်ထားပြီမှး ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thet Hnin Hsu ပါ Encoded by August File Size - 2GB , ...
movie

Closer to Heaven (2009)