Channel Myanmar

Seo Jae-kyeong

Welcome to Dongmakgol (2005) 7.6
Welcome to Dongmakgol (2005) Welcome to Dongmakgol (2005)ဒီတစ်ခါမှာတော့ 2005ခုနှစ်က ထွက်ရှိခဲ့တဲ့ ကားလေးနဲ့မိတ်ဆက်ပေးပါ့မယ်။ဒီကားလေးကတော့ 1950ခုနှစ် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြား စစ်ပွဲကာလကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ဝေးလံခေါင်းပါးတဲ့ တောင်ပေါ်‌‌‌မှာ လက်ရှိခေတ်အခြေအနေနဲ့ ဝေးကွာနေတဲ့ ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးရှိပါတယ်။လေယာဉ်ပျက်ကျပြီး ဘာသာစကားမတူညီ လူမျိုးမတူညီတဲ့ ရွာလေးကိုရောက်လာတဲ့ အမေရိကန်လေတပ်က ကပ္ပတိန်တစ်ဦးရယ်....စစ်ပွဲကြောင့် တောထဲလမ်းပျောက်နေကြတဲ့ တောင်ပိုင်းက စစ်သား၂ယောက်နဲ့ မြောက်ပိုင်းက စစ်သား၃ယောက်ရယ်....ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးမှာ ရေစက်လာစုံကြပါတော့တယ်။တစ်ဖက်က လူမျိုးမတူတဲ့ လေတပ်ကကပ္ပတိန်.... နောက်တစ်ဖက်မှာက တကယ့်ရန်သူတော်ကြီးတွေ.... ကြားထဲမှာကတော့ ဘာဆိုဘာမှမသိတဲ့ ရိုးသားတဲ့ ရွာသူရွာသားတွေသူတို့ကြားထဲက အလွဲလေးတွေကို ဟာသနှောရိုက်ကူးထားပေမယ့်ထည့်ထားတဲ့အနှစ်သာရတွေကတော့ အချစ်၊အမုန်း၊သံယောဇဉ် စသဖြင့် အစုံအလင်ပါပဲ။ရယ်လည်းရယ်ချင်တယ် နွေးထွေးပြီး အရသာ‌ကောင်းတာလေးလည်း ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ဖို့ အကြံပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama, War Quality….WEB-DL 1080p and 720p and 360MB File size…2.1GB and 1.1GB and ...
movie

Welcome to Dongmakgol (2005)

2005
Spring, Summer, Fall, Winter… and Spring (2003) 8.0
Spring, Summer, Fall, Winter… and Spring (2003) Spring, Summer, Fall, Winter... and Spring (2003)====================================IMDb Rating - 8.0/10#Unicodeဒီနေ့မှာ ဒီနှစ်မှာ ဒီဘ၀မှာ ကြုံရတဲ့ဒုက္ခဝေဒနာသံသရာလို့ ခင်ဗျားတို့ခေါ်ကြတဲ့ ထပ်ဖန်တလဲလဲဖြစ်ပျက်တဲ့ သဘောတရားအတိုင်း ဖြစ်ပျက်နေမယ်ဆိုရင် ဒီဒုက္ခတွေဟာ ရင်ဆိုင်နိုင်စရာရှိပါ့မလား။နွေကန္တာဦးကိုဖြတ်သန်းပြီးတဲ့အခါ ဂိမာနနွေဂိမာနနွေကိုကျော်လွန်သွားတဲ့အခါ ရွက်ကြွေဆောင်းဦး ဆောင်းဦးကိုကျော်လွန်သွားတဲ့အခါ ဟေမန္တဆောင်းပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ဒွန်တွဲလို့ ဒီအရာတွေအားလုံးကို ကျော်လွန်ပြီးသွားတဲ့အခါ နွေကန္တာဦးဟာ ပြန်မွေးဖွားလာပြန်တယ်။အဆုံးမသတ်တတ်တဲ့ သဘောသဘာ၀ရှိပါတဲ့ ဒီသံသရာကြီးမှာ ကျွန်တော်တို့ ခြေလှမ်းတွေနဲ့ထပ်ကြပ်မကွာ အပြစ်၀န်တွေဟာ လေးလံလှစွာ ပါလာတယ်။နွေဦးပြ‌ီးတော့နွေ နွေပြီးတော့ဆောင်းဦ; ဆောင်းဦးပြီးတော့ဆောင်း ဆောင်းပြီးတော့နွေ အားလုံးဟာ ဒီအပြစ်၀န်တွေကို သယ်ကာပိုးကာနဲ့ ရှေ့ဆက်ကြရဦးမယ်။ကဗျာဟောင်းကလေးထဲကလိုဆိုရရင် မာယာတွေရစ်သိုင်းထားတဲ့ လောကဓံတရားရဲ့အောက်မှာ ဘယ်လူသားကမှတော့ ဒဏ်ရာနဲ့ မကင်းခဲ့ပါဘူး။ ကျွန်တော်တို့သယ်ပိုးထားရတဲ့ ဒဏ်ရာတွေကို လွှတ်ချဖို့ အဖြေက အချိန်ပါပဲ။ အချိန်ဟာ အရာအားလုံးရဲ့ အဖြေပါပဲ။ဒီအရာတွေ ဘယ်အချိန်မှာရပ်သွားမလဲ ဒီရင်ထဲမှာချည်နှောင်ထားတဲ့အပြစ်၀န်တွေကို ဘယ်လိုဖြေချရမလဲ ဆိုတဲ့အဖြေကတော့ ကိုယ်တိုင်ရဲ့ ရင်ထဲမှာပဲရှာရမယ်။အဖြေမရှာနိုင်‌သေးသမျှတော့ ...
movie

Spring, Summer, Fall, Winter… and Spring (2003)

2003