Channel Myanmar

Shane Brady

The New Boy (2023) 6.5
The New Boy (2023) The New Boy (2023) =============== IMDb Rating - 6.5/10ဒါရိုက်တာ Warwick Thornton ရဲ့ လက်ရာဖြစ်ပြီး မင်းသမီးကြီး ကိတ် ဘလန်းချက်က သီလရှင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒုတိယ ကမ္ဘာစစ်ကာလကို အခြေခံထားပြီး ဩစတြေးလျတောင်ပိုင်းရဲ့ အလှအပ တွေနဲ့ ခရစ်ယာန်ဘာသာရေးနဲ့ မူရင်း ဒေသခံ အဘိုရီဂျီနယ်မျိုးနွယ်တွေရဲ့ ယုံကြည်မှု လွန်ဆဲပုံကို သရုပ်ဖော်ထားတာပါ။ ဒါရိုက်တာ Warwick Thornton ဟာ ဘာသာရေးဆက်နွယ်ပြီး တွေးစရာတွေပေးတဲ့ လေးနက်တဲ့ ကားမျိုး တွေကို ရိုက်တတ်တဲ့သူမို့ ဒီရုပ်ရှင်ဟာလည်း လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က တည်းက သူကိုယ်တိုင်ဇာတ်ညွှန်းရေးခဲ့တာဖြစ်ပြီး ကိတ်ဘလန်းချက်နဲ့ စကားပြောရင် သူရိုက်ချင်တယ်ဆိုလို့ ဖြစ်မြောက်လာခဲ့တာပါ။ဩစတြေးလျ တောင်ပိုင်းက လူသူမနီးတဲ့ ခရစ်ယာန်ကျောင်းတစ်ကျောင်းမှာ မိဘမဲ့ ကောင်လေးတွေ အများကြီးကို စစ္စတာအိုင်လင်းဆိုတဲ့ သီလရှင်က စောင့်ရှောက်ထားပါတယ်။ အဲဒီဘုရားကျောင်းကို တကယ်ဦးစီးသူက ဒွန်ပီ တာ ဆိုတဲ့လူဖြစ်ပြီး သူသေသွားတာ တစ်နှစ်ကျော်တာတောင် စစ္စတာအိုင် လင်းတို့က ဖုံးကွယ်ထားပြီး သူရှိသေးသယောင်နဲ့ ဘုရားကျောင်းကို ဆက်ဦး စီးနေခဲ့တာပါ။ တစ်နေ့မှာတော့ ...
movie

The New Boy (2023)

2023
Spring(2014) 6.7
Spring(2014)  ဒီဇာတ်ကားလေးကတော့ အချစ်ကားတွေ အဖြစ်မှန်လို ထိတ်လန့်စရာတွေကို ကြိုက်တတ်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ အီဗန်ဆိုတဲ့ ကောင်လေးတစ်ယောက်က ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေဖို့ အီတလီကို ခရီးနှင်လာပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်မလေး လူးဝစ်နဲ့ တွေ့ဆုံကြတဲ့ သူတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်နယ်မြို့လေးရဲ့ အလှအပလေးတွေ ခံစားရင်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးတွေ ဘယ်လိုဘယ်ပုံဖြစ်လာလည်းဆိုတာကြည့်ရင်းနဲ့ အီဗန်က လူးဝစ်ရဲ့ လျှို့ဝှက်ချက်ကြီးကို သိသွားတဲ့အချိန်မှာ ဘာတွေဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရမှာပဲ ဖြစ်ပါတယ်ရိုက်ချက်အလှတွေနဲ့ တမူထူးခြားတဲ့ဇာတ်လမ်းလေးဖြစ်တာကြောင့် ဒီဇာတ်ကားလေးက ကြည့်ပြီးရင် ခေါင်းထဲမှာ စွဲကျန်နိုင်စေမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ် File size…1.52GB / 560.2MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ..... Horror , Romance , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Spring(2014)

Adeline (2022) 7.8
Adeline (2022) Adeline(2022)IMDb rating ~ 7.8/10အမေရိကန်ပြည်ထောင်စုက နာဗာဂျိုလို့ခေါ်တဲ့ လူမျိုးစုတွေမှာ အဆိုတစ်ခု ရှိပါတယ်“ကမ္ဘာကြီးကို ကုစားပေးဖို့အတွက် ဘုရားသခင်က မြင်းတွေကို ဖန်ဆင်းပေးခဲ့တာ”ပါတဲ့အက်ဒီလိုင်းဟာ သာမန်မြင်းတွေထက် ပိုမို ထူးကဲပြီး ကုစားပေးနိုင်စွမ်း မြင့်မားတဲ့ မြင်းမလေးပါတစ်နေ့မှာ နယူးမက္ကဆီကိုပြည်နယ်ရဲ့ နယ်မြို့လေး တစ်မြို့ဆီ အက်ဒီလိုင်းနဲ့ သူ့သခင်မစ္စကေတို့ ရောက်ရှိလာကြပါတယ်အဲဒီမြို့က သင်းအုပ်ဆရာ ရက်ဗရန့်နဲ့ ဇနီးဖြစ်သူ တယ်ရီတို့မှာ မွေးကတည်းက တစ်ခါမှ စကားမပြောတဲ့ ၈ နှစ်အရွယ် အော်တစ်ဇင်ရောဂါသည် သားလေးတစ်ယောက် ရှိပါတယ်သင်းအုပ်ဆရာကတော့ သူတို့သားလေး စကားမပြောနိုင်တာဟာ ဘုရားသခင်ချမှတ်ပေးထားတဲ့ လမ်းဖြစ်ပြီး ဒီလမ်းအတိုင်း လျှောက်လှမ်းကြရုံပဲရှိတယ်လို့ ခံယူထားသူဖြစ်ပြီးတော့ ဇနီးဖြစ်သူ ကတော့ သူတို့သားလေး စကားပြောနိုင်ဖို့ ဘာမဆို ကြိုးစားကြည့်ချင်တဲ့သူ တစ်ယောက်ပါမစ္စကေနဲ့ အက်ဒီလိုင်းတို့ ရောက်ရှိလာပြီး အက်ဒီလိုင်းရဲ့ ကုစားပေးနိုင်တဲ့စွမ်းအားတွေအကြောင်း ကြားသိရပြီးတဲ့နောက် သင်းအုပ်ဆရာတို့ ဇနီးမောင်နှံအကြား ပေါ်ပေါက်လာတဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေ၊ အထင်အမြင် လွဲမှားမှုတွေအကြောင်း ဒီဇာတ်ကားထဲမှာ ကြည့်ရှူကြရမှာပါတွေးစရာတွေ၊ သင်ခန်းစာယူစရာတွေ ပေးနိုင်တဲ့ ဇာတ်လမ်းမျိုးကို လိုက်ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်လမ််းက ကွက်တိပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ...
movie

Adeline (2022)

2022
King Knight (2021) 5.6
King Knight (2021) King Knight (2021)================2022 မှာ ထွက်ရှိလာတဲ့ Comedy, Horror ကားသစ်လေးပါ . သွန်းနဲ့ ဝတ်လိုးတို့ဟာ ခေတ်သစ်စုန်းအုပ်စုရဲ့ ယဇ်ပုရောဟိတ်နှင့် ယဇ်ပုရောဟိတ်မတို့ ဖြစ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ သွန်းရဲ့ ဖုံးကွယ်ထားတဲ့ အတိတ်တစ်ခုရှိနေပြီး တစ်နေ့မှာ အဲ့ဒီအတိတ် ဟာ ဖုံးမရဘဲ ပေါ်လာတဲ့နောက်ပိုင်း သူတို့ရဲ့ဘဝတွေ ဘယ်လို ကမောက် ကမဖြစ်ပြီး ဘယ်လိုရယ်စရာကောင်းတဲ့ ခရီးထွက်ရမလဲဆိုတာကို Horror, Comedy တို့ ထုံးစံအတိုင်း ကြောက်စရာကောင်းအောင်ရော ရယ်စရာကောင်းအောင်ပါ ရိုက်ထားတဲ့  ဇာတ်ကားအမျိုးအစားလေးမို့ CM ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Zaw Myo Thu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ Zaw Myo Thu, Roman Nox တို့ဖြစ်ပါတယ်)File Size - (1.23 GB) / (568 MB) / (367 MB) Quality – WebRip 1080p / 720p/480p Duration ...
movie

King Knight (2021)

2021
Doctor Sleep (2019) 7.5
Doctor Sleep (2019) IMDb 7.6 အထိရထားတဲ့ ဟော်ရာကားပါ။ 1980 မှာထွက်ခဲ့ပြီး IMDb 8.4 အထိ ရှိခဲတဲ၊့ အကောင်းဆုံးဟော်ရာကားတွေထဲက တစ်ကားဖြစ်တဲ့ The Shining ရုပ်ရှင်ရဲ့ အဆက်ပါပဲ။ ဒီရုပ်ရှင် ၂ ခုလုံးကိုတော့ ဟော်ရာဝတ္ထုတွေအရေးများတဲ့ စာရေးဆရာကြီးStephen King ကပဲ ရေးသားခဲ့တာပါပဲ။ မူလရုပ်ရှင် ရှိုင်းနင်းကို ကြည့်ဖူးမှအပြည့်အစုံနားလည်နိုင်မှာပါ။ မကြည့်ဖူးရင်တော့ အချို့အခန်းလေးတွေ နားမလည်တာ ဖြစ်နိုင်ပါတယ်။ ရှိုင်းနင်းကတော့ တစိမ့်စိမ့်တွေးကြောက်စရာတွေ၊ ဖုန်းဆိုးမြေတွေ၊ ကလေးငယ်တွေနဲ့ ပတ်သတ်တဲ့ ဟော်ရာတွေနဲ့ ဖန်တီးထားခဲ့တာဖြစ်ပြီး။ ဒီရုပ်ရှင်ကတော့ ပိုပြီးမှော်ဆန်တဲ့ စွမ်းအင်တွေနဲ့ အက်ရှင်နည်းနည်းဆန်ဆန် ဖန်တီးထားတာပါ။ ဇာတ်လမ်းအကျဉ်းကိုတော့ ရှိုင်းနင်းကပဲ စကောက်ရပါလိမ့်မယ်။ အမေရိကန် လူနီတွေကို မြေမြှပ်သင်္ဂြိုလ်ရာ သင်္ချိုင်းမြေပေါ်မှာ အိုဗာလွတ်ခ် ဆိုတဲ့ လူမနေတော့တဲ့ ဟိုတယ်ကြီးတစ်ခုရှိပါတယ်။ အဲဒီဟိုတယ်ကြီးမှာ အစောင့်အဖြစ်နေရင်း စာရေးဖို့ရောက်လာတဲ့ စာရေးဆရာမိသားစုကတော့ ဂျက်၊ ဝင်ဒီ နဲ့ သားဖြစ်သူ ဒန်နီတို့ပါပဲ။ အဲဒီဟိုတယ်ကြီးရဲ့ အရင်အစောင့်ဖြစ်သူကတော့ သူ့မိသားစုတစ်ခုလုံးကို ပြန်သတ်ပြီး ...
movie

Doctor Sleep (2019)

2019
HEVC 1080p 5.1
Synchronic (2019) 6.3
Synchronic (2019) Synchronic (2019)===============IMDb Rating - 6.3/10 Rotten Tomatoes 81% November 2020 မှာထွက်ရှိထားတဲ့ Drama, Horror, Sci-Fi ကားလေးကို တင်ဆက်ပေးချင်ပါတယ်။စတိဗ်နဲ့ ဒန်းနစ်စ်တို့ သူငယ်ချင်းနှစ်ယောက်ဟာ ဆေးဘက်အကူ၀န်ထမ်းတွေပဲဖြစ်ပါတယ်။တစ်နေ့ သူတို့သွားရောက်ကူညီရတဲ့ နေရာတိုင်းမှာ ဒဏ်ရာရသူတွေ သာမန်မဟုတ်ဘဲ ထူးဆန်းတဲ့အခြေအနေတွေနဲ့ သေဆုံးသူဆိုရင်လည်း ထူးဆန်းတဲ့ လက္ခဏာတွေနဲ့ သေဆုံးနေတာကို ကြုံလာရပါတော့တယ်။ သေသေချာချာစုံစမ်းပြီးတဲ့ နောက်မှာ ဒီလိုဖြစ်ရပ်တွေဟာ synchronic ဆိုတဲ့ ဆေးတစ်မျိုးကြောင့်ဖြစ်တာကို သိရှိလိုက်ရပါတယ်။ဒီကိစ္စကို လိုက်လံဖြေရှင်းနေရင်းမှ ဒန်းနစ်စ်ရဲ့ သမီးဖြစ်သူကပါ ဒီဆေးသုံးမိပြီး ပျောက်ဆုံးသွားပါတော့တယ် .........synchronic ဆိုတဲ့ ဆေးဟာ ဘယ်လိုဆေးမျိုးလဲ ဒီဆေးသုံးတဲ့သူတိုင်း ဘာကြောင့် ဒီလိုတွေဖြစ်ကုန်ကြတာလဲ ဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ။ဒီဇာတ်ကားမှာ မင်းသား Jamie Dornan နဲ့ Anthony Mackie တို့က ဒန်းနစ်စ်နဲ့ စတိဗ်အဖြစ်သရုပ်ဆောင်ထားပြီး တကယ်ကို စိတ်၀င်စားဖို့ကောင်းတဲ့ ...
movie

Synchronic (2019)

2019