Channel Myanmar

Shane Carruth

Upstream Color(2013) 6.5
Upstream Color(2013)  ဒီနေ့မှာတော့ တွေ့ရခဲတဲ့ ရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ဒီဇာတ်လမ်းကိုရေးတာ၊ ဒါရိုက်တာလုပ်တာ၊ ထုတ်ဝေတာတွေကိုShane Carruth တစ်ယောက်တည်းက လုပ်ထားတာပါ။ဒါ့အပြင် ဇာတ်လမ်းထဲမှာ Jeff ဆိုတဲ့ ဇာတ်ကောင်ကိုလည်းသရုပ်ဆောင်ထားပါသေးတယ်။ ရုပ်ရှင်ရဲ့ ဘတ်ဂျတ်အနေနဲ့ဒေါ်လာ 5,0000 လောက်ပဲ သုံးထားတယ်လို့လည်း ပြောထားပါတယ်။ဇာတ်လမ်းဇာတ်ကွက်နဲ့ တည်းဖြတ်ထားပုံက ထူးခြားပြီး စိတ်ဝင်စားစရာကောင်းလို့ ခံစားကြည့်လိုက်ကြပါဦးနော်။ ဇာတ်လမ်းထဲက ဇာတ်ဆောင်နှစ်ယောက် Kris နဲ့ Jeff ကို အဖြူရောင်သန်ကောင်တွေက ထိန်းချုပ်ထားတာပါ။ အဖြူရောင် သန်ကောင်တွေရဲ့ဇီဝစက်ဝန်းမှာ လူ-ဝက်-သစ်ခွပင်ဆိုတဲ့ လက်ခံသုံးခုကို ဖြတ်ပြီးရှင်သန်နေကြပါတယ်။ Kris ဆီက ပိုက်ဆံခိုးချင်တဲ့ သူခိုးတစ်ယောက်ကKris ခန္ဓာကိုယ်ထဲကို သန်ကောင်ထည့်ပေးပြီး ထိန်းချုပ်ပါတယ်။သူ့အမေကို ဓားစာခံအဖြစ်အဖမ်းခံရလို့ ပိုက်ဆံနဲ့ရွေးရမယ်ဆိုပြီးပိုက်ဆံတွေ လိမ်ထုတ်သွားတယ်။ Kris ကလည်း သန်ကောင်ကြောင့်အိပ်မွေ့ချခံရပြီး ထိန်းချုပ်ခံထားရပါတယ်။ သတိဝင်သွားလို့ ကြည့်လိုက်တော့သူ့ခြေလက်တွေမှာ သန်ကောင် ဖြတ်သွားနေတာ တွေ့ရပါတယ်။နောက်တော့ သန်ကောင်ကို အသံလှိုင်းနဲ့ ထိန်းချုပ်ပြီး Kris ဝက်ခြံတစ်ခုကိုရောက်သွားပါတယ်။ သူ့ခန္ဓာကိုယ်ထဲက ...
movie

Upstream Color(2013)

Primer (2014)
Primer (2014)     Primerဒါလေးက ဘက်ဂျက်နည်းနည်းပဲသုံးပြီးရိုက်ထားတဲ့ Independent ရုပ်ရှင်လေးပါ။Aaron နဲ့ Abe တို့ဟာ အင်ဂျင်နီယာသူငယချင်းနှစ်ယောက်ပါ။သူတို့အလုပ်အပြင် အားလပ်ချိန်မှာ Aaron ရဲ့ဂိုဒေါင်ထဲမှာ နည်းပညာအသစ်တွေကို တီထွင်ဖို့ကြိုးစားနေပါတယ်။တစ်ရက်မှာတော့ အရာ၀တ္ထုရဲ့အလေးချိန်ကိုလျှော့ချနိုင်မယ့် စက်တီထွင်ရာကနေ အချိန်ကိုနောက်ပြန်ဆုတ်နိုင်မယ့် အစွမ်းရှိနေတာကို မတော်တဆသိလိုက်ရပါတယ်။ အဲဒီစက်ရဲ့ အချိန်ခရီးသွားနိုင်စွမ်း(time travel) ကိုသူတို့ကိုယ်ကျိုးအတွက်အသုံးချဖို့ကြိုးစားရင်း ထင်မထားတဲ့ကိစ္စတွေပေါ်လာသလို သူငယ်ချင်းနှစ်ယောက်ကြားလည်း စိတ်၀မ်းကွဲတာတွေရှိလာပါတယ်။Time travel လုပ်တဲ့ကားဖြစ်ပြီး သိပ္ပံပညာပိုင်းဆိုင်ရာဆွေးနွေးတာတွေကို technical term တွေအမှန်အတိုင်းသုံးပြထားပါတယ်။စူးစမ်းလေ့လာတာတွေကိုလည်း သ‌ဘာ၀ကျကျရိုက်ပြထားပြီး ဇာတ်လမ်းကိုတွေးယူရတာမျိုးပါ။ခေါင်းစားရတဲ့ရုပ်ရှင်ကြိုက်သူတွေအတွက် သင့်တော်ပါတယ်။ File size…(2.23GBGB/(1.38GB)/(592MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:17:00 Genre...Drama / Sci-Fic / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Primer (2014)

The Dead Center(2018) 5.9
The Dead Center(2018) The Dead Center(2018)(Zawgyi)အတိတ်မေ့ပြီး ရောက်လာတဲ့ လူနာတစ်ယောက်က သူဟာ သေပြီးမှ ပြန်ရှင်လာပြီး တမလွန်ကနေ လူ့ဘဝကို ပြန်ရောက်လာတာပါလို့ ပြောလိုက်ချိန်မှာတော့ သူ့ရဲ့ တာဝန်ခံဆရာဝန်တစ်ယောက် လူနာရဲ့ ပြောစကားတွေကို မယုံနိုင်ဖြစ်ခဲ့ရပါတယ် .... တမလွန်ကနေပြန်လာတယ်လို့ပြောတဲ့ လူနာမှာ ဆန်းကြတယ်တဲ့အရာတစ်ချို့ပါလာသလို သူပြောတဲ့ တစ်ချို့စကားတွေဟာလည်း ထိန့်လန့်စရာအချို့ပါရှိနေခဲ့တယ်... အဲ့ဒီလူနာရောက်လာပြီး မကြာခင်မှာပဲ ဆေးရုံရဲ့ အားထားရတဲ့ သူနာပြုတွေထဲကတစ်ယောက် ရုတ်တရက် ကွယ်လွန်သွားတဲ့အခါမှာတော့ .. ဒီလူနာရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူတွေကြောင့် သေဆုံးသွားတယ်လို့ တစ်ချို့တွေက ယူဆနေကြတယ်... တာဝန်ခံဆရာဝန်နဲ့ ဒီလူနာနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ခံစားကြည့်ပါဦး... Horror, Mystery, Thriller အမျိုးအစားဖြစ်တာနဲ့အညီ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်...(unicode)အတိတ်မေ့ပြီး ရောက်လာတဲ့ လူနာတစ်ယောက်က သူဟာ သေပြီးမှ ပြန်ရှင်လာပြီး တမလွန်ကနေ လူ့ဘဝကို ပြန်ရောက်လာတာပါလို့ ပြောလိုက်ချိန်မှာတော့ သူ့ရဲ့ တာဝန်ခံဆရာဝန်တစ်ယောက် လူနာရဲ့ ပြောစကားတွေကို မယုံနိုင်ဖြစ်ခဲ့ရပါတယ် .... တမလွန်ကနေပြန်လာတယ်လို့ပြောတဲ့ လူနာမှာ ဆန်းကြတယ်တဲ့အရာတစ်ချို့ပါလာသလို သူပြောတဲ့ တစ်ချို့စကားတွေဟာလည်း ထိန့်လန့်စရာအချို့ပါရှိနေခဲ့တယ်... အဲ့ဒီလူနာရောက်လာပြီး မကြာခင်မှာပဲ ဆေးရုံရဲ့ အားထားရတဲ့ သူနာပြုတွေထဲကတစ်ယောက် ရုတ်တရက် ကွယ်လွန်သွားတဲ့အခါမှာတော့ .. ဒီလူနာရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူတွေကြောင့် သေဆုံးသွားတယ်လို့ တစ်ချို့တွေက ယူဆနေကြတယ်... တာဝန်ခံဆရာဝန်နဲ့ ဒီလူနာနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ခံစားကြည့်ပါဦး... Horror, Mystery, Thriller အမျိုးအစားဖြစ်တာနဲ့အညီ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ...
movie

The Dead Center(2018)

2018