Channel Myanmar

Shaun Johnston

Bury My Heart at Wounded Knee (2007) 7.1
Bury My Heart at Wounded Knee (2007) Bury My Heart at Wounded Knee (2007) ============================= IMDb Rating - 7.1/10ဒီဇာတ်လမ်းဟာ ၁၉၆၀ နဲ့ ၇၀ ဝန်းကျင် အမေရိကန်အနောက်ပိုင်းက မူလတိုင်းရင်းသားတွေအကြောင်းရေးသားထားတဲ့ Bury My Heart at Wounded Knee စာအုပ်ကိုအခြေခံထားတာဖြစ်ပါတယ်။အမေရိကန်တွေ သူတို့ရဲ့ဒေသကိုကျူးကျော်ဝင်ရောက်လာပုံ၊ သူတို့ရဲ့ နဂိုနေရိုးရာဓလေ့ထုံးစံတွေကနေ အမေရိကန်တွေသူတို့အတွက် သတ် မှတ်ပေးထားတဲ့ သီးသန့်နယ်မြေတွေမှာ ဘ၀ကိုအခြေချရင်း ခေတ်ပေါ် လူနေမှုဓလေ့ထုံးစံတွေအပေါ်မှာ အသားကျအောင်ပြုပြင်ရင်း ရှင်သန် အောင်ကြိုးစားရပုံတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။မူလတိုင်းရင်းသားတွေ တွေ့ကြုံခဲ့တဲ့ အခက်အခဲနဲ့ခါးသီးမှုတွေကိုစာနာ နားလည်စေသလို တစ်ဖက်စီးနင်း ဝါဒဖြန့်ဆန်ဆန်ပြမထားပဲ သူတို့ကောင်း ကျိုးကိုအမှန်တကယ် ရှေးရှုတဲ့အမေရိကန်တစ်ချို့ဘက်ကိုပါပြသွားခဲ့သလို အဲ့ဒီလူတွေရင်ဆိုင်ခဲ့ရတဲ့ အတိုက်အခံတွေကိုလည်းမီးမောင်းထိုးပြနိုင်ခဲ့ပါ တယ်။ Tv-movie တစ်ခုအဖြစ်အသက်သွင်းခဲ့ပေမယ့် ဆုပေါင်းများစွာရရှိ ထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက်ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2.5 GB) / (1 GB) Quality............BLU-RAY 1080p / 720p Duration.........2Hr 13Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History, Western Translator.......Alias Encoder..........SWM
movie

Bury My Heart at Wounded Knee (2007)

2007
The Hitcher II: I’ve Been Waiting (2003) 4.3
The Hitcher II: I’ve Been Waiting (2003) The Hitcher II: I've Been Waiting (2003) ============================နာမည်ကျော် ၁၉၈၆ The Hitcher ရဲ့ direct-sequel ဖြစ်ပါတယ်။ The Hitcher ရဲ့အဖြစ်အပျက်တွေအပြီး ဆယ့်ငါးနှစ်အကြာမှာ Jim Halsey ဟာ ရဲအရာရှိတစ်ယောက်ဖြစ်နေပါပြီ။ ဒါပေမယ့်လည်းအမှု တစ်ခုမှာမလိုအပ်ပဲအင်အားသုံးခဲ့တဲ့အတွက် အလုပ်ကဆိုင်းငံ့ခံလိုက် ရပါတယ်။ အဲ့ဒါနဲ့ကပ္ပတိန်အက်စ်ထရစ်ချ်ဆီကိုဆက်သွယ်ပြီး ချစ်သူ ကောင်မလေးဖြစ်တဲ့ မက်ဂီနဲ့အတူ တက္ကဆက်ကိုစိတ်ပြေလက်ပျောက် ခရီးထွက်လာခဲ့ပါတယ်။တက္ကဆက်အဝေးပြေးလမ်းပေါ်မှာ ဂျင်မ်ရဲ့အတိတ်စိတ်ဒဏ်ရာတွေ ပြန်ပေါ်လာခဲ့ပြီး ကားကြုံလိုက်သူတစ်ယောက်နဲ့အတူ လွန်ခဲ့တဲ့ ၁၅ နှစ်ကအဖြစ်အပျက်တွေတကျော့ပြန်ကြုံရချိန်မှာတော့..။ The Hitcher (1986) ထဲမှာ Jim Halsey အဖြစ်သရုပ်ဆောင်ခဲ့တဲ့ C. Thomas Howell ကပဲပြန်ပြီးပါဝင်ထားပါတယ်။ မူရင်းကားကိုမမီပေမယ့်လည်း ကြည့်ကောင်းတဲ့ Road Thriller ကားကောင်းတစ်ကားပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2 GB) / (927 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Alias Encoder..........SWM
movie

The Hitcher II: I’ve Been Waiting (2003)

Ginger Snaps 2: Unleashed (2004) 6.4
Ginger Snaps 2: Unleashed (2004) Ginger Snaps 2: Unleashed (2004) တစ်မှာတုန်းက အဖြစ်အပျက်တွေအပြီးမှာ ဘရစ်ဂျက်တစ်ယောက် သူ့အစ်မလိုဖြစ်မသွားအောင် တိဝုပင်ကိုပဲ အားကိုးနေရပါပြီ။ဒါပေမဲ့ အဲဒါက ဖြေဆေးမဟုတ်ပဲ အချိန်ဆွဲပေးရုံသက်သက်ဖြစ်တာကြောင့် သူမပြောင်းသွားခင် အချိန်သိပ်မကျန်တော့သလို သူ့နောက်ကိုလိုက်နေတဲ့ သတ္တဝါဆိုးကြီးကလည်း ရှိနေပြန်ပါတယ်။အရေးထဲ သူ့ကို ဆေးစွဲနေတယ်ထင်ပြီး ဆေးဖြတ်စခန်းကို အတင်းခေါ်သွားခံရတဲ့အခါ ...သူ အဲဒီမှာ ဘယ်သူတွေနဲ့ ဘယ်လို စခန်းဆက်သွားမလဲဆိုတာ သည်းထိပ်ရင်ဖို ဆက်ကြည့်ရှုခံစားလိုက်ပါဦး။ ပထမကား ကို မကြည့်ရသေးရင် Ginger Snaps (2000) မှာ ကြည့်လို့ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat ပါ။) File Size : 1.9GB, 675MB & 335MB Quality : 1080p Blu-ray AC3 5.1CH, 720p Blu-ray & 480p Format : mp4 Duration : 1hr & 34mins Genre ...
movie

Ginger Snaps 2: Unleashed (2004)

2004