Channel Myanmar

Shelton Jolivette

The Bricks (2022)
The Bricks (2022) The Bricks (2022)ဒီဇာတ်လမ်းရဲ့အစကို ထောင်ထဲရောက်နေတဲ့မူးယစ်ရာဇာတစ်ယောက် ထောင်ထဲမှာ အာဏာပါဝါပြနေပုံနဲ့ဖွင့်ထားပါတယ်။ မူးယစ်ရာဇာဟာ ထောင်အပြင်ကသူ့သားရယ် ပါတနာညီအကိုသုံးယောက်ရယ်နဲ့ချိတ်ဆက်ပြီး ဟူစတန်မြို့ရဲ့အမှောင်ဘက်ခြမ်း မူးယစ်ဂိုဏ်းလောကကိုချုပ်ကိုင်ထားသူတွေထဲကတစ်ယောက်ပါ။ဟူစတန်မြို့ မူးယစ်ဆေးလောကမှာ ဂိုဏ်းပေါင်းစုံရှိတဲ့အထဲ အဲဒီဂိုဏ်းဟာ အဆိုးဆုံးအ​ကြမ်းကြုတ်ဆုံးဖြစ်ပြီး ငွေကြေးအင်အား လူအင်အားတောင့်တင်းတဲ့အပြင် ဂိုဏ်းကိုဦးစီးနေတဲ့ ညီအစ်ကိုသုံးယောက်ရဲ့ပါးနပ်မှု သိုသိုဝှက်ဝှက်အလုပ်လုပ်တတ်မှုတို့ကြောင့် ရဲတပ်ဖွဲ့အနေနဲ့သက်သေခိုင်ခိုင်မာမာရှာလို့မရဘဲ ဖမ်းဆီးလို့မရနိုင်ဖြစ်နေပါတယ်။ဒီအတွက်ရဲတပ်ဖွဲ့ဟာ အဲဒီဂိုဏ်းရဲ့မ​​ကောင်းတဲ့လုပ်ရပ်တွေကိုဖော်ထုတ်နိုင်ဖို့ စုံထောက်တစ်ယောက်ကို သူလျှိုအနေနဲ့လွှတ်ပြီး မူးယစ်ဂိုဏ်းထဲဝင်ဖို့ကြိုးစားစေပါတယ်။ အဲဒီစုံထောက်ဟာ မူးယစ်ဂိုဏ်းထဲကိုဝင်ခွင့်ရပြီး ရဲတပ်ဖွဲရဲ့ဆန္ဒအတိုင်း မူးယစ်ဂိုဏ်းကိုဖြိုခွဲသွားနိုင်မလား ဒါမှမဟုတ် ပါးနပ်တဲ့ညီအစ်ကိုသုံးယောက်လက်အောက်မှာပဲ ကျဆုံးသွားမလား... မူးယစ်ရာဇာရဲ့သားကကော ဘယ်လိုပါဝင်ပတ်သက်နေလဲ... စုံထောက်ကိုနောက်ကွယ်ကအကူအညီပေးနေတဲ့ရဲတပ်ဖွဲ့ကရော ရိုးသားရဲ့လား... စတဲ့ သို့လောသို့လောပေါင်းများစွာနဲ့အတူ ဇာတ်လမ်းအစကနေ အဆုံးအထိ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Paing Hein Kyaw မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 725MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre ...
movie

The Bricks (2022)

2022
Message and the Messenger (2022) 5.3
Message and the Messenger (2022) Message and the Messenger (2022) =========================လောကဓံရဲ့ ဖြစ်တတ်တဲ့သဘောလေးတွေကြားထဲမှာ ကျင် လည်နေတဲ့လူထဲကလူတစ်ဦးဖြစ်တဲ့ အိမ်ခြံမြေအကျိုးဆောင် ဂျက်ဆီကာကလာ့ခ်။ သူ(မ)က ဘုရားကျောင်းအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး သဿမေဓအခွန်(ဘုရားကျောင်း‌ကိုသွင်းရတဲ့အလှူငွေ) တွေကို ငွေမရှိလည်းရအောင်လှူတဲ့ ယုံကြည်သူတစ်ဦးပေါ့လေ။သူအဲလိုလှူတဲ့အတွက်လည်း ဘုရားက သူ့ကိုအဆင်ပြေအောင် ပြန်လုပ်ပေးမယ်လို့ မမှိတ်မသုန်ယုံကြည်နေတယ်။ အဲဒါနဲ့တစ်နေ့ သူ့ဘဝထဲကို စီးပွားရေးမိတ်တစ်ယောက်ဝင်လာတယ်။ အစက တော့ ဘုရားက သူဘဝထဲကို မကောင်းတဲ့လူတစ်ယောက်လွှတ် လိုက်တယ်ထင်လိုက်ပေမယ့် တကယ်တမ်းကျတော့ သူကိုကောင်း ချီးပေးလိုက်တယ်ဆိုတာ တဖြည်းဖြည်းသဘောပေါက်လာတဲ့ အကြောင်းကိုကြည့်ရမှာဖြစ်ပါတယ်။ အဲ့အပြင် သူမရဲ့မိသားစုနဲ့ သူငယ်ချင်းတွေလည်း သူတို့ရဲ့ အကျပ်အတည်း‌အခက်အခဲ‌တွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာပါ ကြည့်ရမယ့် ဘာသာရေးနှော ထားတဲ့ ဒရာမာကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naingမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Khant Sett Naing, Momo တို့ဖြစ်ပါတယ်)File Size..........(1.6 GB) / (570 MB) / (370 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Khant Sett Naing, Momo Encoder..........SWM
movie

Message and the Messenger (2022)

2022