Channel Myanmar

Shen Baoping

League of Gods: Zhou Destruction I (2023) 6
League of Gods: Zhou Destruction I (2023) ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှ န်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲ ဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကို ဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာ ဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။ Quality ...
movie

League of Gods: Zhou Destruction I (2023)

Songjiang God Father ( 2023 ) 5.9
Songjiang God Father ( 2023 ) SongJiang GodFather ဆိုတဲ့ Action ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- 1930 ခုနှစ် အစောပိုင်းလောက်မှာ ဂျပန်က တရုတ်ပြည်မထဲက ဟယ်နန်ပတ်ဝန်းကျင်မှာ စီးပွားရေးတိုးချဲ့ရန် ကြိုးစားနေပါတယ်။ ထိုအချိန်မှာ ဂျပန်မှ ရင်းနှီးမြှုပ်နှံမှုတွေ များစွာဝင်လာခဲ့ပါတယ်။ဂျပန်လျှို့ဝှက်တပ်ဖွဲ့တွေကလဲ ကျန့်ကျိုးတစ်ဝိုက်မှာ လျှို့ဝှက်စွာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဂျပန်တွေ ဖက်ကလဲ ဂျပန်တုန်းယန်ကုမ္ပဏီတည်ထောင်ပြီး စီးပွားရေး ဆိပ်ကမ်းတည်ဆောက်ရန်အတွက် ပြည်မအတွင်းမှ ကုန်သည်များအဖွဲ့နဲ့ ပူးပေါင်းရန် လိုအပ်နေပါတယ်။ဒါကို ကုန်သည်များအဖွဲ့ဥက္ကဌကြီးကုက လက်မခံခဲ့ပါဘူး။ သို့သော် ဥက္ကဋ္ဌကြီးရဲ့ သားအရင်းဖြစ်သူ ကုရှီးကွမ်းကတော့ ဂျပန်တွေနဲ့ ပူးပေါင်းပြီး အကျိုးအမြတ်ရချင်တဲ့အတွက် အ ဖေဖြစ်သူကို သတ်ခဲ့ပြီး သူ့ရဲ့မွေးစားညီဖြစ်သူ ကုယန့်ချိုးကို စွပ်စွဲခဲ့ပါတယ်။လူသတ်သမားအဖြစ် စွပ်စွဲခံထားရတဲ့ ကုယန့်ချိုးတစ်ယောက် သူအပြစ်ကင်းကြောင်းကို သက်သေပြဖို့ ဘယ်လို ကြိုးစားရမလဲ...... သူ့အဖေကို သတ်ခဲ့တဲ့လူကိုရော ကလဲ့စားပြန်ချေနိုင်ပါ့မလား ဆိုတာကို ရုပ်ရှင်လေးကိုပဲ ကြည့်ရှုခံစားလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 10 min Subtitle : ...
movie

Songjiang God Father ( 2023 )

Folk Legends: The Water Monkeys ( 2022 ) 6.3
Folk Legends: The Water Monkeys ( 2022 ) ထျန်းရွှေရွာဟာထျန်းရွှေမြစ်နံဘေးမှာတည်ရှိတဲ့ရွာငယ်လေးဖြစ်ပါတယ်။ တောတောင်တွေနဲ့အေးချမ်းသဖွယ်လို့ထင်စရာရှိပေမယ့် အမှန်တကယ်မှာတော့ ရွာလေးဟာလုံးဝကိုအေးချမ်းမနေခဲ့ပါဘူး။ အကြောင်းရင်းကတော့ ထျန်းရွှေမြစ်ထဲမှာ ရေသရဲရှိနေလို့ပါပဲ။ ရွာမှာ ရေသရဲသတ်လို့သေသွားသူတွေလည်းမနည်း၊ အမြဲတစေ ရွာသားတွေကရေသရဲရန်ကိုထိတ်လန့်နေကြရပါတယ်။ပိုင်ချိုးရွှေဟာ ထျန်းရွှေရွာဇာတိဖြစ်ပြီး ဖခင်ဖြစ်သူ ရေသရဲအသတ်ခံလိုက်ရအပြီးမှာ ရွာကထွက်သွားခဲ့တယ်။ နှစ်ပေါင်းများစွာကြာမှ ဇာတိရွာလေးကို ဖွံဖြိုးတိုးတက်အောင်လုပ်ပေးချင်လို့ သူဟာရွာလေးဆီကိုပြန်လာခဲ့ပါတယ်။ သူပြန်ရောက်လို့မကြာခင်မှာပဲ ရွာမှာထူးဆန်းတဲ့ ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုပေါ်လာတဲ့အခါမှာတော့... ရေသရဲဟာထင်ထားတာထက်ပိုပြီး အင်အားကြီးနေ​ကြောင်းသိလိုက်ရတဲ့အခါ...ရေသရဲကိုဘယ်လိုရင်ဆိုင်​ဖြေရှင်းကြလေမလဲဆိုတာကို သည်းထိတ်ရင်ဖိုခံစားကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Fantasy , Thriller Runtime : 1h 11min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Nu Mon , Chu Chu Encoded by LK
movie

Folk Legends: The Water Monkeys ( 2022 )