Channel Myanmar

Shing Fui-On

Dragons Forever (1988) 7.1
Dragons Forever (1988)     ဂျက်ကီလောင် (ဂျက်ကီချန်း) ဟာ အရည်အချင်းရှိတဲ့ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာတော့ ဓာတုဆေးဝါးထုတ်လုပ်တဲ့ကုမ္မဏီဘက်က ရှေ့နေလိုက်ပေးဖို့ဖြစ်လာပါတယ်။ ဝါကုမ္မဏီက စွန့်ပစ်တဲ့ ဓာတုအကြွင်းအကျန်တွေက ရေထဲစီးဆင်းလာပြီး ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ မစ္စရီတို့အတွက် အကြီးအကျယ်ထိခိုက်စေပြီး ငါးတွေအမြောက်အမြားသေဆုံးရတဲ့အတွက် မစ္စရီတို့ ညီအစ်မက ဝါဓာတုဆေးဝါးကုမ္မဏီကို တရားစွဲပါတော့တယ်။ဒီအချိန်မှာ ဂျက်ကီက ဓာတုဆေးဝါကုမ္မဏီဘက်က ရှေ့နေလိုက်ပေးပြီး မစ္စရီရဲ့ ဝမ်းကွဲညီမ တဖြစ်လည်း ငါးလုပ်ငန်းဘက်ကရှေ့နေဖြစ်တဲ့ ဝမ်မေလင်းကို သဘောကျသွားပါတော့တယ်။ ဒီလိုနဲ့ တရားလိုရှေ့နေနှင့် တရားပြိုင်ရှေ့နေဖြစ်တဲ့ သူတို့နှစ်ယောက် ချစ်မိသွားကြမလား ဘယ်ဘက်က တရားနိုင်သွားမလဲ ဓာတုဆေးဝါးကုမ္မဏီနောက်ကွယ်မှာရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ ဂျက်ကီချန်းကားသဘာဝအတိုင်း ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ကြည့်ရမယ့် ဟောင်ကောင်ဇာတ်မြူးလေးတစ်ပုဒ်ဖြစ်ပါတယ်။ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။ File size…(4.8 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Action, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie

Dragons Forever (1988)

1988
[18+]Crazy Love(1993)
[18+]Crazy Love(1993) [18+]Crazy Love(1993)*********************ဒီတစ်ခါမှာတော့ တရုတ်အချစ်ဟာသ 18+ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ အားကျန်းဆိုတဲ့ကောင်မလေးဟာအမေရိကန်မှာပညာသင်ဖို့ အိမ်ကထွက်လာရင်း စိတ်ပြောင်းလဲသွားခဲ့ပြီး သူ့ရည်းစားဆီပြန်သွားခဲ့ပါတယ် ..သူ့ရည်းစားဟာ နောက်မိန်းမတစ်ယောက်နဲ့ ဖောက်ပြန်နေတာတွေ့တဲ့အချိန်မှာတော့ အားကျန်းဟာ အိမ်လည်းမပြန်ဖြစ်ပဲခြေဦးတည့်ရာလျှောက်သွားမိပါတော့တယ် အားကျန်းဟာတစ်ယောက်တည်း သွားလာရင်း မသမာသူတွေနဲ့တွေ့ရာမှာလည်း မိန်းမမာယာသုံးပြီး ပညာပေးနိုင်ခဲ့တယ် ဒီလိုနဲ့ပဲ အားကျန်းဟာ ဒေးဗစ်ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီးအတူနေထိုင်ခဲ့ကြတယ် အားကျန်းဟာ နဂိုတည်းက ပွင့်လင်းစွာနေထိုင်တဲ့သူဖြစ်ပါတယ် ...သူဟာတခြားယောကျာ်းလေးတွေနဲ့ပတ်သက်ခဲ့မိလို့ ဒေးဗစ်တစ်ယောက် သဝန်တိုမိပြီး ခဏခဏပြဿနာတွေဖြစ်ခဲ့ကြတယ်...အဲ့ဒီနောက် သူတို့နှစ်ယောက်ရဲ့အချစ်ရေးဟာ တည်မြဲပါ့မလား ပြိုကွဲသွားမလားဆိုတာကိုတော့ဘဆက်လက်ကြည့်ရှူ့ရမှာပဲ ဖြစ်ပါတယ်...မိန်းမတစ်ချို့ရဲ့မာယာတွေ သူတို့ရဲ့စိတ်ကခံယူချက်တွေကို အထူးလေ့လာမှတ်သားသင်ယူသင့်တဲ့ကားလေးပါပဲ(မှတ်ချက်။ ။ 18+အခန်းတွေပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ရှူဖို့တော့ မသင့်တော်ပါဘူး)File Size : (800 MB) and (300 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:17:00 Genre :  Adult ,Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

[18+]Crazy Love(1993)

[18+] Erotic Ghost Story III (1992) 5.6
[18+] Erotic Ghost Story III (1992) Erotic Ghost Story ဆိုရင် မသိသူမရှိလောက်ပါဘူး။ လူသား နဲ့ ၀ိညာဥ်ကြားက အချစ်ကို အမျိုးမျိုးအဖုံဖုံ ရိုက်ကူးကြတဲ့ ဇာတ်လမ်းလေးပေါ့။ တတိယမြောက် ထွက်ရှိထားတဲ့ ဒီဇာတ်ကားမှာဆိုရင်လည်း ‌မူမပျက်ဘဲ လူသား ကောင်လေးနဲ့ ၀ိညာဥ်မလေးတို့ ချစ်ကြိုးကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။လေလွင့်သိုင်းသမား ချူ ဟာ ခရီးသွားရင်း ဘုန်းကြီးကျောင်းပျက်တစ်ခုမှာ ၀င်တည်းဖြစ်ပါတယ်။ ချူ နဲ့အတူ သူ့ကို လိုက်ကြိုက်နေတဲ့ စီစီ ဆိုတဲ့ကောင်မလေးလည်း ပါလာခဲ့တယ်။ အဲဒီကျောင်းပျက်ကြီးမှာ သူတို့က ထူးထူးဆန်းဆန်း ဘုန်းကြီးတစ်ပါးနဲ့ဆုံခဲ့တယ်။ အဲဒီ ဘုန်းကြီးကတော့ မီးစာကိုယ်တော်လို့ အမည်ရတဲ့ ကိုယ်တော်တစ်ပါးပါ။ ကျောင်းပျက်ကြီးထဲမှာ ပန်းချီကားတစ်ချပ်ရှိပြီး အဲဒီပန်းချီကားထဲက မိန်းမပျိုလေးကို ချူက မြင်မြင်ချင်း စွဲလန်းသွားခဲ့တယ်။ အဲဒါနဲ့ ချူတစ်ယောက် မီးစာကိုယ်တော်ကို အပူကပ်ပြီး မိန်းမပျိုနောက်ကိုလိုက်ဖို့ တစ်ဖက်လောကကို ၀င်သွားပါတော့တယ်။ ဒါပေမယ့် တစ်ဖက်လောကမှာတော့ ...
movie

[18+] Erotic Ghost Story III (1992)

1992
Magic Crystal (1986) 6
Magic Crystal (1986) Magic Crystal (1986)စတီဖင်ချောင်ရဲ့ နာမည်ကျော် God Of Gamblers ကားတွေ၊ Royal Tramp ကား‌တွေ၊ Tricky Master, Tricky Brain ကားတွေရဲ့ ဒါရိုက်တာ ဝေါင်ကျင်းရဲ့ လက်ရာကားဟောင်းတစ်ကားပါ။ အပေါ်က ကားတွေကို ကြည့်ဖူးတယ်ဆိုရင် ဒီရုပ်ရှင်က ထိုနည်း‌၎င်း Inner Logic ထဲ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ကြည့်ပျော်ရှုပျော်ရှိတဲ့ ဟောင်ကောင် အက်ရှင်ကားဆိုတာ မြင်သာမှာပါ။အဓိကသရုပ်ဆောင်ကတော့ ဟော‌င်ကောင်ရဲ့ A List စာရင်း၀င်တဲ့ Andy Lau ပေါ့။ သူ့ကိုတော့ ဟောင်ကောင်ပရိတ်သတ်တွေဖြစ်ဖြစ် ဝေါင်ကာဝေးပရိတ်သတ်တွေဖြစ်ဖြစ် သိပ်မစိမ်းကြပါဘူး။ ဟောင်ကောင်ဖန် အတော်များများ သဘောကျကြတဲ့ သူပါပဲ။ ဒါရိုက်တာဖြစ်တဲ့ ၀မ်ကျင်းကိုယ်တိုင် ၀င်သရုပ်ဆောင်ထားတဲ့အပြင် ချောင်ဖန်တွေမစိမ်းတဲ့ Sharla Cheung ပါ အဆစ်ပါပါသေးတယ်။ 1986 ဆိုတော့ As tears ...
movie

Magic Crystal (1986)

1986
The Detective (2007) 6.6
The Detective (2007) အခုတင်ဆက်ပေးမယ့်ကားလေးကတော့ The Detective (ခေါ်) <<C+侦探>> ဖြစ်ပါတယ် ။ဇာတ်လမ်းအကျဥ်းဒီထဲမှာတော့ တန်(မ်)လို့ခေါ်တဲ့ main cast စုံထောက်တစ်ဦးနဲ့ အစချီထားပါတယ် ငယ်ငယ်တည်းက မိဘတွေရဲ့ ထားခဲ့ခြင်းကို ခံရလို့ မိဘတွေကို လိုက်ရှာရင်း အလွတ်တမ်းစုံထောက်တစ်ယောက် ဖြစ်လာခဲ့တယ် ဇာတ်လမ်းထဲမှာ သူနဲ့သူငယ်ချင်း ဖြစ်သူ ရဲအရာရှိတစ်ဦးတို့ ရာဇဝတ်မှု လူသတ်မှုတွေကို ဖြေရှင်းသွားမှာပါသူမိဘတွေကို ရှာဖွေနေတဲ့ကြား လူပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်ပြီး လူ၄ယောက် ဆက်တိုက်သေဆုံးမှုတွေလည်း ဖြစ်လာခဲ့တဲ့နောက်...သူတို့တွေ တစ်ချိန်ထဲနီးပါးသေတာကရော တိုက်ဆိုင်မှုလား ဒါမှမဟုတ် ဆက်စပ်မှုတွေရှိနေတာလား ဘယ်လိုစုံစမ်းပြီးဘယ်လိုဖြေရှင်းလဲဆိုတာ ရုပ်ရှင်လေးကို ဆက်ကြည့်လိုက်ရအောင်ပါ ။File Size__(1.9GB) / (950MB) Quality__1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:49:00 Type__Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Yunn Myat Noe Khaing Encoded by Naing Aung Latt
movie

The Detective (2007)

A Better Tomorrow II (1987) 7.3
A Better Tomorrow II (1987) A Better Tomorrow II (1987)IMDb Rating - 7.3 Directed By John Wooဂျွန်ဝူးရဲ့ ဂန်းကားတွေမှာ ကျွန်တော်အကြိုက်ဆုံး အချက်ကိုပြောရရင် သူ့ထဲက ‌ဇာတ်ကောင်တွေ, အထူးသဖြင့် ချောင်ယွန်ဖတ်ရဲ့ ဇာတ်ကောင်တွေဟာ မိတ်ကောင်းဆွေကောင်း အရမ်းဆန်ပြီး သူတို့မိတ်ဆွေတွေအတွက် အသက်ကိုတောင် မမှုတဲ့လူတွေ ဖြစ်နေတာကိုပါပဲ။ ကျွန်တော်တို့ရော အဲဒီလောက် မိတ်ဆွေကောင်းပီသနိုင်ပါ့မလား,အဲဒီလို မိတ်ဆွေမျိုးရော ရနိုင်ပါ့မလား,မသေချာပေမဲ့ သူတို့တွေရဲ့ မိတ်ဆွေကောင်းပီသမှုကတော့ ကျွန်တော်တို့ရင်ထဲကို အနည်းနဲ့အများတော့ ထိလောက်မှာပါပဲ။ချောင်ယွန်ဖတ်ဟာ လက်တွေ့ဘ၀မှာလည်း ကိုယ်ကျိုးမကြည့်တဲ့ လူကောင်းတစ်ယောက်ပါ။လက်ရှိထိ နာမည်အကြီးဆုံး သက်တမ်းအရင့်ဆုံး မင်းသားကြီးပေမဲ့ ဟောင်ကောင်ရဲ့လမ်းမတွေ မုန့်ဆိုင်တွေမှာ ရိုးရိုးကုတ်ကုတ်ပုံစံနဲ့ပဲ တွေ့ရတတ်တယ်။ သူသေပြီးရင် သူ့စည်းစိမ်တွေအားလုံးကို ပရဟိတအဖွဲ့တွေကို ပေးပစ်ဖို့ပါ အစီအစဉ်ချထားတဲ့သူပါ။ သူရှာထားသမျှတွေကို သူ့ကိုယ်ကျိုးအတွက် သုံးတာ အင်မတန်နည်းတယ်လို့လည်း ငယ်ငယ်က သတင်းစာမှာ ဖတ်ခဲ့ဖူးတယ်။ ဒီလိုသဘောထားကြီးတဲ့ ချောင်ယွန်ဖတ်ဟာ ရုပ်ရှင်ထဲက ...
movie

A Better Tomorrow II (1987)

1987
A Better Tomorrow (1986) 7.5
A Better Tomorrow (1986) A Better Tomorrow (1986)~ IMDb - 7.5/10, RT - 93%, Meta - 78% ~ကျွန်တော်တို့ ငယ်ငယ်ကတော့ ဂျက်လီတို့ ဂျက်ကီချမ်းတို့ ချောင်ယွန်ဖတ်တို့ကားတွေ ခေတ်စားခဲ့တာပေါ့။ ဘူမသိ ကိုးမသိ ငယ်ဘ၀ကတော့ ချောင်ယွန်ဖတ်ကို ဆရာကျမှန်း မသိခဲ့သေးပေမဲ့ ဆေးလိပ်မီးကို ဒေါ်လာတစ်ရာတန်နဲ့ ဟန်ပါပါညှိပြသွားတဲ့ ချောင်ယွန်ဖတ်ရဲ့ဟန်ကိုတော့ ကျွန်တော်တို့တွေ အတော်ညိခဲ့ကြတယ်။Redcliff 1 2, face/off , Hard boiled, The Killer, Bullet in the Head တို့ကို ရိုက်ခဲ့တဲ့ နာမည်ကျော် အက်ရှင်ဒါရိုက်တာဖြစ်တဲ့ ဂျွန်ဝူးကိုတော့ မသိတဲ့လူ မရှိလောက်ပါဘူး။ ဂျွန်ဝူးဟာ ကိုယ်ပိုင် Themeရှိတဲ့ ဒါရိုက်တာပါ။ သူ့Theme ကိုတော့ Heroic Bloodshed Theme လို့ခေါ်ပါတယ်။ ဒီကားဟာ သူ့Themeရဲ့ ကနဦးကားပါပဲ။ ဒါကြောင့်လည်း သမိုင်းကြီးပါတယ်။(မာဗယ်မှာ မန်ဒရင်းလုပ်မယ့် ...
movie

A Better Tomorrow (1986)

1986
The Killer (1989) 7.8
The Killer (1989) The Killer (1989)ဟောင်ကောင်ရုပ်ရှင်ရဲ့ ရွှေခေတ်... ဂျွန်ဝူးရဲ့ရွှေခေတ်.... ချောင်ယွန်ဖတ်ရဲ့ရွှေခေတ်က အက်ရှင်ကားတစ်ကားပေါ့။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးကားလို့ သတ်မှတ်ကြတယ်။ဟောင်ကောင်အက်ရှင်တွေရဲ့ ဘုရင်ဟောင်းဂျွန်ဝူးရဲ့ Ratingအကောင်းဆုံးကားဆိုလည်း မမှားဘူး။ အဖွင့်မှာတင်ပါလာတဲ့ နောက်ခံသီချင်းလေးကလည်း တော်တော့်ကို ကောင်းတာပါပဲ။ပုံစံကခပ်အေးအေး အကြည့်က ခပ်စူးစူးနဲ့ တစ်ချက်ပစ်ရင် လူတစ်ယောက်ထိကိုထိတဲ့ နာမည်ကျော်ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ စင်တင်စားသောက်ဆိုင်တစ်ခုမှာ ပစ်မှတ်ကို သွားသတ်ရင်း အဆိုတော်မလေးရဲ့ မျက်လုံးကို ကျည်နဲ့ ရှပ်ထိသွားပြီး ကောင်မလေးရဲ့ မျက်လုံးဟာ ကန်းတော့မယ့်လုဆဲဆဲ ဖြစ်သွားခဲ့တယ်။ လူသတ်သမားပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းနဲ့ သိက္ခာရှိရှိနေတဲ့ ချောင်ယွန်ဖတ်ရဲ့ ကျည်ဟာ ဘယ်တော့မှ အပြစ်မရှိသူရဲ့ အရေပြားပေါ် မဖိတ်စဉ်ဖူးဘူး။ ဖိတ်စဉ်မိခဲ့ရင်လည်း သူ့တာဝန် သူယူတတ်တဲ့သူဆိုတော့ အနားယူဖို့စီစဉ်ထားပေမဲ့ ကောင်မလေးရဲ့ မျက်လုံးကို ပြန်ကုပေးဖို့ နောက်ဆုံးအလုပ်တစ်ခုကို လက်ခံလိုက်တယ်။ ကံဆိုးချင်တော့ နောက်ဆုံးအလုပ်မှာ သူ့ကိုခိုင်းတဲ့သူတွေက သူ့ကိုပြန်နှုတ်ပိတ်သတ်ဖို့ကြံရာက ရဲတွေရော ရာဇဝတ်ဂိုဏ်းတွေကပါ သူ့နောက်ကိုလိုက်ကြတော့တာပါပဲ။ဇာတ်အိမ်က သူ့ခေတ်က ထူးပေမဲ့ နောက်ပိုင်း ဒီပုံစံတွေ တွေ့ဖန်မြင်ရများလို့ မဆန်းတော့တဲ့ ဇာတ်အိမ်ပါပဲ။ သို့ပေမဲ့ လတ်ဆတ်တုန်းက အပြုံးချိုချိုနဲ့ ချောင်ယွန်ဖတ်နဲ့ လိုက်ဖက်လွန်းနေတဲ့ သိက္ခာရှိတဲ့ ကြေးစားလူသတ်သမားဇာတ်ကောင်က ဒီဇာတ်လမ်းကို ဘယ်တော့မှမဟောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားအောင် အရောင်တင်ပေးခဲ့တယ်။ သဘောကျစရာကောင်းတာက နောက်ပိုင်းကားတွေထဲက ဇာတ်လိုက်တွေလို လူလွန်မသားတွေ ဖြစ်မနေဘူး။ ကြမ်းတယ် ကျည်တစ်ချက်တစ်ကောင်သေတယ်။ သို့ပေမဲ့ ဒဏ်ရာလည်း အသေရတယ်.. ...
movie

The Killer (1989)

1989
Legend of the Dragon (1991) 6.4
Legend of the Dragon (1991) ဟာသဘုရင် Stephen Chow လောင်းကစား သူရဲကောင်း တစ်ယောက်ဒီတစ်ခါတော့ Snooker ထိုးတာကလွဲပြီး ဘာမှမသိနားမလည်တဲ့ Snooker King နေရာက သရုပ်ဆောင်ထားပါတယ်။ရယ်ရတာကတော့ ပြောစရာမလိုလောက်တော့ပါဘူး။တကယ့် အူတိအူကြောင် ကောင်လေးတစ်ယောက်ဖြစ်တဲ့ Chow ဟာ Snooker မှာတော့ သူတို့ရွာမှာ ဝိဇ္ဇာတစ်ပါးလို့ ပြောရမှာပေါ့။သူ့ရွာမှာ သူနဲ့ ယှဉ်ထိုးနိုင်တဲ့ကလေးမရှိတော့ဘူး။ဟောင်ကောင်မှာနေတဲ့ သူ့အဖေရဲ့ ဆရာတူညီ လူလည်ကပ်ပါးကောင် ရောက်လာပြီးသူနဲ့ ဟောင်ကောင်ကို အလည်လိုက်သွားရင်း တောသားမြို့ရောက် ဂေါက်တောက်တောက်ဖြစ်ရင်း သူ့ဦးလေးရဲ့ ဇာတ်ရှုပ်ထဲဝင်ပါသွားရော။သူ့အဖေက လောင်းကစားမလုပ်ဖို့၊ ရန်မဖြစ်ဖို့မှာလိုက်ပေမဲ့ သူ့ဦးလေးကျင်လည်နေတဲ့ လောကမှာ ဒါမျိုးတွေနဲ့ ကင်းကင်းနေမရနိုင်လို့ အိမ်ပြန်ချင်လာရော။အိမ်ပြန်တော့မှ ပြဿနာက ပိုကြီးသွားတယ်။ သူပြန်တော့ သူ့ဦးလေးကလိုက်လာတယ်။သူ့အဖေရဲ့ မြေတွေကို သူ့ဦးလေးက လောင်းကြေးအနေနဲ့ထားပြီး Snooker တစ်ပွဲထိုးခိုင်းတယ်။သူနဲ့ ထိုးရမယ့်လူက အဲဒီခေတ်က Snooker ဘုရင်တစ်ပါး Jimmy White ။အဲဒီပွဲမှာ ရှုံးပြီး သူတို့ပိုင်တဲ့မြေတွေ ...
movie

Legend of the Dragon (1991)

My Hero (1990) 5.7
My Hero (1990) My Hero (1990)IMDB(5.7)ဂန်းစတားလောကမှာ ကျက်စားမယ့် စတီဖင်ချောင်ကိုမြင်ရမှာပါ။အခွီတွေချည်းမဟုတ်ဘဲ Action ရော Drama ရော ပေါင်းစပ်တင်ဆက်ထားပါတယ်။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.org/category/stephen-chow/   မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ...
movie

My Hero (1990)

Fist of Fury (II) (1991) 6.5
Fist of Fury (II) (1991) Fist of Fury (II) (1991)IMDB(6.5)တရုတ်ကွန်ဖူးရဲ့ ဂန္တဝင်မင်းသားကြီး ဘရုစ္စလီရဲ့ Fist of Fury ကို ရုပ်ပြောင်ရိုက်ကူးထားတဲ့စတီဗင်ချောင်ရဲ့ ၁၉၉၁ ထွက် ဇာတ်ကား ၂ ကားကိုတင်ဆက်ပေးလိုက်ပါတယ်ချောင် ရဲ့ ဇာတ်ကားတွေထုံးစံအတိုင်းပဲ အဖောက်ခန်းတွေ ပြောင်မြောက်တဲ့ ဒိုင်တွေနဲ့ကြည့်ကြရမှာပါဇာတ်လမ်းအကျဉ်းလေးကတော့ပြည်မသား ချောင်ဟာ သူ့ဝမ်းကွဲ ညီ ကိုလိုက်ရှာဖို့ ဟောင်ကောင်ကို လာခဲ့ပြီး ချီးထုတ် ဆင်း နဲ့ ဆုံမိကြပါတယ်ဒီလိုနဲ့ ချီးထုတ် ၂ကောင်ပေါင်းမိပြီး ပိုက်ဆံ ပြတ်တာ့ ပေါင်း ရှာကြတဲ့အခါမှာဒေါ်လာ ဆယ်သန်းရမယ့်လက်ဝှေ့ပွဲ ကို တွေ့ပြီး ဘယ်လို ကလိမ်ကကျစ် ဉာဏ်တွေနဲ့ ဆယ်သန်း ကို ရယူကြမလဲဆိုတာကိုတော့။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.org/category/stephen-chow/   မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ...
movie

Fist of Fury (II) (1991)

1991
Fist of Fury (1991) 6.7
Fist of Fury (1991)  Fist of Fury (1991)IMDB(6.7) ဘရုစလီဇာတ်ကားကို အမှီပြုပြီး စတီဖင်ချောင်ရဲ့ အရသာအပြည့်နဲ့ တင်ဆက်ထားတဲ့ဇာတ်ကားပါ.. Fist of Fury ဇာတ်ကား ၁ နဲ့ ၂ နှစ်ကားထွက်ပါတယ်။ +++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.org/category/stephen-chow/   မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ...
movie

Fist of Fury (1991)

The Eight Immortals Restaurant: The Untold Story (1993) 7.0
The Eight Immortals Restaurant: The Untold Story (1993) လူသားပေါက်စီလို့ဆိုလိုက်တာနဲ့ ဟိုတုန်းကကားတွေတော်တော်များများကို ပြန်အမှတ်ရမိမှာပါ ဒီကားကတော့ မကာအိုပြည်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ Eight Immortal စားသောက်ဆိုင်က ဖြစ်ရပ်မှန်ကိုပြန်ရိုက်ထားတာပါ ၁၉၈၅ မကာအိုပြည်က Eight Immortal ဆိုတဲ့ စားသောက်ဆိုင်လေးမှာ လူနှစ်ယောက် မာကျောက်ကစားရင်း အငြင်းအခုံထဖြစ်တယ် ၀မ်ချီးဟန်ဆိုတဲ့ သိပ်ကိုဖျံကျပြီး ကလိမ်ညာဏ်များတဲ့သူက မာ​ကျောက်ကစားတိုင်း တစ်ကွက်ခိုးခိုးပြီးဆော့တာ ဆိုင်ရှင် ချန်လမ်က​ကောင်းကောင်းသိတယ် ဒါကြောင့်လဲ ၀မ်ချီးဟန်နိုင်တိုင်း ပိုက်ဆံမပေးပဲ အကြွေးနဲ့လျှော်လျှော်ထားခဲ့တာ တကယ်တော့ ဆိုင်ရှင် ချန်လမ်ကပိုက်ဆံ တစ်ပြားတောင် ပေးချင်စိတ်ရှိတာမဟုတ်ပါဘူး ဒါပေမယ့် ဒီငွေလေး အနည်းကျဥ်းလောက်အတွက်နဲ့ မကာအိုမှာဟိုးလေးတကျော်ဟော်လေးတစ်ကျိုးဖြစ်သွားစေ တဲ့ ထိပ်တန်းလူသတ်မှု တစ်နည်းအားဖြင့် လူသားပေါက်စီဆိုပြီးနာမည်ကြီးတဲ့ case တစ်ခုပေါ်လာခဲ့ပါတယ် ဒီကားဟာ 1993 လောက်ကရိုက်တဲ့ကားပေမယ့်လို့ တကယ့်အဖြစ်ပျက်နဲ့အတော်လေးတူအောင် ရိုက် ယူထားနိုင်တာတွေ့တယ် နောက်ပြီး R-Rated အဆင့်ရှိ scene တော်တော်များများပါတဲ့အတွက် ကလေးသူငယ်တွေ နှလုံးရောဂါရှိသူတွေမကြည့်ကြဖို့ ပြောချင်ပါတယ်အဲ့ဖက်ခေတ်ကရိုက်တဲ့ကားပေမယ့် အသတ်အဖြတ်တွေ 21+ scene တွေ အော်ဂလီဆန်လောက်အောင်အများအပြားပါ၀င်တာမို့ ကျွန်တော်ကတော့ ဒီလိုကားမျိုး reboot တောင်ပြန်မလုပ်ပါစေနဲ့လို့ဆုတောင်းမိပါတယ် ဒီဖက်ခေတ်နည်းပညာတွေ မိတ်ကပ်အလန်းစားတွေ နဲ့ ရိုက်ရင်ဘယ်လောက်တောင်အော်ဂလီဆန်ရမလဲလို့ ကဲ အော်ဂလီလဲဆန်ရမယ် ရွံဖို့လဲကောင်းရမယ် တကယ့်ဖြစ်ရပ်မှန်လဲဖြစ်တဲ့ကားကိုကြည့်ချင်တဲ့သူတွေအတွက်တော့ ကြည့်ဖို့တိုက်တွန်းချင်ပါတယ် တချို့တော်တော်များလဲ ကြည့်ပြီးလောက်ပြီထင်ပါတယ် Translated By : Hein Thet Naing Encoded By : XCode
movie

The Eight Immortals Restaurant: The Untold Story (1993)

1993
Prison on Fire (1987) 7.3
Prison on Fire (1987) Prison on Fire (1987) IMDb - 7.3/10_____Rotten - 87%     IMDB 7.3 ရထားတဲ့ ဒီကားလေးကတော့ တရုတ်ကားလေးပါ၊ Action Drama အမျိုးအစားပါ ၁၉၈၇ ခုနှစ်ကရိုက်ထားတာကြောင့် အခုခေတ်ထောင်ကားတွေနဲ့နည်းနည်းကွဲပြားနေပါတယ် ထောင်ထဲမှာမိတ်ဆွေဖြစ်သွားပြီး ထောင်ထဲရင်ဆိုင်ရတဲ့အခက်အခဲတွေကိုရိုက်ပြထားတာပါ ဒီကားထဲမှာ တရုတ်နိုင်ငံရဲ့မင်သားကြီး ချောင်ရွန်ဖတ်နဲ့နောက်တစ်ယောက်က Leung Ka-fai ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ လူငယ်လေးတစ်ယေက်မတော်တဆလူသတ်မိပြီးထောင်ကျသွားတယ် လူသစ်ဆိုတော့ ဝိုင်းအနိုင်ကျင့်တယ် အဲ့ဒါကို ချောင်ရွန်ဖတ်က ကာကွယ်ပေးတာပါ ဒီလူငယ်လေး ဘယ်လိုအနိုင်ကျင့်ခံရတယ် ချောင်ရွန်ဖတ်ကလဲ ဘယ်လိုကာကွယိပေးတယ်ဆိုတာကို ပရိသတ်ကြီးဆက်လက်ကြည့်ပေးကြပါဦး     Quality - 720p Web DL Format - Mp4 Gern - Action/Crime/Drama Duration - 1hr 44min Translator - Tin Myo Lwin Encoder -Kyaw Ye Aung
movie

Prison on Fire (1987)

1987