Channel Myanmar

Shinpachi Tsuji

Perfect Blue (1997) 8
Perfect Blue (1997) ℙ𝕖𝕣𝕗𝕖𝕔𝕥 𝔹𝕝𝕦𝕖 (𝟙𝟡𝟡𝟟) ===========IMDb Rating- 8/10 Rotten Tomatoes- 80% MyAnimeList- 8.5/10တစ်ခါ‌တလေများ ရေသောက်နေရင်းဖြစ်ဖြစ် ထိုင်နေရင်းဖြစ်ဖြစ် ဆေးလိပ်သောက်နေရင်းဖြစ်ဖြစ် တစ်ချိန်ချိန်မှာ အတွေးဟာ အပြင်ကိုမရောက်ဘဲ အတွင်းထဲကို ရောက်သွားတဲ့ အခိုက်အတန့်တစ်ခုကို လူအတော်များများ ကြုံဖူးကြမယ်ထင်တာပဲ။ ကျွန်တော်တော့ ရံဖန်ရံခါဆိုသလိုဖြစ်တတ်တယ်။ အဲ့ဒီအခိုက်အတန့်ကလေးမှာ အတွေးဟာ ပြင်ပ အကြောင်းအဖြစ်တွေဆီ ရောက်မသွားဘဲ "ငါ"ဆိုတဲ့ အတွင်းကအ‌ရာဆီပြန်ရောက်သွားတယ်။ အဲ့ဒီအခိုက်အတန့်ဟာ တကယ့်ကိုခဏလေး ဒါပေမဲ့အတော်ကြာသလိုလည်းခံစားရတယ်။ အတိအကျတော့မပြောတတ်တော့ပေမဲ့ သေချာတာကတော့ အဲ့ဒီအချိန်မှာဖြစ်တဲ့ ခံစားမှုဟာ "ငါ"ဆိုတာရဲ့လုံး၀ကိုအဓိပ္ပာယ်မဲ့နေမှုကြီး။ ‌ဒီခန္ဓာဒီနာမည်နဲ့လူဟာ ငါဟုတ်ရဲ့လားတောင် တွေးမိတဲ့အထိပဲ။ ကိုယ်ရှင်နေတဲ့ ဘ၀ကြီးကို အရှိတရားရောဟုတ်ရဲ့လားလို့ သံသယ၀င်မိတဲ့ အခိုက်အတန့်တစ်ခုလို့ဆိုရမယ်။အဲ့ဒီလိုအခိုက်အတန့်ကို ခံစားဖူးတဲ့လူတိုင်း ဒီAnimeထဲက ဇာတ်‌ကောင်ရဲ့ ဘ၀ကို နားလည်မယ်လို့ ကျွန်တော်ထင်တယ်။ ဒီထဲကဇာတ်ကောင်ကို နားလည်သွားရင် ဒီ Anime ဟာ ခင်ဗျားအတွက် တကယ့် Masterpiece တစ်ခုဖြစ်သွားမှာတော့ သေချာတယ်။သတိထားမိသလောက်ဆိုရင် တစ်ချို့ဒါရိုက်တာတွေဟာ လူ့ဘ၀လို့ ကျွန်တော်တို့အားလုံး ခေါ်ကြတဲ့အရာဟာ အရှိတရားဟုတ်ရဲ့လား? အိပ်မက်တစ်ခုများလား? ဆိုတဲ့ တူညီတဲ့ သံသယတစ်ခု သူတို့ခေါင်းထဲရှိနေတာ သူတို့ရုပ်ရှင်တွေမှာ အတော်တွေ့ရတယ်။Satoshi Kon ဟာလည်း အဲ့ဒီလို အရှိတရားကို သံသယ၀င်တဲ့သူတွေထဲက တစ်ယောက်ပဲလို့ ကျွန်တော်တော့ယုံတယ်။ Perfect Blue မှာ အရှိတရားကို ဝေခွဲဖို့ အတော်ခက်တယ်။‌ လက်တွေ့မှာ အရှိတရားကိုယ်တိုင်ကလည်း ဝေခွဲဖို့ခက်တဲ့အတွက် အရှိတရားကို ဝေခွဲရခက်တဲ့ရုပ်ရှင်တွေဟာ ကျွန်တော်တို့ စိတ်တွေကို တစ်နည်းတစ်ဖုံနဲ့ ဖမ်းစားထားနိုင်ခဲ့တယ်။Black ...
movie

Perfect Blue (1997)

1997
Kiki’s Delivery Service (1989) 7.8
Kiki’s Delivery Service (1989) ၁၃နှစ်ပြည့်တဲ့စုန်းလေးတွေဟာ အိမ်ကထွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့ စုန်းတို့ရဲ့ရိုးရာအတိုင်း ၁၃နှစ်အရွယ်စုန်းမလေးခီခီဟာ တိမ်ကင်းစင်တဲ့လပြည့်ညတစ်ညမှာ သူ့ရဲ့ကြောင်နက်လေးဂျီဂျီရယ် အဖေ့ရေဒီယိုလေးရယ်နဲ့အတူ တံမြက်စည်းပျံစီးပြီး အိမ်ကထွက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ နာရီ​စင်ကြီးရှိတဲ့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ အခြေချဖို့ဖြစ်လာတဲ့အခါ စုန်းမလေးခီခီဟာ အခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ရပါတော့တယ်။ ​ တဖြည်းဖြည်းနဲ့ ခီခီ့ရဲ့တစ်ပါးသူအပေါ်ကူညီပေးမှုတွေ၊ သနားကြင်နာတတ်မှုတွေကြောင့် လူချစ်လူခင်ပေါလာပြီး သူ့ကိုယ်ပိုင်ပစ္စည်းပို့လုပ်ငန်းလေးကိုလည်း တစ်နိုင်တစ်ပိုင်ထူထောင်လာနိုင်ပါတော့တယ်။ ဒီဇာတ်လမ်းမှာ ခီခီ့ရဲ့ ကိုယ်ပိုင်အလုပ်သစ်လေးမှာ အလုပ်အပ်သူတစ်ယောက်ပေါ်လာရင်ကို စိတ်လှုပ်ရှားနေတတ်တာမျိုးတွေ၊ သူငယ်ချင်းကြောင်နက်လေးဂျီဂျီ သူငယ်ချင်းအသစ်ရသွားတဲ့အခါ စိတ်ပျက်ဝမ်းနည်းပုံလေးတွေ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့အခါ အတက်အကျတွေအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ရပုံလေးတွေကို လူငယ်သဘာဝအလျောက် တွေ့မြင်ရမှာဖြစ်ပြီး ကိုရိုကိုဆိုတဲ့ ပင်လယ်ဆိပ်ကမ်းမြို့လေးရဲ့ သဘာဝအလှအပလေးတွေကိုလည်း စိတ်ချမ်းမြေ့ဖွယ်ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်... IMDb 7.8/10 Rotten tomatoes 98% ထိရရှိထားတဲ့ anime ဇာတ်ကားကောင်းလေးကို ကြည့်ရှုခံစားပေးကြပါဦး....   File Size - 1.4 GB Quality - BluRay 1080p Subtitle - Burmese (hardsub) Translator - May Thu Aung Encoder -  Thit San Khant
movie

Kiki’s Delivery Service (1989)

1989
To the Forest of Firefly Lights (2011) 8.0
To the Forest of Firefly Lights (2011) ဂျပန်စာရေးဆရာYuki Midorikiwaကရေးခဲ့ပြီး 2011မှာanimeအဖြစ်အသက်သွင်းခဲ့ပါတယ်ရိုမန်တစ်ဆန်တဲ့ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ရည်းစားမရှိတဲ့လူတွေဖီးလ်စေမယ့် ကားမျိုးပဲဖြစ်ပါတယ်ဟိုတာရုရဲ့အသက်ခြောက်နှစ်အရွယ်လောက်က ကျေးလတ်မှာရှိတဲ့ သူ့အဖိုးရဲ့ရွာနားကတောအုပ်ထဲလမ်းပျောက်ပြီးဂင်လို့ခေါ်တဲ့မျက်နှာဖုံးနဲ့ လူထူးဆန်းလေးနဲ့စတင်တွေ့ဆုံခဲ့ပြီး နွေရာသီရောက်တိုင်း သူတို့နှစ်ယောက်က အတူဆုံလေ့ရှိပါတယ်ဂင်ရဲ့ထူးခြားမှုက သူ့အသားကိုလူတစ်ယောက်ထိတာနဲ့ ဂင်ဟာထာဝရပျောက်ကွယ် သွားရမှာပါသူတို့ရဲ့ဆက်ဆံရေးတွေကဘယ်လိုရှုပ်ထွေးလာပြီးတော့ ဘယ်လိုဇာတ်သိမ်းမလဲ ဆိုတာကိုဒါရိုက်တာ Takahiro Omoriကသေချာရိုက်ပြထားပါတယ်ဗျ ဇာတ်လမ်းကိုစစတင်ချင်းမှာပဲတစ်ဟုန်ထိုးအောင်မြင်မှုတွေ ရပြီးတော့ International Film Festival, Anime Contents Expo နဲ့Anime Expo conventionတွေမှာပြသခွင့်ရခဲ့ပါတယ်66th Annual Mainichi Film Awardsဆုပေးပွဲမှanimation flim awardကိုလည်းရရှိထားတဲ့ကားကောင်းလေးပါကဲ အားပေးကြပါဦးဗျာ။( ဒီဇာတ်ကားလေးကို ဘာသာပြန်ပြီး အညွန်းပါရေးပေးတဲ့သူကတော ့ Si Thu ပဲ ဖြစ်ပါတယ်ခင်ဗျာ)File Size : (350 MB) Quality : WEBRip 720p Running Time : 1hr 42min Format : Mp4 Genre : Animation, Drama, ...
movie

To the Forest of Firefly Lights (2011)

2011