Channel Myanmar

Shiva Negar

Burned by Love (2023) 5.0
Burned by Love (2023) Burned by Love (2023) =================ဒီကားလေးကတော့ American Assassin ဇာတ်ကားထဲက မင်းသမီး ချောလေး Shiva Negar ဇာတ်ဆောင်မင်းသမီးအနေနဲ့ ပါဝင်သရုပ် ဆောင်ထားတဲ့ အိမ်ထောင်ရေးဇာတ်ကားကောင်းလေးတစ်ကားဖြစ် ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အတွင်းခန်း အလှပြင်ပန်းချီဆရာ အနေနဲ့ အသက်မွေးတဲ့ Shiva တစ်ယောက် ခင်ပွန်းသည်ရဲ့ ဖောက်ပြန် မှုကို လက်ပူးလက်ကြပ်မိသွားပြီး အိမ်ထောင်ကွဲဘဝကိုရောက်သွား ရှာပါတယ်။ တစ်နှစ်လောက် ကြာတဲ့အထိ Move on မလုပ်နိုင်တော့ အတူနေအခန်းဖော်က ဘဲလေးဘာလေးရအောင် ဆိုပြီး Tinder လိုမျိူး Dating Account ဖွင့်ပေးပြီး သုံးခိုင်းရာကနေ Shiva တစ်ယောက် Marco ဆိုတဲ့ဘဲနဲ့ ညိသွားပါတော့တယ်။ ဖြစ်ချင်တော့ Marco က ကြာကူလီ ဖိုးတွမ်တီးသမားဖြစ်နေတော့ ပိုက်ဆံလည်းရှုံး အသည်းလည်းကွဲ မိအေးနှစ်ခါနာဖြစ်ပါတော့တယ်။ အဲတော့ သူ့လိုမျိုး နောက်ထပ်ကောင်မလေးတွေ မခံရလေအောင်ဆို ပြီး လိုင်းပေါ်မှာ သတိပေးစာတွေထုတ်၊ မိန်းကလေးအချင်းချင်းရင်ဖွင့် ကြနဲ့ Carry on လုပ်တဲ့အခါမှာ Marco တစ်ယောက် စားပေါက်ပိတ် သွားပါတော့တယ်။ စားပေါက်ပိတ်သွားတဲ့ ကြာကူလီ Marco က ...
movie

Burned by Love (2023)

2023
The Cuban(2020) 6.9
The Cuban(2020) The Cuban(2020)အညွှန်း*********************မီနာအိုက်ယူ ဆိုတဲ့ ကောင်မလေးဟာ အာဖဂန်စစ်ပွဲကြောင့် အဘိုးအဘွားတွေက အဒေါ်ဖြစ်သူနဲ့ အတူ အမေရိကန်မှာလာခိုလှုံဖို့ လွှတ်လိုက်တဲ့ကောင်မလေးဖြစ်ပါတယ်။အိုက်ယူဟာ ဆရာဝန်ဘွဲ့ရဖို့ ဆေးကျောင်းတက်ရင်း ဝင်ငွေအတွက်သက်ကြီးစောင့်ရှောက်ရေးဂေဟာမှာ သူနာပြုအလုပ် ဝင်လုပ်ပါတယ်။ထိုဂေဟာမှာ အလုပ်စဝင်ဝင်ချင်း သူပြုစုပေးရတာက စိတ်ကြီးပြီး အစားအသောက် ကြေး(ချေး)များတဲ့ ပြဿနာအိုးအဘိုးအိုလူနာကြီးဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အိုက်ယူရဲ့ သည်းညည်းခံမှု၊ ဖြူစင်မှုကြောင့် လူနာအဘိုးအိုကြီး ဟာသူ့ကို ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံလာပါတယ်။ ဒါပေမယ့်လည်း အဘိုးကြီးကိုစောင့်ရှောက်ရင်း အဘိုးကြီးရဲ့ ထူးဆန်းတဲ့ အတိတ်အကြောင်းတွေ သူသိလာရသလိုသူ့ဘ၀ အတွက် မျှော်လင့်မထားတဲ့ ဆိုးကျိုးတချို့ကို ပြန်ရင်ဆိုင်လာရပါ တော့တယ်။လူနာနဲ့ ဆရာဝန်-သူနာပြုကြားက ကြီးမားတဲ့သံယောဇဉ်၊ ချစ်သူတွေချင်း ကြားကလေးနက်တဲ့ချစ်ခြင်း၊ အဒေါ်နဲ့ တူမကြား နက်ရှိုင်းတဲ့ တွယ်တာမှု စတာတွေကို လှပစွာ ခြယ်မှုန်းသီခြယ်ထားတဲ့ချစ်ခြင်းမေတ္တာဖွဲ့သီမှု ဇာတ်လမ်းတစ်ပုဒ်ကို ကိုယ်တိုင် ခံစားကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Myo ပဲဖြစ်ပါတယ်...File Size :(945MB) ...
movie

The Cuban(2020)

American Assassin (2017) 6.5
American Assassin (2017) ဒါရိုက်တာမိုက်ကယ်ကူစ် တာရဲ့ လက်ရာဖြစ်ပြီး ဒီလန်အို ဘရိုင်ယန်၊ မိုက်ကယ်ကီတန်၊ ဆန်နာလေသန်၊ ရှီဗာနီဂါ၊ တေ လာကစ္စချ် စတဲ့ သရုပ်ဆောင်များစွာ အားဖြည့်ထားတာဖြစ်ပါ တယ်။မစ်ချ်ရက်ပ်နဲ့ သူ့ချစ်သူဟာ စပိန်ကို အပန်းဖြေခရီးထွက်ကြ ရင်း ကမ်းခြေမှာ အစ္စလာမ်မစ် ဂျီဟတ် အကြမ်းဖက်သမားတွေနဲ့ ဆုံမိပြီး ပစ်ခတ်ကြရင်း ရက်ပ်ရဲ့ချစ်သူ သေဆုံးခဲ့ရပါတယ်။ဒီလိုနဲ့ ၁၈ လလောက်ကြာ အပြီးမှာတော့ သူ့ချစ်သူကိုသတ် တဲ့ အကြမ်းဖက်သမားကို လက် တုံ့ပြန်ဖို့ အခွင့်အရေး ပေါ်လာခဲ့ ပေမယ့် အမေရိကန်အထူးတပ်ဖွဲ့ တွေက ချေမှုန်းလိုက်တာကြောင့် ရက်ပ်ရဲ့ အစီအစဉ်တွေ ပျက်ခဲ့ ပါတယ်။အဲဒီနောက်မှာတော့ ရက်ပ် ဟာ စီအိုင်အေရဲ့ လျှို့ဝှက်စစ် ဆင်ရေးအတွက် စီအိုင်အေအကြီး အကဲ အိုင်ရင်းကနေဒီရဲ့ ခေါ်ယူ ခြင်းခံခဲ့ရပြီး အမေရိကန်စစ်ပြန် ကြီး စတန်ဟာလေရဲ့ လက် အောက်မှာ လက်တွဲတာဝန်ထမ်း ...
movie

American Assassin (2017)

2017