Channel Myanmar
Shruti Haasan
Salaar: Part 1 – Ceasefire (2023) 6.6
Salaar: Part 1 – Ceasefire (2023) Salaar: Part 1 – Ceasefire (2023) ==========================WEB DLအကြည်ဗားရှင်းကိုပဲ တင်ဆက်ထားပါတယ်သွေးသောက်ညီနောင်သစ္စာတရား CM တောင်ပိုင်းချစ်ပရိသတ်ကြီးတို့ မျှော်လင့်နေတဲ့ ဇာတ်ကားလေးကတော့ အကြည်WEB DL ဗားရှင်းထွက်ရှိလာခဲ့ပါပြီ၂၀၂၃ ဒီဇင်ဘာမှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားဟာ ၂၇၀ ကုဋေရင်းခဲ့ပြီး ၇၅၀ ကုဋေထိအမြတ်ရကာ အတော်လေးအောင်မြင်ခဲ့ပါတယ် ဦးဆောင်ပါဝင်ထားတဲ့မင်းသားကတော့ တောင်ပိုင်းရဲ့ကမ္ဘာသိမင်းသား ဘာဟုဗလီမင်းသားလို့ မြန်မာမှာ နာမည်ကြီးတဲ့ Prabhas နဲ့ ကားရိုက်ကျဲပေမယ့် ပါတဲ့ကားတိုင်းပေါက်တဲ့ မင်းသမီးချောလေး ရှရူသီအပြင် အခြားတောင်ပိုင်းနာမည်ကြီး ဇာတ်ပို့များစွာပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကို မညွှန်းခင်မှာ ပထမဆုံးချီးကျူးလိုတာကတော့ တောင်ပိုင်းကားတွေဟာ အက်ရှင်ခန်းရိုက်တဲ့နေရာမှာ တော်တော်ကို ကောင်းမွန်နေပြီဆိုတာပါပဲ စလိုးမိုးရှင်းတွေ အနီးကပ်ရိုက်ချက်တွေကို သူ့နေရာနဲ့သူသုံးထားပြီး အရမ်းကြီးအိုဗာမဖြစ်ပဲ မင်းသားရော ဗီလိန်တွေပါ သွေးသံရဲရဲနဲ့ ဖိုက်နေကြတာ တကယ်အားရစရာပါပဲဇာတ်လမ်းကတော့ ကန်ဆာပြည်နယ်လို့ခေါိတဲ့ စိတ်ကူးယဉ်ပြည်နယ်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ် ပဒေသရာဇ်စနစ်နဲ့ မျိုးရိုးစဉ်ဆက်အုပ်စိုးတဲ့ နေရာမှာ မင်းသားဖြစ်တဲ့ ဗာရာဒါနဲ့ သာမန်လူ ဒေဗာ(ဘာဟုဗလီမင်းသား) က အသက်ပေးချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပါတစ်နေ့မှာ ဒေဗာက အဲ့နေရာကနေ ထွက်ခွာခဲ့ရပေမယ့် သူ့သူငယ်ချင်းလိုအပ်ချိန်တိုင်းမှာ ပြန်လာကူညီမယ်လို့ ...
movie
Salaar: Part 1 – Ceasefire (2023)
2023
4K HEVC
Katamarayudu (2017) 5.5
Katamarayudu (2017) Katamarayudu (2017) "ဒုတိယမြောက် ရင်ခုန်သံ"Pawan Kalyan နဲ့ Salaar ကားထဲက မင်းသမီးချော ရုရူသီတို့ ပါဝင်ထားတဲ့ တေလဂူး Action/Drama ကားဟောင်းလေးတစ်ကား တင်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ရွာတစ်ရွာမှာ ကာတာမာရာယူဒူက သူ့ရဲ့ညီ ၄ ယောက်နဲ့ အတူ နေထိုင်ပါတယ် မကောင်းမှုကို လက်မခံဘဲ သူ့ကိုပြဿနာရှာတဲ့သူကို မှတ်လောက်သားလောက်အောင် ဆုံးမတတ်တဲ့ ရွာက နာမည်ကြီးလူမိုက်ဖြစ်ပါတယ်သူတို့မိသားစုရဲ့ ရှေ့နေဖြစ်သူ လင်ဂါက သူတို့ရဲ့ရန်ပွဲက ဖြစ်တဲ့ ကိစ္စအဝဝကို ဖြေရှင်းပေးရပြီး တစ်ရွာလုံးမှာလည်း ကာတာမာကို သွားထိလို့မရတဲ့ လူတစ်ယောက်အဖြစ် သတ်မှတ်ထားကြတာပါဒါ့အပြင် အစ်ကိုကြီး ကာတာမာ သတ်မှတ်ထားတဲ့ စည်းမျဥ်းတစ်ခုကတော့ သူ့ရဲ့အိမ်မှာ ဘယ်မိန်းမရဲ့ မျက်နှာကိုမှ မမြင်စေရဘူးဆိုတာပါပဲဒါပေမဲ့လည်း ရှေ့နေအပါအဝင် ညီ ၄ ယောက်လုံးက ကွယ်ရာမှာတော့ သူတို့အစ်ကိုမသိအောင် ချစ်သူကိုယ်စီ ခိုးထားနေကြပါတယ် သူတို့တွေ မိန်းမလိုချင်တာကြောင့် ကျောက်တုံးလို မာကျောတဲ့ သူတို့အစ်ကိုရဲ့ နှလုံးသားကို မိန်းမတစ်ယောက်အတွက် အရည်ပျော်အောင် ဝိုင်းဝန်းကြံဆကြရပါတော့တယ်ကာတာမာတစ်ယောက် အတိတ်မှာ ချစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့ပေမဲ့ သူနဲ့ ဘယ်လိုတွေ ...
movie
Katamarayudu (2017)
2023
Hi Nanna (2023) 8.4
Hi Nanna (2023) Hi Nanna 2023 ( မင်္ဂလာပါ ဖေဖေ)IMDb 8.4/10 , RT 100%Netflix ကနေ လတ်တလောကပဲ ထုတ်လွှင့်ပေးလိုက်တဲ့ ဒရာမာ ရိုမန့်စ်ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေMain cast တွေကလည်း အားလုံးနဲ့မစိမ်းတဲ့ Jersey မင်းသားနာနီနဲ့ သရုပ်ဆောင်လဲကောင်း ရုပ်ကလေးကလဲချောတဲ့ Sita Ramamက မင်းသမီးလေး မရူနာထာကူးရ်တို့က ဦးဆောင်ပါဝင်ထားတဲ့အပြင် အချောလေး ရှရူသီ ဟာစန်ကလဲ အလှတရားတွေနဲ့ ပါဝင်အားဖြည့်ထားပါတယ်“တစ်ခါတုန်းက တိုင်းပြည်မှာ ဘုင်ကြီးရယ် အမတ်ကြီးရယ် စစ်သူကြီးရယ် အရမ်းလှတဲ့သမီးတော်လေးရယ်ရှိတယ်တဲ့… အဲ့ဒါဆို အဲ့ဇာတ်လမ်းမှာ အမေမပါဘူးလား ဖေဖေ”ဟုတ်ပါတယ် ၆ နှစ်သမီးလေး မာဟီကို အရမ်းချစ်တဲ့ ဗီရာ့ဂျ်ဟာ သမီးလေးအတွက် ဖခင်နေရာရော မိခင်တာဝန်ပါ မလစ်ဟင်းအောင် အချစ်ကြီးချစ်ပေးတဲ့ single father တစ်ယောက်ပေါ့…ဒါပေမဲ့ သမီးလေးမာဟီကတော့ သူ့အမေဘယ်သူလဲ ဘယ်ရောက်သွားလဲဆိုတာ အရမ်းသိချင်နေပါတယ်… ပြီးတော့ မာဟီလေးမှာ ကုသရခက်တဲ့ မွေးရာပါပန်းနာရောဂါကလည်းဖြစ်နေပါသေးတယ်… တစ်နေ့မှာ အမေ့အကြောင်းမပြောပြလို့ အဖေနဲ့ရန်ဖြစ်ပြီး အိမ်ကထွက်လာတဲ့ မာဟီနဲ့ မာဟီကို ကူညီစောင့်ရှောက်ပေးထားတဲ့ မိနိးမချောလေး ...
movie
Hi Nanna (2023)
2023
4K HEVC
Waltair Veerayya (2023) 6.8
Waltair Veerayya (2023) Waltair Veerayya (2023) Action, Drama IMDb 6.8/10 (5.6K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘိုင်ရာဗာမင်းသားရဲ့အဖေ မင်းသားကြီး ချီရန်ဂျီဗီးနဲ့ မင်းသားကြီး ရဗီတေဂျားတို့ရဲ့အက်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ မင်းသမီးချောလေး ရှရူတီးဟာစန်းကလည်း ကမ်းကုန်အောင် လှပပေးထားပါတယ်နော်။ဒီဇာတ်ကားမှာ ဘတ်ဂျက် ရူပီကုဋေ၁၄၀သုံးခဲ့ပြီး ၂၃၃.၀၅ကုဋေပြန်ရခဲ့ပါတယ်။ဇာတ်လမ်းကိုပြောရမယ်ဆိုရင်... RAW အဖွဲ့ဟာ နိုင်ငံတကာရာဇဝတ်သားကို အိန္ဒိယဖမ်းခေါ်လာနေတုန်း လမ်းမှာ လေယာဥ်ပျက်ကျခဲ့ပြီး အဲ့ဒီရာဇဝတ်သားကို ရဲစခန်းမှာ တစ်ညသိပ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီရဲစခန်းဟာ ညတွင်းချင်းဝင်ဆီးခံခဲ့ရပြီး စခန်းအတွင်းက ရဲတွေအားလုံးအသတ်ခံလိုက်ရပါတယ်။ ရာဇဝတ်သားလည်း လွတ်မြောက်သွားပါတော့တယ်။ဒီအဖြစ်အပျက်ကြောင့် ရာထူးဆိုင်းငံ့ခံလိုက်ရတဲ့ ရဲအရာရှိဟာ ဒီရာဇဝတ်သားကို ဖမ်းဆီးဖို့ ခဲထားပါတော့တယ်။ ဒီလိုနဲ့ မီးကိုမီးနဲ့ငြှိမ်းဖို့ ကြိုးစားလာတဲ့အခါမှာတော့....။ ဆက်လက်ပြီး ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော်။ File size…4.21GB / 1.95GB Quality…1080p True  WEB DL /720p Format…mp4 Duration…2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  BpL~Taylor~ Yunni ~ Khin Khin
movie
Waltair Veerayya (2023)
2023
Veera Simha Reddy (2023) 5.8
Veera Simha Reddy (2023) Veera Simha Reddy (2023) Action/ Drama IMDb 5.8/10နှစ်ဘဝကလဲ့စားဇာတ်ကားနဲ့ ပုရိသတို့အသည်းစွဲဖြစ်ခဲ့တဲ့ မင်းသမီး Shruti Haasan ပါဝင်တဲ့ဇာတ်ကားအသစ်စက်စက်လေး ထွက်ရှိလာပါပြီ။ ဘက်ဂျက်၅ဆလောက်ကို ပြန်မြတ်ခဲ့တဲ့ကားလည်းဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျေးနဲ့မီနက်ရှီတို့သားအမိနှစ်ယောက်ဟာ အစ္စတန်ဘူလ်မှာ အခြေချနေထိုင်ရင်း ဘဝကို အေးချမ်းစွာဖြတ်သန်းနေတာပါ။ တစ်ရက်မှာတော့ ဂျေးတစ်ယောက် သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုသလို ချစ်ရတဲ့မိန်းကလေးနဲ့ အိမ်ထောင်တစ်ခုထူထောင်ဖို့ ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုမိတဆိုးသားလေးလို့ထင်နေခဲ့တဲ့ ဂျေးကို မီနက်ရှီက ဖခင်ဖြစ်သူအကြောင်းထုတ်ပြောပြလာပါတော့တယ်။ဖခင်ဖြစ်သူဟာ စီမာဒေသနဲ့လူထုကို တရားသောနည်းလမ်းနဲ့အုပ်ချုပ်နေပြီး ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ဗီရာဆင်းမ်ဟာရတ်ဒီဖြစ်ကြောင်း ဂျေးသိပြီးတဲ့အခါမှာတော့... ဖခင်ရဲ့ဆန္ဒကို ဘယ်လိုတွေဖြည့်ဆည်းပေးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…5.19GB / 2.21GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Yunni ~ Nyein Aye
movie
Veera Simha Reddy (2023)
2023
7Aum Arivu (2011) 6.5
7Aum Arivu (2011) 7 Aum Arivu (2011)အခုတစ်ခေါက် ဘောလိ၀ုဒ်ချစ်သူ ပရိသတ်ကြီးအတွက် ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်ပြီး IMDB 6.5/10 ရရှိထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေ... သိုင်းလောကမှာ ထင်ရှားတဲ့ တရုတ်နိုင်ငံရဲ့ သိုင်းပညာအခြေခံကျောင်းတော်ကြီး "ရှောင်လင်ကျောင်းတော်" ဟာ ဘယ်ကနေ အစပျိုးလာတာလဲ ...တရုတ်သိုင်းပညာဟာ တရုတ်နိုင်ငံကနေ အခြေခံတာမဟုတ်ဘဲ တမီးလ်လူမျိုး ဖြစ်ပြီး ဆေးပညာ သိုင်းပညာနဲ့ အိပ်မွေ့ချပညာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ ဘို့ဒ်ဒီ ဒါမန် ဆိုသူကနေ ဆင်းသက်လာခဲ့တဲ့ သမိုင်းကြောင်း...သမိုင်းကြောင်းအရ ၆ ရာစု တရုတ်ပြည် ကပ်ရောဂါဘေးဆိုက်နေချိန် ဘို့ဒ်ဒီ ဒါမန်ဟာ အိန္ဒိယနိုင်ငံဆီကို ကပ်ရောဂါ မပျံ့နှံ့လာအောင် တရုတ်ပြည်သို့သွားရောက်ပြီး ကပ်ရောဂါဆိုးကြီးကို ကုသပေးခဲ့တယ်..၆ ရာစုမှာ ဘို့ဒ်ဒီ ဒါမန် အိန္ဒိယနိုင်ငံကို မရောက်လာအောင် တားဆီးခဲ့တဲ့ ကပ်ရောဂါကြီးဟာ ယနေ့ခေတ်အိန္ဒိယမှာ အစပျိုးလာတဲ့အချိန်.. ကူးစက်ရောဂါဆိုးကြီးက အလိုအလျောက် ပေါ်လာခြင်းမျိုးမဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ အိန္ဒိယအပေါ် တိုက်ခိုက်တဲ့ ဇီ၀လက်နက်တစ်ခုဖြစ်နေတဲ့အခါ ဆပ်ကပ်သမားလေး တစ်ဦး ဖြစ်ပြီး ဘို့ဒ်ဒီ ဒါမန်ရဲ့ မျိုးဆက်လည်းဖြစ်တဲ့ အာဗင်ဆိုသူ နဲ့ မျိုးရိုးဗီဇ ...
movie
7Aum Arivu (2011)
2011
Behen Hogi Teri (2017) 5.6
Behen Hogi Teri (2017) တလမ်းထဲအတူနေ အတူတူကစားရင်း အတူတူကြီး​လာတဲ့အိမ်နီးချင်း မိန်းကလေးတယောက်ကို ကြိတ်ကြွေခဲ့ဖူးလား။ရာဂျ်ကူမားရောဝ်နဲ့ ရူရ်သီးဟာစန်ရဲ့ Behen Hogi Teri ရုပ်ရှင်ဟာ မျက်နှာချင်းဆိုင် တလမ်းထဲအတူနေကြတဲ့ Gattu နဲ့Binnyတို့ အိမ်နီးချင်း ငယ်သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကိုဟာသနှောပြီး ဖန်တီးထားတာဖြစ်ပါတယ်။Gattu က သူနဲ့ အတူကြီးပြင်းလာတဲ့ Binnyကို ချစ်နေပေမဲ့မပြောရဲလို့ညီမလေးလို စောင့်ရှောက်ပြီး တနေ့ကျရင်တော့Binny ကို ဖွင့်ပြောပြီး လက်ထပ်မယ်လို့ စိတ်ကူးထားတယ်။ဒါမဲ့ Binny နဲ့ Gattu ရဲ့ မိဘအသိုင်းအဝန်းကတော့ သူတို့ကိုမောင်နှမလိုပဲ သတ်မှတ်ထားကြပြီး အသီးသီးအိမ်ထောင်ပြုကြဖို့ တိုက်တွန်းကြတယ်။တနေ့ Gattu အရဲစွန့်ပြီးBinny ကို ဖွင့်ပြောလိုက်ပေမဲ့ Binny မိဘတွေက တခြားကောင်လေးတယောက်နဲ့ စေ့စပ်ပြီး လက်ထပ်ဖို့စီစဉ်နေကြပါပြီ။ဒီလိုအခြေအနေမှာ Binny ကိုရဖို့Gattu ဘယ်လို ကြံစည်မှာလဲ။Binny ကကော Gattu ကို အကိုတယောက်လိုပဲ သဘောထားတာလား။တသက်လုံး သူတိူ့ကို မောင်နှတွေလို မြင်လာတဲ့ မိဘအသိုင်းအဝန်းကကော လက်ခံပါ့မလားဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်း ...
movie
Behen Hogi Teri (2017)
2017
Ramaiya Vastavaiya (2013) 5.7
Ramaiya Vastavaiya (2013) Ramaiya Vastavaiya (2013) ========================အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို Ramaiya Vastavaiya လို့ အမည်ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကတော့ Romantic Drama ဆိုတဲ့ အမျိုးအစားဖြစ်တဲ့အလျောက် လူငယ်လေးနှစ်ယောက် ဖူးစာစုံမက်ကာ ချစ်ကြိုက်ခဲ့ပြီး တူနှစ်ကိုယ်ပေါင်းဖက်ခွင့်ရဖို့ အခက်အခဲတွေ ကျော်လွှားရပုံကို ဟာသနှောရင်း ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်ရမ်လို့အမည်ရတဲ့ ကောင်လေးဟာ ဘီလီနာမိဘနှစ်ပါးကနေ ပေါက်ဖွားလာပြီး ဩစတြေးလျမှာ ကြီးပျင်းလာခဲ့တဲ့ မြို့ကြီးသားသူဌေးသားလေးပါ ဆိုနာဆိုတဲ့ ကောင်မလေးကတော့ အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီကို ဖခင်လိုမိခင်လို ဆည်းကပ်ရင်း အစ်ကိုတစ်ယောက်ညီမတစ်ယောက်ဘဝနဲ့ ဘဝကိုဖြတ်သန်းနေတဲ့ ရိုးရိုးသားသား ကျေးတောသူလေးပေါ့တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူက မင်္ဂလာပွဲကို လာဖို့ အိမ်ကိုဖိတ်ရင်း ရမ်နဲ့ဆိုနာတို့ ကံကြမ္မာစုံမက် ဖူးစာဖက်ကာ နှစ်ယောက်သားအတူ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ် ဒါပေမဲ့လည်း ရမ်ရဲ့မိခင်ဟာ ဒီအကြောင်းကို သိသွားပြီးတဲ့နောက် ရမ်ကို သူမမောင်ရဲ့စီးပွားရေးမိတ်ဖက်ရဲ့သမီးဖြစ်သူနဲ့ နေရာချထားပေးဖို့ စီစဥ်ပါတော့တယ် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတယ်လို့ပဲ ပြောရမလား ရမ်ရဲ့အမေ ဆိုနာ့ကို ငွေကြေးချို့တဲ့တဲ့အတွက်ကြောင့် ပုတ်ခတ်ပြောဆိုနေစဥ် ဆိုနာ့အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီ ရောက်လာပါတော့တယ် ရမ်တစ်ယောက် အကြပ်တွေ့ပြီး အမေဖြစ်သူနဲ့နေခဲ့ရင် မချစ်နှစ်သက်တဲ့သူနဲ့ လက်ထပ်ပြီး ...
movie
Ramaiya Vastavaiya (2013)
2013
Race Gurram (2014) 7.3
Race Gurram (2014) Race Gurram (2014) ===================IMDB Rating 7.3 / 9.8k၂၀၁၄ခုနှစ်က ထွက်ခဲ့တဲ့ မင်းသားအာလူးအာဂျွန်ရဲ့အက်ရှင်ဇာတ်လမ်းကောင်းတပုဒ်ပါ....အက်ရှင်ခန်းအလန်းတွေ မင်းသားအာလူးရဲ့သရုပ်ဆောင်မိုက်ချက်တွေကြောင့်CMကနေ တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းအားလူးနဲ့သူ့အကိုရမ်က ညီအကိုရင်းဆိုပေမယ့်အကျင့်စရိုက်က တစက်မှမတူတဲ့ညီအစ်ကိုနှစ်ယောက်ပေါ့အားလူးက ခေတ်ရှေ့ပြေး လူငယ်ဆန်တဲ့စရိုက်နဲ့ ကောင်လေးရမ်ကတော့ စည်းကမ်းကြီးပြီး စနစ်တကျနေတတ်တဲ့လူပေါ့...ညီအစ်ကိုနှစ်ယောက်လုံးရဲ့ စရိုက်ခြားနားမှုနဲ့ မင်းသမီးလေးရှရှုတီယာရဲ့ ချစ်စရာအမူအရာလေးတွေကြားဘောလိဝုဒ်ပရိတ်သတ်တို့အကြိုက်တွေ့စေမှာမို့တင်ဆက်ပေးလိုက်ပါတယ်...   File size…3.4GB / 1.4Gb  Quality…1080p AMZ WEB DL / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (hard sub) Encoder….X - Cross Translated by Chan Myae
movie
Race Gurram (2014)
2014
Laabam(2021)
Laabam(2021) Laabam (2021)ကဲ .. ဒီနေ့မှာလည်း Tamil ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Laambam တဲ့ Tamil ဘာသာစကားနဲ့ဆိုရင်တော့ “အကျိုးအမြတ်” ။လောကမှာလူတွေက ဘယ်အရာကိုမဆို အကျိုးအမြတ်ရမှ လုပ်ချင်ကြတာမဟုတ်လား။အကျိုးအမြတ်မရဘဲ ဘယ်သူကမှတော့ အချိန်ကုန်လူပန်းခံပြီး ဘာမှမလုပ်ချင်ကြဘူး။အဲဒီအကျိုးအမြတ်မှာ နှစ်မျိုးရှိိတယ်။ စည်းစိမ်ဥစ္စာဆိုတဲ့အကျိုးအမြတ်ရယ်၊ကိုယ့်စေတနာအကျိုးကြောင့်ပြန်ရတဲ့ ကရုဏာမေတ္တာအမြတ်ရယ်။ဒီဇာတ်လမ်းလေးကိုတော့ Peruvayal လို့ခေါ်တဲ့ရွာလေးအကြောင်းကိုအခြေတည်ပြီးရိုက်ကူးထားတာပါ။ မင်းသားဖြစ်တဲ့ Pakkiri ကဇာတိရွာလေးကစွန့်ခွာသွားခဲ့ရပြီး တစ်ဖန်ပြန်ရောက်လာတဲ့အချိန်မှာသူရွာလေးရဲ့စီးပွားရေးလုပ်ငန်း ကစဉ့်ကလျားဖြစ်နေတာကိုတွေ့ခဲ့တယ်။ဒါကိုဖာသိဖာသာနေလို့ရပေမယ့် ကိုယ့်ဇာတိကရွာသူရွာသားတွေကိုဆွေမျိုးသားချင်းတွေလိုသဘောထားပြီး လယ်ယာမြေလုပ်ငန်းကိုတွင်တွင်ကျယ်ကျယ်အတူတူလုပ်ကြဖို့ ရတဲ့အကျိုးအမြတ်ကိုခွဲဝေယူကြဖို့စည်းရုံးပြီး “လယ်ယာမြေအဖွဲ့အစည်း” တစ်ခုတည်ထောင်လိုက်တယ်။သူ့ကြိုးစားအားထုတ်မှုကြောင့် အရာအားလုံးအောင်မြင်ပြီးအဆင်ပြေနေတဲ့အချိန်မှာ ဘီလူးခေါင်းဆောင်းထားတဲ့Vangamudi ကြီးက ပြည်သူပိုင်မြေနေရာမှာ သူ့အကျိုးအတွက်ဘိုင်အိုဒီဇယ်စက်ရုံကြီးဆောက်ဖို့ လယ်မြေတွေကိုအပိုင်သိမ်းဖို့ကောက်ကျစ်တဲ့နည်းလမ်းမျိုးစုံသုံးကြိုးစားပါတော့တယ်။ဒီလိုနဲ့အဆုံးသတ်မှာ အများအကျိုးသယ်ပိုးပြီးအားလုံးရဲ့မေတ္တာကိုရရှိထားတဲ့ လူထုခေါင်းဆောင် Pakkiri နဲ့ကိုယ့်အကျိုးအတွက်သာကိုယ်ကြည့်ပြီး အမျိုးစုံယုတ်မာတဲ့Vangamudi တို့နှစ်ဦးရဲ့ဘဝအဆုံးသတ်ဘယ်လိုဖြစ်မယ်ဆိုတာကိုတော့ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါတော့နော်။ File size…2.17GB / 1.3GB Quality…1080p True WEB DL  Format…Mp4 Duration….2h 24min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Hnin Hsu & ...
movie
Laabam(2021)
2021
HEVC 1080p 5.1
Vakeel Saab (2021) 7.2
Vakeel Saab (2021) IMDb 7.3/10အသစ်ထွက်ရှိထားတဲ့ မှူခင်းဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေဇဲရီးနား ပါလဗီးနဲ့ ဒေ့ဗီယာဆိုတဲ့ သူငယ်ချင်းသုံးယောက်ဟာ ရိုးသား ကြိုးစားတတ်တဲ့လူငယ်မိန်းကလေးတွေဖြစ်ပါတယ်တစ်နေ့မှာတော့သူတိုသုံးယောက်ဟာမထင်မှတ်ထားဘဲ အမှူတစ်ခုကို ကျူးလွန်မိကြပါတယ်ဗမ်ရှီဆိုတဲ့ကောင်လေးကိုရိုက်မိတဲ့အမှူပေါ့ သူဟာအရာရှိတစ်ယောက်ရဲ့သားဖြစ်နေတဲ့အခါ သူတိုသုံးယောက်ဘယ်လိုမတရားမှူတွေကြုံတွေ့ရမလဲကူရာမဲ့ဖြစ်နေတဲ့အချိန် သူတိုအတွက် ဆက်သ်ရားဆိုတဲ့လူတစ်ယောက်ပေါ်လာခဲ့ပါတယ်သူကရောဘယ်သူလဲ မိန်းကလေးတွေကျူးလွန်မိလိုက်တဲ့ အမှူကရောဘာကြောင့်လဲမတရားမှူခံရတဲ့သူက ဗမ်ရှီလား စတာတွေကိုစိတ်ဝင်စားသဖွယ်ကြည့်ရမဲ့ မှူခင်းဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကို May Zin Oo မှ တင်ဆက်ထားတာပါ။)  File size…(3.2 GB) and (1.9 GB) Quality….WEB-DL Untouched 1080p and 720p 5.1CH Format…mp4 Duration….02:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by May Zin Oo
movie
Vakeel Saab (2021)
Krack(2021) 7.2
Krack(2021) Krack(2021) အညွှန်း****************** တီလူဂူးဇာတ်ကားလေးတွေကို မျှော်နေကြတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင် ပရိတ်သတ်တွေအတွက် မနေ့ကထွက်တဲ့Ravi Teja နဲ့ Shruti Haasan တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။Krack ဆိုတဲ့အဓိပ္ပါယ်ကိုက သူတို့ဘာသာစကားမှာ "ခေါင်းမာတဲ့သူ"ပါ။ဒီတော့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဗီရားရှန်ကာဆိုတဲ့ ရဲအရာရှိဟာ မတရားမှုတွေကိုကိုင်တွယ်ရာမှာ ကြမ်းတမ်းတယ် ၊ သက်ညှာမှုကင်းမဲ့တယ်။ဘယ်အရာကိုမှ မကြောက်တတ်ဘဲ လုပ်စရာရှိတာကို ခေါင်းကြောမာမာနဲ့ တဇွတ်ထိုးလုပ်တတ်သူပေါ့။ဇာတ်လမ်းအစအစမှာ ပြသွားတဲ့ သံတစ်ချောင်း ၊ ၅၀တန် အကြွေတစ်ရွက်နဲ့ သရက်သီးတစ်လုံးဟာ ဗီရားရှန်ကာကိုင်တွယ်ခဲ့တဲ့ဒိတ်ဒိတ်ကြဲလူဆိုး လူရမ်းကားသုံးယောက်ကို ကိုယ်စားပြုတယ်ဆိုတာ ဇာတ်လမ်းအလယ်လောက်ရောက်မှ နားလည်မယ်။ တစ်ယောက်ချင်းစီကို ကိုယ်တွယ်ပုံဟာ ဒီဇာတ်လမ်းရဲ့ frame ဖြစ်ပြီး ၊တောင်ပိုင်းရုပ်ရှင်အထွက်နည်းလှတဲ့ အခုလိုအချိန်မျိုးမှာ ရဲကားကောင်းကောင်းကြည့်လိုသူတွေအဖို့ ​ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။ဘာသာပြန်သူများကတော့ Myint Thu & Nyi Koe တို့ပဲဖြစ်ပါတယ်...File Size : (2.5GB) and (1.4GB) Quality : WEB-DL 1080P,720p Format…mp4 Duration…02:34:00 Genre ...
movie
Krack(2021)
The Power(2021) 7.0
The Power(2021) The Power(2021)အညွှန်း*********************IMDb...7.0ဒီဝိ့အဖေဟာ ပိုက်ဆံအရမ်းချမ်းသားပါတယ်...အဓိက ချမ်းသားတဲ့အကြောင့်အရင်းကတော့မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချခြင်းကြောင့်ပါပဲ.....ဒါ့ကြောင့် မြို့မျက်နှာဖုံးလိုဖြစ်နေတဲ့ ဒီဝိ့အဖေကို ဂိုဏ်းတစ်ခုကနေ စီးပွားရေး စပ်တူလုပ်ဖို့ကမ်းလှမ်းလာတယ်...ဒီလိုကမ်းလှမ်းမှုကို ဒီဝိ့အဖေဖြစ်သူ ကာလီဒတ်က လုံးဝလက်မခံပါဘူး....နယ်ကျော်မရတဲ့အပြင် သူတို့ပစ္စည်းတွေဟာလည်းတိုးမပေါက်တာကြောင့် တစ်ဘက်အဖွဲ့အစည်းက ကာလီဒတ်ကို လုံးဝအငြိုးထားပါတယ်...ဒီဝိ့ကတော့ သူ့အဖေသဘောထားတွေကို ဝင်ရောက်စွက်ဖွက်လေ့မရှိပါဘူး...တစ်နေ့ ဒီဝိ့အဖေကိုကိုတစ်ဖက်ဂိုဏ်းက လုပ်ကြံသတ်ဖြတ်လိုက်တဲ့အခါမှာတော့....ဒီဝိတစ်ယောက် ကျားနာတစ်ကောင်လို ဖြစ်သွားပါတော့တယ်..ဘယ်လိုတွေပဲွကြမ်းမလဲဆိုတာကိုတော့.... နင်းကန်ကြမ်းတဲ့ Action ကားမို့ ဘောလိဝုဒ်ပရိတ်သတ်များ လက်မလွှတ်သင့်ပါကြောင်း .... ဘာသာပြန်သူကတော့ Thaik Sanပဲ ဖြစ်ပါတယ်။ File Size : (1.5GB) and (674 MB) Quality : WEB-DL 720p Format…mp4 Duration…02:34:00 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by ChatGyi   
movie
The Power(2021)
Yaara (2020) 6.3
movie
Yaara (2020)
2020
Gabbar is Back (2015) 7.1
Gabbar is Back (2015) Gabbar is Back (2015)_____IMDb - 7.1/10     IMDB 7.1 ရရှိထားပြီး အင်မတန်မှ ကောင်းမွန်တဲ့ ဘောလီးဝုဒ် ဇာတ်ကားလေးတစ်ကားကို  တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးထဲမှာ နာမည်ကျော်မင်းသား အက်ခ်ရှေးကူမားရ်ကို ဂတ်ဘာ အဖြစ်တွေ့မြင်ရမှာပါ။ ညတစ်ညမှာ အိန္ဒိနိုင်ငံ မဟာရှက်ထရာ ခရိုင် အတွင်းမှာရှိတဲ့ မတူညီတဲ့ မြို့တွေက အခွန်ကောက်သမားဆယ်ယောက်ဟာ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဒီလိုနဲ့ ရဲတွေက အပူတပြင်း ရှာဖွေ နေစဉ်မှာပဲ ထိုဝန်ထမ်း ဆယ်ယောက် အနက် တစ်ယောက်ကလွဲလို့ အကုန်ပြန်ရောက်လာပါတယ်။ တစ်ယောက်ကတော့ အသတ်ခံလိုက်ရပါတယ် ထိုအသတ်ခံလိုက်ရတဲ့သူက လာဘ်အစားဆုံး အခွန်သမားပါပဲ။ထို အခွန်သမားရဲ့ အလောင်းနဲ့ အတူ ဂတ်ဘားကိုယ်တိုင် လာဘ်စားလို့ သတ်ရတာဖြစ်တယ် ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။ ဒီလိုနဲ့ လာဘ် အစားဆုံး အစိုးရာအရာရှိတွေ ပြန်ပေးဆွဲ ခံရ အသတ်ခံရတာတွေ ဆက်တိုက် ဖြစ်လာပါတယ်။ ဂတ်ဘားကဒီလိုဘာလို့ လိုက်သတ်နေရတာလဲ .... သူ့ကို ရဲတွေက ဖမ်းမိမှာလား လာဘ်ပေးလာဘ်ယူ လုပ်တာတွေကို အချက်အလက်သေးသေးလေးက အစ တိတိကျကျ သူဘယ်လိုများမှတ်တမ်းတွေ ယူနိုင်တာလဲ ခြေရာလက်ရာ မပေါ်အောင်ဘယ်လိုများ လုပ်ဆောင်ခဲ့တာလဲ စတာတွေကို ...
movie
Gabbar is Back (2015)
2015