Channel Myanmar

Sienna Miller

Casanova(2005) 7.0
Casanova(2005) Casanova(2005)**************Heath Ledger ပါဝင်ပြီး ဆုကြီး ၅ ဆုတောင်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်..ညှို့ဓာတ်ပြင်းလွန်းပြီး မိန်းကလေးတိုင်းလိုလိုကိုဆွဲဆောင်နိုင်တဲ့ ကာဆာနိုဗာ.. အမျိုးသမီးငယ်၊ အပျိုစင်တွေ၊ အိမ်ထောင်ရှိအမျိုးသမီးတွေသာမက မယ်သီလရှင်တွေကိုပါဆွဲဆောင်ပြီးအိပ်ရာထဲခေါ်နိုင်တဲ့အတွက် တရားရုံးကပါကြိုးပေးသတ်ချင်နေတဲ့သူ.. အဲဒီလိုလူတစ်ယောက် တစ်နေ့မှာတော့ အရာရှိတွေလိုက်ဖမ်းလို့ပြေးရင်းအမျိုးသမီးတစ်ယောက်ကို အချစ်စစ်နဲ့ချစ်မိသွားပါတော့တယ်.. ထို "ဖရန်ချက်စ်ကာ"ဆိုတဲ့အမျိုးသမီးလေးမှာလည်း စေ့စပ်ထားတဲ့သူရှိတဲ့အခါ.. ကာဆာနိုဗာတစ်ယောက် ဖရန်ချက်စ်ကာ့စေ့စပ်ထားတဲ့သူနေရာက ဟန်ဆောင်ပါတော့တယ်။ ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ပေမယ့် ဒီတစ်ခါမှာတော့ တခြားမိန်းကလေးတွေနဲ့မတူထူးခြားတဲ့သူတကယ်ချစ်တဲ့ဖရန်ချက်စ်ကာရဲ့အချစ်ကို ရနိုင်ပါ့မလား.. အလိမ်တွေရောဘယ်လိုပေါ်ကုန်မလဲ..File Size :(2.04GB)(1.04 GB) and (293 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:52:00 Genre : Adventure, Comedy ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie

Casanova(2005)

G.I. Joe: The Rise of Cobra (2009) 5.8
G.I. Joe: The Rise of Cobra (2009) G.I. Joe: The Rise of Cobra (2009)_____IMDb - 5.8/10 ၁၆ ရာစုနှစ် ပြင်သစ်ဘုရင် လူဝီ ၁၃ လက်ထက်မှာ ဂျိမ်းစ် မက်ကောလင်း လို့ခေါ်တဲ့ စကော့တလန်လူမျိုးတစ်ဦးကို သံမီးဖုတ် မျက်နှာစွပ်ပေးပြီး အပြစ်ဒဏ်ပေးခဲ့တယ် ။ သူ့ရဲ့ အပြစ်ကတော့ လူဝီဘုရင်ကို လက်နက်တွေ တီထွင်ပေးပြီး တစ်ခြားရန်သူတွေကိုလည်း လက်နက် ရောင်းတဲ့ သစ္စာဖောက်မှုပေါ့ ။ လက်နက်တီထွင်သူဆိုတာ ဘက်တစ်ဘက်တည်းကိုပဲ တီထွင်ပေးရတယ် နှစ်ဘက်ခွ တီထွင်ပေးရင် သစ္စာဖောက်ပေါ့ ။ဒီဘက်မျက်မှောက်ခေတ်ဘက်ရောက်လာတော့ ဂျိမ်းစ်မက်ကောလင်းရဲ့ မျိုးဆက်တွေဟာ ကာဇတ်စတန်နိုင်ငံမှာ မားစ် ဆိုတဲ့ နာမည်နဲ့ လက်နက်ကုမ္ပဏီ ဖြစ်လာခဲ့ကြတယ် ။ အဲဒိကုမ္ပဏီက NATO ရဲ့ အထောက်အပံ့နဲ့ လက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်သွားတယ် ။ အဲဒိလက်နက်ကတော့ သတ္ထုတွေကို စားပစ်တဲ့ နာနိုမိုက်လို့ ခေါ်တဲ့ ဗိုင်းရပ်ပဲပေါ့ ။ ...
movie

G.I. Joe: The Rise of Cobra (2009)

2009
HEVC 1080p 5.1
Mississippi Grind (2015) 6.4
Mississippi Grind (2015)  Mississippi Grind (2015)ဓာတ်ဗူးရိုင်ယန်ကြီးပါတဲ့ကားပါ။ ရိုင်ယန်နဲ့တွဲဖက်ပါဝင်ထားသူကတော့ The outsider စီးရီး၊ Rogue one: a starwars story တို့ထဲက ဖြစ်ပါတယ်။လောင်းကစား စွဲလမ်းနေတဲ့ဂျယ်ရီဟာ အလေအလွင့်ခရီးသွားတစ်ယောက်ဖြစ်တဲ့ လောင်းကစားဝါသနာအိုး ကားတစ်စ် နဲ့ ပိုကာပွဲတစ်ခုမှာတွေ့ပြီး ရင်းနီးသွားကြပါတယ်။ဂျယ်ရီဟာ အကြွေးရှင်ရဲ့ ချိန်းခြောက်မှုကိုခံလာပြီးနောက် ကားတစ်စ်ပြောခဲ့ဖူးတဲ့ သူငယ်ချင်းဟောင်းတစ်ယောက်ရဲ့အိမ်က ကြေးမြင့်ပိုကာပွဲမှာသွားကစားနိုင်ဖို့ ကားတစ်စ်ကို အကူအညီတောင်းပါတော့တယ်။ ကားတစ်စ်ရဲ့ သူငယ်ချင်းဟောင်းဆီမရောက်ခင် ခရီးစဉ်တစ်လျှောက်မှာ တွေ့သမျှပိုကာပွဲတွေကိုဝင်ကစားရင်း ငွေအလုံအလောက်ရအောင် ကြိုးပမ်းကြရာမှာ ဂျယ်ရီရဲ့လောင်းကစားအတောမသတ်နိုင်တဲ့စိတ်ကြောင့် ပါသမျှပြောင်မလား... ပန်းတိုင်ကိုရောက်ကြပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ ဘဝသင်ခန်းစာတွေရစေမယ့် သဘာဝကျကျကားမျိုးနှစ်သက်ရင် ရိုင်ယန်ရဲ့ပရိတ်သတ်တစ်ယောက်ဆိုရင် ဒီကားလေးကိုကြည့်စေချင်ပါတယ်။ Quality__1080p , 720p IMDb Rating__6.4/10 Format__mp4 Duration__01:50:00 Type__Comedy , Drama Subtitle__Myanmar Subtitle (Hardsub) Translated by Pyi T Nyein Encoded by Naing Aung Latt
movie

Mississippi Grind (2015)

21 Bridges (2019) 6.6
21 Bridges (2019) unicodeရဲအရာရှိ အန်ဒရေးက လူဆိုးတွေကိုတွေ့မဆိုင်း သတ်တဲ့အတွက် အမှုစစ်ခံနေရတာပါ။တစ်ညမှာတော့ ရဲ ၇ ယောက်ကိုလူ ၂ ယောက်က သတ်သွားတဲ့အမှုကို လိုက်စုံစမ်းရပါတော့တယ်။သူတို့ဆီမှာ ကိုကင်း ၃၀၀ ကီး(ကီလိုဂရမ်) လည်းပါသွားပါတယ်။ဒါပေမယ့် သူတို့ထွက်မပြေးနိုင်အောင် မန်ဟက်တန် တစ်မြို့လုံးကို ပိတ်ဆို့ထားရပါတော့တယ်။ဒါက ဇာတ်လမ်းရဲ့အသက်ပါ။မြို့မှာရှိတဲ့ တံတား ၂၁ စင်းကို ပိတ်ဆို့ပြီး ဖမ်းဆီးရတာပါ။ဒါပေမယ့် အစိုးရနဲ့ ရဲဌာနကြားကအဖုအထစ်လေးတွေကြောင့် အန်ဒရေးတစ်ယောက် မန်က ၅ နာရီအထိပဲ အချိန်ရပါတယ်။မနက် ၅ နာရီ မတိုင်ခင် လူဆိုးတွေကို မိမလားမမိဘူးလား ဆိုတာကို စောင့်ကြည့်ရမှာပါ.....ဒီအမှုကရော ရိုးရှင်းရဲ့လား ဆိုတာတော့ .....စုံထောက်အက်ရှင်ကား ကောင်းးကောင်း ကြည့်ချင်သူများအတွက် သဘောတွေ့မယ့် ဇာတ်ကားကောင်းတစ်ကားပါ။File Size : ( 929 MB , 260 MB ) Quality : WEB-DL 720p Running Time ...
movie

21 Bridges (2019)

Stardust (2007) 7.6
Stardust (2007) "အချစ်ရယ် မင်းအချစ်ကိုသာရမယ်ဆို မိုးပေါ်ကကြယ်ကို ဆွတ်ခူးရ ဆွတ်ခူးရပါ" တဲ့ ဒါပေမဲ့ မိုးပေါ်ကကြယ်လေးက ကောင်မလေးချောချောလေးဖြစ်နေခဲ့ရင်ရော?? ဟုတ်ပါတယ်။ ထရစ်စတန်သရုန်းတစ်ယောက် သူ့အချစ်ကိုသက်သေပြဖို့ ကြယ်ကိုလိုက်ရှာရာကနေ ကြယ်ကကောင်မလေးဖြစ်နေတဲ့အခါ… သူ့ချစ်သူဆီခေါ်ဆောင်သွားရာကနေ လမ်းခရီးမှာ ကြယ်လေးက သူထင်သလောက်ရိုးရှင်းမနေဘဲ အနှောင့်အယှက်မျိုးစုံနဲ့ ရင်ဆိုင်ရပါတော့တယ်။ ထရစ်စတန်သရုန်းကောင်လေးရဲ့နောက်ကြောင်းကလည်း သူထင်ထားသလို သာမာန်ဘဝလေးမဟုတ်ပါဘူး။ ဒီကားလေးက romance, mystery အကုန်ရောစပ်ထားဖြစ်တဲ့အတွက် စိတ်ကူးယဉ်ဆန်ဆန် ရိုတဲ့ကားကောင်းလေးတွေကြိုက်တတ်ရင်… အချစ်ကအရာရာကျော်ဖြတ်ရဲလောက်အောင် အစွမ်းရှိကြောင်း ပြောပြထားတဲ့ကားကောင်းလေးမို့ မလွတ်တမ်းကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။File size…(1.79 GB) and (923.5 MB) Quality…1080p Blu-Ray H264 FGT Format…mp4 Duration…2h 7min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Ngeu Mon
movie

Stardust (2007)

2007
Chain Reaction (1996) 5.6
Chain Reaction (1996) အရင်ဆုံး ဇတ်ကားထဲပါတဲ့ Ref: လေးတွေကို Run through ပါမယ်။ အခုကမ္ဘာပေါ်ကလူ‌တွေဟာ ရုပ်ကျွင်းလောင်စာတွေကိုအဓိကထား အသုံးပြု၊ စွမ်းအင်ထုတ်လုပ်ပြီး အသုံးပြုလည်ပတ်နေကြတာပါ။ တစ်ကမ္ဘာလုံးမှာ ကျောက်မီးသွေး၊ ရေနံ၊ သဘာ၀ဓာတ်ငွေ့တို့ကို အဓိကအသုံးပြုကြပါတယ်။ လက်ရှိခန့်မှန်းထားသလောက် ၂၀၈၁ မှာ ကမ္ဘာ့လက်ကျန် ရုပ်ကျွင်းလောင်စာတွေအားလုံး ကုန်ခမ်းလိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။ နေစွမ်းအင် ဆိုလာတို့ ရေအားလျှပ်စစ်တို့လိုပဲ ဟိုက်ဒရိုဂျင်ကိုလဲလောင်ကျွမ်းစေပြီး ပေါများတဲ့စွမ်းအင် ထုတ်နိုင်ပါတယ်။ ရေထဲက ဟိုက်ဒရိုဂျင်ကို လျှပ်ကူးစေပြီး အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်ကိုခွဲထုတ်ကာ ဟိုက်ဒရိုဂျင်သက်သက်ကိုလောင်စာအဖြစ်အသုံပြုတဲ့နည်းပါ။ ၁၉ လောက်မှာ ခေတ်စားခဲ့ပါတယ်။ ဟိုက်ထရိုဂျင် လောင်စာကိုထုတ်လုပ်ဖို့ ကြိုးစားကြတဲ့တကယ့်စာတမ်းတွေလဲရှိပါတယ်။ ဟိုက်ဒရိုဂျင်လောင်စာကို ၁၈၃၉ မှာ ဆာဝီလယမ် ကစပြီး ပထမဆုံးစိတ်ကူးရခဲ့တာပါ ရေထဲကို လျှပ်စစ်ဖြတ်၊ ဟိုက်ဒရိုဂျင်ကို ခွဲထုတ်ပြီး စွမ်းအင်အဖြစ်လောင်ကျွမ်းစေပါတယ် ၁၉၅၉ မှာလက်တွေ့အလုပ်လုပ်နိုင်တဲ့ မြင်းကောင်ရေ ၂၀ နဲ့ အင်ဂျင်ကို စထုတ်နိုင်ခဲ့ပါတယ်။ အခုတော့ အင်ဂျင်တော်တော်များများ ထုတ်ပြီးစမ်းနေကြပါပြီ။ ဟိုက်ဒရိုဂျင်လောင်စာရဲ့ လောင်ကျွမ်းအပူချိန်က သဘာ၀ဓာတ်ငွေ့ ကရတဲ့စွမ်းအင်နဲ့ ထပ်တူနီးပါးရှိပြီး လောင်းကျွမ်းအသုံးပြုလို့ ဘေးထွက်ဆိုးကျိုး၊ ပတ်၀န်းကျင်ညစ်ညမ်းမူ စတာတွေ မရှိတဲ့ သန့်စင်တဲ့ လောင်စာတစ်ခုဖြစ်တဲ့အတွက် လူတိုင်းကစိတ်ဝင်စားကြ လိုချင်ကြပါတယ် နောက်ရုပ်ကျွင်းလောင်စာမဟုတ်လို့ လွယ်လွယ်မကုန်ခမ်းနိုင်ပါဘူး။ တွေးကြည့်ပါဗျာ ...
movie

Chain Reaction (1996)

19962007
American Woman (2018) 6.8
American Woman (2018) American Woman (2018) IMDb - 6.8/10_____Rotten - 88%    မိသားစုဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အပြင် မိန်းကလေးတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ အသက်ဆယ့်ခြောက်နှစ်နဲ့ကိုယ်ဝန်ရခဲ့ပြီး သမီးလေးတစ်ယောက်မွေးထားပေမယ့် အဲဒီသမီးကလည်းငယ်ငယ်နဲ့ကလေးတစ်ယောက်ရလာတော့ မြေးကိုပါထိန်းနေရတဲ့ သက်လတ်ပိုင်းမိန်းမတစ်ယောက်ရဲ့ဘဝအခြေအနေတွေ နေထိုင်မှုပုံစံတွေကိုသေသေချာချာရိုက်ပြထားတာပါ တစ်ရက်သူ့သမီးကကောင်လေးနဲ့ညစာထွက်စားပြီးပျောက်သွားတဲ့အခါမှာတော့ သူ့သမီးကိုလည်းရှာရ မြေးကိုလည်းထိန်းရ ဒီကြားထဲသူ့ရဲ့ပင်ကိုယ်စရိုက်အရယောကျာၤးတွေတစ်ယောက်ပြီးတစ်ယောက်နဲ့တွဲ တွဲသမျှယောကျာၤးတိုင်းရဲ့အနိုင်ကျင့်တာခံလိုက်ရ ထားသွားတာခံလိုက်ရနဲ့သူ့ရဲ့ဘဝကိုလက်လွှတ်အရှုံးပေးချင်ပေမယ့်လည်း သူ့သမီးကိုရှာတာကလည်းလက်မလျော့ မြေးကိုလည်းမထားခဲ့နိုင်နဲ့ နောက်ဆုံးသူ့ရဲ့မျှော်လင့်ချက်သမီးသတင်းကိုကြားရတဲ့အချိန်မှာ သတင်းကောင်းဖြစ်မလား သတင်းဆိုးဖြစ်မလား သူ့ဘဝကိုရော သူဒီအတိုင်းဆက်သွားပြီနေမလား ဘာတွေဘယ်လိုသူဆက်လုပ်မလဲဆိုတာကို ကြည့်ရှုရမှာပါ   File Size : (1 GB) Quality :  WEB-DL 720p Running Time : 1 hr 51 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Phue Encoded by Moe Myint Lwin  
movie

American Woman (2018)

2018
High-Rise (2015) 5.6
High-Rise (2015) High-Rise (2015)IMDb - 5.6/10_____Rotten - 60%    "စကြဝဠာနဲ့ လူတွေရဲ့ ရူးသွပ်မှုသာ အဆုံးမဲ့ဖြစ်တယ်။ အရှေ့ကတစ်ခုကတော့ ကျွန်တော် မသေချာဘူး" လို့ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင်လို့ သမုဒ်ခံထားရတဲ့ Albert Einstein ကပြောခဲ့ပါတယ်။ လောဘကြောင့် ဒေါသကြောင့့်မောဟကြောင့် လူတွေ ရူးသွပ်နေကြပါတယ်။ Thor ဇာတ်ကားတွေထဲမှာ Loki အဖြစ်တွေ့ရတဲ့ Tom Hiddleton ကို High Rise (2015) မှာတော့ သူ့ရဲ့ရူးသွပ်မှုကို ရိုးရိုးရှင်းရှင်းလေး ခံယူလိုက်တဲ့ Dr. Laing အဖြစ်တွေ့ရမှာပါ။ Tom ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဒီဇာတ်ကားမှာ ထင်ထင်ရှားရှားတွေ့နိုင်မှာပါ။ ဆိုးဆိုးရွားရွား ရူးသွပ်သူတွေကြားမှာ ပုံမှန်ရူးသွပ်သူက ဆိုးရွားသူတစ်ယောက်ဖြစ်နေတတ်တာကို Dracula:Untold မင်းသား Luke Evans က Richard Wilder နေရာကနေသရုပ်ဆောင်ပြသွားပါတယ်။ Free will ဆိုတဲ့ လွတ်လပ်တဲ့ စိတ်ထားမှာ သန့်ရှင်းမှု တရားမျှတမှု ကောင်းမှု မကောင်းမှုတွေ ဆိုတာရှိဖို့မလိုပါဘူးဆိုတာ ဒီဇာတ်ကားမှာ ခပ်ကြမ်းကြမ်းလေးပြပေးထားပါတယ်။ လွတ်လပ်တဲ့ စိတ်ထားရှိသူတွေကို အာဏာရှင်တစ်ယောက်က မအုပ်ချုပ်နိုင်ဘူးဆိုတာရောပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဦးနှောက်ခွဲစိတ်ဆရာဝန် Laing တစ်ယောက် ...
movie

High-Rise (2015)

2015
Layer Cake(2004) 7.4
Layer Cake(2004) Layer Cake(2004)IMDb....7.4....Rotten....80%2004 ခုနှစ်ထွက် မင်းသားကြီး Daniel Craig ပါဝင်သရုပ်ဆောင်ထားတဲ့ Layer Cake ဆိုတဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…..Rating တွေက IMDb- 7.4, Rotten Tomatoes – 80 ရှိတယ်ဆိုတော့ Rating ကောင်းတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်…အလည်အလတ်တန်းစား ကိုကင်းမူးယစ်ဆေးဖြန့်ဖြူးရေးသမားတစ်ယောက်ဟာ ပိုက်ဆံအတော်အတန်စုဆောင်းမိတဲ့အချိန်မှာ မူးယစ်ဆေးလောကကနေ အနားယူဖို့ အစီအစဉ်တွေ ချထားခဲ့ပါတယ်…သူရဲ့ ခြေရာတွေနဲ့ အလုပ်အကိုင်တွေ ဖျက်လို့မပြီးသေးခင်မှာဘဲ သူတို့မူးယစ်ဆေးသမားတွေကို အကာအကွယ်ပေးနေတဲ့ အစိုးရဖက်ကလူတစ်ယောက်က သူ့ကိုအလုပ်တစ်ခု ခိုင်းလာပါတော့တယ်…ဒါကတော့ ဂိုဏ်းစတား အကောင်ကြီးကြီးရဲ့သမီးတစ်ယောက် ပျောက်ဆုံးသွားလို့ သူ့ကိုရှာဖို့ အကူအညီတောင်းခြင်းပဲဖြစ်တယ်…တစ်ဖက်မှာလည်း အရောင်းအဝယ်လုပ်မယ့် စိတ်ကြွရူးသွပ်ဆေးပြားတွေကို ယူလာသူတွေက ဆာဗီးယားစစ်တပ်နဲ့ အငြိအစွန်းတွေ ဖြစ်ခဲ့ကြပြီး ... သူ့ဆီကို ပြဿနာနှစ်ခုက တစ်ပြိုင်နက်တည်းဆိုက်ရောက်လာပါတော့တယ်….ကင်မရာ ရိုက်ချက်ကောင်းကောင်းတွေနဲ့ ဇာတ်ဝင်ခန်းတွေ တစ်ကတ်နဲ့တစ်ကတ်ဆက်ထားပုံလေးတွေ အရမ်းလှပပြီး ရင်ဖိုစရာကောင်းတဲ့ဇာတ်ကားဖြစ်တဲ့အတွက် အားပေးကြည့်ရှုလိုက်ကြပါဦးခင်ဗျာ..။File Size : ...
movie

Layer Cake(2004)

2004
Burnt (2015) 6.6
Burnt (2015) စားသောက်ဆိုင် ကျမ်းတော်ကြီး"' လူတွေ အပြင်မှာ ရောင်းတဲ့ ၅ ဒေါ်လာတန် ကို ဘာလို့ ငါတို့ဆိုင်မှာ ဒေါ်လာ ၅၀၀ ပေးပြီး လာစားကြလဲသိလား '''''' လက်မလောက်လေး အသားတုံးလေး ၂ခု ပန်းကန်ထဲထည့်ထားတာကို ဘာလို့ စျေး၅သောင်း ၆ သောင်းပေးစားနေကြတာလဲ'''ဋီး ဋချီး သံတွေ မိုးပျံ ၊ ပန်းကန်တွေ ဇွန်းတွေ ရိုက်ခွဲကောက်ပေါက်သံတွေ ဆူညံနေ အပူနဲ့ အလုပ်လုပ်နေရတဲ့ကြားထဲ မီးပူတာတစ်မျိုးနားပူ တာတစ်မျိုး နဲ့ စိတ်မထိန်းနိုင်ရင် မျက်ခွက်ဆုတ် ပျက်သတ်သွားမယ့် စားဖိုဆောင်............ဒီရုပ်ရှင်က IMDb Rating ၊ 6.6 Rotten Tomatoes 29% ၊ Metacritic score 42 ၊ CinemaScore B- တို့ရရှိထားပါတယ်။ ဝေဖန်မှု တွေ အဆိုးအကောင်းရောနှောရရှိထားတဲ့ ရုပ်ရှင် တစ်ခုလဲဖြစ်ပါတယ်။ R Rating Movie အမျိုးအစား ဖြစ်လို့ ၁၇ နှစ်အောင်တွေ အုပ်ထိန်းသူတွေ နဲ့ ကြည့်ဖို့ပြောချင်ပါတယ်။ ...
movie

Burnt (2015)

2015
The Catcher Was a Spy (2018) 5.9
The Catcher Was a Spy (2018) ဒုတိယကမ္ဘာစစ်ကြီးဟာ တစ်ကမ္ဘာလုံးကို ပူဆွေးသောကနဲ့ ပြာပုံတွေသာ ချန်ခဲ့ပေမယ့် လူ့သမိုင်းမှာ အဆန်းကြယ်ဆုံး ဖြစ်ရပ်တွေ ရင်ခုန်စရာစွန့်စားခန်းတွေကိုလည်း ပေါ်ပေါက်ခဲ့စေပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ရက်စက်တဲ့စစ်ဝါဒီတွေ သူရဲကောင်းတွေ ဉာဏ်ကြီးရှင်တွေ အံ့မခန်းလူစွန့်စားတွေ ပေါ်ပေါက်ခဲ့ပြီး သူတို့ရဲ့စွန့်စားခန်းတွေ အတွေ့အကြုံ ဖြစ်ရပ်စုံတွေဟာ ဒီနေ့ထိတောင် ပြောမကုန်အောင် ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ ဘေ့စ်ဘော်မေဂျာ်လိဂ်ရဲ့ ဘော်စတွန်အခြေစိုက်ကလပ်ရက်ဒ်ဆောက်အသင်းမှာ ကစားတဲ့ ဘောဖမ်းသမားတစ်ယောက်ဟာ ထိပ်တန်းသူလျှိုတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားမှာ မဟုတ်ဘူး။ Moeလို့ အများက ခေါ်လေ့ရှိတဲ့ မောရစ်ဘာ့ဂ်ဟာ ဘေ့စ်ဘော မေဂျာလိဂ် သမိုင်းတစ်လျှောက်မှာတော့ ထူးချွန်တဲ့ကစားသမားစာရင်း မဝင်တဲ့သူပါ။ ဒါပေမဲ့ ဘာသာစကား ၇ မျိုးလောက်ကို ရေရေလည်လည် ပြောတတ်ပြီး ဗဟုသုတလည်း ကြွယ်လွန်းလှသူမို့ ဉာဏစွမ်းအမြင့်ဆုံး ဘေ့စ်ဘောသမားလို့ အများက သတ်မှတ်ထားကြပါတယ်။ ပရင်စတန်တက္ကသိုလ်က ဘွဲ့ရထားသူဖြစ်ပြီး တစ်နေ့ကို သတင်းစာ ဆယ်စောင်ဖတ်ပြီး စာအုပ်တစ်အုပ်ကို တစ်ခါဖတ်ပြီး အားလုံးမှတ်မိတဲ့အထိ မှတ်ဉာဏ်စွမ်းရည် မြင့်မားပါတယ်။ ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဗုံးကြဲအပြီးမှာ Moeဟာ နောင်တစ်ချိန်မှာ CIA   ဖြစ်လာမယ့် Office of Strategic Service (OSS) မဟာဗျူ ဟာအကောင်အထည်ဖော်ရေး ဌာနမှာ ဘာသာပြန်အဖြစ် ရာထူးတစ်နေရာရခဲ့ပြီး CIAဖွဲ့စည်းချိန်အထိ ဆက်လက် တာဝန် ထမ်းဆောင်ခဲ့တယ်။ CIAက ထွက်လာပြီးချိန်မှာတော့ တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ ဘေ့စ်ဘောနည်းပြ လုပ်ရင်း စာကြည့်တိုက်မှာ အချိန်ကုန်ရင်း ဆွေမျိုးတွေရဲ့ အထောက်ပံ့ခံဘဝနဲ့ ...
movie


2018
The Lost City of Z (2017) 6.6
The Lost City of Z (2017) The Lost City of Z (2017) IMDb - 6.6/10____Rotten - 86%  လောလောလတ်လတ်ပူပူနွေးနွေးထွက်ထားတဲ့ရုံတင်ကားလေးတကားမိတ်ဆက်ပေးချင်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့Robert Pattinson, Charlie Junnamတို့အပြင် ကျွန်တော်တို့ရဲ့Spider ManလေးTom Hollandလည်းပါဝင်တဲ့Advanture/Dramaကားလေးတကားဖြစ်ပါတယ်။ဒီကားလေးဟာ၂၀ရာစုနှစ်အစောပိုင်း၁၉၀၆ခုနှစ်ဗြိတိသျှစူးစမ်းရှာဖွေသူတဦးဖြစ်တဲ့Percy Fawcettဆိုတဲ့သူရဲ့တကယ့်အဖြစ်အပျက်ကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်။Percy Fawcettဆိုတာကဗြိသျှတပ်မတော်ကအရာရှိတဦးဖြစ်တဲ့အပြင်ရှေးဟောင်းသုတေတနပညာရှင်၊ပထဝီပညာရှင်တဦးဖြစ်ပါတယ်။၁၈၆၇ခုနှစ်ဖွားအင်္ဂလန်နိုင်ငံသားတဦးပါ။သူ့ဖခင်ဖြစ်သူဟာလည်းRoyal Geographical Society(RGS)အဖွဲ့ဝင်တဦးဖြစ်ပါတယ်။နောက်ပိုင်းသူဟာလည်းအဲဒီအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတောင်အေမေရိကတိုက် အမေဇုံဒေသကိုနိုင်ငံရေးကိစ္စကြားဝင်စေ့စပ်မှုတခုအတွက်စေလွှတ်ခြင်းခံရသူဖြစ်ပါတယ်။အဲဒီမှာနယ်မြေတိုင်းတာမှုတွေစစ်တမ်းကောက်ရင်းအမှတ်မထင်တောကြီးမျက်မည်းထဲမှာရှေးလူ့အသုံးအဆောင်ပစ္စည်းတွေကိုတွေ့ရှိခဲ့ပါတယ်။အဲဒီကစပြီးအဲဒီဒေသမှာပျောက်ဆုံးကွယ်ပျောက်နေတဲ့သူကိုယ်တိုင်Zလို့နာမည်ပေးထားတဲ့ရှေးဟောင်းမြို့ကြီးတမြို့ရှိလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။သူဟာ၁၉၀၆ခုနှစ်ကနေ ၁၉၂၄ခုနှစ်အတွင်းစူးစမ်းရှာဖွေမှု၇ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပါတယ်။တျောက်လျောက်သူလိုချက်တဲ့ရည်မှန်းချက်မအောင်မြင်ခဲ့ပေမယ့်သူလုံးဝစိတ်မပျက်ခဲ့ပါဘူး။ဒါပေမယ့်သက်သေအထောက်အထားတွေတော့ပြနိုင်ခဲ့ပါတယ်။နောက်ဆုံးတခေါက်၁၉၂၅ခုနှစ်မှာသူ့သားဖြစ်သူJack Percy Fawcettနဲ့အတူတူသွားခဲ့ပြီးတဲ့နောက်မှာတော့သတင်းအစအနပျောက်သွားပါတယ်။သူတို့ကိုအဲဒီအချိန်ကစပြီးနောက်ထပ်မတွေ့ရတော့ပါဘူး။အဲဒီကိစ္စဟာပဟေဠိတခုလိုဖြစ်နေခဲ့ပါတယ်။သူတို့အဲဒီမြို့ကိုတွေ့ခဲ့ကြသလား။ဘာတွေဖြစ်ခဲ့ကြလဲဆိုတာတော့သူတို့ကိုယ်တိုင်ပဲသိနိုင်မှာပါ။ဒီကားလေးဟာလည်း၁၉၀၅ခုနှစ်ကနေစပြီးသူ့ရဲ့ကြိုးစားခဲ့မှုတွေအမေဇုံလိုတောကြီးမျက်မည်းထဲမှာအန္တာရာယ်အမျိုးမျိုးရဲ့ကြားရုန်းကန်ခဲ့ရမှုတွေကိုရိုက်ပြထားတဲ့ကားကောင်းလေးတကားဖြစ်ပါတယ်။လူတယောက်ရဲ့ဇွဲလုံလ၊အဲဒီခေတ်အခါကရူးသွပ်မှုတွေစွန့်စားမှုတွေကိုမြင်တွေ့ရမှာပါ။တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားအနေနဲ့ဇာတ်ရှိန်အေးအေးလေးနဲ့ဆွဲခေါ်သွားမယ့်ကားလေးဖြစ်ပါတယ်။အေးအေးဆေးဆေးနားနားနေနေကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။Ratingအနေနဲ့လည်း  6.6/10 ထိရထားတဲ့ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်)   File Size : (853 MB) Quality : 720p Bluray Running Time : 2hr 21minutes Format : Mp4 Genre : Biography, Drama, History Translated By Thura Zarni Aung Encode By Thanhtike Zaw
movie

The Lost City of Z (2017)

2017