Channel Myanmar

Sofia Mali

Wonder Park (2019) 5.7
Wonder Park (2019) ဒီကာတွန်းကားလေးကတော့ အံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ၀မ်းဒါးလန်းဆိုတဲ့ပန်းခြံလေးအကြောင်း တင်ဆက်ထားတာပဲဖြစ်ပါတယ်ဂျွန်ဘယ်လီဆိုတဲ့ကလေးမလေးက စိတ်ကူးပုံဖော်တဲ့နေရာမှာအရမ်းကို ဥာဏ်ကောင်းပြီး အိုင်ဒီယာအသစ်အဆန်းတွေထွက်တတ်ပါတယ်သူ့အမေရယ် သူ့မျောက်ကလေး ပီးနပ်ရယ်နဲ့ ကစားကွင်းကြီးဖန်တီးတိုင်း တူတူဆော့နေကြပါပဲကစားကွင်းပုံစံငယ်လေးတောင် အိမ်မှာဆောက်ထားတဲ့အထိ ခိုင်ခိုင်မာမာစွဲနစ်ဆော့ခဲ့တာပါဒါပေမယ့်တစ်နေ့မှာတော့ သူ့မိခင်နေမကောင်းတဲ့အတွက် အဝေးမှာ ဆေးကုသမှုခံယူရပါတော့တယ်အဲဒီအခါမှာပဲ သူ့အမေကိုဆုံးရှုံးရမှာကြောက်စိတ်နဲ့ ပန်းခြံကိုလည်းဂရုမစိုက်နိုင်မဆော့နိုင်ဘဲ ပစ်ထားလိုက်မိပါတော့တယ်စိတ်ကူးထဲကကစားကွင်းလေးဆိုပေမယ့် အမှတ်မထင် အဲဒီကစားကွင်းက အပြင်မှာရှိနေခဲ့မှန်း..သူ့အရုပ်လေးတွေ အသက်ရှိနေခဲ့မှန်းကို သူသိသွားခဲ့ရပြီး ကစားကွင်းကြီးပျက်စီးတော့မယ့်ကိန်းသူ့အရုပ်လေးတွေ သေရတော့မယ့်ကိန်း ဆိုက်နေတာကိုလည်း သူမြင်တွေ့လိုက်ရပါတော့မယ်ဘာတွေဖြစ်နေမှန်းမသိဘဲ ဒီကစားကွင်းကြီးတစ်ခုလုံးကိုသူ့အနေနဲ့ ပြန်လည်ကယ်တင်ရပုံကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ကာတွန်းကားဆိုပေမယ့် အချိတ်အဆက်မိမိနဲ့ သူငယ်ချင်းသံယောဇဉ်တွေယုံကြည်မှုတွေ ချစ်ခြင်းမေတ္တာတွေကိုပါ ထည့်ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် File Size : (864 MB) and (417 MB) Quality : WebDL 720p ...
movie

Wonder Park (2019)

2019