Channel Myanmar

Sonia Almarcha

Loving 5.3
Loving Amar 2017 သို့မဟုတ်​ LOVIING 2017လို့ခေါ်တဲ့ ဒီကားလေးဟာဆိုရင်​ April 21 2017မှာထွက်​ရှိခဲ့တဲ့ကားကောင်းလေးတကားဖြစ်​ပါတယ်​။ ဒီကားလေးကိုတော့ စပိန်​နာမည်​ကြီးဒါရိုက်​တစ်​ဦးဖြစ်​တဲ့ Esteban Crespoကရိုက်​ကူးပေးခဲ့တာဖြစ်​ပြီးတော့ ဇာတ်​ညွှန်းရးရာမှာလည်းသူကိုယ်​တိုင်​အပါအဝင်​ အခြားဇာတ်​ညွှန်းရေးဆရာတွေနဲ့ပူပေါင်းရေးသားခဲ့တာဖြစ်​ပါတယ်​။ထူးခြားတာခုကတော့ ဒီကားမှာနားမည်​ကြီးစပိန်​စီးရီးတခုဖြစ်​တဲ့ Money Heistထဲကမင်းသမီးတလက်​ပါဝင်​သရုပ်​ဆောင်​ထားတာဖြစ်​ပြီးတော့ သူမရဲ့ကောက်​ကြောင်းအလှအပတွေကိုတဝကြီး ခံစားကြည့်​ရှုကြရမှာဖြစ်​ပါတယ်​။ ဇာတ်​လမ်းအမျိုးအစားလေးကတာ့ လူငယ်​သဘာဝဆန်​ဆန်​Drama / Romance ကားလေးဖြစ်​ပါတယ်​။ဇာတ်​လမ်းအညွှန်းလူငယ်​စုံတွဲနှစ်​ဦးဖြစ်​တဲ့ ကားလို့စ်​နဲ့လော်​ရာတို့ဟာပထမဆုံးသောအချစ်​မှာတင်​ပဲပြင်းပြင်းပြပြနဲ့နေ့ရက်​တိုင်းကိုနောက်​ဆုံးရက်​လိုသဘောထားပြီးချစ်​ကြပါတယ်​။ဒါပေမဲ့အချစ်​တို့မည်​သည်​ဖြောင့်​ဖြူးရိုးထုံးစံမရှိဆိုသလိုပါပဲ သူတို့ရဲ့အချစ်​ရေးမှာလည်း ခြံခုန်​တာတွေ စနှိက်​ကျော်​တာတွေရှိလာပါတယ်​။ဒါပေမဲ့လည်း သူတို့နှစ်​ဦးဟာနောက်​ဆုံးအချစ်​ကြောင့်​ ဘယ်​လိုတွေခံနိုင်​ရည်​ရှိပြီးကျော်​ဖြတ်​ကြမလဲဆိုတာကို ရင်​သပ်​ရှု့မောဖွယ်​အလှအပများနဲ့ ခံစားကြည့်​ရှုရမှာဖြစ်​လို့ သင်​သာအချစ်​ဇာတ်​လမ်းကောင်းတွေကြိုက်​တယ်​ဆိုရင် ​ ကြည့်​ရှုသင့်​တဲ့ကားလေးတကားပြဲဖစ်​ပါတယ်​........ ထပ်ပြီး သတိပေးချင်တာက 18+ Movie ဖြစ်တဲ့အတွက် အသက်မပြည့်သေးသူများ ကြည့်ရှုရန် မသင့်တော်ပါ ဒီရုပ်ရှင်ကို Jake က ဘာသာပြန်ပေးထားပါတယ်
movie

Loving

2017
Veronica (2017) 6.6
Veronica (2017) ဖြစ်​ရပ်​မှန်​သရဲကား​မျိုးကြည့်​ချင်​တဲ့သူများရှိမလားမသိဘူး။ဖြစ်​ရပ်​မှန်​သရဲဇာတ်​လမ်း​တွေကြည့်​ချင်​တယ်​ဆိုရင်​​တော့ ဒီဇာတ်​ကား​လေးကိုသာလက်​မလွတ်​တမ်းကြည့်​လိုက်​ပါ။စပိန်​နိုင်​ငံ၊မက်​ဒရစ်​မြို့မှာ 1991၊ဇွန်​လ ၂၅ရက်​​နေ့မှာဖြစ်​ပွားခဲ့တဲ့ အမှုတွဲတစ်​ခုအ​ပေါ်အ​ခြေခံပြီး ရိုက်​ကူးထားတဲ့ ဖြစ်​ရပ်​မှန်​သရဲဇာတ်​လမ်း​ကောင်း​လေးဖြစ်​ပါတယ်​။ဖြစ်​ရပ်​မှန်​ဇာတ်​လမ်းဖြစ်​သလို Horrorခန်း​တွေလည်းအများအပြားပါဝင်​တာမို့ Horrorပရိတ်​​တွေလည်းလက်​မလွတ်​သင့်​ဇာတ်​ကားမျိုးပါ။မက်​ဒရစ်​မြို့မှာ ဗာရိုနီကာဆိုတဲ့​ကောင်​မ​လေးတစ်​​ယောက်​ဟာ သူ့အ​ဖေ​သေဆုံးပြီး​နောက်​ပိုင်း၊ ​အ​မေဖြစ်​သူ အန်​နာနဲ့ မွေးချင်​​သုံး​ယောက်​ဖြစ်​တဲ့ ညီကို​မောင်​နှမ​တွေနဲ့​အတူတူ​နေထိုင်​ကြပါတယ်​။ဖခင်​မရှိတဲ့​နောက်​ပိုင်း သားသမီး​လေး​ယောက်​ကိုရှာ​ဖွေ​ကျွေးနိုင်​ဖို့ အ​မေဖြစ်​သူမှာ ​နေ့မနားညမနား အိမ်​​တောင်​မပြန်​နိုင်​ပဲစား​သောက်​ဆိုင်​တစ်​ခုမှာအလုပ်​လုပ်​ရရှာပါတယ်​​။ဒီ​တော့ မိသားစုရဲ့ကိစ္စ​ရေးရာ​တွေက အကြီးဆုံးဖြစ်​သူ ဗာရိုနီကာ အ​ပေါ်ကျ​ရောက်​လာပါ​တော့တယ်​။ဗာရိုနီးကာမှာ ​မွေးချင်း​တွေဖြစ်​တဲ့ ညီမနှစ်​​ယောက်​နဲ့ အငယ်​ဆုံး​လေးဖြစ်​တဲ့​မောင်​​လေး အန်​သိုနီတို့ရဲ့ကိစ္စအဝအဝကို​ဆောင်​ရွက်​​ပေးပြီးမှ ​မောင်​နှမ​လေး​ယောက်​တို့​ကျောင်းအတူတူသွားကြပါတယ်​။ဒီလိုနဲ့ 1991ခုနှစ်​၊ဇွန်​လ ၁၂ရက်​မှာ မက်​ဒရစ်​မြို့မှာ ​နေအပြည့်​ကြတ်​တာနဲ့ကြုံရပြီး စာသင်​​ကျောင်း​တွေမှာ ​နေကြတ်​ခြင်းသင်​ခန်းစာကိုသင်​ကြားပြီး၊​နေကြတ်တာကို​လေ့လာကြပါတယ်​။ကျောင်းသား​တွေအားလုံး ​နေကြတ်​တာကိုထွက်​ကြည့်​​နေကြချိန်​မှာ ဗာကိုနီကာက သူ့သူငယ်​ချင်း​တွေနဲ့ ဝိဥာဏ်​​ခေါ်ကားချပ်​ပြားကို ကစားမိခဲ့ကြပါတယ်​။ဗာရိုနီကာက​တော့ ​သေဆုံးသွားတဲ့သူ့အ​ဖေနဲ့စကား​ပြောလိုတာ​ကြောင့်​ ဝိဥာဏ်​​ခေါ်ကားချပ်​ပြားနဲ့ကစားခဲ့တာဖြစ်​ပါတယ်​။အဲ့ဒီမှာတင်​ပဲ ဝိဥာဏ်​တစ်​​ကောင်​​ရောက်​လာပြီး သူနဲ့အတူတူအိမ်​ကိုကပ်​ပါလာပါ​တော့တယ်​။အဲ့အခါမှာ ဝိဥာဏ်​​ကောင်​က ဗာကိုနီကာနဲ့သူရဲ့​​မောင်​နှမတစ်​သိုက်​ကိုစတင်​​ခြောက်​လှန့်​ပါ​တော့တယ်​။အဲ့အခအကြီးဆုံးလည်းဖြစ်​တဲ့ ဗာရိုနီကာဟာ သူ့ရဲ့ညီမ​လေး​တွေ၊​မောင်​​လေး​တွေ ​ဘေးကင်းဖို့အတွက်​ တာဝန်​ယူရပါ​တော့တယ်​ဗာရိုနီကာအတူတူကပ်​ပါလာတဲ့ ဝိဥာဏ်​ဟာ ...
movie

Veronica (2017)

2017